Pages

Subscribe:

Friday, January 30, 2015

ပြိုင်ဘက်ကို ကန်ခဲ့သည့် အတွက် ရော်နယ်လ်ဒို နှစ်ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံရ



ပြိုင်ဘက် ကစားသမားကို ကန်ကျောက်ခဲ့သည့် ဖြစ်ရပ်အတွက် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို စပိန်ဘောလုံး အဖွဲ့ချုပ်က (၂)ပွဲပယ် ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။

ရီးယဲလ်မက်ဒရစ်နှင့် ကော်ဒိုဘာတို့ ကစားသည့် လာလီဂါ ပွဲစဉ်တွင် ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူးသည် ကော်ဒိုဘာ ကစားသမား အက်ဒီမာကို ကန်ကျောက်ခဲ့သဖြင့် အနီကတ်ပြ ထုတ်ပယ် ခံခဲ့ရသည်။ ရီးယဲလ်သည် အဆိုပါ အဝေးကွင်း ပွဲစဉ်ကို ကျပ်ကျပ်တည်းတည်း ကစားခဲ့ရသော်လည်း နောက်ဆုံးမိနစ်ပိုင်းတွင် ရရှိသည့် ပင်နယ်တီကို ဂါရတ်ဘေးလ်က ဝင်အောင်ကန်သွင်းနိုင်သဖြင့် (၂-၁)ဖြင့် အနိုင်ရခဲ့သည်။ ရော်နယ်လ်ဒိုသည် ယင်းပွဲစဉ်တွင် ဟိုဆေး ခရက်စ်ပိုကို လက်ဖြင့် ရိုက်သကဲ့သို့ ဖြစ်ခဲ့သေးသော်လည်း ဒိုင်က မမြင်ခဲ့ဘဲ နောက်ထပ် မိနစ်အနည်းငယ် အကြာမှသာ အက်ဒီမာကို ကန်သည့်အတွက် ထုတ်ပယ်ခံရခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် ရော်နယ်လ်ဒိုက Twitterမှတစ်ဆင့် “လူတိုင်းကို တောင်းပန်ချင်ပါတယ်။ အထူးသဖြင့် အက်ဒီမာကိုပေါ့။ ကျွန်တော့်အနေနဲ့ ဒီပွဲမှာ ကြမ်းကြမ်းတမ်းတမ်း လုပ်ခဲ့မိပါတယ်”ဟု ရေးသား တောင်းပန်ခဲ့သည်။ ယခုအခါ စပိန်လာလီဂါ တာဝန်ရှိသူများက ရော်နယ်လ်ဒိုအား လာမည့် လာလီဂါ ပွဲစဉ်နှစ်ပွဲအတွက် ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း ကြေညာခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် ဂိုးသွင်းခဲ့သည့် ဘေးလ်က “ရော်နယ်လ်ဒိုကတော့ အနီကတ် ထိခဲ့တဲ့အတွက် တော်တော်လေး စိတ်ပျက်သွားပါတယ်။ ဒါပေမဲ့ ဘောလုံးမှာ ဒါမျိုးတွေက ကြုံရတတ်ပါတယ်”ဟု မှတ်ချက်ပြု ပြောကြားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment