Pages

Subscribe:

Thursday, January 22, 2015

ဂါဘရီရယ်လ်၏ အလုပ်လုပ်ခွင့် ပါမစ်ကိစ္စ အာဆင်နယ် တိုက်ပွဲ ဝင်ရဖွယ်ရှိ




အာဆင်နယ် အသင်းသည် ဗီလာရီးယဲလ် ခံစစ်မှူး ဂါဘရီရယ်လ် ပေါ်လစ္စတာကို ခေါ်ယူနိုင်ရန် နီးစပ်နေသော်လည်း ကစားသမား အတွက် အလုပ်လုပ်ခွင့် ပါမစ် ကိစ္စသည် ပြဿနာ တစ်ခု ဖြစ်လာနိုင်ကြောင်း သတင်း များက ဖော်ပြခဲ့သည်။

အသက်(၂၄)နှစ်ရှိ ဘရာဇီးလ် ဗဟိုနောက်ခံလူသည် လက်ရွေးစင် အသင်းအတွက် ပွဲကစားခွင့် မရသေးခြင်းကြောင့် အင်္ဂလန်တွင် အလုပ်လုပ်ခွင့် ပါမစ်ရရှိရေးမှာ အခက်အခဲများ ကြုံရမည့် အလားအလာ ရှိနေသည်။ ဂါဘရီရယ်လ်၏ အေးဂျင့်များနှင့် အာဆင်နယ်၏ ညှိနှိုင်းဆွေးနွေးမှုများ အဆင်ပြေ ချောမွေ့နေသည့်နောက် လန်ဒန်ကလပ်က ကစားသမားအတွက် သတ်မှတ်ဈေးအတိုင်း ပေါင်စတာလင် (၁၅)သန်း ပေးချေ ခေါ်ယူဖွယ် ရှိနေသည်။ သို့သော်လည်း ဂါဘရီရယ်လ် အမ်းမရိတ်စ်တွင် လာရောက်ကစားခွင့် ရရှိရေးအတွက် အာဆင်နယ်သည် ပြည်ထဲရေး ဌာနနှင့် အကြိတ်အနယ် ပြိုင်ဆိုင်ရမည့် အလားအလာ ရှိနေသည်။

အာဆင်နယ် အနေဖြင့် ဂါဘရီရယ်လ်ကို ယခုလအတွင်း အပြီးသတ် စာချုပ်ခေါ်ယူရန်အတွက် အထူးခွင့်ပြုချက်တစ်ရပ် ရရှိအောင် ကြိုးပမ်းလာမည့် အလားအလာ ရှိနေသည်။ ဘောလုံးသမား အပြောင်းအရွှေ့ ကဏ္ဍတွင် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံ တစ်ခုမှ မဟုတ်သည့် ကစားသမား တစ်ဦးသည် လက်ရွေးစင် အဆင့်၌ ပြီးခဲ့သည့် (၂)နှစ်တာအတွင်း (၇၅)ရာခိုင်နှုန်း ပြည့်မီအောင် မကစား ဖူးသော်လည်း အမှန်တကယ် ထူးချွန်သည့် ပင်ကိုပါရမီမျိုး ရှိနေကြောင်း လက်ခံနိုင်ပါက အထူးခွင့်ပြုချက်ဖြင့် အလုပ်လုပ်ခွင့်ပါမစ် သတ်မှတ်ပေးသောကြောင့် အာဆင်နယ်က အဆိုပါ အချက်ကို အသုံးချနိုင်ရန် အားထုတ်လျက် ရှိသည်။

အာဆင်နယ်သည် လက်ဆက်စတာ စီးတီးက အန်းဒရက်ဂ်ျ ခရာမာရစ်ကို ခေါ်ယူခဲ့သည့် အခြေအနေအား ဥပမာပြုကာ ဂါဘရီရယ်လ်အတွက် အလုပ်လုပ်ခွင့် ပါမစ် ရအောင် လျှောက်ထားမည် ဖြစ်သည်။ ခရာမာရစ်သည် ခရိုအေးရှားအတွက် (၄)ပွဲသာ ကစားဖူးပြီး သတ်မှတ်စံနှုန်း မပြည့် မီသော်လည်း အထူးခွင့်ပြုချက်ဖြင့် လက်ဆက်စတာက ခေါ်ယူနိုင် ခဲ့ခြင်း ဖြစ်သည်။

Soccer Myanmar

0 comments:

Post a Comment