Pages

Subscribe:

Tuesday, January 27, 2015

ဘီလ်ဘာအို လူငယ် ခံစစ်မှူး လာပေါ်တာ အတွက် ယူနိုက်တက်နှင့် ရီးယဲလ်တို့ အားပြိုင်ကြဖွယ်ရှိ



အက်သလက်တီကို ဘီလ်ဘာအို အသင်း၏ တက်သစ်စ ခံစစ်မှူးလေး အေမာရစ် လာပေါ်တာအတွက် မန်ချက်စတာ ယူနိုက်တက်နှင့် ရီးယဲလ်မက်ဒရစ်တို့ အပြိုင် ချိတ်ဆက်နေကြောင်း သိရှိရသည်။

အသက်(၂၀)အရွယ်ရှိ ပြင်သစ်လူငယ် ကစားသမားလေး၏ စာချုပ်တွင် ပြောင်းရွှေ့ကြေး သတ်မှတ်ချက်ကို ပေါင်စတာလင် (၃၁.၅)သန်းထိ ဘီလ်ဘာအိုက ထည့်သွင်း သတ်မှတ်ထားသည်။ ခံစစ်ပိုင်းကို သွေးသစ်လောင်းရန် စီစဉ်နေသည့် ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က လာပေါ်တာကို သဘောကျ နှစ်သက်နေပြီး ရီးယဲလ်ကလည်း ပီပီ၏ နေရာတွင် ရေရှည် အစားထိုးရန် ၎င်းကို လျာထားသည်။ ထိုအနေအထားက လာပေါ်တာအတွက် ဥရောပ ထိပ်သီးနှစ်သင်း အကြိတ်အနယ် အားပြိုင်မည့် အခြေအနေသို့ ဦးတည်လာစေဖွယ် ရှိနေသည်။

ဘီလ်ဘာအိုသည် ကစားသမားကို ဆက်လက် ထိန်းသိမ်းထားရန် ဆန္ဒရှိနေပြီး အကယ်၍ ရောင်းထုတ်ဖြစ်သည် ဆိုသည့်တိုင် စာချုပ်ပါ သတ်မှတ်ဈေးထက် လျော့နည်းသည့် မည်သည့် ကမ်းလှမ်းချက်ကိုမျှ လက်ခံဖွယ် မရှိချေ။ ရီးယဲလ်သည် လာပေါ်တာကို ခေါ်ယူရေးကိစ္စ အဆင်မပြေပါက ရီးယဲလ်ဆိုစီဒက်မှ အင်နီဂို မာတီနက်ဇ်ဘက် ပစ်မှတ် ပြောင်းလဲဖွယ် ရှိနေသည်။ ဆိုစီဒက်နည်းပြ ဒေးဗစ်မိုယက်စ်က ရီးယဲလ် ကွင်းလယ်လူ အေဆာ အီလာရာမန်ဒီကို စိတ်ဝင်စားကြောင်း ဝန်ခံထားရာ ကစားသမား အလိုက်ပေး ကမ်းလှမ်းမှုမျိုးဖြင့် ရီးယဲလ်က နွေရာသီတွင် ချဉ်းကပ်လာဖွယ် ရှိနေသည်။

ယူနိုက်တက်သည် ခံစစ်ပိုင်း အတွက် ကစားသမားသစ်များကို စောင့်ကြည့်လျက် ရှိရာ လတ်တလောတွင် PSGမှ အသက်(၂၀)အရွယ် ဘရာဇီးလ် လူငယ်ခြေတက် မာကွင်ဟော့စ်နှင့်လည်း သတင်းကြီးနေကြောင်း သိရှိရသည်။

Soccer Myanmar

0 comments:

Post a Comment