Pages

Subscribe:

Saturday, January 24, 2015

ချယ်လ်ဆီး တောင်ပံလူ ဆာလားကို ရိုးမား ခေါ်ယူနိုင်ရန် အလားအလာကောင်းလာ



ချယ်လ်ဆီး တောင်ပံကစားသမား မိုဟာမက် ဆာလားကို ခေါ်ယူနိုင်ရန် ရိုးမားအသင်းက အခြေအနေကောင်းများ ပိုင်ဆိုင်လာကြောင်း သိရှိရသည်။

ချယ်လ်ဆီးသည် အစောပိုင်းက ဖီအိုရင်တီးနား တောင်ပံကစားသမား ဟွမ်ကွာဒရာဒိုကို ကမ်းလှမ်းရာတွင် ဆာလားကို အလိုက်အဖြစ် ထည့်သွင်း ကမ်းလှမ်းခဲ့သော်လည်း ကစားသမား ကိုယ်တိုင်က ယင်းအနေအထားကို ပယ်ချခဲ့သည့်နောက် ရိုးမားက အလားအလာ ပိုကောင်းလာခြင်း ဖြစ်သည်။ အီဂျစ်လက်ရွေးစင် ဆာလားကို ရိုးမားက အလေးအနက် ချိတ်ဆက်နေပြီး ကစားသမား ကိုယ်တိုင်ကလည်း ရောမမြို့တော် အခြေစိုက် အသင်းသို့ ကူးပြောင်းရန် လိုလားနေကြောင်း Goal.comက ဖော်ပြခဲ့သည်။

ချယ်လ်ဆီးသည် ပြီးခဲ့သည့် ဇန်နဝါရီလက ဆာလားကို ပေါင်စတာလင် (၁၃)သန်းဖြင့် ဘေဆယ်လ် အသင်းထံမှ ခေါ်ယူခဲ့သော်လည်း ၎င်းသည် လန်ဒန်ကလပ်တွင် ပွဲထွက်ခွင့် မရဘဲ ရုန်းကန်နေရသည်။ ဆာလားသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် မိနစ်(၃၀)မျှသာ ကစားခွင့် ရခဲ့သည်။ ချယ်လ်ဆီး မန်နေဂျာ ဟိုဆေးမော်ရင်ဟိုသည် ဆာလားနှင့် အန်ဒရီ ရှာရဲလ်တို့ကို ရောင်းထုတ်ပြီး ကွာဒရာဒိုကို အစားထိုး ခေါ်ယူသွားရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

ရိုးမားသည် ဆာလားကို (၁၈)လ အငှားစာချုပ်အတွက် ပေါင်စတာလင် (၃၈၀၀၀၀) ပေးချေခေါ်ယူပြီး (၂၀၁၆)ခုနှစ် နွေရာသီတွင် ပေါင်စတာလင် (၁၀.၆)သန်းဖြင့် အပြီးသတ် ဝယ်ယူနိုင်ရန် လိုလားနေကြောင်းလည်း သိရသည်။ သို့သော်လည်း ချယ်လ်ဆီးဘက်ကမူ ကစားသမားကို (၁၂)လ အငှားစာချုပ်အတွက် ပေါင်စတာလင် (၁.၁)သန်းနှင့် အပြီးသတ် ခေါ်ယူမှုအတွက် ပေါင်စတာလင် (၁၂.၁)သန်း တောင်းဆိုနေသည်။ ဆာလားကို အက်သလက်တီကို မက်ဒရစ်နှင့် မိုနာကို အသင်းများကလည်း စိတ်ဝင်စားနေသည့်တိုင် လက်ရှိ အနေအထားများအရ ရိုးမားကသာ အလေးအနက် အရှိဆုံး ချဉ်းကပ်နေခြင်း ဖြစ်သည်။

Soccer Myanmar


0 comments:

Post a Comment