Pages

Subscribe:

Tuesday, January 20, 2015

မက်ဆီအားခေါ်ယူလိုပါက မန်ယူအသင်းကို adidas ကူညီမည်



အင်္ဂလန်၊ ဇန်န၀ါရီ ၂၀ ။    ။ ဘာစီလိုနာ အသင်း မှပေါင်သန်း ၂၀၀ တန်ကြေးရှိ ကမ္ဘာ ထိပ်တန်း တိုက်စစ်မှူး မက်ဆီ ကိုခေါ်ယူ လိုပါက မန်ယူ အသင်းကို adidas ကုမ္ပဏီက ကူညီပေး သွားမည်ဟု မက်ထရို သတင်းစာ ကဖေါ်ပြသည်။
မက်ဆီနှင့် ဘာစီလိုနာ နည်းပြအင်းနရစ်တို့အကြား မပြေလည် မှုများရှိနေပြီး မက်ဆီမှာ ဘာစီလိုနာမှ ထွက်ခွာ ရန်ပြင် ဆင်နေ သည်ဟု ပြီးခဲ့သည့် ရက်သတ္တ ပတ်က သတင်းများ ထွက်ပေါ်ခဲ့ ပြီးနောက် မန်ယူအသင်းနှင့် ချယ်လ်ဆီး အသင်းတို့က မက်ဆီ ကိုခေါ်ယူမည်ဟု သတင်းများ ထွက်ပေါ်လာ ခဲ့သည်။
သို့သော်နောက်ပိုင်းတွင် မက်ဆီက မည်သည့် အသင်းသို့ မျှပြောင်းရွှေ့ မည်မဟုတ် ဟုပြောဆို ခဲ့သည်။ သို့သော် ၎င်းနှင့် ပတ်သက်သည့် အပြောင်း အရွှေ့ သတင်း များမှာ ဆက်လက်ဖြစ်ပေါ်နေ ခဲ့သည်။
မက်ဆီ၏ ပြောင်းရွှေ့ကြေး တန်ဖိုး မှာပေါင်သန်း ၂၀၀ ရှိသည့်အတွက် ဘဏ္ဍာရေး ညီမျှမှု စည်းမျဉ်း အရ မည်သည့် အသင်းက မှခေါ်ယူနိုင်ရန် မလွယ်ကူပေ။ ချယ်လ်ဆီးနှင့် မန်ယူ တို့မှာလည်း ထိုစည်း မျဉ်းအရ ရုန်းကန်နေ ရသည့် အတွက် မက်ဆီကိုခေါ် ယူနိုင်ရန် မလွယ်သော်လည်း adidas ကုမ္ပဏီ ကသာကူ ညီပေး ခဲ့ပါက မန်ယူအသင်း အနေဖြင့်ခေါ် ယူနိုင်ဖွယ် ရှိနေသည်ဟု ထိုသတင်းစာက ဆိုသည်။
adidasကုမ္ပဏီနှင့်မန်ယူအသင်းတို့သည် ပါတနာအသစ်များဖြစ်ပြီး လာမည့်ရာသီတွင် မန်ယူအသင်းမှာ နိုက်ဂျာစီများနေရာတွင် adidas ဂျာစီများ ကိုပြောင်း လဲဝတ်ဆင် မည်ဖြစ်သည်။ ထို့အပြင် adidas သည် မက်ဆီကို စပွန်ဆာပေးထားသည့် ကုမ္ပဏီဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ နှစ်ဦးနှစ်ဖက် ပူးပေါင်း ပြီးမက်ဆီ ကိုခေါ်ယူ လိုပါ ကခေါ်ယူနိုင်သည့် အင်အား ရှိနေသည်။
ဘဏ္ဍာရေးညီမျှမှု စည်းမျဉ်း၊ ကစားသမား အပြောင်း အရွှေ့တွင် တတိယပိုင်ရှင် ပါဝင်မှု များကြောင့် မန်ယူ၊ adidas နှင့် မက်ဆီတို့၏ အပြောင်း အရွှေ့မှာ ရှုပ်ထွေးနေသော်လည်း ထိုသတင်းများမှာ ဆက်လက်စီးဆင်းလျက်ရှိသည်ဟု မက်ထရိုသတင်းစာက ဖေါ်ပြခဲ့သည်။
Ref: Metro
Written by အောင်ငြိမ်းသွေး
Mizzima


0 comments:

Post a Comment