Pages

Subscribe:

Wednesday, January 21, 2015

ပရီးမီးယားလိဂ်မှ ဂျရတ် ထွက်ခွာသွားမည့်အတွက် စိတ်မကောင်း ဖြစ်မိဟု မော်ရင်ဟို ဝန်ခံ



စတီဗင်ဂျရတ် ပရီးမီးယားလိဂ်မှ ထွက်ခွာသွားတော့မည်ကို တွေးမိသည့်အခါ စိတ်မကောင်း ဖြစ်မိကြောင်း ဟိုဆေး မော်ရင်ဟိုက ပြောကြားခဲ့သည်။

လီဗာပူးလ် အသင်းခေါင်းဆောင် ဂျရတ်သည် ရာသီကုန်တွင် အသင်းကို စွန့်ခွာကာ အမေရိကန်ကလပ် လော့စ်အန်ဂျလိစ် ဂလက်စီသို့ ကူးပြောင်းတော့မည်ဟု အတည်ပြု ကြေညာထားသည်။ ချယ်လ်ဆီးကို ကိုင်တွယ်နေသည့် ပေါ်တူဂီသား မန်နေဂျာ မော်ရင်ဟိုက မိမိသည် ဂျရတ်ကို ပရီးမီးယားလိဂ်တွင် ဆက်ရှိနေစေလိုသဖြင့် အငှားခေါ်ယူရန် ကမ်းလှမ်းလိုကြောင်းလည်း အရွှန်းဖောက် ပြောကြားခဲ့သည်။ မော်ရင်ဟိုသည် ယခင်ကတည်းက ဂျရတ်ကို လေးစား နှစ်သက်ကြောင်းနှင့် ချယ်လ်ဆီးတွင် ၎င်းလာရောက် ကစားရန် ကြိုးပမ်း ချဉ်းကပ်ခဲ့ကြောင်း ဝန်ခံဖူးသည်။

အန်းဖီးလ်တွင် လီဗာပူးလ်နှင့် ချယ်လ်ဆီးတို့ တစ်ဂိုးစီ သရေကျခဲ့သည့် Capital One အကြိုဗိုလ်လုပွဲ ပထမအကျော့ ပွဲစဉ်အပြီး၌ မော်ရင်ဟိုက “ဂျရတ် ပရီးမီးယားလိဂ်က ထွက်သွားတာကိုတော့ ကျွန်တော် မပျော်ဘူး။ ပရီးမီးယားလိဂ်ဟာ အကောင်းဆုံး ကစားသမားတွေကို အမြဲတမ်း ဆက်ပြီး ထိန်းသိမ်းထားနိုင်တယ် ဆိုတာမျိုး ကျွန်တော်က ဖြစ်စေချင်တာလေ။ ဂျရတ်ဟာ ပရီးမီးယားလိဂ် အဆင့်မှာ ကစားနိုင်တယ် ဆိုတာထက် အများကြီးပိုတဲ့ အရည်အသွေးတွေ ကျန်နေဆဲလို့ ကျွန်တော် ထင်ပါတယ်။ သူနဲ့ကျွန်တော်ဟာ ပြိုင်ဘက်တွေ ဖြစ်ပေမယ့်လည်း သူဒီပြိုင်ပွဲကို ကျောခိုင်းသွားတော့မယ် ဆိုတော့ စိတ်မကောင်း ဖြစ်မိ တယ်”ဟု ပြောဆိုခဲ့သည်။
သတင်းထောက်များက အကယ်၍ ဂျရတ်ကို အင်္ဂလန်တွင် ဆက်ရှိနေစေလိုပါက မည်သို့ ပြုလုပ်သင့်ကြောင်း မေးမြန်းရာ မော်ရင်ဟိုက “ကျွန်တော် လုပ်နိုင်တာလား။ သူ့ကို အငှားခေါ်ထားရင် ကောင်းမလား”ဟု ရယ်မောနောက်ပြောင် ဖြေကြားသွားသည်။

Soccer Myanmar


0 comments:

Post a Comment