Pages

Subscribe:

Wednesday, January 21, 2015

အသုံးစရိတ်လျှော့ရန် အသင်းပိုင် ဘတ်စ်ကားကို ပင်ရောင်း ချခဲ့ဟု သတင်း ထွက်နေသည့် အေစီမီလန် အသင်း လှောင်ပြောင်ခံရ



မီလန်၊ ဇန်န၀ါရီ ၂၁။  ။စီးရီးအေ ကလပ်အေစီမီလန် အသင်းသည် အသင်းအသုံး စရိတ်များ ကိုလျှော့ချရန် အသင်းပိုင် ဘတ်စ်ကားကို ပင်ရောင်းချ ခဲ့သည်ဟု အီတလီ တွင်သတင်းများ ထွက်ပေါ်နေပြီး လူမှုကွန် ယက်မီဒီယာ များတွင်လည်းလှောင်ပြောင် ခံနေရသည်။
အေစီမီလန် အသင်းသည် တစ်နှစ်လျှင်ပေါင် ၁၅၀,၀၀၀ သက်သာစေရန် ရည်ရွယ်ထားပြီး အသင်းသား များစီးနင်းသည့် ဘတ်စ်ကားကိုပေါင် ၁၁၄,၈၀၀ဖြင့်   ရောင်း ချခဲ့သည်ဟု အီတလီတွင် သတင်းများ ထွက်ပေါ်နေသည်။
လွန်ခဲ့သည့်နှစ် များအတွင်းတောရက်စ် အပါအ၀င် ကစားသမားများကို အလွတ်ပြောင်းရွှေ့ကြေး၊ အငှား တို့ဖြင့်ခေါ် ယူခဲ့သည် ကိုသတိ ထားမိမည် ဆိုလျှင် ဘတ်စ်ကားရောင်း ချခဲ့သည့် သတင်းမှာ အနည်းငယ် သာအံ့သြ ဖွယ်ကောင်း မည်ဖြစ်သည်။
ယင်းနှင့် ပတ်သက်ပြီး ဥရောပ ချန်ပီယံ ခုနစ်ကြိမ် ရအေစီမီလန် အသင်းအတွက် စိတ်ရှုပ် ဖွယ်ကောင်း သည်မှာ လူမှုကွန်ယက် မီဒီယာများတွင် မနားတမ်း   လှောင်ပြောင်း ခံနေ ရခြင်းဖြစ်သည်။
လူမှုကွန်ယက်တွင် အေစီမီလန်အသင်းအတွက် ဘတ်စ်ကားအဖြစ် စရိတ်သက်သာပြီး ပတ်ဝန်း ကျင်ထိန်းသိမ်း ရာရောက် သည်ဟုဆို ကာကျောက်ခေတ်ဒီ ဇိုင်းပုံစံ ကားတစ်စီး၊ အေစီမီလန်တံဆိပ်နှင့် ရထားလုံး၊ အဝေးပြေးလမ်းမပေါ်တွင် ကစားသမားများ ကားစောင့်နေသည့် ပုံစသည်ဖြင့်လှောင်ပြောင်နေ ကြခြင်းဖြစ်သည်။
ရည်ညွှန်း  အင်ဒီပန်းဒန့်
Written by  ဝေဘုန်းလူ
Mizzima



0 comments:

Post a Comment