Pages

Subscribe:

Saturday, January 24, 2015

(၃-၅-၂) ကစားကွက်ကို ဆက်လက် ကျင့်သုံးနေမည်ဟု ဗန်ဂါးလ်ပြောကြား




မိမိကျင့်သုံးနေသည့် နည်းစနစ်များနှင့် ပတ်သက်၍ ကောင်းစွာ နားလည်ကြောင်း၊ (၃-၅-၂)ကစားကွက်ကို ဆက်လက် ကျင့်သုံးသွားမည်ဖြစ်ကြောင်း မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က ပြောကြားခဲ့သည်။

ဗန်ဂါးလ်က လက်ရှိ အနေအထားတွင် ၎င်းအားသန်သည့် (၃-၅-၂) ကစားကွက်သည် ယူနိုက်တက်၏ အစဉ်အလာအရ နာမည်ကျော်ခဲ့သည့် (၄-၄-၂)လောက် သက်တောင့်သက်သာ မကစားနိုင်သေးကြောင်း ဝန်ခံခဲ့သော်လည်း မိမိ၏ ဘောလုံး အမြင်ကို ပြောင်းလဲပစ်မည် မဟုတ်ကြောင်း ဆိုသည်။ ကျူပီအာနှင့်  ပွဲစဉ်တွင် ယူနိုက်တက်သည် ပထမပိုင်း၌ ဘောလုံးပိုင်ဆိုင်မှု အားပြုသည့် (၃-၅-၂) ကစားကွက်ကို ကျင့်သုံးခဲ့သော်လည်း ပြိုင်ဘက်ကို ဖိဖိစီးစီး တိုက်စစ်မဆင်နိုင်သဖြင့် ဒုတိယပိုင်းတွင် (၄-၄-၂)ပုံစံ ပြောင်းလဲခဲ့ရာ အနိုင်ဂိုး (၂)ဂိုးကို သွင်းယူနိုင်ခဲ့သည်။

ပရိသတ်များက ဗန်ဂါးလ်ကို (၄-၄-၂) ကစားကွက်သာ ကျင့်ဆုံးရန် တောင်းဆိုနေသော်လည်း ဗန်ဂါးလ်ကမူ “(၄-၄-၂) ကစားကွက်ဟာ လက်ရှိအချက် အလက် တွေအရ အပေါင်းလက္ခဏာဆန်တဲ့ ရလဒ်တွေ ထွက်ပေါ်စေတယ် ဆိုတာကို ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ အနေနဲ့ ပွဲအနေအထားကို ဆန်းစစ်ဖို့ လိုတယ်။ တစ်ဖက်မှာ ကိုယ့်အရန်ခုံတန်းက ကစားသမားတွေကို ပြန်ကြည့်ရမယ်။ လက်ရှိ ကျွန်တော်တို့ အသင်းရဲ့ စုဖွဲ့မှုဟာ မျှတတဲ့ အခြေအနေ မရှိသေးဘူး။ (၄-၄-၂)နဲ့ ကစားတဲ့ ပွဲတွေ အများစုမှာ၊ ဥပမာ ဝက်စ်ဟမ်း ယူနိုက်တက်နဲ့ ပွဲလိုမျိုးမှာ နောက်တန်းက တော်တော်လေး ဖိအားဝင်တယ်။ အဲဒါကို ကျွန်တော် မကြိုက်ဘူး”ဟု ဆိုသည်။

နယ်သာလန်သား မန်နေဂျာကြီးက “ကစားသမားတွေဟာ (၃-၅-၂)နဲ့ သက်တောင့်သက်သာ မရှိလှသေးဘူး။ ဒီကစားကွက်မှာ သူတို့ အသားကျလာရေးဟာ အရမ်းအရေးကြီးပါတယ်။ ကျွန်တော်ကလည်း ဒီကစားပုံမှာ သူတို့ပိုပြီး အံဝင် အသားကျလာစေချင်တယ်။ ဒါပေမဲ့ ကျွန်တော် ဒီကစားကွက်ကို ပြောင်းလိုက်တဲ့နောက် (၉)ပွဲ၊ (၁၀)ပွဲလောက် ဆက်တိုက် နိုင်ပြီပဲ ထားပါတော့၊ ပြီးရင် တစ်ပွဲလောက် ရှုံးလိုက်တာနဲ့ ကစားကွက်အကြောင်း ပြောကြတော့တာပဲ။ ဒါက တကယ့်ကို ရယ်စရာပါ”ဟုလည်း မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment