Pages

Subscribe:

Wednesday, January 21, 2015

၂၀၁၅ ရာသီတွင် MNL အသင်းများ အသုံးစရိတ် လျှော့ချမှုပြုလုပ်လာ




မြန်မာနေရှင်နယ်လိဂ် ထိပ်တန်း အသင်း များဖြစ်သည့် ရန်ကုန်၊ ရတနာပုံ၊ ကမ္ဘောဇနှင့် ဧရာဝတီ အသင်း တို့မှလွဲပြီး ကျန်အသင်း အများစုမှာ အသုံး စရိတ်ကို ကန့်သတ်သုံးစွဲမှုများ ပြုလုပ်လာကြသည်။
''ကျွန်တော်တို့ အသင်းအနေနဲ့ အသုံး စရိတ်ကို ပြီးခဲ့တဲ့ ရာသီတွေ ကထက် လျော့အောင် စိစစ်သုံး စွဲနေ ပါတယ်။ နိုင်ငံခြား သားတွေ ဆိုလည်း လစာကို အရင် ကဒေါ်လာ သုံးထောင်သတ်မှတ်ရင် ဒီနှစ်မှာနှစ်ထောင်၊ ထောင့်ငါးရာဝန်းကျင်လောက်ပဲ သုံးတော့တယ်'' ဟု ဇွဲကပင်အသင်းပိုင်ရှင် ဦးလှဋ္ဌေး ကပြောသည်။
မြန်မာနေရှင် နယ်လိဂ် အလယ်အလတ် အသင်းတစ် သင်းဖြစ်သည့် ချင်းယူနိုက်တက် အသင်း ပိုင်ရှင် ဒေါက်တာဂျိမ်း လျန်ဆိုင်း ကလည်းယခုနှစ် တွင်အသင်း ကိုထောက်ပံ့ ကူညီမည့် စပွန်ဆာ မရှိသည့်အ တွက် ငွေကြေးကုန် ကျမှုကို စနစ်တကျ သုံးစွဲနေ ရသည်ဟု ဆိုသည်။
''မနှစ်က အူရီးဒူး ကအင်္ကျီ ရင်ဘတ် စပွန်ဆာပေးတယ်။ ဒီနှစ်မှာ စပွန်ဆာမ ရှိတော့ဘူး။ ဒီတော့ ကုန်ကျ စရိတ် အားလုံးကို အိတ်စိုက်ရ တယ်။ရေရှည်ရပ် တည်နိုင်ဖို့ ငွေအကုန်အကျကို ထိန်းသိမ်းရမှာပါ'' ဟု ၄င်း ကဆိုသည်။
မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများ၏တစ်နှစ် အသုံးစရိတ်မှာ အများဆုံးကျပ်သိန်းပေါင်း တစ်သောင်းကျော်မှအနည်းဆုံး သိန်းသုံးထောင် အထိရှိသည်။
Written by  ရဲရင့်ဌေး

Mizzima


0 comments:

Post a Comment