Pages

Subscribe:

Thursday, January 29, 2015

ရီးယဲလ်မက်ဒရစ် တိုက်စစ်သမား သုံးဦးပေါင်းထက် မက်ဆီက ပိုထက်မြက်ကြောင်း ဆီမြွန်နီပြောကြား



လီယွန်နယ် မက်ဆီသည် ရီးယဲလ်မက်ဒရစ် တိုက်စစ်သမား သုံးဦးပေါင်းထက် ပိုမို၍ အစွမ်းထက်ကြောင်း အက်သလက်တီကို မက်ဒရစ် နည်းပြ ဒီယေဂို ဆီမြွန်နီက ပြောကြားလိုက်သည်။
အက်သလက်တီကို အသင်းသည် အိမ်ကွင်း ဗင်းဆင့် ကယ်လ်ဒါရွန်တွင် ဘာစီလိုနာကို (၃-၂)ဖြင့် အရေးနိမ့်ပြီးနောက် ကိုပါဒယ်လ်ရေး ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ် အဆင့်မှ ထွက်ခွာခဲ့ရပြီ ဖြစ်သည်။ အက်သလက်တီကိုသည် မြို့ခံပြိုင်ဘက် ရီးယဲလ်မက် ဒရစ်ကို ဖြုတ်ချပြီး ဘာစီလိုနာနှင့် ဆုံလာခဲ့သော်လည်း နှစ်ကျော့ပေါင်းရလဒ် (၄-၂)ဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပွဲရလဒ်နှင့် ပတ်သက်၍ စိတ်ပျက်နေသော်လည်း ၎င်းနှင့် တစ်နိုင်ငံတည်းသားဖြစ်သည့် အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီ၏ စွမ်းဆောင်ရည်များအတွက် ပျော်ရွှင်မိကြောင်း ဆီမြွန်နီက ဆိုသည်။
သတင်းထောက်များက ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုနှင့် မက်ဆီတို့အနက် မည်သူက ပိုကောင်းကြောင်း မှတ်ချက်တောင်းဆိုရာ ဆီမြွန်နီက “ကျွန်တော်က ရီးယဲလ်ရော၊ ဘာစီလိုနာနဲ့ပါ ကစားဖူးတဲ့ အတွေ့အကြုံ ရှိပါတယ်။ ခင်ဗျားတို့ အနေနဲ့ ရော်နယ်လ်ဒိုကို မက်ဆီနဲ့ သွားယှဉ်လို့ မရပါဘူး။ မက်ဆီ တစ်ယောက်တည်းဟာ ရော်နယ်လ်ဒိုအပြင် ဂါရတ်သ်ဘေးလ်၊ ကာရင်မ် ဘန်ဇီးမားတို့ သုံးယောက် ပေါင်းထားတာထက် ပိုပြီး အန္တရာယ် ပေးနိုင်ပါတယ်”ဟု ဖြေကြားသွားသည်။
မက်ဆီသည် ကမ္ဘာ့ဘောလုံးလောက၏ အထူးချွန်ဆုံး ကစားသမား တစ်ဦးအဖြစ် အသိအမှတ် ပြုခံထားရသော်လည်း ၎င်း၏ပြိုင်ဘက် ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်လ်ဒိုက ပြီးခဲ့သည့် (၂)နှစ်ဆက်တိုက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d’Or)ကို သိမ်းပိုက်ထားသည်။

Soccer Myanmar

0 comments:

Post a Comment