Pages

Subscribe:

Saturday, January 24, 2015

မန်ချက်စတာမြို့တွင် မန်ယူနှင့် လန်ဒန်မြို့တွင် အာဆင်နယ်တို့ ဂျာစီများ အရောင်း ရဆုံးဖြစ်




မန်ချက်စတာမြို့တွင် မန်ယူနှင့် လန်ဒန်မြို့တွင် အာဆင်နယ်တို့ ဂျာစီများ အရောင်း ရဆုံးဖြစ်
အင်္ဂလန်၊ ဇန်န၀ါရီ ၂၃။   ။၂၀၁၄-၁၅ ဘောလုံးရာသီတွင် ပရီး မီးယားလိဂ်အသင်းများ၏သက်ဆိုင်ရာ မြို့များအလိုက် ဂျာစီများရောင်း ချရမှုနှင့် ၂၀၁၄ ခုနှစ် အတွင်းဂျာစီရောင်း ချရမှုများကို စစ်တမ်းပြုလုပ် ခဲ့ရာတွင် မန်ချက်စတာ မြို့၌ မန်ယူအသင်းမှာ အရောင်းရ ဆုံးဖြစ် ပြီးလန်ဒန်မြို့တွင် အာဆင်နယ် အသင်း မှာအရောင်းရ ဆုံးအဖြစ် ရပ်တည် ခဲ့သည်။
မန်စီးတီးအသင်းသည် မန်ယူအသင်း ကိုကွင်း အတွင်းခြေစွမ်း ပိုင်းအရ ယှဉ်ပြိုင်ကျော်ဖြတ်နိုင် ခဲ့သော်လည်း မန်ချက်စတာမြို့တွင် ဂျာစီရောင်းချ ရမှု၌လုံးဝ မယှဉ်နိုင် ခဲ့ပေ။ မန်ယ အသင်းသည် မန်ချက် စတာမြို့တွင် ၉၄ ဒသမ ၅၇ ရာ ခိုင်နှုန်းခန့် ဂျာစီရောင်း  ချရပြီး မန်စီးတီး အသင်းမှာ ၅ ဒသမ ၄၃ ရာခိုင်နှုန်း သာရောင်း ချခဲ့ရသည်။
၂၀၁၄ ခုနှစ်အတွင်း ဗြိတိန်တွင် မန်ယူအသင်း ဂျာစီရောင်းချရမှုတွင်မူ လန်ဒန်မြို့၌ ၄၄ ဒသမ ၇၁ ရာခိုင်နှုန်းဖြင့် အများဆုံးရောင်းချခဲ့ရပြီး မန်ချက် စတာမြို့ တွင် ၁၀ ဒသမ ၃၃ ရာခိုင်နှုန်းသာ ရှိခဲ့ သည်။  မန်စီးတီးအသင်းမှာလည်း လန်ဒန် တွင် ၂၇ ဒသမ ၉၇ ရာခိုင် နှုန်းဖြင့် အများ ဆုံးဖြစ်သည်။ မန်ယူနှင့် မန်စီး တီးနှစ်သင်း စလုံးမှာ မန်ချက်စတာမြို့မှာထက် လန်ဒန် မြို့တွင် ဂျာစီပိုမိုရောင်း ချရလျက်ရှိသည်။
လန်ဒန်မြို့အခြေစိုက်အသင်းများ တွင်မှု အာဆင်နယ်အသင်းမှာ ချယ်လ်ဆီးနှင့် စပါးတို့ထက် ဂျာစီများပိုမိုရောင်း ချခဲ့ရသည်။ ၂၀၁၄-၁၅ ရာသီတွင် လန်ဒန် မြို့၌ အာဆင်နယ်မှာ ၄၇ ရာခိုင်နှုန်းရောင်း ချရပြီး ချယ်လ်ဆီးမှာ ၃၅ ရာခိုင်နှုန်း၊ စပါး မှာ ၁၇ ရာခိုင်နှုန်း သာရောင်း ချခဲ့ရသည်။
၂၀၁၄ ခုနှစ်တွင်း  အာဆင်နယ် အသင်း ၏ဂျာစီရောင်း ချရမှု စုစုပေါင်း ကိုပြန် ကြည့်လျှင် လန်ဒန်မြို့၌ ၆၁  ရာခိုင်နှုန်းဖြင့် အများ ဆုံးဖြစ်သည်။ ချယ်လ်ဆီး အသင်း မှာလည်း ၅၆ ရာခိုင်နှုန်းဖြင့် လန်ဒန်တွင် ပင်အရောင်းရ ဆုံးဖြစ်ခဲ့သည်။
လီဗာပူးလ်နှင့် နယူးကာဆယ်တို့ သည်လည်း လန်ဒန်မြို့၌ပင် ဂျာစီအများ ဆုံးရာင်းချ ခဲ့ကြရသည်။ လီဗာပူးလ် ဂျာစီများသည် လီဗာပူးလ်မြို့မှာထက် ဘရစ္စ တိုးမြို့တွင် ပိုမိုရောင်း ချခဲ့ရသည်။
Written by  အောင်ငြိမ်းသွေး

Mizzima


0 comments:

Post a Comment