Pages

Subscribe:

Saturday, January 24, 2015

လိဂ်-၂ ပြိုင်ပွဲကိုလည်း အဓိက စပွန်ဆာ မရှိသေးဘဲ စတင် ကျင်းပမည်




PHOTO : MFF

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်သည် ၂၀၁၅ မြန်မာ နေရှင်နယ်လိဂ် (၂) ပြိုင်ပွဲကိုလည်း လိဂ်(၁) ပြိုင်ပွဲကဲ့သို့ ပင် အဓိက စပွန်ဆာ မရှိပဲ စတင်ကျင်းပတော့ မည်ဖြစ်သည်။
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်အနေဖြင့် ဘောလုံးရာသီ တစ်ရာသီတိုင်းတွင် ကျင်းပခဲ့သော ပြိုင်ပွဲများတွင် အဓိက စပွန်ဆာများဖြင့် ကျင်းပနိုင်ခဲ့သော်လည်း ယခုနှစ်ပြိုင်ပွဲများ၏ လိဂ်ပြိုင်ပွဲနှစ်ခုကိုမူ စပွန်ဆာ မရရှိပဲ ကျင်းပခဲ့ရသည်။ ထို့အပြင် ရုပ်သံရိုက်ကူး ထုတ်လွှင့်မှုကိုလည်း ယခင်နှစ်ပြိုင်ပွဲများက ရောင်း ချနိုင်ခဲ့သော်လည်း  ယခုနှစ်ရာသီတွင်မူ အခမဲ့ ရိုက်ကူး ထုတ်လွှင့်ခွင့် ပေးခဲ့ရသည်။
ယခုနှစ် မြန်မာ နေရှင်နယ်လိဂ် (၂) ပြိုင်ပွဲတွင် ကချင်ပြည်နယ် ဒေသခံအသင်းတစ်သင်း ဖြစ်သော ပေါင်ဂန်အသင်း ထပ်မံပါဝင်လာသော်လည်း ပြိုင်ပွဲအနေဖြင့် အဓိက စပွန်ဆာကို ရရှိထားခြင်း မရှိပေ။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးကျော်က “ လိဂ်(၁)တောင် စပွန်ဆာ မရှိသေးတဲ့ အချိန်မျိုးမှာ လိဂ်(၂)က စပွန်ဆာရရှိဖို့ ဆိုတာခက်ပါတယ်။ ဒါကလည်း IMG နဲ့ စာချုပ် မချုပ်ဆိုရ သေးတာကြောင့်လည်း ဖြစ်ပါတယ်။ စာချုပ်ကိစ္စ အားလုံးပြီးပြတ်သွား ရင်တော့ စပွန်ဆာတွေ ရရှိလာပါလိမ့်မယ်”ဟု Soccer Myanmar သို့ ပြောသည်။
မြန်မာ နေရှင်နယ်လိဂ် (၂) ပြိုင်ပွဲများကို စလင်းနှင့် ပဒုမ္မာ ကွင်းများတွင် ဇန်န၀ါရီလ(၂၃) ၇က်နေ့မှ စတင်၍ ကျင်းပ သွားမည် ဖြစ်ပြီး အဖွင့်ပွဲစဉ်များတွင် မောရ၀တီ နှင့် ဆောက်သမ်းမြန်မာ၊ GFA နှင့် ဟော်ရီဇွန်၊ မြ၀တီနှင့် ဘက်စ်ယူနိုက်တက်၊ ပေါင်ဂန်နှင့် တက္ကသိုလ်အသင်း၊ ဒဂုံနှင့် ငွေကြယ်ပွင့်လေးများ အသင်းတို့ ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

Soccer Myanmar

0 comments:

Post a Comment