Pages

Subscribe:

Tuesday, January 20, 2015

ဘရာဟီနိုကို ပေါင်သန်း ၂၀ အောက်ဖြင့် ကမ်းလှမ်းလာပါက ရောင်းချရန် စဉ်းစားမည် မဟုတ်ဟု ၀က်စ်ဘရွန်း အသင်းဆို



အင်္ဂလန်၊ ဇန်န၀ါရီ ၂၀။    ။ယခုရာသီ တွင်ခြေစွမ်းပြ လျက်ရှိသည့် လူငယ် တိုက်စစ် ကစားသမား ဘရာဟီနို ကိုပေါင်သန်း ၂၀အောက်ဖြင့် ကမ်းလှမ်း လာခဲ့ပါ ကရောင်းချ ရန်လုံးဝ စဉ်းစား မည်မဟုတ်ကြောင်း ၀က်စ်ဘရွန်းအသင်း ကကြေညာ လိုက်သည်။
ပရီးမီးယားလိဂ် ထိပ်သီးအသင်း များဖြစ်သည့် လီဗာပူးလ်အသင်းနှင့် စပါးအသင်း တို့သည် ဆိုပါ အင်္ဂလန် လက်ရွေးစင်ကစား သမားကိုခေါ် ယူရန် အလိုရှိနေ ကြသော် လည်းပေါင်း ၁၀ သန်းနှင့်  ၁၂ သန်းကြား သာပေးချေလိုလျက် ရှိကြသည်။ ထို့ကြောင့် ၀က်စ်ဘရွန်း အသင်းက ပေါင်သန်း ၂၀အောက် ဆိုပါက လုံးဝ စဉ်းစားမည် မဟုတ်ကြောင်းကြေ ညာခဲ့ခြင်းဖြစ်သည်။
ဝက်စ်ဘရွန်းအသင်း၏နည်းပြသစ် တိုနီပူးလစ်ကလည်း ဘရာဟီနို၏နေရာတွင် ကောင်းမွန်သည့် အစားထိုးမှု မပြုလုပ်နိုင်ဘဲ ၎င်းကိုရောင်းချ လိုခြင်းမရှိပေ။ ထို့ကြောင့်ဘရာဟီနို အနေဖြင့် ယခုဆောင်းရာသီ အပြောင်းအရွှေ့တွင် အသင်းပြောင်းနိုင်ဖွယ် မရှိဘဲလာ မည့်နွေရာသီ အပြောင်းရွှေ့တွင် မှအသင်းပြောင်း နိုင်ဖွယ် ရှိနေသည်။
ဝက်စ်ဘရွန်းနည်းပြတိုနီပူးလစ်သည် တိုက်စစ် အင်အားဖြည့်တင်းနိုင် ရန်အတွက် လက်စတာ အသင်းမှ တိုက်စစ်မှူး ဗာဒီကို ပေါင် ၅ သန်းဖြင့် ကမ်းလှမ်းခဲ့ရာ တွင်လည်း ငြင်းပယ်ခြင်း ခံခဲ့ရသည်။ သို့သော် ယခုအပြောင်းအရွှေ့တွင် တိုက်စစ်မှူး သစ်ခေါ်ယူ နိုင်ရန် ဆက်လက် ကြိုးပမ်း လျက်ရှိသည်။
အသက် ၂၁ နှစ်အရွယ်ရှိ ဘရာဟီနိုသည် ယခုရာသီတွင် ၀က်စ်ဘရွန်းအသင်းအတွက် ပရီးမီးယား လိဂ်ပွဲစဉ် ၂၁ ပွဲကစား ခဲ့ရာတွင် ၉ ဂိုးသွင်း ယူထားနိုင်ပြီး ပြိုင်ပွဲပေါင်းစုံတွင် ၁၄ ဂိုးသွင်းယူထားသည်။
Ref: Daily Mail
Written by  အောင်ငြိမ်းသွေး
Mizzima



0 comments:

Post a Comment