Pages

Subscribe:

Sunday, July 19, 2015

ဘာစီလိုနာဥက္ကဋ္ဌ ရွေးကောက်ပွဲတွင် လက်ရှိဥက္ကဋ္ဌ ဘာတိုမြူအနိုင်ရရှိ



ဘာစီလိုနာဥက္ကဋ္ဌ ရွေးကောက်ပွဲတွင် လက်ရှိဥက္ကဋ္ဌ ဘာတိုမြူအနိုင်ရရှိ

အောင်ငြိမ်းသွေး

ဇူလိုင် ၁၉၊ စပိန်။ ။ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ဘာစီလိုနာဥက္ကဋ္ဌသစ် ရွေးကောက်ပွဲတွင် လက်ရှိဥက္ကဋ္ဌ ဘာတိုမြူက ပြိုင်ဘက်ဥက္ကဋ္ဌလောင်း သုံးဦးကို ကျော်ဖြတ်ပြီး အနိုင်ရသွားခဲ့သည်။

ဘာစီလိုနာအသင်းဥက္ကဋ္ဌမှ စတင်ပြီး ကစားသမားများအပါအ၀င် အသင်း၏အဖွဲ့ဝင်များက မဲပေးရွေးချယ်ခဲ့ရာတွင် ဘာတိုမြူသည် ၅၄ ဒသမ ၆၃ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ဘာတိုမြူ၏အဓိကပြိုင်ဖက် ဥက္ကဋ္ဌဟောင်း လာပေါ်တာမှာ ၃၃ ဒသမ ၀၃ ရာခိုင်နှုန်းရရှိခဲ့ပြီး ကျန်နှစ်ဦးဖြစ်သည့် ဘန်ဒီတိုမှာ ၇ ရာခိုင်နှုန်းကျော်နှင့် ဖရီဇာမှာ ၃ ရာခိုင်နှုန်းကျော်သာ ရရှိခဲ့ကြသည်။

ဘာတိုမြူသည် နေမာ၏အပြောင်းအရွှေ့ပြဿနာများကြောင့် အသင်းမှ နုတ်ထွက်သွားခဲ့သော ဥက္ကဋ္ဌဆန်ဒရို ရိုဆဲလ်၏နေရာတွင် ဆက်ခံခဲ့ခြင်းဖြစ်ပြီး ၎င်း၏လက်ထက်တွင် တစ်နှစ်အတွင်း ချန်ပီယံလိဂ်ဖလား၊ လာလီဂါဖလားနှင့် ကိုပါဒယ်ရေးဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့သည်။

ထို့နောက်တွင် နည်းပြ လူးဝစ္စအင်းနရစ်၊ ကွင်းလယ်လူ ဘက်စ်ကွက်၊ ပက်ဒရို၊ ဂျော်ဒီအယ်လ်ဘာတို့ကို သက်တမ်းတိုးခြင်း၊ ဆီဗီလာကွင်းလယ်လူ အလက်ဆစ်ဗီဒယ်နှင့် အက်သလက်ကွင်းလယ်လူ အာဒါတူရန်တို့အား ခေါ်ယူခြင်းများကို လက်ကျန်ဥက္ကဋ္ဌသက်တမ်းတွင် ပြုလုပ်နိုင်ခဲ့သည်။

လာပေါ်တာမှာ ဥက္ကဋ္ဌဖြစ်လာပါက ဂျူဗင်တပ်စ်ကွင်းလယ်လူ ပေါ့ဂ်ဘာကို ခေါ်ယူပေးမည်ဆိုသည့် မက်လုံးဖြင့် ရွေးကောက်ပွဲ ၀င်ခဲ့ခြင်းဖြစ်သည်။

ယခုရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့်အတွက် ဘာတိုမြူသည် ဘာစီလိုနာအသင်းကို ခြောက်နှစ် ထပ်မံဦးဆောင်ခွင့် ရရှိသွားပြီ ဖြစ်သည်။

ရည်ညွှန်း မာကာ

Mizzima
Khant Gyi

ဟံသာဝတီအသင်း ၁၂ ပွဲဆက်နိုင် ပွဲပျောက်ဆုံးနေသည့် မှတ်တမ်းဆိုးရရှိ



ဟံသာဝတီအသင်း ၁၂ ပွဲဆက်နိုင် ပွဲပျောက်ဆုံးနေသည့် မှတ်တမ်းဆိုးရရှိ

ရဲရင့်ဋ္ဌေး

ဇူလိုင် ၁၈၊ ရန်ကုန်။ ။ ဟံသာဝတီယူနိုက်တက်အသင်းသည် ယခုနှစ်မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၁၂ အပြီးတွင်နိုင်ပွဲပျောက်ဆုံးနေသည့်အတွက် ၁၂ ပွဲဆက်အနိုင်မရသည့် မှတ်တမ်းဆိုးရရှိခဲ့သည်။

ယခုကဲ့သို့ ၁၂ပွဲဆက်နိုင်ပွဲပျောက်ဆုံးနေသည့် အခြေအနေမှာအသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဖြစ်ပြီး အသင်း၏လက်ရှိအခြေအနေမှာလည်း တန်းဆင်းဇုန်အတွင်းသို့ရောက်ရှိနေသည်။

“အသင်းမှာအဓိကအားနည်းနေတာက အဆုံးသတ်ပိုင်းပါ။ ပွဲတိုင်းမှာအနိုင်ရသင့်တဲ့အခြေအနေမျိုးရှိပေမယ့် အဆုံးသတ်ပိုင်းအားနည်းချက်ကြောင့်ရမှတ်တွေဆုံးရှုံးနေရပါတယ်။ ဒီအားနည်းချက်ကို ပြင်ဆင်နေပေမယ့်လည်း လက်ရှိအချိန်အထိမအောင်မြင်သေးပါဘူး”ဟု ဟံသာဝတီယူနိုက်တက် နည်းပြချုပ် ဦးငွေထွန်းကပြောသည်။

ဟံသာဝတီယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်-၁၂အပြီးတွင် နိုင်ပွဲမရှိပဲ ခုနှစ်ပွဲသရေ၊ ငါးပွဲရှုံး၊ ရမှတ် ခုနှစ်မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၁၁နေရာတွင် ရပ်တည်နေသည်။

Mizzima
Khant Gyi

ဗီယက်နမ် ယူ-၂၀ အမျိုးသမီးဖိတ်ခေါ်ပြိုင်ပွဲ ၀င်ရန် မြန်မာနိုင်ငံကို ဖိတ်ကြားထား



ဗီယက်နမ် ယူ-၂၀ အမျိုးသမီးဖိတ်ခေါ်ပြိုင်ပွဲ ၀င်ရန် မြန်မာနိုင်ငံကို ဖိတ်ကြားထား

ရွှေဘုတ်

ဇူလိုင် ၁၈၊ ရန်ကုန်။ ။ ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် ဗီယက်နမ် ယူ-၂၀ အမျိုးသမီး ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ လာရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ တရားဝင်ဖိတ်ကြားထားသည် ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်အောင်က ပြောသည်။ အဆိုပါဖိတ်ခေါ်ပြိုင်ပွဲကို လာမည့် နိုဝင်ဘာလတွင် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ကျင်းပပြုလုပ်မည် ဖြစ်ပြီး အာရှနှင့် အာဆီယံ နိုင်ငံမှ အသင်းများ ၀င်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

“ ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်ဘက်ကနေ အမျိုးသမီး ယူ-၂၀ ပွဲအတွက်ရော အမျိုးသား ယူ-၂၁ ပွဲရော ဖိတ်ထားပါတယ်။ သူတို့ဆီမှာ လုပ်နေကြ ဖိတ်ခေါ်ပြိုင်ပွဲလေးပါ။ ဒီဘက်က သွားပြိုင်ဖို့ကိုတော့ တရားဝင် အကြောင်းမပြန်ရသေးပါဘူး။ ယူ-၂၀ ဆိုတော့ သွားပြိုင်ဖြစ်မယ်ဆိုရင် အမျိုးသမီး ယူ-၁၉ အသင်း ဖြစ်ဖို့ များပါတယ်။ အမျိုးသား ယူ-၂၁ အသင်းကတော့ သွားပြိုင်ဖြစ်မှာပါ။ တရားဝင်လည်း အကြောင်းပြန်ထားပါတယ် ” ဟု ဦးတင်အောင်က ပြောသည်။

မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းကို လက်ရှိတွင် နည်းပြချုပ်အဖြစ် ဦးဝင်းမြင့်သွင်၊ လက်ထောက်နည်းပြအဖြစ် ဒေါ်ဇင်မာဝမ်းတို့က တာဝန်ယူကိုင်တွယ်လျက်ရှိပြီး ဧပြီလမှ စတင်ကာ ကစားသမား ၂၅ ဦးဖြင့် သုဝဏ္ဏလေ့ကျင့်ရေးကွင်း၌ ပုံမှန်လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။

Mizzima
Khant Gyi

နောက်ခံလူ ဘယ်လာရင်ကို အာဆင်နယ်အသင်း ကာလရှည် စာချုပ် ချုပ်ဆို



နောက်ခံလူ ဘယ်လာရင်ကို အာဆင်နယ်အသင်း ကာလရှည် စာချုပ် ချုပ်ဆို

အောင်ငြိမ်းသွေး

ဇူလိုင် ၁၈၊ လန်ဒန်။ ။ အသက် ၂၀ အရွယ်သာရှိသေးသည့် လူငယ်နောက်ခံကစားသမား ဘယ်လာရင်ကို ကာလရှည်စာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း အာဆင်နယ်အသင်းက အတည်ပြု ကြေညာလိုက်သည်။

စပိန်လူငယ်နောက်ခံကစားသမား ဘယ်လာရင်သည် ပြီးခဲ့သည့် ရာသီက အာဆင်နယ်အသင်းအတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ၂၈ ပွဲ ပွဲထွက်ခွင့်ရခဲ့ကာ နှစ်ဂိုးသွင်းယူပေးခဲ့သည်။ ပြင်သစ်နောက်ခံကစားသမား ဒီဘူချီဒဏ်ရာရရှိသွားပြီးနောက် အခွင့်အရေးရလာခဲ့သည့် ဘယ်လာရင်သည် ညာနောက်ခံကစားသမားနေရာတွင် နည်းပြအာစင်ဝင်းဂါးစိတ်ကြိုက်ဖြစ်အောင် ကစားနိုင်ခဲ့သည်။

ဘယ်လာရင်သည် ၂၀၁၁ ခုနှစ်က ဘာစီလိုနာအသင်းမှ အာဆင်နယ်သို့ ရောက်ရှိလာသူ ဖြစ်သည်။ အာဆင်နယ်အသင်း၏ အကယ်ဒမီနှင့် လူငယ်အသင်းများတွင်ကစားခဲ့ပြီးနောက် ၂၀၁၃-၁၄ ရာသီတွင် ၀က်ဖို့ဒ်အသင်းသို့ အငှားသွားရောက်ကစားခဲ့သည်။ ထို့နောက် ၂၀၁၄-၁၅ ရာသီတွင် အာဆင်နယ်အသင်း၌ နေရာရလာခဲ့ပြီး အက်ဖ်အေဖလားကို ရယူနိုင်ခဲ့သည်။

ဘယ်လာရင်ကို ကာလရှည်စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း အာဆင်နယ်အသင်း၏ ၀က်ဘ်ဆိုက်နှင့် တရားဝင်တွစ်တာစာမျက်နှာ၌ ဖော်ပြထားသည်။
ဘယ်လာရင်သည် ယခုရာသီတွင် ဒီဘူချီ၊ ကလန်ချမ်ဘာတို့နှင့် ပထမကစားသမားနေရာကို လုရမည်ဖြစ်သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

Mizzima
Khant Gyi

ချယ်လ်ဆီးကိုယှဉ်ပြိုင်ရန် အာဆင်နယ်အသင်းကစားသမားလေးဦးထပ်ခေါ်ရန်လိုဟု အွန်နရီပြော



ချယ်လ်ဆီးကိုယှဉ်ပြိုင်ရန် အာဆင်နယ်အသင်းကစားသမားလေးဦးထပ်ခေါ်ရန်လိုဟု အွန်နရီပြော

ဝေဘုန်းလူ

ဇူလိုင် ၁၈၊ လန်ဒန်။ ။ အာဆင်နယ်အသင်းအနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ချယ်လ်ဆီးအသင်းနှင့်ယှဉ်ပြိုင်လိုပါက ကစားသမားသစ်လေးဦး ထပ်ခေါ်ရန်လိုအပ်သည်ဟု သီယာရီအွန်နရီက ပြောဆိုလိုက်သည်။

အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်ဘောလုံးရာသီနှောင်းပိုင်းတွင် စွမ်းဆောင်ရည်ကောင်းမွန်ခဲ့သော်လည်း ချန်ပီယံချယ်လ်ဆီးအသင်း အောက် ၁၂ မှတ်လျော့နည်းကာ ပရီးမီးယားလိဂ် အဆင့် ၃ နေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။

နည်းပြအာစင်ဝင်းဂါးသည် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် ချယ်လ်ဆီးဂိုးသမား ပီတာချက်ကို ခေါ်ယူထားပြီးဖြစ်သော်လည်း အွန်နရီကမူ ချန်ပီယံဆုရယူရန် ကစားသမားသစ်များထပ်မံလိုအပ်နေသေးကြောင်း ပြောသည်။

"ဒီအသင်းက စိတ်ဓါတ်ကောင်းတဲ့အသင်း၊ ကစားသမားကောင်းတွေရှိတဲ့အသင်းလို့ ထင်ပါတယ်။ ချယ်လ်ဆီးကိုယှဉ်ဖို့က ကစားသမားသစ် လေးယောက်လောက်ထပ်လိုပါသေးတယ်။ အဲဒါကို ကျွန်တော်တို့မျိုးဆက်နဲ့ နှိုင်းယှဉ်ပြပါမယ်။ ဥပမာပြောရရင် ကျွန်တော်အာဆင်နယ်ကို ရောက်စက ခြေစွမ်းမပြနိုင်ဘူးဆိုရင် အရန်ခုံမှာ တခါတရံ ဒင်းနစ်ဘားကမ့် ဒါမှမဟုတ် ကနူး၊ ဝီးတော့ဒ်၊ ဒေဗာဆူကာတို့ ရှိနေတတ်တယ်။  ပွဲအတွင်းမှာ ကျွန်တော့်အတွက် အချိန်တစ်နာရီပဲရမယ်ဆိုတာသိတယ်"ဟု အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီကပြောသည်။

အာဆင်နယ်အသင်းအနေဖြင့် ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဘင်ဇီမာကိုစိတ်ရှည်လက်ရှည် ကြိုးပမ်းနေသည်ဆိုသည့်သတင်းကို နည်းပြ အာစင်ဝင်းဂါး ကလည်း ငြင်းဆန်ထားခြင်းမရှိချိန်တွင် အွန်နရီက နောက်ထပ်တိုက်စစ်မှူးတစ်ယောက်ခေါ်ယူခြင်းမှာ အရေးပါသည်ဟု ထောက်ခံခဲ့သည်။

"ဂီရော့ဒ်တစ်ဦးတည်းသာ တိုက်စစ်မှူးစစ်စစ်ဖြစ်ပြီး သူဂိုးမသွင်းတဲ့အခါ အခက်ကြုံရတယ်လို့ သူတို့ပြောပါတယ်။ အဲဒီအတွက် ဝဲလ်ကော့က အဖြေဖြစ်ဖို့ မျှော်လင့်ပါတယ်။ လူတစ်ချို့က ဝင်းဂါးအပေါ်မေးခွန်းထုတ်နေကြတုန်းပဲဖြစ်ပေမယ့် သူဟာ မှန်ကန်တဲ့ရပ်တည်မှုနဲ့သွားနေတယ်လို့ ကျွန်တော်ထင်နေတုန်းပါပဲ"ဟု အွန်နရီက အဆုံးသတ်ပြောဆိုသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

Mizzima
Khant Gyi

ယိုကိုဟားမား အကယ်ဒမီ တက်ရောက်လိုသည့် လူငယ်များကို ရန်ကုန်အသင်း ကူညီမည်



ယိုကိုဟားမား အကယ်ဒမီ တက်ရောက်လိုသည့် လူငယ်များကို ရန်ကုန်အသင်း ကူညီမည်

ရွှေဘုတ်

ဂျပန်နိုင်ငံ ယိုကိုဟားမား လူငယ်ဘောလုံး အကယ်ဒမီသို့ သွားရောက် ပညာသင်ကြား လိုသည့် လူငယ် များကို ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းမှ ကူညီချိတ်ဆက်ပေးသွားမည်ဟု ရန်ကုန်အသင်း အထွေထွေ မန်နေဂျာ ဦးကျော်လင်းထွေးက ပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ဂျေ-လိဂ်ကလပ် ယိုကိုဟားမားအက်ဖ်မာရီနာအသင်းနှင့် ပြီးခဲ့သည့် ၂၀၁၃ ခုနစ်၊ စက်တင်ဘာက မိတ်ဖက်စာချုပ် ချုပ်ဆိုခဲ့ပြီး လူငယ်ကစားသမားများနှင့် လူမှုအကျိုးပြုလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်ရန် သဘောတူခဲ့ကြသည်။

“ လာမယ့် ၂၅ ရက်နေ့မှာ ယိုကိုဟားမားအသင်းက နည်းပြအဖွဲ့တွေ အသင်းကို လာပြီးတော့ ဘောလုံးသင်တန်းကျောင်းက သင်တန်းသားတွေကို နည်းစနစ်ပိုင်းတွေ သင်ကြားပေးသွားမှာပါ။ ပြီးရင်တော့ သူတို့ဆီမှာ သင်ကြားပေးတဲ့အပိုင်းတွေကို မီဒီယာခန်းမှာ ထပ်ရှင်းပြပေးသွားမှာပါ။

“တကယ်လို့ ဒီက လူငယ်တွေအနေနဲ့ ယိုကိုဟားမား အကယ်ဒမီမှာ သင်တန်းတက်ချင်တယ် ဆိုရင် အသင်းအနေနဲ့ ကူညီချိတ် ဆက်ပေးပါမယ်။ ကုန်ကျစရိတ်ကိုတော့ ကိုယ်တိုင်ပဲ ကျခံရမှာပါ။ YMG ဆိုတဲ့ နည်းပြသင်တန်းတစ်ခုလည်း ပါလာပြီးဖြစ်ပြီး လူငယ်နည်းပြတွေအနေနဲ့ သွားတက်ချင် ရင် ကူညီပေးသွားမှာပါ” ဟု ဦးကျော်လင်းထွေးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၁၄ ခုနှစ်မှ စတင်ကာ သက်တမ်းအလိုက် လူငယ်အခပေး ဘောလုံးသင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိသည့်အပြင် အကယ်ဒမီအသင်း ဖွဲ့စည်းကာ လူငယ် ကစားသမားများကို မွေးမြူလေ့ကျင့်ပေး လျက်ရှိ သည်။

Mizzima
Khant Gyi

နာပိုလီသို့ ပြောင်းရွှေ့ရန် အင်မိုဘိုင်း ဆန္ဒရှိခဲ့ကြောင်း ၎င်း၏အေးဂျင့် ပြောကြား



နာပိုလီသို့ ပြောင်းရွှေ့ရန် အင်မိုဘိုင်း ဆန္ဒရှိခဲ့ကြောင်း ၎င်း၏အေးဂျင့် ပြောကြား

နွေရာသီတွင် ဆီဗီလာထက် နာပိုလီသို့ ပြောင်းရွှေ့ရန် ဆီရိုအင်မိုဘိုင်း ရည်ရွယ်ထားခဲ့ကြောင်း ၎င်း၏အေးဂျင့်ဖြစ်သူက ပြောကြားလိုက်သည်။

အဆိုပါ တိုက်စစ်မှူးသည် ဘွန်ဒက်စ်လီဂါ ပွဲထွက်ရာသီတွင် စိတ်ပျက်ဖွယ်ခြေစွမ်းကြောင့် ဘိုရပ်ရှားဒေါ့မွန်မှ စပိန်ကလပ်သို့ အငှားဖြင့် ပြောင်းရွှေ့ခဲ့သူ ဖြစ်သည်။

ထို့နောက် အင်မိုဘိုင်း၏ အေးဂျင့်ဖြစ်သူက ကစားသမား အနေဖြင့် နာပိုလီသို့ ပြောင်းရွှေ့ရန် ဆန္ဒရှိခဲ့သော်လည်း အီတလီကလပ်က စိတ်ဝင်စားခဲ့ခြင်း မရှိကြောင်း ဖွင့်ဟခဲ့သည်။

“ဆီရိုက နာပိုလီအတွက် ကစားဖို့ ဆန္ဒရှိခဲ့တာပါ။ ဒါပေမဲ့ မက်ဆေ့ခ်ျတွေက အကြောင်းပြန်မလာခဲ့ပါဘူး” ဟု အေးဂျင့်ဖြစ်သူ မာကိုဆွမ်မယ်လာက ပြောကြားခဲ့သည်။

သို့သော်လည်း ဆီဗီလာသို့ ပြောင်းရွှေ့ခြင်းသည် အင်မိုဘိုင်း၏ ဘွန်ဒက်စ်လီဂါ ပွဲထွက်ရာသီ ခြေစွမ်းမပြသနိုင်မှုကို တိုးတက်ကောင်းမွန်လာစေမည်ဟု ယုံကြည်ကြောင်း ဆွမ်မယ်လာက ဆိုခဲ့သည်။

“အငှားနဲ့ သွားကစားတဲ့ အစီအစဉ်က သူ့ရဲ့ခြေစွမ်းကောင်းတွေ ပြန်လည်ရရှိဖို့ပါ။ ဆီဗီလာက ယူရိုပါလိဂ်ကို နှစ်ကြိမ်ဆက် ရရှိခဲ့တဲ့အသင်းပါ။ သူတို့က ချန်ပီယံလိဂ်မှာလည်း ပါဝင်ကစားခွင့်ရထားပါတယ်” ဟု ၎င်းက ပြောကြားသွားခဲ့သည်။

Soccer Myanmar
Khant Gyi

ဝုဖ်ဘတ်တွင်သာ ဒီဘရွမ်း ဆက်နေသင့်ကြောင်း ဒီဇီကို အကြံပြု



ဝုဖ်ဘတ်တွင်သာ ဒီဘရွမ်း ဆက်နေသင့်ကြောင်း ဒီဇီကို အကြံပြု

မန်ချက်စတာစီးတီး ပစ်မှတ် ကီဗင်ဒီဘရွမ်း အနေဖြင့် ဝုဖ်ဘတ်တွင် တစ်ရာသီ ထပ်ကစားခြင်းက ပိုမိုအကျိုးရှိစေလိမ့်မည်ဟု ယုံကြည်ကြောင်း အီဒင်ဒီဇီကိုက ပြောကြားလိုက်သည်။

ဘယ်လ်ဂျီယံ လက်ရွေးစင် ကစားသမားသည် ဘွန်ဒက်စ်လီဂါအသင်းကို ၂၀၁၄-၁၅ ဘောလုံးရာသီတွင် ဒုတိယနေရာ၌ ရပ်တည်နိုင်စေရန်နှင့် ပိုကယ်ဖလားကို ကိုင်မြှောက်ခွင့်ရရန် ကူညီပေးခဲ့ပြီး ၃၄ ပွဲတွင် ၁၀ ဂိုး သွင်းယူခဲ့ပြီးနောက် ပရီးမီးယားလိဂ်အသင်းက စိတ်ဝင်စားမှုများ ပြသခဲ့ခြင်း ဖြစ်သည်။

မန်စီးတီးသည် ကမ်းလှမ်းမှုတစ်ရပ် မပြုလုပ်မီ ဒီဘရွမ်း၏ စာချုပ်နှင့် ပတ်သက်၍ ဆွေးနွေးရန် စောင့်ဆိုင်းနေချိန်တွင် ၂၀၁၁ ခုနှစ်က ဝုဖ်ဘတ်မှ အီတီဟတ်ကွင်းသို့ ပြောင်းရွှေ့ခဲ့သော ဒီဇီကိုက ဒီဘရွမ်းအနေဖြင့် ဂျာမနီတွင် ဆက်နေခြင်းက ပိုမိုကောင်းမွန်လိမ့်မည် ဖြစ်ကြောင်း ဆိုခဲ့သည်။

“ကီဗင် ဒီဘရွမ်းတို့လို ထိပ်တန်း ကစားသမားတွေအနေနဲ့ ဝုဖ်ဘတ်မှာ တစ်သက်လုံး ရှိနေမှာ မဟုတ်ပါဘူး။ ကစားသမားတိုင်းက နိုင်ငံရပ်ခြားက ထိပ်တန်းကလပ်အသင်း တစ်ခုခုမှာ ကစားဖို့ အိပ်မက်မက်နေကြသူတွေပါ။ ဒါဟာ ၂၀၀၉ ခုနှစ်က လိဂ်ဖလားရခဲ့တဲ့ ကျွန်တော့်ရဲ့ အနေအထားနဲ့ အတူတူပါပဲ။ အဲ့ဒီတုန်းက မတူညီတာတစ်ခုခုလုပ်ဖို့ ကျွန်တော်ဆန္ဒရှိခဲ့ပါတယ်။ ကီဗင်က ချယ်ဆီးမှာ ကစားခဲ့ဖူးတာကြောင့် ပရီးမီးယားလိဂ် အကြောင်းကို အသေအချာသိရှိသူပါ။ ဒါဟာ တစ်ခြားလိဂ်တွေနဲ့ အတော့်ကို ခြားနားပါတယ်။ အခြားလိဂ်မှာ ခြေစွမ်းပြနေတဲ့သူတွေက ဒီကိုရောက်ရှိ ပြဿနာတွေနဲ့ ကြုံရတာပါပဲ။ အိန်ဂျယ်ဒီမာရီယာကိုပဲ ကြည့်လေ။ ဒါကြောင့် ကီဗင်အနေနဲ့ ဥရောပရဲ့ ထိပ်တန်းကလပ် တစ်ခုမှာ ဆက်ကစားတာက ကစားသမားဘဝ နောက်တစ်ဆင့်ကို တက်လှမ်းဖို့အတွက် အထောက်အကူ ဖြစ်စေမယ်လို့ ထင်ပါတယ်” ဟု ဒီဇီကိုက အကြံပြုခဲ့သည်။

Soccer Myanmar
Khant Gyi

မထင်မှတ်ထားသည့် တိုက်စစ်မှူးတစ်ဦးကို ယူနိုက်တက် ခေါ်ယူဖွယ်ရှိကြောင်း ဗန်ဂါးလ် အရိပ်အမြွက်ဆို



မထင်မှတ်ထားသည့် တိုက်စစ်မှူးတစ်ဦးကို ယူနိုက်တက် ခေါ်ယူဖွယ်ရှိကြောင်း ဗန်ဂါးလ် အရိပ်အမြွက်ဆို

အပြောင်းအရွှေ့ရာသီ မပိတ်မီတွင် လူအများ မထင်မှတ်ထားသည့် တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူသွားဖွယ်ရှိကြောင်း မန်ချက်စတာယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က အရိပ်အမြွက် ပြောကြားလိုက်သည်။

ယူနိုက်တက်သည် အမေရိကကလပ်ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သော ရာသီကြို ခြေစမ်းပွဲတွင် အသင်း၏ တိုက်စစ်ပိုင်း၌ ဝိန်းရွန်နီနှင့် လူငယ် ကစားသမား ဂျိမ်းစ်ဝီလ်ဆင်တို့ကိုသာ အသုံးပြုခဲ့သည်။

ယူနိုက်တက်သည် အသင်း၏ တိုက်စစ်မှူး ရော်ဘင်ဗန်ပါစီကို ဖီနာဘာချီထံ ရောင်းချခဲ့ပြီးနောက် ပီအက်စ်ဂျီ တိုက်စစ်မှူး အက်ဒီဆင် ကာဗာနီနှင့် ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီးတို့ကို ချိတ်ဆက်မှုများ ပြုလုပ်ခဲ့သည်။

ဗန်ပါးလ်ကမူ မိမိအနေဖြင့် ယူနိုက်တက်၏ တိုက်စစ်မှူး နေရာအတွက် စိုးရိမ်ပူပန်ခြင်း မရှိကြောင်းနှင့် စက်တင်ဘာလ ၁ ရက် အပြောင်းအရွှေ့ရာသီ မပိတ်မီတွင် တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူသွားဖွယ်ရှိကြောင်း ဆိုခဲ့သည်။

“ကျွန်တော်တို့မှာ ရွန်နီ ရှိပါတယ်။ သူက တိုက်စစ်မှူးနေရာမှာ ကစားနိုင်သူပါ။ အဲ့ဒီနေရာမှာ သူကစားနိုင်တယ်လို့ မီဒီယာအားလုံးက ရေးသားခဲ့ကြပါတယ်။ အဲ့ဒီအတိုင်း ကျွန်တော် သူ့ကို သုံးခဲ့ပါတယ်။ အခုကျ ဒီမေးခွန်းမေးတယ်ဆိုတာကိုတော့ ကျွန်တော် နားမလည်နိုင်ပါဘူး” ဟု ဗန်ဂါးလ်က သတင်းထောက်များထံ ပြောကြားခဲ့သည်။

ဆက်လက်ပြီး “အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ဟာနန်ဒက်ဇ်လည်းရှိပါတယ်။ ဝီလ်ဆင်ကလည်း ဒီနေရာမှာ ကစားနိုင်သူပါ။ နောက်ပြီး မထင်မှတ်ထားတဲ့ တိုက်စစ်မှူးတစ်ယောက်လည်း ရောက်လာနိုင်ပါတယ်။ အဲ့ဒီနေရာအတွက် ကျွန်တော် မစိုးရိမ်ပါဘူး” ဟု ၎င်းက ဆိုခဲ့သည်။

မက္ကဆီကို လက်ရွေးစင် တိုက်စစ်မှူး ဟာနန်ဒက်ဇ်သည် ၂၀၁၄-၁၅ ဘောလုံးရာသီတွင် ရီးယဲမက်ဒရစ်ထံ အငှားဖြင့် သွားရောက်ကစားခဲ့ရသော်လည်း ဗန်ပါစီနှင့် ရာဒါမယ်ဖယ်ကာအိုတို့ ထွက်ခွာသွားပြီးနောက် ၎င်းအနေဖြင့် အိုးထရတ်ဖို့ဒ်တွင် ဆက်ရှိနေမည့် အခွင့်အရေးများ ပိုင်ဆိုင်လာခဲ့သည်။

“ဟာနန်ဒက်ဇ်က ဇူလိုင်လ ၂၅ ရက်မှာ အမေရိကန်ကို ရောက်လာပါလိမ့်မယ်။ သူ့အနေနဲ့ သက်သေပြနိုင်လိမ့်လို့ မျှော်လင့်ပါတယ်။ အခုဆိုရင် ဖယ်ကာအိုနဲ့ ဗန်ပါစီတို့ မရှိတော့ သူ့အတွက် အခွင့်အရေးတွေ ပိုရှိလာပါပြီ” ဟု ဗန်ဂါးလ်က ပြောကြားသွားခဲ့သည်။

Soccer Myanmar
Khant Gyi

အာဆင်နယ်တွင် အလွန်ပျော်ရွှင်လျက်ရှိကြောင်း မွန်ရီရယ် ပြောကြား



အာဆင်နယ်တွင် အလွန်ပျော်ရွှင်လျက်ရှိကြောင်း မွန်ရီရယ် ပြောကြား

အာဆင်နယ်တွင် ပျော်ရွှင်နေကြောင်းနှင့် အသင်းတွင် ပွဲထွက်ကစားခွင့်ရရန်အတွက် တိုက်ပွဲဝင်သွားရန် အသင့်ရှိနေကြောင်း နာချိုမွန်ရီရယ်က ပြောကြားလိုက်သည်။

အသက် ၂၉ နှစ်အရွယ် ကစားသမားသည် ကီရန်ဂစ်ဘ်၏ ကြံ့ခိုင်မှု ပြဿနာကြောင့် ပြီးခဲ့သည့် ဘောလုံးရာသီက အာဆင်နယ်၏ ဦးစားပေး ကစားသမားနေရာကို ရရှိခဲ့သည်။ မွန်ရီရယ်သည် ပြိုင်ပွဲအရပ်ရပ်တွင် ၃၉ ပွဲ ကစားခဲ့ပြီး အက်စ်တွန်ဗီလာနှင့် ကစားခဲ့သော အက်ဖ်အေဖလား ဗိုလ်လုပွဲတွင် ဂစ်ဘ်ကို ကျော်ကာ ပွဲချိန်ပြည့် ပါဝင်ကစားခွင့်ရရှိခဲ့သည်။

ထို့နောက် စပိန်လက်ရွေးစင် ကစားသမားသည် ဇာတိမြေသို့ ပြန်ရန် ချိတ်ဆက်မှုများ ခံခဲ့ရပြီး ၎င်းကို အက်သလက်တစ် ဘီလ်ဘာအိုက စိတ်ဝင်စားလျက်ရှိသည်။ သို့သော်လည်း မိမိအနေဖြင့် အာစင်ဝင်းဂါး၏ ပွဲထွက်ကစားသမား စာရင်းတွင် ပါဝင်နိုင်ရန် အာရုံစိုက်ထားကြောင်း မွန်ရီရယ်က ဆိုခဲ့သည်။

“ကျွန်တော် အာဆင်နယ်မှာ အရမ်းကိုပျော်ရွှင်နေပါတယ်။ ပြီးခဲ့တဲ့ရာသီက ပွဲတွေအများကြီး ကစားခဲ့ရတဲ့အတွက် ကျွန်တော် ကျေနပ်မိပါတယ်။ ဒီလိုပွဲတွေအများကြီး ထပ်ကစားရဖို့လည်း ရည်မှန်းထားပါတယ်။ အခုအချိန်မှာ ပြောချင်တာက ဒါပါပဲ” ဟု မွန်ရီရယ်က ပြောကြားခဲ့သည်။

ဆက်လက်ပြီး “အာဆင်နယ်က အင်္ဂလန်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အသင်းတစ်သင်း ဖြစ်သလို ကမ္ဘာပေါ်က ထိပ်တန်းအသင်းတွေထဲက တစ်သင်းလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ သွားကစားရတဲ့ နေရာတိုင်းမှာ ပရိသတ်တွေက တစ်ခဲနက် ကြိုဆိုကြတာကို မြင်တွေ့ရတာက ကစားသမားတွေအတွက် အံ့အားသင့်စရာပါ” ဟု မွန်ရီရယ်က ပြောကြားသွားခဲ့သည်။

Soccer Myanmar
Khant Gyi

ချယ်ဆီးတွင် ပေါ့ဂ်ဘာကို မလိုအပ်ကြောင်း မော်ရင်ဟို ပြောကြား



ချယ်ဆီးတွင် ပေါ့ဂ်ဘာကို မလိုအပ်ကြောင်း မော်ရင်ဟို ပြောကြား

ချယ်ဆီးက ဂျူဗင်တပ်စ် ကြယ်ပွင့် ပေါလ်ပေါ့ဂ်ဘာကို စိတ်ဝင်စားနေသော်လည်း လက်ရှိ အသင်းလူစာရင်းအပေါ် ကျေနပ်ဝမ်းမြောက်ကြောင်း အသင်းမန်နေဂျာ ဟိုဆေးမော်ရင်ဟိုက အတည်ပြု ပြောကြားလိုက်သည်။

ပေါ်တူဂီမန်နေဂျာသည် ပြင်သစ် ကွင်းလယ်ကစားသမားကို လွန်ခဲ့သည့် တစ်နှစ်ကျော်ကတည်းက အသင်း၏ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားခဲ့သော်လည်း ၎င်းကို ခေါ်ယူရန် ဥရောပထိပ်တန်းအသင်းအချို့နှင့် ယှဉ်ပြိုင်နေရသည်။

မော်ရင်ဟိုသည် ယခုနှစ် နွေရာသီတွင် အသင်း၏ လူစာရင်း၌ ရာဒါမယ် ဖယ်ကာအိုနှင့် ဂိုးသမား အက်စ်မီယာ ဘီဂိုဗစ်တို့ကို ခေါ်ယူအားဖြည့်ခဲ့သည်။ ပေါ့ဂ်ဘာသည် မည်သည့်အသင်း၏ ခြေစွမ်းကိုမဆို ပိုကောင်းလာစေနိုင်သော်လည်း မိမိ၏ လက်ရှိအသင်းလူစာရင်းစုဖွဲ့မှုအပေါ် ယုံကြည်မှုအပြည့်ရှိကြောင်း မော်ရင်ဟိုက ဆိုခဲ့သည်။

“ပေါ့ဂ်ဘာက ကမ္ဘာ့ထိပ်တန်း ကစားသမား တစ်ယောက်ဖြစ်ပါတယ်။ သူက ဘယ်အသင်းမှာမဆို ကစားနိုင်ပြီး အသင်းရဲ့ ခြေစွမ်းကို အလိုအလျောက် ကောင်းစေနိုင်သူပါ။ ဂျူဗင်တပ်စ်မှာ သူဆက်နေခဲ့ရင်လည်း ဂျူဗင်တပ်စ်က အရမ်းကို တောင့်တင်းတဲ့အသင်းအနေနဲ့ ဆက်ရှိနေပါလိမ့်မယ်။ အခြားအသင်းကို သူပြောင်းရွှေ့ခဲ့ရင်လည်း အဲ့ဒီအသင်းက ချက်ချင်းကို ကောင်းလာပါလိမ့်မယ်။ ဒါဟာ ကျွန်တော်တို့ ကိစ္စမဟုတ်ပါဘူး။ ကျွန်တော်တို့က ဆက်ခ်ျနေရာမှာ ဘီဂိုဗစ်နဲ့ အားဖြည့်ခဲ့သလို ဒီဒီယာနေရာမှာလည်း ဖယ်ကာအိုနဲ့ အစားထိုးနိုင်ခဲ့ပါဘူး။ လူတိုင်းက ပေါ့ဂ်ဘာကို စိတ်ဝင်စားနေကြပေမယ့် ကျွန်တော်တို့ လုပ်နိုင်တဲ့ကိစ္စရှိသလို မလုပ်နိုင်တဲ့ကိစ္စတွေလည်း ရှိပါတယ်။ ကျွန်တော်က အီဖယ်မျှော်စင်ကို ကြိုက်ပေမယ့် အဲ့ဒါကို ကျွန်တော့်ခြံထဲမှာ လာထားဖို့ မစွမ်းနိုင်ပါဘူး” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြီးခဲ့သည့် ဘောလုံးရာသီက မန်ချက်စတာယူနိုက်တက်တွင် ခြေစွမ်းဆိုးရွားခဲ့သော တိုက်စစ်မှူး ဖယ်ကာအို အနေဖြင့် ရာသီသစ်တွင် ကြံ့ခိုင်မှုအပြည့်ဖြင့် စွမ်းဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ချယ်ဆီး မန်နေဂျာက ဆိုခဲ့သည်။

“ကစားသမားတစ်ယောက် ပြင်းထန်တဲ့ ဒဏ်ရာရမှုတွေ ဆက်တိုက်ဖြစ်ပြီးတဲ့အခါမှာ ခြေစွမ်းဆိုးရွားတာမျိုး ဖြစ်တတ်ပါတယ်။ သူက ယူနိုက်တက်မှာ မစွမ်းဆောင်နိုင်ခဲ့တဲ့ အရာတွေ အများကြီးရှိခဲ့ပါတယ်။ အချို့ ကစားသမားတွေက ချယ်ဆီးမှာ ခြေစွမ်းမပြနိုင်ခဲ့ပေမယ့် အခြားအသင်းရောက်တော့ ခြေစွမ်းပြန်ရသွားကြပါတယ်။ ဒါဟာ ဖြစ်နေကျကိစ္စတွေပါ။ ဖယ်ကာအိုအနေနဲ့ မန်ချက်စတာယူနိုက်တက်ကို မပြောင်းခင်တုန်းက ခွဲစိတ်မှုပြုလုပ်ထားတဲ့ အခြေအနေက ကောင်းတယ်ဆိုတာကို ကျွန်တော်တို့ သိထားပါတယ်။ သူ့အနေနဲ့ အသင်းမှာ အကောင်းဆုံး စွမ်းဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ အခုဆိုရင် အသင်းမှာ ဖယ်ကာအို၊ ရီမီနဲ့ ဒီယေဂို သုံးဦးရှိနေပါပြီ။ အဲ့ဒီအတွက် အရမ်းကို ပျော်ရွှင်မိပါတယ်” ဟု မော်ရင်ဟိုက ပြောကြားသွားခဲ့သည်။

ထို့အပြင် မန်ချက်စတာယူနိုက်တက်ကာ ဘတ်စ်တီယန် ရှဝိန်းစတိုင်ဂါ၊ မော်ဂန် ရှနိုက်ဒါလင်နှင့် မမ်ဖစ် ဒီပေးတို့အတွက် ပေါင် သန်း ၈၀ ကျော် သုံးစွဲထားသလို မန်ချက်စတာစီးတီးကလည်း ရာဟင်းမ် စတာလင်အတွက် ပေါင် ၄၉ သန်း သုံးစွဲခဲ့သော်လည်း ချယ်ဆီးက ချန်ပီယံအသင်း လူစာရင်းကို ပိုင်ဆိုင်ထားဆဲ ဖြစ်ကြောင်း ဆိုခဲ့သည်။

“ကျွန်တော့်တို့ အသင်းက မပြောင်းလဲပေမယ့် အခြားအသင်းတွေက အရင်လိုမဟုတ်တော့ဘူးဆိုတာကို ကစားသမားတွေကို ပြောခဲ့ပါတယ်။ ကျွန်တော်တို့က အခြားအသင်းတွေရဲ့ ငွေကြေးသုံးစွဲမှုကို မတားဆီးနိုင်ပါဘူး။ နောက်ပြီး အခြားအသင်းတွေက သူတို့အနေနဲ့ ချန်ပီယံအသင်းနဲ့ ရင်ဆိုင်ရမယ်ဆိုတဲ့ စိတ်ကို ကျွန်တော် မတားဆီးနိုင်ပါဘူး။ အခြားအသင်းက ငွေသုံးစွဲနေပါတယ်။ သူတို့က ကျွန်တော်တို့အသင်းထက် ပိုကောင်းဖို့အတွက် ကစားသမား အများကြီး ဝယ်ယူနေရပါတယ်။ ကျွန်တော်တို့ကတော့ အရင်အတိုင်း မပြောင်းလဲပါဘူး။ ဂိုးသမား တစ်ယောက်နဲ့ တိုက်စစ်မှူးတစ်ယောက်ကို လဲခဲ့ပေမယ့် အရင်အတိုင်းပါပဲ။ ဒါဟာ ကြီးမားတဲ့ စိန်ခေါ်မှုပါ။ အရင်လူစာရင်းအတိုင်း ပိုကောင်းအောင် စွမ်းဆောင်ရမယ့်အခါမှာ ကစားသမားတွေအနေနဲ့ ပြီးခဲ့တဲ့နှစ်ထက် ပိုကောင်းအောင် စွမ်းဆောင်ရပါတော့မယ်။ သူတို့က ငါတို့ ပြီးခဲ့တဲ့ရာသီမှာ ခြေစွမ်းပြခဲ့ပေမယ့် ဒီနှစ်မှာတော့ ဒီလောက်နဲ့ မလုံလောက်တော့ဘူး ဆိုတဲ့အတွေးမျိုး တွေးနေပါလိမ့်မယ်” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

Soccer Myanmar
Khant Gyi

မန်စီးတီးတွင် နေရာရရန်အတွက် တိုက်ပွဲဝင်ရန် အသင့်ရှိနေဟု နာဆရီ ကြုံးဝါး



မန်စီးတီးတွင် နေရာရရန်အတွက် တိုက်ပွဲဝင်ရန် အသင့်ရှိနေဟု နာဆရီ ကြုံးဝါး

မန်ချက်စတာစီးတီးသို့ ရာဟင်းမ် စတာလင် ရောက်ရှိလာမှုအပေါ် ကြိုဆိုကြောင်းနှင့် အသင်းတွင် နေရာရရန်အတွက် တိုက်ပွဲဝင်ရန် အသင့်ရှိနေကြောင်း ဆမ်မီ နာဆရီက ပြောကြားလိုက်သည်။

အသက် ၂၀ နှစ်အရွယ် စတာလင်သည် ပေါင် ၄၉ သန်းဖြင့် လီဗာပူးလ်မှ ပြောင်းရွှေ့လာပြီး မကြာမီတွင် အက်စ်တွန်ဗီလာ ကစားသမား ဖေဘီယန်ဒပ်ဖ်ကလည်း ပေါင် ၈ သန်းဖြင့် မန်စီးတီးသို့ ရောက်ရှိလာခဲ့သည်။

နာဆရီသည် ပြီးခဲ့သည့်နှစ် ဘောလုံးရာသီက ပုံမှန်ခြေစွမ်းရရန် ရုန်းကန်ခဲ့ရပြီးနောက် အသင်းနှင့် အနာဂတ်အပေါ် မေးခွန်းထုတ်မှုများ ရှိလာခဲ့သော်လည်း စနေနေ့က မဲလ်ဘုန်းစီးတီးနှင့် ပွဲတွင် လှပသည့် မြေမကျကန်ချက်ဖြင့် ဂိုးသွင်းယူခဲ့ပြီးနောက် မိမိအနေဖြင့် မန်နျူရယ် ပယ်လီဂရီနီ၏ လက်အောက်တွင် ပွဲထွက်နေရာနှင့် ထိုက်တန်သူဖြစ်ကြောင်းကို သက်သေပြသွားမည်ဟု ဆိုခဲ့သည်။

“ပွဲထွက်နေရာအတွက် ယှဉ်ပြိုင်ရဖို့ ဘယ်သူ့ကိုမှ ကြောက်ရွံ့ခြင်း မရှိပါဘူး။ ကစားသမားတိုင်းက သူတို့ရဲ့ခြေစွမ်း နောက်တစ်ဆင့် တက်နိုင်ဖို့ လုပ်ဆောင်ရပါတယ်။ ဒါဟာ ကစားသမား တစ်ဦးတစ်ယောက်တည်းကြောင့် မဟုတ်ပါဘူး။ အသင်းတစ်သင်းလုံးနဲ့ ဆိုင်ပါတယ်။ အဲ့ဒီကစားသမားတွေက ကျွန်တော်တို့လို ခြေစွမ်းမပြနိုင်ဘူးဆိုရင် ဆိုးရွားတဲ့ ဘောလုံးရာသီနဲ့ ရင်ဆိုင်ရမှာပါပဲ။ ပြီးခဲ့တဲ့ရာသီတုန်းက ချယ်ဆီးက ချန်ပီယံဖြစ်နေခဲ့ပြီး ဖြစ်တဲ့အတွက် ကျွန်တော်တို့အဆုံးထိ တိုက်ပွဲမဝင်ခဲ့ရပါဘူး။ အသင်းမှာ တစ်ခုခု မှားနေခဲ့တယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ ကစားသမားတစ်ယောက်က ပွဲထွက်ခွင့်အတွက် အာမခံချက်ရှိတယ်ဆိုတာ ဘယ်တော့မှကောင်းတဲ့အချက် မဟုတ်ပါဘူး။ ကစားသမားတိုင်းက ပွဲထွက်နေရာအတွက် အမြဲတမ်း တိုက်ပွဲဝင်နေရပါမယ်။ ဒါမှမဟုတ်ရင်တော့ ဘယ်သူမှ ကြိုးစားတော့မှာ မဟုတ်ပါဘူး။ အသင်းအနေနဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ အောင်မြင်မှုရချင်တယ်ဆိုရင်တော့ ကစားသမားတွေကို ဝယ်ယူဖို့လိုပါတယ်။

ရာဟင်းမ်နဲ့ ဖေဘီယန်ဒပ်ဖ်တို့ ရောက်လာတာဟာ အသင်းအတွက် ကောင်းမွန်တဲ့ အားအင်ဖြည့်တင်းမှုတွေပါ။ ရာဟင်းမ်က ကမ္ဘာ့အဆင့်ကို တက်လှမ်းနိုင်ဖို့ အလားအလာရှိတဲ့ ကစားသမား တစ်ယောက် ဖြစ်ပါတယ်။ ရာသီကြို ခြေစွမ်းပွဲမှာကစားတဲ့ ၄-၃-၃ ကစားကွက်မှာဆိုရင် သူက ကွင်းလယ်တောင်ပံ ကစားသမားတစ်ယောက် အနေနဲ့ အလျင်အမြန်ပြေးပြီး ဂိုးတွေသွင်းယူနိုင်ပါလိမ့်မယ်။ ဖေဘီယန်ဒပ်ဖ်ကလည်း အသင်းမှာလိုအပ်နေတဲ့ box-to-box ကွင်းလယ်ကစားသမား တစ်ယောက်ပါ” ဟု နာဆရီက ပြောကြားခဲ့သည်။

Soccer Myanmar
Khant Gyi

လစာ ကြွေးကျန် ကိစ္စဖြေရှင်းနိုင်ဖို့ နေပြည်တော် အသင်းဥက္ကဌနဲ့ ဦးဇော်ဇော်တို့ ထပ်မံတွေ့ ဆုံမည်



လစာ ကြွေးကျန် ကိစ္စဖြေရှင်းနိုင်ဖို့ နေပြည်တော် အသင်းဥက္ကဌနဲ့ ဦးဇော်ဇော်တို့ ထပ်မံတွေ့ ဆုံမည်

လစာကြွေးကျန် ပြသနာတွေကို ဖြေရှင်းနိုင်ဖို့ အတွက် နေပြည်တော် ဘောလုံးအသင်း ဥက္ကဌ ဦးဖြိုးကိုကိုတင့်ဆန်းနဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်နဲ့ ယခု ရက်ပိုင်းအတွင်း ထပ်မံတွေ့ဆုံမယ်လို့ သိရပါသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌနဲ့ နေပြည်တော် ဘောလုံးအသင်း ဥက္ကဌတို့ဟာ ဇူလိုင်လ ၁၇ရက်နေ့က ပြုလုပ်ခဲ့တဲ့ လိဂ်ကော်မတီ အစည်းအဝေးမှာ သဘောတူခဲ့တာ ဖြစ်တယ်လို့ သိရပါသည်။

“မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌဟာ ယခုရက်ပိုင်း အတွင်းမှာ အဲဒီ ကိစ္စတွေကို ပြေလည်အောင် ဖြေရှင်းပေးချင်နေပါတယ်။ အဲဒါကြောင့် ယခုရက်ပိုင်း အတွင်းမှာ သီးသန့်တွေ့ဆုံမှာပါ”လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

နေပြည်တော် ဘောလုံးအသင်းဟာ ပြီးခဲ့တဲ့၂၀၁၄ ဘောလုံးရာသီ မစတင်ခင်ကတည်းက လစာငွေ ကြွေးကျန် ပြသနာတွေ ဖြစ်ပေါ်နေခဲ့တာ ဖြစ်ပြီး လက်ရှိရာသီမှာလည်း ကစားသမားအချို့ဟာ လစာငွေ အပြည့်အ၀ မရရှိမှုတွေနဲ့ လည်း ရင်ဆိုင်နေရတယ်လို့ သိရပါသည်။

ယခုကိစ္စနဲ့ ပတ်သတ်ပြီး လစာငွေ ပြသနာနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေနဲ့ လစာမရရှိသေးတဲ့ ကစားသမားတွေနဲ့ ပတ်သတ်ပြီး သီးသန့် ထပ်မံတွေ့ဆုံ သွားမယ်လို့ သိရပါတယ်။

Soccer Myanmar
Khant Gyi

ဗီယက်နမ် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ၀င်ပြိုင်ရန် ကလပ်အသင်းတစ်သင်း စေလွှတ်မည်



ဗီယက်နမ် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ၀င်ပြိုင်ရန် ကလပ်အသင်းတစ်သင်း စေလွှတ်မည်

ဗီယက်နမ် ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ဖို့ အတွက် မြန်မာ ဘောလုံး ကလပ် တစ်ခုကိုစေလွတ် သွားမယ်လို့  မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်ထံမှ သိရပါသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို ဗီယက်နမ် ဘောလုံး အဖွဲ့ချုပ်နဲ့ ဘင်ဒေါင်းတီဗီတို့ ပူးပေါင်း ပြုလုပ်တာ ဖြစ်ပြီး အဆိုပါ ပြိုင်ပွဲကို ၀င်ပြိုင်ဖို့ မြန်မာဘောလုံး ကလပ်တစ်သင်းကို စေလွတ် ပေးဖို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ထံ အကြောင်းကြားထားတာ ဖြစ်ပါသည်။
“ကျွန်တော်တို့ အနေနဲ့ သည်ပြိုင်ပွဲကိုဆုကြေး ဘယ်လောက်ရမယ် ဆိုတာကိုမေးမြန်း ထားပါတယ်။သူတို့ ဖိတ်ခေါ်တဲ့ အသင်းထဲမှာ အဆင့်မြင့်တဲအသင်းလို့ ပါထားတဲ့ အတွက် အဆင့်မြင့်တဲ့ အသင်း တစ်သင်းကိုမြန်မာနေရှင်နယ်လိဂ် ဌာနနဲ့ တိုင်ပင်ပြီး ဆုံးဖြတ် သွား မှာပါ။ ကလပ် အသင်းတွေဆီက သဘောထား ဆန္ဒတွေ တောင်းခံသွားမှာပါ” လို့ မြန်မာနိုင် ငံ ဘောလုံး အဖွဲ့ ချုပ်တွဲဖက် အတွင်းရေးမှူး ဦးကိုကိုသိန်းကပြောပါသည်။
BTV ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ဗီယက်နမ်လိဂ်မှ ထိပ်ဆုံးလေးသင်း၊ ပြည်ပကလပ် လေးသင်း စုစုပေါင်း ရှစ်သင်းနဲ့ နိုဝင်ဘာခြောက်ရက်နေ့မှ ၁၅ရက်နေ့ အထိ ဘင်းဒေါင်း မြို့ မှာ ကျင်းပမှာ ဖြစ်ပါသည်။
ပြိုင်ပွဲဝင်မယ့် ပြည်ပ ဘောလုံးကလပ် အသင်းတွေကို ဗီယက်နမ် ဘောလုံး အဖွဲ့ချုပ်မှ နေထိုင်စားသောက် စရိတ်နဲ့ သွားလာရေးတွေ အဆင်ပြေအောင် စီစဉ်ပေးသွားမယ်လို့ သိရ ပါသည်။

Soccer Myanmar
Khant Gyi

Friday, July 17, 2015

လေ့ကျင့်ရေး ကွင်းသို့ မလာရောက်ရန် သီဟစည်သူကို ရတနာပုံ အသင်းနည်းပြချုပ် ညွန်ကြားထား



လေ့ကျင့်ရေး ကွင်းသို့ မလာရောက်ရန် သီဟစည်သူကို ရတနာပုံ အသင်းနည်းပြချုပ် ညွန်ကြားထား

သီဟစည်သုကို လောလောဆယ်မှာ လေ့ကျင့်ရေးကွင်းကို မလာဖို့အတွက် ရတနာပုံအသင်း နည်းပြချုပ် ရီနီရီဆေးက ညွန်ကြားထားတယ်လို့ သိရပါတယ်။
ရတနာပုံ အသင်းရဲ့ အဓိက ဂိုးသမား တစ်ဦးဖြစ်တဲ့ ဂိုးသမား သီဟစည်သူဟာ ယခုနှစ် ရာသီကုန်မှာ ထွက်ခွာမယ်လို့ ပြောကြားခဲ့တဲ့ အတွက် နည်းပြချူပ် ရီနီရီဆေးရဲ့ စိတ်ဆိုးဒေါ်သ ထွက်တာကို ခံနေရသူဖြစ်ပါတယ်။
“အသင်းကတော့ အဲဒီကိစ္စနဲ့ ပတ်သတ်ပြီး ဘာမှအရေးယူမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အသင်းနည်းပြချုပ်က သည်တစ်ပတ်ကစပြီး လေ့ကျင့်ရေးကွင်းကို မလာဖို့ အတွက်ကိုတော့ ညွန်ကြားထားတယ်။ကျန်တာတွေတော့ မရှိသေးပါဘူး”လို့ ရတနာပုံအသင်း တာဝန်ရှိသူ တစ်ဦးကပြောပါသည်။
လက်ရှိအချိန်မှာ အသင်းမှ ထွက်ခွာမယ်လို့ ပြောကြားပြီးတဲ့ နောက်ပိုင်း ကစားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှံးထွက်ဖလား ဒုတိယပွဲစဉ် ဟော်ရေဇွန်အသင်းနဲ့ ပွဲစဉ်မှာလည်း ပွဲထွက် ကစားသမား စာရင်းမှ ချန်လှပ်ခံခဲ့ရသူ ဖြစ်ပါသည်။
သီဟစည်သူဟာ ဧရာဝတီ ယူနိုက်တက် အသင်းမှ ရတနာပုံ အသင်းထံသို့ ပြောင်းရွေခဲ့သူဖြစ်ပြီး သူ့ရဲ့ စာချုပ် သက်တမ်းက ၂၀၁၅ ဘောလုံးရာသီ အပြီးမှာ ကုန်ဆုံးမှာ ဖြစ်ပါသည်။

Soccer Myanmar
Khant Gyi

မန်စီးတီးမှ ကြယ်ပွင့်များနှင့် တွဲဖက်ကစားရ၍ စတာလင် ခြေစွမ်းပိုပြနိုင်မည်ဟု ကွမ်ပနီ မှတ်ချက်ပြု-



မန်စီးတီးမှ ကြယ်ပွင့်များနှင့် တွဲဖက်ကစားရ၍ စတာလင် ခြေစွမ်းပိုပြနိုင်မည်ဟု ကွမ်ပနီ မှတ်ချက်ပြု-

ထိပ်တန်းကြယ်ပွင့် ကစားသမားများနှင့် တွဲဖက် ကစားခွင့် ရသည့်နောက် ရာဟင်မ်စတာလင်၏ ခြေစွမ်း ပိုမို တောက်ပလာမည်ဟု မန်ချက်စတာစီးတီး အသင်းခေါင်းဆောင် ဗင်းဆင့်ကွမ်ပနီက မှတ်ချက်ပြု ပြောကြားလိုက်သည်။

စတာလင်သည် လီဗာပူးလ်မှ မန်စီးတီးသို့ စတာလင်ပေါင် (၄၉)သန်းတန် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ယခုသီတင်းပတ်အတွင်း ကူးပြောင်း ရောက်ရှိလာသည်။ ဘယ်လ်ဂျီယံ လက်ရွေးစင် ဗဟိုနောက်ခံလူ ကွမ်ပနီက အစ်တီဟတ်တွင် စတာလင် အနေဖြင့် ထိပ်တန်းအဆင့် ကြယ်ပွင့်များနှင့် တွဲဖက် ကစားရမည်ဖြစ်ပြီး ယင်းအတွက် ကောင်းကျိုး ခံစားရလိမ့်မည်ဟု ထောက်ခံ ဟောကိန်းထုတ်ခဲ့သည်။ အထူးသဖြင့် မန်စီးတီး၏ အားကောင်းသော တိုက်စစ်အင်အားစုနှင့် ပေါင်းစပ်လိုက်ခြင်းက စတာလင်၏ အတောက်ပဆုံး အရည်အသွေးများကို ပြန်လည် ရရှိလာစေမည်ဟု ကွမ်ပနီက ယုံကြည်နေသည်။

ကွမ်ပနီက “ကျွန်တော်တို့အတွက်တော့ ကြီးကျယ်တဲ့ ဖြည့်တင်းမှု တစ်ရပ်ပဲ။ အခမ်းနားဆုံး အခြေအနေ တစ်ခုကတော့ စတာလင်ကို ကျွန်တော်တို့ အသင်းမှာ မြင်ခွင့်ရခဲ့ပြီ။ အထူးသဖြင့် မနှစ်က မတိုင်မီ ရာသီမှာ သူကစားခဲ့တဲ့ ပုံစံက သူ့ကို ခေါ်ယူရတဲ့ အဓိက အကြောင်းရင်း တစ်ချက်ပါပဲ။ အဲဒီတုန်းက လူးဝစ်ဆွာရက်ဇ်နဲ့ သူနဲ့ အတွဲအဖက် မိခဲ့သလို လီဗာပူးလ် ကစားတာ အရမ်းကောင်းခဲ့တယ်”ဟု ဆိုသည်။ ၎င်းက “ဆွာရက်ဇ် ထွက်သွားချိန်မှာ အခက်အခဲတွေ ရှိခဲ့တယ် ဆိုပေမယ့် မန်စီးတီးမှာကျတော့ ဒီလို တည်ဆောက်ပုံမျိုးက ရှိနှင့်ပြီးသားပါ။ ကျွန်တော် ပြောချင်တာက တိုက်စစ်မှူး ဆာဂျီယို အဂူရို ရှိတယ်။ ဝီလ်ဖရိုက်ဒ်ဘိုနီကို ခေါ်ထားသေးတယ်။ အသင်းမှာ သူနဲ့ ချိတ်ဆက် ကစားနိုင်သူ အများကြီး ရှိတယ်လေ”ဟုလည်း မှတ်ချက်ပြုခဲ့သည်။

ကွမ်ပနီက “အသင်းမှာက အရည်အချင်းကောင်းတွေ အများကြီး ရှိပြီးသား။ ဒါပေမဲ့ ဒီနေ့ခေတ်မှာက ကိုယ့်အနေနဲ့ နှစ်တိုင်းနှစ်တိုင်း ပိုတိုးတက်လာအောင် မလုပ်နိုင်ရင် ကျန်ခဲ့မှာပဲ။ တခြားပြိုင်ဘက် အသင်းတွေက တောက်လျှောက် တိုးတက်လာနေတာလေ။ ကျွန်တော်တို့ အသင်းရဲ့ တိုးတက် ဖြစ်ထွန်းမှုကို စတာလင်က အရှိန်မြှင့်ပေးလိမ့်မယ်။ သူ့ကို ခေါ်ယူလိုက်ခြင်းက ဆုဖလားတွေ ဆွတ်ခူးရယူနိုင်တဲ့ အသင်းတစ်ခု အနေနဲ့ ကျွန်တော်တို့ ပြန်လည် ရပ်တည်နိုင်အောင် အထောက်အကူ ဖြစ်စေမှာပါ။ ဒါက အသင်းအတွက်လည်း သိပ်အရေးကြီးပါတယ်”ဟု ပြောကြားသွားသည်။

soccer myanmar

@ pumta

ဂျူဗင်းတပ်စ်သည် ရီးယဲလ်နှင့် အဆင့်တူ အသင်းမျိုးဟု ခီဒီရာ မှတ်ချက်ပြု-



ဂျူဗင်းတပ်စ်သည် ရီးယဲလ်နှင့် အဆင့်တူ အသင်းမျိုးဟု ခီဒီရာ မှတ်ချက်ပြု-

ဂျူဗင်းတပ်စ်သို့ ကူးပြောင်းလာမှုသည် မိမိဘဝအတွက် စိန်ခေါ်မှု အသစ်တစ်ခု ဖြစ်ကြောင်းနှင့် ဂျူဗင်းတပ်စ်သည် အသင်းဟောင်း ရီးယဲလ်မက်ဒရစ်နှင့် တူညီသည့် အဆင့်အတန်းမျိုး ရှိနေကြောင်း ဆမ်မီခီဒီရာက မှတ်ချက်ပြု ပြောကြားလိုက်သည်။

အသက်(၂၈)နှစ်ရှိ ဂျာမန် လက်ရွေးစင် ကွင်းလယ် ကစားသမားသည် ရီးယဲလ်နှင့် စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အီတလီ စီးရီးအေ ချန်ပီယံ အသင်းထံ (၄)နှစ် စာချုပ်ဖြင့် ပြောင်းရွှေ့လာခဲ့သည်။ ဂျူဗင်းတပ်စ်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်လာသည့် ခီဒီရာက ၎င်း(၅)နှစ်ကြာ ကစားခဲ့ဖူးသည့် နာမည်ကြီး စပိန်ကလပ်ထက် ဂျူဗင်းတပ်စ်က နိမ့်ပါးစရာ အကြောင်းမရှိဟု မှတ်ချက်ပြုခဲ့သည်။ ခီဒီရာသည် ရီးယဲလ် ကစားသမား ဘဝတွင် လာလီဂါ ချန်ပီယံဆု (၁)ကြိမ်၊ ကိုပါဒယ်လ်ရေး ဆုဖလား (၂)ကြိမ်နှင့် ချန်ပီယံလိဂ် ဆုဖလား (၁)ကြိမ် ရရှိခဲ့သည်။

ခီဒီရာက “ကျွန်တော့် အနေနဲ့ လတ်ဆတ်တဲ့ စိန်ခေါ်မှု အသစ်တွေကို လိုလားတယ်။ ဂျူဗင်းတပ်စ်က ဒါတွေကို လက်တွေ့ ပေးစွမ်းခဲ့တယ်လေ”ဟု ဆိုသည်။ ၎င်းက “သူတို့ဟာ ရီးယဲလ်နဲ့ အဆင့်တူ အသင်းတစ်သင်းပါ။ စီးရီးအေလို ပြိုင်ပွဲမှာ လာကစားခွင့် ရတာက ကျွန်တော့်အတွက် တကယ့် ဂုဏ်ယူစရာ အခြေအနေ တစ်ရပ်လည်း ဖြစ်ပါတယ်။ ဒါဟာ အသင်းကောင်းတွေ စုစည်းထားတဲ့ တကယ့်ကို ခက်ထန် ပြင်းပြတဲ့ ပြိုင်ပွဲ တစ်ခုပါပဲ။ အီတလီ လိဂ်ပြိုင်ပွဲကို နိမ့်ကျ သိမ်ဖျင်းတယ်လို့ ဘယ်တုန်းကမှ ကျွန်တော် မမြင်ခဲ့ပါဘူး။ ဒါဟာ အရည်အသွေး မြင့်မားပြီး နည်းဗျူဟာပိုင်းအရ စိန်ခေါ်မှု ပြင်းထန်လွန်းတဲ့ ပြိုင်ပွဲတစ်ခုပါ”ဟုလည်း မှတ်ချက်ပြုခဲ့သည်။

၎င်းက “ဂျူဗင်းတပ်စ်ဟာ ဥရောပ ထိပ်တန်းအသင်းတွေနဲ့ ယှဉ်ပြိုင်နိုင်ကြောင်း သူတို့ရဲ့ အရည်အသွေးကို လက်တွေ့ ပြသခဲ့ပြီးပါပြီ။ ကျွန်တော်က အသင်းနဲ့အတူ နောက်ထပ် ချန်ပီယံလိဂ် ဗိုလ်လုပွဲတစ်ကြိမ် ကစားဖို့ ယုံကြည်နေပါတယ်”ဟုလည်း ပြောဆိုသွားသည်။

soccer myanmar

@ pumta

ဗီဒဲလ်၏ ပြောင်းရွှေ့ကြေးအတွက် ဘိုင်ယန်နှင့် ဂျူဗင်းတပ်စ်တို့ သဘောတူညီမှုရရှိ-



ဗီဒဲလ်၏ ပြောင်းရွှေ့ကြေးအတွက် ဘိုင်ယန်နှင့် ဂျူဗင်းတပ်စ်တို့ သဘောတူညီမှုရရှိ-

ဘိုင်ယန်မြူးနစ် အသင်းသည် ဂျူဗင်းတပ်စ် ကွင်းလယ်လူ အာတူရို ဗီဒဲလ်ကို ခေါ်ယူရန် ပြောင်းရွှေ့ကြေး ညှိနှိုင်းမှု သဘောတူညီမှု ရရှိသွားပြီဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

နှစ်သင်း ညှိနှိုင်းမှုများ အပြီးတွင် ဂျာမန်ချန်ပီယံ အသင်းက အီတလီ စီးရီးအေ ချန်ပီယံအသင်းကို ယူရို သန်း(၄၀) ပေးချေရန် သဘောတူညီခဲ့ကြောင်း သိရသည်။ ချီလီလက်ရွေးစင် ကွင်းလယ်လူသည် ယခုအခါ ၎င်းတစ်ချိန်က ကျင်လည်ခဲ့ဖူးသည့် ဘွန်းဒစ်လီဂါ ပြိုင်ပွဲများသို့ တစ်ကျော့ပြန် ခြေချရန် နီးစပ်လာပြီ ဖြစ်သည်။ ယခုအခါ ဗီဒဲလ်၏ အေးဂျင့်သည် ဖာနန်ဒို ဖီလီဆီဗစ်ခ်ျသည် (၄)နှစ် သက်တမ်းရှိ စာချုပ်အတွက် ဘိုင်ယန်မှ တာဝန်ရှိသူများနှင့် ဆွေးနွေးရန် စီစဉ်လျက် ရှိသည်။

ဘိုင်ယန်သည် အသင်း၏ ဂန္ထဝင် ကစားသမား တစ်ဦးဖြစ်သူ ဘက်စတီယန် ရှဝိန်းစတိုင်ဂါကို မန်ချက်စတာ ယူနိုက်တက်ထံ ရောင်းထုတ်လိုက်ပြီးနောက် အဆိုပါ ဟာကွက်ကို ဗီဒဲလ်နှင့် ပြန်လည် ဖြည့်တင်းရန် စီစဉ်လာခြင်း ဖြစ်သည်။ ဗီဒဲလ်သည် ယခုနွေရာသီတွင် အာဆင်နယ်၊ ရီးယဲလ်မက်ဒရစ်တို့နှင့်လည်း နာမည် ထွက်ခဲ့သေးသည်။ ၎င်းသည် ဂျူဗင်းတပ်စ်အသင်း စီးရီးအေနှင့် ဥရောပတို့တွင် တစ်ကျော့ပြန် တောက်ပလာရာ၌ ကွင်းလယ်တွင် အရေးအပါဆုံး ကစားသမားတစ်ဦး ဖြစ်ခဲ့သည်။

ဗီဒဲလ်သည် စာချုပ်သည် (၂၀၁၇)ထိသာ သက်တမ်းကျန်တော့ရာ လာမည့် နွေရာသီတွင်မှ ရောင်းထုတ်ပါက ဈေးနှုန်း ကျဆင်းသွားမည်ကို ဂျူဗင်းတပ်စ်က စိုးရိမ်နေပြီး ယခုကဲ့သို့ ဘိုင်ယန်၏ ကမ်းလှမ်းလာမှုကို လက်ခံလိုက်ခြင်းဟု သိရှိရသည်။

soccer myanmar

@ pumta

ကာဆီလာအတွက် ရီးယဲလ်၏ ကမ်းလှမ်းမှုကို တားဆီးရန် မလွယ်ဟု အက်စ်ပန်ညိုနည်းပြ ဝန်ခံ-



ကာဆီလာအတွက် ရီးယဲလ်၏ ကမ်းလှမ်းမှုကို တားဆီးရန် မလွယ်ဟု အက်စ်ပန်ညိုနည်းပြ ဝန်ခံ-

ရီးယဲလ်မက်ဒရစ်က အလေးအနက် ကမ်းလှမ်းမှု ပြုလုပ်လာလျှင် မိမိတို့ ဂိုးသမား ကီကို ကာဆီလာကို ဆက်လက် ထိန်းသိမ်းထားရန် မဖြစ်နိုင်ဟု အက်စ်ပန်ညိုနည်းပြ ဆာဂျီယို ဂွန်ဇာလက်ဇ်က ဝန်ခံ ပြောကြားလိုက်သည်။

ရီးယဲလ်သည် ၎င်းတို့၏ သက်တော်ရှည် ဝါရင့်ဂိုးသမားကြီး အိုင်ကာ ကားဆီးလက်စ်ကို ပေါ်တိုသို့ ပြောင်းရွှေ့ခွင့် ပြုခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက်မှ ဒေးဗစ်ဒီဂီယာကို အလေးအနက် ချိတ်ဆက်ခဲ့သည်။ သို့သော်လည်း စပိန်လက်ရွေးစင် ဒီဂီယာအတွက် ယူနိုက်တက်က ခေါ်ဈေးမြင့်မြင့် တောင်းဆိုနေသည့်နောက် ရီးယဲလ်၏ အာရုံသည် ကာဆီလာဘက် ပြောင်းလဲ ကျရောက်လာသည်။ ရီးယဲလ်သည် ကာဆီလာအတွက် ကနဦးအဆင့် တစ်ကြိမ် ချဉ်းကပ်ခဲ့ရာ အက်စ်ပန်ညိုက ပယ်ချထားသော်လည်း ဂွန်ဇာလက်ဇ် ကိုယ်တိုင်က ရီးယဲလ်ထံ ပြောင်းရွှေ့နိုင်မည့် အခွင့်အရေးကို ငြင်းဆန်နိုင်မည် မထင်ကြောင်း ဖွင့်ဟခဲ့သည်။

“တချို့ ကမ်းလှမ်းမှုတွေမှာ ကိုယ်က တစ်ခုခု ဝင်ပါလို့ ရကောင်းရမယ်။ ဒါပေမဲ့ ဒီလိုအဆင့်မျိုးနဲ့ အသင်းတစ်သင်းဆီက ကမ်းလှမ်းလာတဲ့အခါ ကစားသမားက သွားချင်မှာပဲလေ။ တချို့ ကိစ္စတွေကို မျက်လုံးမှိတ်ပြီး လက်ခံလိုက်ရတာတွေ ရှိပါတယ်”ဟု ဂွန်ဇာလက်ဇ်က မှတ်ချက်ပြုခဲ့သည်။ ၎င်းက အသက်(၂၈)နှစ်ရှိ ကာဆီလာ၏ ပရော်ဖက်ရှင်နယ် ပီသမှုကို အသိအမှတ် ပြုခဲ့ပြီး မီဒီယာများက အပြောင်းအရွှေ့ ကိစ္စကို တွင်တွင်ရေးသား ဖော်ပြနေသော်လည်း ကစားသမားက လေ့ကျင့်ရေး ကဏ္ဍကို အပြည့်အဝ အာရုံစိုက်ထားကြောင်း ပြောကြားခဲ့သည်။

“ကာဆီလာက အားကြိုးမာန်တက် လေ့ကျင့်နေပါတယ်။ ဘာမှ ဖြစ်မနေသလိုပါပဲ။ ပြီးတော့ သူ့အသင်းဖော်တွေနဲ့လည်း အဆင်ပြေပြေ အကူအညီ ပေးနေပါတယ်။ ဒီဖြစ်ရပ်မှာ သူ့အနေနဲ့ အဓမ္မ ဖိအားပေးတာမျိုး လုံးဝ မလုပ်ပါဘူး။ သူလို ကစားသမားမျိုးကို ပိုင်ဆိုင်ရတာ အက်စ်ပန်ညို ကံကောင်းခဲ့ပါတယ်”ဟု ဂွန်ဇာလက်ဇ်က ချီးကျူးသွားသည်။ ကာဆီလာသည် လူငယ်ကစားသမားဘဝကို ရီးယဲလ်တွင် ဖြတ်သန်းခဲ့ဖူးပြီး ရီးယဲလ် အရန်အသင်းအတွက်လည်း ကစားခဲ့ဖူးသည်။ ၎င်းသည် (၂၀၀၈)ခုနှစ် ကတည်းက အက်စ်ပန်ညို အသင်းကို မိမိ၏ အိမ်ဟု သတ်မှတ်ကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့သူ ဖြစ်သည်။

soccer myanmar

@ pumta

ဘန်တက်ကီအတွက် စာချုပ်ပါ သတ်မှတ်ဈေးအတိုင်း ပေးချေပြီး လီဗာပူးလ် ကမ်းလှမ်းဖွယ်ရှိ-



ဘန်တက်ကီအတွက် စာချုပ်ပါ သတ်မှတ်ဈေးအတိုင်း ပေးချေပြီး လီဗာပူးလ် ကမ်းလှမ်းဖွယ်ရှိ-

လီဗာပူးလ် အသင်းသည် အက်စ်တန်ဗီလာ တိုက်စစ်မှူး ခရစ္စတီယန် ဘန်တက်ကီကို စာချုပ်ပါ သတ်မှတ်ဈေးနှုန်းအတိုင်း စတာလင်ပေါင် (၃၂.၅)သန်း ပေးချေ၍ ခေါ်ယူသွားရန် ပြင်ဆင်နေကြောင်း သိရသည်။

ဗီလာအသင်း မန်နေဂျာ တင်မ်ရှားဝုဒ်က မိမိတို့သည် အသက်(၂၄)နှစ်အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင်ကို ဆက်လက် ထိန်းသိမ်းထားရန် ဆန္ဒရှိကြောင်း ပြောဆိုခဲ့သော်လည်း အခြားအသင်း တစ်ခုခုက စာချုပ်ပါ သတ်မှတ်ဈေးအတိုင်း အဆိုပြု ကမ်းလှမ်းလာပါက မည်သို့မျှ တားဆီးနိုင်စွမ်း မရှိကြောင်း ဝန်ခံထားသည်။ ဘန်တက်ကီ၏ စာချုပ်ပါ ပြောင်းရွှေ့ကြေးသည် ပေါင်စတာလင် (၃၂.၅)သန်းဟု ယုံကြည်ရပြီး လီဗာပူးလ်ကလည်း အဆိုပါ ဈေးအတိုင်း ပေးချေရန် စီစဉ်နေကြောင်း Goal.comက ဖော်ပြခဲ့သည်။

လီဗာပူးလ် မန်နေဂျာ ဘရန်ဒန်ရော့ဂျာသည် ရာဟင်မ်စတာလင်ကို မန်ချက်စတာ စီးတီးထံ စတာလင်ပေါင် (၄၉)သန်းဖြင့် ရောင်းချထားသည့်နောက် တိုက်စစ်ပိုင်းကို ဘန်တက်ကီဖြင့် အစားထိုး ပြန်လည် ဖြည့်တင်းရန် စီစဉ်ဖွယ် ရှိနေသည်။ အစောပိုင်းက လီဗာပူးလ်သည် မိုနာကို တိုက်စစ်မှူး ရာဒါမယ် ဖယ်လ်ကာအိုကို စိတ်ဝင်စားခဲ့သော်လည်း ချယ်လ်ဆီးက ကစားသမားကို လက်ရ ကမ်းလှမ်း ခေါ်ယူသွားသည်။ လတ်တလောတွင် မန်ချက်စတာ ယူနိုက်တက်သည်လည်း ဘန်တက်ကီ၏ အနေအထားကို စောင့်ကြည့်နေကြောင်း သတင်းထွက်လျက် ရှိသည်။

ဘန်တက်ကီသည် ပြီးခဲ့သည့် ရာသီက ဗီလာအတွက် စုစုပေါင်း (၃၅)ပွဲ ကစားကာ (၁၆)ဂိုးထိ သွင်းယူပေးနိုင်ခဲ့သည်။

soccer myanmar

@ pumta

ဇူလိုင် ၁၇ ရက်နေ့ ထုတ် Euro Sports Journal Vol 5 No 67



ဂျာနယ် များကို ၀ယ်၍ ဖတ်ရန် အဆင် မပြေသော နေရာ ဒေသ များမှ သူငယ်ချင်း များ ဖတ်ရှုရန် အတွက် တင်ပေး လိုက် ပါတယ်။

ဇူလိုင် ၁၇ ရက်နေ့ ထုတ် Euro Sports Journal Vol 5 No 67



Thursday, July 16, 2015

ဇူလိုင် ၁၆ ရက်နေ့ ထုတ် Sport View Journal



ဇူလိုင် ၁၆ ရက်နေ့ ထုတ် Sport View Journal
ဂျာနယ် များကို ၀ယ်၍ ဖတ်ရန် အဆင် မပြေသော နေရာ ဒေသ များမှ သူငယ်ချင်း များ ဖတ်ရှုရန် အတွက် တင်ပေး လိုက် ပါတယ်။

ဇူလိုင် ၁၆ ရက်နေ့ ထုတ် Sport View Journal Vol 4 No 28

http://www.solidfiles.com/d/20eb6a7cac/

Tuesday, July 14, 2015

ထိုင်းနိုင်ငံသို့ သွားရောက်လေ့ကျင့်ရန် မြန်မာ ယူ-၁၈ အသင်း စီစဉ်



ထိုင်းနိုင်ငံသို့ သွားရောက်လေ့ကျင့်ရန် မြန်မာ ယူ-၁၈ အသင်း စီစဉ်

ရွှေဘုတ်

ဇူလိုင် ၁၄၊ ရန်ကုန်။ ။ ၂၀၁၆ အာရှ ယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်းအနေဖြင့် ခြေစစ်ပွဲ မတိုင်ခင် ထိုင်းနိုင်ငံသို့ သွားရောက်လေ့ကျင့်ရန် စီစဉ်သွားမည် ဟု မြန်မာ ယူ-၁၈ အသင်းနည်းပြချုပ် ဂတ်ဇီဆီ ဖရိုင်းဒရစ်က ပြောသည်။

ပြီးခဲ့သည့် နယူးဇီလန် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခဲ့သည့် နည်းပြချုပ် ဖရိုင်းဒရစ်သည် အဆိုပါ မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်းကို နည်းပြချုပ်အဖြစ် တာဝန်ယူဆောင်ရွက်မည် ဖြစ်ပြီး လက်ရှိတွင် ပဏာမ ကစားသမား ၃၀ ဦးရွေးချယ်ရန်အတွက် သုဝဏ္ဏလေ့ကျင့်ရေးကွင်း၌ လူရွေးချယ်မှုများ ပြုလုပ်လျက်ရှိသည်။

“ ကျွန်တော်တို့ အရင်ဆုံး ပဏာမကစားသမား ၃၀ ဦးရွေးချယ်သွားမှာပါ။ ပြီးတာနဲ့ ဒီလာမယ့် အာဆီယံ ယူ-၁၉ ပြိုင်ပွဲအတွက်ရော အာရှ ယူ-၁၉ ခြေစစ်ပွဲအတွက်ရော ပြင်ဆင်သွားမှာပါ။ ဒီပြိုင်ပွဲ နှစ်ခုမတိုင်ခင်ကြားမှာတော့ ထိုင်းကို တစ်ပတ်လောက်သွားပြီး လေ့ကျင့်ပြင်ဆင်သွားမှာပါ။ ဒါ့အပြင် ဒီမြန်မာနိုင်ငံထဲမှာပဲ ယူ-၁၈ အသက်အပိုင်းအခြားဖြစ်တဲ့ အသင်းတွေနဲ့ ဖိတ်ခေါ်ပြိုင်ပွဲလေး လုပ်ဖို့လည်း စီစဉ်သွားမှာပါ။ အဓိကရည်ရွယ်ချက်အနေနဲ့တော့ လက်ရှိမှာ ယူ-၁၉ ခြေစစ်ပွဲအောင်ဖို့ကို အရင်ပြင်ဆင်မှုတွေ ပြုလုပ်သွားမှာပါ ” ဟု ဂတ်ဇီဆီ ဖရိုင်းဒရစ်က ပြောသည်။

မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်းသည် လာမည့် သြဂုတ်လတွင် လာအိုနိုင်ငံ၌ ကျင်းပပြုလုပ်မည့် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲနှင့် စက်တင်ဘာလတွင် အိမ်ရှင်အဖြစ် မြန်မာနိုင်ငံတွင် လက်ခံကျင်းပမည့် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲ တို့ကို ၀င်ရောက်ယှဉ်ပြိုင် ကစားသွားမည် ဖြစ်သည်။ အာဆီယံ ယူ-၁၉ ပြိုင်ပွဲတွင် မြန်မာ ယူ-၁၈ အသင်းသည် ဗီယက်နမ်၊ စင်ကာပူ၊ တီမော၊ မလေးရှား စသည့်အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိပြီး အာရှ ယူ-၁၉ ခြေစစ်ပွဲတွင်မူ ဗီယက်နမ်၊ ဟောင်ကောင်၊ တီမော၊ ဘရူနိုင်း စသည့်အသင်းများ တစ်အုပ်စုတည်း ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

Mizzima
Khant Gyi

ဒုတိယအကျော့တွင် တန်းမဆင်းရရေး ဦးစားပေးကစားမည်ဟု ဇေယျာရွှေမြေ နည်းပြ ပြော



ဒုတိယအကျော့တွင် တန်းမဆင်းရရေး ဦးစားပေးကစားမည်ဟု ဇေယျာရွှေမြေ နည်းပြ ပြော

သောကြာ

ဇူလိုင် ၁၄၊ ရန်ကုန်။ ။ ဇေယျာရွှေမြေအက်ဖ်စီအသင်းသည် ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပထမအကျော့တွင် ရလဒ်များ ဆိုးရွားခဲ့သဖြင့် ဒုတိယအကျော့တွင် တန်းမဆင်းရရေးကို ပထမဦးစားပေး လုပ်ဆောင်သွားမည်ဟု ဇေယျာရွှေမြေအသင်း နည်းပြချုပ် ဦးကျော်မင်းက ပြောသည်။

ဇေယျာရွှေမြေအက်ဖ်စီအသင်းသည် ပထမအကျော့ ပွဲစဉ် ၁၁ ပွဲကစားပြီးချိန်တွင် သုံးပွဲနိုင်၊ နှစ်ပွဲ သရေ ၊ ခြောက်ပွဲ ရှုံး ရမှတ် ၁၁ မှတ်ဖြင့် အဆင့် ၁၁ နေရာတွင် ရပ်တည်နေသည်။ ရမှတ် ၁၁ မှတ်ရရှိထားသော ဇေယျာရွှေမြေအသင်းသည် တန်းဆင်းဇုန်ထဲမှ ဟံသာဝတီအသင်းနှင့် ရမှတ် လေးမှတ်သာ ကွာဟသည့်အတွက် တန်းဆင်းဇုန် အန္တရာယ်နှင့် နီးကပ်နေသည်။ ထို့ပြင် ဇေယျာရွှေမြေအသင်းသည် ဇူလိုင် ၁၃ ရက် အောင်ဆန်းကွင်းတွင် ကစားခဲ့သည့် ၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလား ဒုတိယအဆင့်ပြိုင်ပွဲတွင် ဇွဲကပင်အသင်းကို ၄-၃ ဂိုးဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

'ပထမအကျော့မှာ အခြေအနေမကောင်းခဲ့ဘူး။ လက်ကျန်သုံးပွဲမှာ ခုနစ်မှတ်ရဖို့ ရည်မှန်းထားတာ ခြောက်မှတ်ရတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ၉၀ ရာခိုင်နှုန်းအောင်မြင်လို့ ကျေနပ်တယ်။ ဒုတိယအကျော့ပြန်စရင် ပထမဆုံးတန်းမဆင်းရအောင်၊ ဒုတိယအနေနဲ့ အလယ်အလတ် ၆၊ ၇ လောက်ကို ပစ်မှတ်ထားပါတယ်'ဟု ဦးကျော်မင်းက ပြောသည်။

ဇေယျာရွှေမြေအသင်းသည် ဒုတိယအကျော့ ပွဲစဉ် ၁၂ အဖြစ် လာမည့် ဇူလိုင် ၁၈ ရက်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးကွင်း၌ ကမ္ဘောဇအသင်းနှင့် ကစားရမည်ဖြစ်သည်။ ဇေယျာ ရွှေမြေအသင်းသည် ဇူလိုင် ၁၃ ရက်က ဇွဲကပင်အသင်းနှင့် အချိန်ပို မိနစ် ၁၂၀ အထိ ရှုံးထွက်ပွဲစဉ်ကစားခဲ့ရပြီး နောက် ငါးရက်အကြာ ဇူလိုင် ၁၈ ရက်တွင် အဝေးကွင်း၌ ကမ္ဘောဇအသင်းနှင့် သွားရောက်ကစားရမည်ဖြစ်သောကြောင့် ပွဲပန်းလာနိုင်ဖွယ်ရှိနေသည်။

Mizzima
Khant Gyi

ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲဝင်မည့် မြန်မာယူ-၂၁အသင်းကို ယူ-၂၀နှင့် ယူ-၂၃ကစားသမားများဖြင့်ဖွဲ့စည်းမည်



ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲဝင်မည့် မြန်မာယူ-၂၁အသင်းကို ယူ-၂၀နှင့် ယူ-၂၃ကစားသမားများဖြင့်ဖွဲ့စည်းမည်

ရဲရင့်ဋ္ဌေး

ဇူလိုင် ၁၄၊ ရန်ကုန်။ ။ ဗီယက်နမ်နိုင်ငံတွင် နိုဝင်ဘာ ၂၀ ရက်၌စတင်ကျင်းပမည့် သန်ညင်းယူ-၂၁ချန်ပီယံရှစ်ဖိတ်ခေါ်ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၂၁အသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မြန်မာယူ-၂၀အသင်းကို အခြေခံပြီး ဆီးဂိမ်းပြိုင်ပွဲဝင်ယူ-၂၃အသင်းမှ အသက်မီသောကစားသမားများနှင့်ပေါင်းစပ်ဖွဲ့စည်းရန် စီစဉ်ထားသည်။

ဗီယက်နမ်ယူ-၂၁ဖိတ်ခေါ်ပြိုင်ပွဲကို မလေးရှားဆီးဂိမ်းအကြိုပြင်ဆင်မှုအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး နည်းပြအဖြစ် ဂျာမနီနည်းပြ ဂတ်ဇီဆီဖရိုင်းဒရစ်ကို တာဝန်ပေးရန်လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စီစဉ်ထားသည်။

“ယူ-၂၁အသင်းကို ယူ-၂၀ကစားသမားတွေနဲ့ ယူ-၂၃ကအသက်မီတဲ့ကစားသမားတွေ ပေါင်းစပ်ဖွဲ့စည်းဖို့စီစဉ်ထားပါတယ်။ ယူ-၂၁ အသင်းက မလေးရှားဆီးဂိမ်းဝင်ပြိုင်မယ့်အသင်းပါ။ ကျွန်တော်တို့ အနေနဲ့ ဆီးဂိမ်းအကြိုပြင်ဆင်မှုအနေနဲ့ဝင်ပြိုင်မှာပါ။ ယူ-၂၃အသင်းက အသက်မီတဲ့ ကစားသမား ခုနှစ်ဦးလောက်အထိပါဝင်လာနိုင်ပါတယ်။”ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွဲဖက်အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။

သန်ညင်းယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲကို အိမ်ရှင်ဗီယက်နမ်ယူ-၂၁အသင်းအပါအ၀င် မြန်မာ၊ မလေးရှား၊ တောင်ကိုရီးယားအသင်းတို့ဝင်ရောက်ယှဉ်ပြိုင်ရန် အတည်ပြုထားပြီး ထိုင်းနှင့် သြစတြေးလျအသင်းများ ကိုလည်း ဖိတ်ကြားထားသည်။ အဆိုပါပြိုင်ပွဲကို ၂၀၀၇ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ပြီး မြန်မာအသင်းက ၂၀၀၇ နှင့် ၂၀၁၃ပြိုင်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကာ နှစ်ကြိမ်စလုံး စတုတ္ထရရှိခဲ့သည်။

Mizzima
Khant Gyi

ကိုယ်ပိုင်အခွင့်အရေးအရအသင်းပြောင်းမယ်လို့ ပြောခဲ့တာပါ (ရတနာပုံဂိုးသမား သီဟစည်သူနှင့်တွေ့ဆုံခြင်း)



ကိုယ်ပိုင်အခွင့်အရေးအရအသင်းပြောင်းမယ်လို့ ပြောခဲ့တာပါ (ရတနာပုံဂိုးသမား သီဟစည်သူနှင့်တွေ့ဆုံခြင်း)

ရွှေဘုတ်

ဇူလိုင် ၁၄၊ ရန်ကုန်။ ။ မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း တစ်ဦးဖြစ်ပြီး ရတနာပုံအသင်းရဲ့ အဓိက ဂိုးသမား ဖြစ်တဲ့ သီဟစည်သူဟာ ဒီနှစ်ဘောလုံးရာသီကုန်မှာတော့ အသင်းနဲ့ လမ်းခွဲဖို့ စီစဉ်ထားတယ်လို့ မီဒီယာတွေကို ထုတ်ပြောခဲ့ပါတယ်။ ဒီစကားအတွက် ရတနာပုံနည်းပြ ရီနီက သူ့ကိုရာသီကုန်အထိပွဲထွက်ခွင့်မပေးတော့ဘူးလို့ အတိအလင်းပြောခဲ့ပါတယ်။ ဒီအခြေအနေကြောင့် သီဟစည်သူရဲ့အနာဂတ်ဟာ ရတနာပုံမှာ ဆက်မရှိနိုင်တော့ပါဘူး။ သီဟစည်သူ ဘယ်အသင်းကို ပြောင်းမလဲ၊ ရတနာပုံအပေါ်သူဘယ်လိုသဘောထားလဲစတာတွေကို ပရိသတ်တွေသိနိုင်ဖို့ မဇ္ဈိမက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး - မင်္ဂလာပါ ကိုသီဟစည်သူရေ။ အရင်ဦးဆုံး အစ်ကို့ရဲ့ ကစားသမားဘ၀ အစလေး ပြောပြပေးပါလား။

ဖြေ - ကျွန်တော် ၁၉၉၇ ခုနှစ်မှာ ရန်ကုန် အား/ကာ သိပ္ပံမှာ ကျွမ်းဘားကစားသမား ဘ၀နဲ့ စခဲ့ပါတယ်။ နောက် ၂ နှစ်ကြာတဲ့အချိန်မှာပဲ ၁၉၉၉-၂၀၀၀ မှာ အသက် ၁၃ နှစ်အောက် ဘောလုံးအသင်းမှာ စပြီးတော့ ကစားခဲ့ပါတယ်။ အဲဒီတုန်းက ရာဇာဝင်းသိန်းတို့၊ ပိုင်စိုးတို့ နဲ့ အတူတူပဲ ကစားခဲ့တာပါ။ အဲဒီက စပြီးတော့ပဲ ဘောလုံးသမားဘ၀ စဖြစ်လာခဲ့တာပါ။

မေး - အစ်ကို့ရဲ့ကစားသမားဘ၀က ကျွမ်းဘားကနေ စခဲ့တယ်ဆိုတော့ ကျွမ်းဘားက ဒီလိုဂိုးသမားတစ်ယောက်ဖြစ်လာစေဖို့ အကျိုးသက်ရောက်မှုဖြစ်စေခဲ့လား။

ဖြေ - ကျွမ်းဘားကစားနည်းက အားကစားနည်း တော်တော်များများရဲ့ အခြေခံပါပဲ။ နိုင်ငံတကာမှာဆိုလည်း အချို့ကစားနည်းတွေမှာ ကျွမ်းဘားကို အခြေခံအဖြစ် ကစားကြပါတယ်။ ကျွန်တော့်အတွက်တော့ ပိုအဆင်ပြေပါတယ်။ ဂိုးသမားဆိုတော့ ဒိုက်ပစ်ရတယ်။ ဒိုက်ပစ်တဲ့အခါ ပြုတ်ကျတာတို့ ခုန်တဲ့အခါတို့တွေမှာ တော်တော် အထောက်အကူပြုပါတယ်။

မေး - ဘောလုံးသမားဖြစ်လာတော့ ပထမဆုံး လက်ရွေးစင်ကစားသမားဘ၀ ဖြတ်သန်းပုံလေး ပြောပေးပါဦး။

ဖြေ - ပထမဦးဆုံး လက်ရွေးစင်ဖြစ်တာကတော့ ၂၀၀၀ ခုနှစ်မှာပဲ ၁၄ နှစ်အောက် အရှေ့အာရှလူငယ်ပြိုင်ပွဲကို သွားပြိုင်ခဲ့တာပါ။ အဲဒီအချိန်တုန်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ပထမဦးဆုံး လူငယ်လက်ရွေးစင် ဖြစ်ခဲ့တော့ အရမ်းလည်း ပျော်ရွှင်ခဲ့ပါတယ်။ ၂၀၀၃ မှာ ကျွန်တော် ဆယ်တန်းအောင်တဲ့အထိ အား/ကာ သိပံ္ပမှာ ကစားခဲ့တယ်။ ၂၀၀၄ မှာတော့ စီးပွားကူးသန်းအသင်းနဲ့ ဒုတိယတန်းမှာ စကစားတယ်။ ၂၀၀၅ အစပိုင်းမှာ လယ်/ဆည် မှာ အဆင့်မြင့်တန်း စကစားပါတယ်။ အဲဒီအချိန်မှာပဲ ၂၀ နှစ်အောက် မြန်မာ့လက်ရွေးစင် စဖြစ်ခဲ့ပါတယ်။

မေး - မြန်မာ့လက်ရွေးစင်အသင်းကြီးမှာရော ဘယ်တုန်းက စကစားဖြစ်ခဲ့ပါသလဲ။

ဖြေ - ၂၀၁၀ မှာ စပြီးတော့ လက်ရွေးစင်အသင်းကြီးမှာ အရွေးချယ်ခံခဲ့ရပြီး စကစားခဲ့ပါတယ်။

မေး - ဒီနှစ် ရာသီကုန်မှာ အသင်းကနေ ထွက်ဖို့ စီစဉ်ထားတယ်လို့ သိရတဲ့အတွက် ဘယ်လိုအကြောင်းကြောင့်များလဲ ဆိုတာ သိလို့ရမလား။

ဖြေ - ကျွန်တော့်ရဲ့ ရည်မှန်းချက်ကတော့ ပထမဦးဆုံး စဉ်းစားလိုက်တာ ဒီနှစ် ကုန်ရင်တော့ အသင်းနဲ့ ညှိနှိုင်းပြီးတော့ အဆင်ပြေရင် လမ်းခွဲလိုက်မှာပါ။ ဒီနှစ်ကုန်မှ လုပ်မှာဆိုတော့ ဒီဟာ ကျွန်တော်ကြိုပြောထားတဲ့အပိုင်းပဲ ရှိပါသေးတယ်။

မေး - အသင်းနဲ့ စာချုပ်ပါ အချက်အလက် အရမှာရော အစ်ကို့အနေနဲ့ လမ်းခွဲဖို့ အဆင်ပြေနိုင်ပါ့မလား။

ဖြေ - ဒါကတော့ ကျွန်တော်အသင်းနဲ့ ညှိနှိုင်းသွားမှာပါ။

မေး - အစ်ကိုအနေနဲ့ ဘယ်အသင်းကို ပြောင်းဖြစ်မယ်ဆိုတာကိုရော သိခွင့်ရှိနိုင်မလား။

ဖြေ - ကျွန်တော်အနေနဲ့ ဘယ်အသင်းကို ပြောင်းမယ်ဆိုတာမျိုး မရှိသေးပါဘူး။ ကျွန်တော် ဘောလုံးဆက်ကစားမယ် ကစားရင်းနဲ့ပဲ ကိုယ်တတ်ထားတဲ့ ပညာတွေကို အခြားညီငယ်လေးတွေကို ပြန်ပြီး မျှဝေပေးမယ်။ အေးအေးချမ်းချမ်းပဲ ကစားချင်တော့တယ်။ အဲဒီလိုတော့ ရည်ရွယ်ထားပါတယ်။

မေး - လက်ရှိ ရတနာပုံအသင်းအနေနဲ့ ဒီနှစ်မှာ အသင်းက လိဂ်မှာရော AFC မှာပါ ရလဒ်တွေ ဆိုးခဲ့တာက ဘယ်အပိုင်းတွေ အားနည်းနေတယ်လို့ ထင်ပါသလဲ။

ဖြေ - ကျွန်တော်တို့အသင်းအနေနဲ့ အကောင်းဆုံးကြိုးစားပါတယ်။ တခါတလေလည်း ဘ၀မှာ ကြိုးစားတိုင်း မဖြစ်ခဲ့တဲ့ အရာတွေလည်း ရှိပါတယ်။ ဒါကတော့ လူတိုင်းကြုံဖူးပါတယ်။ ကစားသမားအနေနဲ့ နားလည်မှု အချိတ်အဆက်ပိုင်း နည်းနည်းလိုနေတယ်လို့ ထင်ပါတယ်။

မေး - အစ်ကိုအနေနဲ့ ဒီလိုအသင်းက ထွက်ခွာမယ်လို့ ကြိုပြောထားတဲ့အတွက် အသင်းမှာ ပွဲထွက်ခွင့်နဲ့ ပတ်သက်ပြီး ပြဿနာ ကြုံနိုင်မယ်လို့ ထင်လား။ နည်းပြကလည်း ပွဲထွက်ခွင့်မပေးတော့ဘူးလို့ အတိအလင်းပြောထားတယ်လေ။

 ဖြေ - ဒါကတော့ အသင်းက နားလည်ပေးမယ် လို့ ထင်ပါတယ်။ ဒီကိစ္စကတော့ ကျွန်တော် ပြောပိုင်ခွင့်ရှိတယ် ထင်လို့ ပြောခဲ့တာပါ။ ဘယ်အသင်းမှ ပြောင်းမယ်လို့ ပြောတာမျိုးလည်း မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ကိုယ်ပိုင် ရည်ရွယ်ချက်အရ ဆုံးဖြတ်ခဲ့တာပါ။ အသင်းက ပွဲထွက်ခွင့်ပေးတဲ့ ပွဲတိုင်းမှာလည်း ကြိုးစားကစားသွားမှာပါ။ ပွဲထွက်ခွင့်ပေးမပေးကတော့ နည်းပြဆုံးဖြတ်ချက်အတိုင်းပါပဲ။

 မေး - အစ်ကိုအနေနဲ့ ဘယ်တော့လောက် ကစားသမားဘ၀က အနားယူဖြစ်မလဲ။ အဲဒီအချိန်ရောက်ခဲ့မယ် ဆိုရင် ဘာတွေဆက်လုပ်ဖို့ ရှိနိုင်မလဲ။

ဖြေ - အခုလက်ရှိတော့ ကျွန်တော် ခံယူထားတာက ကျွန်တော် အခုလိုမျိုး လက်ရွေးစင် ဖြစ်လာခဲ့တဲ့အတွက် တာဝန်ရှိသလိုခံစားရပြီး ကျွန်တော် တတ်သလောက်ကို ပြန်ပြီးတော့ မျှဝေချင်ပါတယ်။ ဘယ်တော့လောက်လဲ ဆိုတာတော့ မမှန်းတတ်သေးပါဘူး။ နည်းပြလုပ်ဖို့ကိုတော့ မမှန်းသေးပါဘူး။ ကစားရင်းနဲ့ ကစားသမားနည်းပြပုံစံမျိုးတော့ လုပ်ချင်ပါတယ်။ အခုလည်း ကစားနေတော့ ကျွန်တော့်အတွက်က အဲလိုမျိုးက ပိုအဆင်ပြေမယ် ထင်ပါတယ်။

မေး - ဧရာဝတီအသင်းကနေ ထွက်ခွာဖြစ်ခဲ့တာနဲ့ အခု ရတနာပုံအသင်းကနေ လမ်းခွဲဖြစ်ပုံက ဘာတွေများ ကွားခြားမှုရှိနိုင်မလဲ။

ဖြေ - ဧရာဝတီအသင်းမှာတုန်းကလည်း ကျွန်တော့်ရဲ့အကောင်းဆုံးပုံစံရခဲ့ပါတယ်။ အကြောင်းကြောင်းတွေကြောင့်သာ ရတနာပုံကို ပြောင်းဖြစ်ခဲ့တာပါ။ ရတနာပုံမှာလည်း ကျွန်တော် မျှော်လင့်ထားတာထက်ကို အားပေးတယ်။ ပရိသတ်တွေကလည်း နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ အဆင်လည်းပြေပါတယ်။ နောက်ထပ်ကျွန်တော် ဆက်လုပ်ချင်တာလေးတွေရှိလို့ အသင်းက ထွက်ခွာဖို့ စီစဉ်ဖြစ်တာပါ။

မေး - ရတနာပုံပရိသတ်တွေကလည်း အစ်ကို့ကို အားပေးတယ် ဆိုတော့ တကယ်လို့သာ အသင်းကရော ပရိသတ်တွေကပါ မပြောင်းဖို့ ဆန္ဒရှိမယ် ဆိုရင် အစ်ကိုအနေနဲ့ ဘယ်လိုဆုံးဖြတ်သွားမလ။ဲ

ဖြေ - ဒါကတော့ ကျွန်တော့်ရဲ့ ဆန္ဒကို ကျွန်တော်က ထုတ်ပြောပြတာပါ။ လက်ရှိတော့ အသင်းနဲ့လည်း စာချုပ်ရှိသေးတော့ ညှိနှိုင်းမှုတွေ လုပ်ရဦးမှာပါ။ ကျွန်တော်ကတော့ အဖြစ်သင့်ဆုံးအရာကို စဉ်းစားပြီး ရွေးချယ်သွားမှာပါ။ ကျွန်တော် ခုနက ပြောခဲ့သလိုပဲ အေးအေးဆေးဆေးပဲနေပြီး ညီငယ်တွေကို လက်ဆင့်ကမ်းမျှဝေချင်တော့တာပါ။

မေး - အစ်ကိုအနေနဲ့ ပရိသတ်တွေကို ဘာများပြောချင်ပါသေးလဲ။

ဖြေ - အခုလို သုံးနှစ်ပြည့်တော့မယ့် အချိန်အထိ ကျွန်တော့်ကို လက်ခံအားပေးတဲ့အတွက်ရော ကောင်းကောင်းဆိုးဆိုး အပြစ်မမြင်ခဲ့တဲ့အတွက်ရော ရတနာပုံအသင်းပရိသတ်တွေကို အရမ်းကျေးဇူးတင်ပါတယ်။

Mizzima
Khant Gyi

ပြိုင်ပွဲဝင် အသင်းတွေမှာ ဗိုလ်ချုပ်ပုံ အမှတ်အသား မရှိခြင်းကို စိတ်မကောင်း ဖြစ်မိကြောင်း GFA နည်းပြချူပ်ပြော



ပြိုင်ပွဲဝင် အသင်းတွေမှာ ဗိုလ်ချုပ်ပုံ အမှတ်အသား မရှိခြင်းကို စိတ်မကောင်း ဖြစ်မိကြောင်း GFA နည်းပြချူပ်ပြော

ဗိုလ်ချုပ် အောင်ဆန်းဒိုင်း ရှုံးထွက်ဖလား ပြိုင်ပွဲဝင် အသင်းတွေမှာ ဗိုလ်ချုပ်အောင်ဆန်းပုံ အမှတ်အသားတွေ တပ်ဆင်ခြင်း မပြုသေးတာကို စိတ်မကောင်း ဖြစ်မိကြောင်း GFAနည်းပြချုပ် ဦးကေဘီက ပြောကြားခဲပါတယ်။

ဦးကေတီက ရန်ကုန်ယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့တဲ့ ဗိုလ်ချုပ် အောင်ဆန်းဒိုင်း ရှုံးထွက်ဖလားပြိုင်ပွဲ ဒုတိယအဆင့်ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော် ပြောချင်တာကတော့ လက်မောင်းမှာ ကျွန်တော်တို့ နိုင်ငံရဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံကို ထည့်သွင်းတာမျိုးလေး အခုချိန်ထိ မတွေ့ ရသေးပါဘူး။ အဲဒါနဲ့ ပတ်သတ်ပြီး စိတ်မကောင်း ဖြစ်မိပါတယ်”လို့ GFA နည်းပြချုပ် ဦးကေဘီက ဆိုပါသည်။

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလား ပြိုင်ပွဲဟာ ယခင်MFF ရှံးထွက် ဖလားပြိုင်ပွဲ အနေနဲ့ ကျင်းပတာ ဖြစ်ပြီး ယခုနှစ်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ်တရာပြည့် မွေးနေ့နဲ့ တိုက်ဆိုက်နေတာကြောင့် အမည် ပြောင်းလဲ ကျင်းပခဲ့တာဖြစ်ပါသည်။

Soccer Myanmar
Khant Gyi

စတာလင်အပြီး ဒီဘရုမ်းကို ခေါ်ယူနိုင်ရန် မန်စီးတီး အားထည့်ကြိုးပမ်းလာ-



စတာလင်အပြီး ဒီဘရုမ်းကို ခေါ်ယူနိုင်ရန် မန်စီးတီး အားထည့်ကြိုးပမ်းလာ-

မန်ချက်စတာ စီးတီးအသင်းသည် ဝုလ်ဖ်ဘာ့ဂ် ကွင်းလယ်လူ ကီဗင်ဒီဘရုမ်းကို ခေါ်ယူရန် အရှိန်မြှင့် ကြိုးစားလာကြောင်း သတင်းများက ဖော်ပြခဲ့သည်။

လီဗာပူးလ် တောင်ပံလူ ရာဟင်မ် စတာလင်ကို ခေါ်ယူရန် သဘောတူညီမှု ရရှိထားပြီဟု သတင်းများ ထွက်ပေါ်လာပြီး (၂၄)နာရီအတွင်း ဒီဘရုမ်းကို မန်စီးတီးက ဆက်လက် ချိတ်ဆက်လာခြင်း ဖြစ်သည်။ မန်စီးတီးသည် ချယ်လ်ဆီး ကစားသမားဟောင်း တစ်ဦးဖြစ်သည့် ဘယ်လ်ဂျီယံ လက်ရွေးစင်ကို ပေါင်စတာလင် သန်း(၄၀)ဖြင့် စတင်ချဉ်းကပ်ရန် ပြင်ဆင်နေသည်။ သတင်းများက မန်စီးတီး အနေဖြင့် ဒီဘရုမ်းအတွက် ပေါင်စတာလင် သန်း(၅၀)ထိ အသုံးပြုသွားရန် ဆန္ဒရှိနေကြောင်း ဖော်ပြခဲ့သည်။

အသက်(၂၄)နှစ်ရှိ ဒီဘရုမ်းသည် ဘွန်းဒစ်လီဂါတွင် တောက်လျှောက် ခြေစွမ်းပြနေပြီး လိဂ်ပြိုင်ပွဲ၏ ဖန်တီးမှု စွမ်းရည် အမြင့်ဆုံး ကစားသမား တစ်ဦးအဖြစ် မှတ်ကျောက် အတင်ခံနိုင်ခဲ့သည်။ PSG အသင်းသည်လည်း ဒီဘရုမ်းကို စိတ်ဝင်စားမှု ပြသနေသည်။ ဒီဘရုမ်းသည် မန်စီးတီး၏ ပစ်မှတ်အဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့သော်လည်း စတာလင် အပြောင်းအရွှေ့ကိစ္စ သဘောတူညီမှု ရရှိပြီးမှသာ အင်္ဂလန် ကလပ်က အားထည့်၍ လှုပ်ရှားလာခြင်း ဖြစ်သည်။ ဒီဘရုမ်းသည် ချယ်လ်ဆီးနှင့်အတူ စိတ်ကျေနပ်လောက်စရာ အခြေအနေမျိုး မကြုံခဲ့ရသည့် အင်္ဂလန်မြေသို့ တစ်ကျော့ပြန် ခြေချရန် စိတ်ဝင်စားနေကြောင်းလည်း သိရှိရသည်။

Soccer Myanmar
@ pumta

ထိပ်တန်းအဆင့် ကွင်းလယ်လူများကို ယူနိုက်တက် ခေါ်ယူလိုက်နိုင်ဟု ဝင်းဂါး မှတ်ချက်ပြု-



ထိပ်တန်းအဆင့် ကွင်းလယ်လူများကို ယူနိုက်တက် ခေါ်ယူလိုက်နိုင်ဟု ဝင်းဂါး မှတ်ချက်ပြု-

မန်ချက်စတာ ယူနိုက်တက် အသစ်ခေါ်ယူလိုက်သည့် ကွင်းလယ် ကစားသမား နှစ်ဦးစလုံးသည် ထိပ်တန်း အဆင့်ဖြစ်ကြောင်း အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ဝန်ခံ ပြောကြားလိုက်သည်။

ယူနိုက်တက်သည် ဆောက်သမ်တန်မှ မော်ဂန် ရှနိုက်ဒါလင်နှင့် ဘိုင်ယန်မြူးနစ်မှ ဘက်စတီယန် ရှဝိန်းစတိုင်ဂါတို့ကို တပြိုင်တည်း စာချုပ် ခေါ်ယူခဲ့ပြီး ရာသီသစ်အတွက် ပြင်ဆင်နေမှု အရှိန်အဟုန်ကို မြှင့်တင်နိုင်ခဲ့သည်။ ပြင်သစ် လက်ရွေးစင် ရှနိုက်ဒါလင်ကို အာဆင်နယ်ကလည်း ချိတ်ဆက်ခဲ့သေးသည့်တိုင် ကစားသမားသည် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်၏ ကမ်းလှမ်းမှုကိုသာ လက်ခံခဲ့ခြင်း ဖြစ်သည်။ ပြင်သစ်သား မန်နေဂျာကြီး ဝင်းဂါးက ယူနိုက်တက်သည် ထိပ်တန်းအဆင့် ကစားသမား နှစ်ဦးကို လက်ဝယ်ပိုင်ဆိုင်သွားပြီဟု အသိအမှတ် ပြုခဲ့သည်။

ယူနိုက်တက်သည် ယခုနွေရာသီတွင် မမ်းဖစ်ဒီပေးနှင့် မက်တီယို ဒါမီယန်တို့ကိုလည်း ခေါ်ယူထားပြီးဖြစ်ရာ ကစားသမားသစ် (၄)ဦးထိ ဖြည့်တင်းထားနိုင်ပြီး ဖြစ်နေသည်။ ဝင်းဂါးက “ပြီးခဲ့တဲ့ရာသီက အမှတ်ပေးဇယား ထိပ်ဆုံး (၃)သင်း အပြင်ဘက်ကို ရောက်သွားတဲ့အပေါ် ယူနိုက်တက်က ဘယ်လိုမှ ကျေနပ်နိုင်မှာ မဟုတ်မှန်း ကျွန်တော်တို့ သိပြီးသားပါ။ အဲဒီအတွက် သူတို့က တုံ့ပြန်လာမှာပဲ။ ယူနိုက်တက်ဟာ စိတ်ဝင်စားစရာ စာချုပ်ခေါ်ယူမှု တချို့ကို ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီ ဖြတ်သန်းနေချိန်မှာ ကွင်းလယ်ကို ပြန်ပြင်သင့်တယ်လို့ သူတို့ အဖြေထုတ်ခဲ့ပုံပဲ။ အရေးပါတဲ့ ကစားသမား နှစ်ယောက်ကို ခေါ်လိုက်တယ်။ ရှဝိန်းစတိုင်ဂါနဲ့ ရှနိုက်ဒါလင်တို့ဟာ တကယ့် ထိပ်တန်းအဆင့် ကစားသမား နှစ်ယောက်ပါ”ဟု ဆိုသည်။

၎င်းက “ရှနိုက်ဒါလင်ဟာ အမြင့်ဆုံး အဆင့်ကို တက်လှမ်းနေတဲ့ ကစားသမားဖြစ်ပြီး ရှဝိန်းစတိုင်ဂါကတော့ အရာအားလုံး သက်သေပြပြီးပါပြီ။ သူတို့အနေနဲ့ တခြား ယူနိုက်တက် ကစားသမားတွေနဲ့ ချိတ်ဆက် ကစားရင် ဘာဖြစ်လာမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ”ဟုလည်း မှတ်ချက်ပြုသွားသည်။

Soccer Myanmar
@ pumta

လောရစ်၏ ဒဏ်ရာက စပါးအတွက် ထိုးနှက်ချက်ဖြစ်လာ-



လောရစ်၏ ဒဏ်ရာက စပါးအတွက် ထိုးနှက်ချက်ဖြစ်လာ-

အသင်း၏ ဂိုးသမား ဟူဂိုလောရစ် ထိခိုက် ဒဏ်ရာ ရနေခြင်းက တော့တင်ဟမ် ဟော့စပါးအတွက် ထိုးနှက်ချက်တစ်ရပ် ဖြစ်လာခဲ့သည်။

ပြင်သစ်လက်ရွေးစင်သည် လက်ကောက်ဝတ်အရိုး ကျိုးသွားသည့်နောက် ဩဂုတ်လ (၈)ရက်၊ မန်ချက်စတာ ယူနိုက်တက်နှင့် ကစားမည့် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်တွင် ပါဝင်နိုင်ရန် မရေမရာ ဖြစ်နေကြောင်း သိရှိရသည်။ ယူနိုက်တက်သည် လောရစ်ကို စောင့်ကြည့်နေသော အသင်းလည်းဖြစ်ပြီး ဦးစားပေး ဂိုးသမား ဒေးဗစ်ဒီဂီယာကို ရီးယဲလ်မက်ဒရစ်က ဝယ်ယူသွားပါက အသက်(၂၈)နှစ်အရွယ် လောရစ်ကို ချိတ်ဆက်လာဖွယ် ရှိနေသည်။ လောရစ်သည် အသင်းနှင့်အတူ ရာသီကြို လေ့ကျင့်ခန်းဆင်းရန် လာရောက်ပူးပေါင်းပြီးနောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ပြီးခဲ့သည့် ရာသီနှောင်းက ရရှိခဲ့သည့် ဒဏ်ရာ အကင်းမသေကြောင်း တွေ့ရှိခဲ့သည်။

စပါး၏ တရားဝင် ဝက်ဘ်ဆိုက်တွင် လောရစ်၏ ဒဏ်ရာကိစ္စကို ကြေညာခဲ့ရာ “အသင်းအနေနဲ့ လောရစ်ဟာ ရာသီပိတ် ကာလမှ လက်ကောက်ဝတ် အရိုးကျိုး ဒဏ်ရာတစ်ခု ရခဲ့တာကို အတည်ပြုနိုင်ပါတယ်။ ပြင်သစ် ဂိုးသမားဟာ ပထမအသင်းနဲ့ အတူတွဲ အလုပ်လုပ်နေရင်း ရာသီသစ် အစပြုနိုင်ဖို့အတွက် သူ့ကြံ့ခိုင်မှု အဆင်သင့်ဖြစ်အောင် ပြင်ဆင်နေပါမယ်။ အသင်းရဲ့ ဆေးအဖွဲ့ဟာ ရာသီကြို ကာလမှာ သူ့ရဲ့ နာလန်ထ အစီအစဉ်တွေအတွက် စောင့်ကြည့် စီမံပေးသွားမှာ ဖြစ်ပါတယ်”ဟု ဖော်ပြထားသည်။

စပါးတွင် ဂိုးသမားကြီး ဘရက်ဒ်ဖရီဒယ်လ် အနားယူသွားပြီဖြစ်ရာ မိုက်ကယ်ဗွမ်း တစ်ဦးတည်းသာ စီနီယာ ဂိုးသမားအဖြစ် ကျန်ရှိတော့သည်။ အသင်းမန်နေဂျာ မော်ရစ်စီယို ပိုချက်တီနိုသည် လူငယ် ဂိုးသမားလေး လုခ်မက်ဂီးကို ရာသီကြို ကာလများတွင် ပထမအသင်းသို့ ခေါ်ယူကာ နေရာပေး အသုံးပြုဖွယ် ရှိနေကြောင်းလည်း သိရသည်။

Soccer Myanmar

@ pumta

ဒဏ်ရာပြဿနာက မန်ယူကစားသမားဘ၀ကို ထိခိုက်စေမည်မဟုတ်ဟု ရှဝိန်းစတိုင်ဂါ ဆို -



ဒဏ်ရာပြဿနာက မန်ယူကစားသမားဘ၀ကို ထိခိုက်စေမည်မဟုတ်ဟု ရှဝိန်းစတိုင်ဂါ ဆို -

ဇူလိုင် ၁၄၊ မန်ချက်စတာ။ ။ မန်ယူအသင်း၏ ကွင်းလယ်ကစားသမားသစ် ရှဝိန်းစတိုင်ဂါက ဒဏ်ရာပြဿနာများမှာ ပြီးဆုံးသွားပြီဖြစ်ကြောင်းနှင့် မန်ယူကစားသမားဘ၀ကို ဒဏ်ရာပြဿနာများက ထိခိုက်စေမည်မဟုတ်ကြောင်း ပြောဆိုလိုက်သည်။

အသက် ၃၀ အရွယ်ရှိ ရှဝိန်းစတိုင်ဂါသည် ပြီးခဲ့သည့်ရာသီက ဘိုင်ယန်မြူးနစ်အသင်းအတွက် ၁၅ ပွဲသာ ပါဝင်ကစားပေးနိုင်ခဲ့ သော်လည်း ယခုအချိန်တွင် ကြံ့ခိုင်မှုမှာ ကောင်းမွန်နေပြီဖြစ်ကြောင်း ပြောသည်။

'အခြေအနေအားလုံး ကောင်းမွန်ပါတယ်။ မန်ယူအသင်းကို ပြောင်းလာရလို့ ပျော်ပါတယ်။ မန်ယူအတွက် အကောင်းဆုံးပေးဆပ်သွားဖို့ မျှော်လင့်ထားပါတယ်။

ခက်ခဲတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကစားပြီးတဲ့နောက်မှာ ကျွန်တော်ဒဏ်ရာရခဲ့ပါတယ်။ ဒါပေမဲ့ ဒါက ပြီးခဲ့တဲ့ အောက်တိုဘာလက ပြီးဆုံးသွားခဲ့ပြီလို့ထင်ပါတယ်။ ဘိုင်ယန်နဲ့အတူ တစ်ပတ်ချင်း ပြီးတော့ တစ်လချင်း ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ဒဏ်ရာမရှိတော့ပါဘူး။ အခု ကြံ့ခိုင်မှုက ကောင်းပါတယ်' ဟု ရှဝိန်းစတိုင်ဂါက ပြောသည်။

ထို့နောက် ဆက်လက်ပြီး ရှဝိန်းက 'ကျွန်တော်မန်ယူကို လာခဲ့တာ ဆုဖလားတွေ ရရှိဖို့ပါ။ မန်ယူလိုအသင်းအတွက် ဒါက ပုံမှန်အနေအထားပါပဲ။ ဗန်ဟားလ်အကြောင်းကို သိပြီးသားပါ။ ဒါကြောင့် ဒီကို လာဖို့ ဆုံးဖြတ်ရတာ လွယ်ပါတယ်။ ဒါပေမဲ့ ဗန်ဟားကြောင့် ဒီကို လာတာမဟုတ်ပါဘူး။ မန်ယူအသင်းကြောင့်ပါ။ ကြီးမားတဲ့ အသင်းတွေဟာ ရိုးရာအစဉ်အလာတွေ ရှိပါတယ်။ လက်ရှိ မန်ယူအသင်းမှာ အရည်အချင်းရှိတဲ့ ကစားသမားတွေ အများကြီးပါ။ ဒါကြောင့် လာမယ့်ရာသီမှာ ကျွန်တော်တို့ ဆုဖလားတွေ ရနိုင်ပါတယ်' ဟု ပြောသည်။

ရှဝိန်းစတိုင်ဂါသည် ဘိုင်ယန်မြူးနစ်လူငယ်အသင်းမှ ပေါ်ထွက်လာသူဖြစ်ပြီး ကစားသမားဘ၀တစ်လျှောက်လုံး ဘိုင်ယန်အသင်းတွင် ကစားခဲ့သူ ဖြစ်သည်။ ဘိုင်ယန်မြူးနစ်အသင်းကြီးတွင် ၁၃ နှစ်ကြာကစားခဲ့ရာ၌ ဆုဖလားပေါင်း ၂၂ လုံး ရယူနိုင်ခဲ့သည်။

ဂျာမနီသက်တမ်းအလိုက် လက်ရွေးစင်အသင်းတိုင်းတွင် ပါဝင်ခဲ့ပြီး ဂျာမနီလက်ရွေးစင်အသင်းကြီးအတွက် ပွဲပေါင်း ၁၁၁ ပွဲကစားကာ ၂၃ ဂိုးသွင်းယူထားသည်။ ဂျာမနီအသင်းနှင့်အတူ ၂၀၁၄ ကမ္ဘာ့ဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့သည်။

မန်ယူအသင်းသည် ရှဝိန်းစတိုင်ဂါကို ပြောင်းရွေ့ကြေး ပေါင် ၁၄ သန်းဖြင့် ဘိုင်ယန်မြူးနစ်အသင်းထံမှ ၀ယ်ယူကာ သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့သည်။ စာချုပ် ချုပ်ဆိုပြီးနောက်တွင် ရှဝိန်းစတိုင်ဂါက ဘိုင်ယန်မြူးနစ်အသင်းမှ ထွက်ခွာရန် ဆွဲဆာင်နိုင်သည့်အသင်းမှာ မန်ယူတစ်သင်းတည်းသာ ရှိကြောင်း ပြောသည်။

ယခုအချိန်တွင် ရှဝိန်းစတိုင်ဂါသည် မန်ယူအသင်းနှင့်အတူ ရာသီကြိုခြေစမ်းပွဲများကစားရန် အမေရိကသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

@ pumta

စတုခ်စီးတီးဂိုးသမား ဘီဂိုဗစ်ကို ချယ်လ်ဆီးခေါ်ယူ-



စတုခ်စီးတီးဂိုးသမား ဘီဂိုဗစ်ကို ချယ်လ်ဆီးခေါ်ယူ-

ဇူလိုင် ၁၄၊ လန်ဒန်။ ။ ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ဘက် စတုခ်စီးတီးအသင်းမှ ဘော့စနီးယားလက်ရွေးစင်ဂိုးသမား ဘီဂိုဗစ်ကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ဘီဂိုဗစ်ကို လေးနှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်း ဖြစ်ပြီး ပြောင်းရွှေ့ကြေးကို ဖော်ပြခြင်း မရှိခဲ့ပေ။ သို့သော် ပေါင် ၈ သန်းဝန်းကျင် ပေးချေခဲ့ရသည်ဟု ဗြိတိန်သတင်းစာများက ဖော်ပြသည်။

ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုသည် အာဆင်နယ်အသင်းသို့ ဂိုးသမား ပီတာချက်ပြောင်းရွေ့သွားစဉ်ကတည်းက ဘီဂိုဗစ်ကို ခေါ်ယူလိုခဲ့ခြင်း ဖြစ်သည်။

ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့နိုင်ပြီးနောက်တွင် ဘီဂိုဗစ်က 'စတုခ်စီးတီးအသင်းမှာ ကစားခဲ့ရတဲ့ အချိန်တွေကို ချစ်ပါတယ်။ ဒါပေမဲ့ ပိုမိုတိုးတက်လာမယ့် ဒီအခွင့်အရေးကို ရယူချင်ပါတယ်။ ကစားသမားတစ်ဦးအနေနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်သွားလိုပါတယ်'

'ချယ်လ်ဆီးကို ပြောင်းရွှေ့ခွင့်ရလို့ ပျော်ပါတယ်။ ဒီအသင်းမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ တိုးတက်လာမယ်လို့လည်းခံစားရပါတယ်။ ရာသီကြိုခရီးစဉ်အတွက် ဗုဒ္ဓဟူးနေ့မှာ အသင်းနဲ့ တွေ့ဆုံသွားမှာပါ' ဟု ဆိုသည်။

ဘီဂိုဗစ်သည် ၂၀၁၀ ခုနှစ်က ပို့စ်မောက်အသင်းမှ စတုခ်စီးတီးအသင်းသို့ ပြောင်းရွှေ့လာသူ ဖြစ်သည်။ စတုခ်စီးတီးတွင် ငါးနှစ်ကြာ ကစားခဲ့ပြီး ပွဲပေါင်း ၁၇၂ ပွဲကစားခဲ့သည်။ ဖယ်လ်ကာအိုပြီးနောက် ယခုရာသီတွင် ချယ်လ်ဆီးအသင်း၏ ဒုတိယမြောက် ကစားသမား ခေါ်ယူမှု ဖြစ်သည်။

ဘော့စနီးယားလက်ရွေးစင်အဖြစ် ပွဲပေါင်း ၄၁ ပွဲ ကစားထားသည့် အသက် ၂၈ နှစ်အရွယ် ဘီဂိုဗစ်သည် ချယ်လ်ဆီးတွင် ကော့တွိုက်စ်၏နောက် ဒုတိယဦးစားပေး ဂိုးသမားအဖြစ်သာ ကစားရဖွယ်ရှိသည်။

ရည်ညွှန်း ဘီဘီစီ

@ pumta

ACတိုက်စစ်မှူး အယ်လ်ရှာရာဝီ မိုနာကိုသို့ ပြောင်းရွှေ့



ACတိုက်စစ်မှူး အယ်လ်ရှာရာဝီ မိုနာကိုသို့ ပြောင်းရွှေ့

********************************

အေစီမီလန်အသင်း၏ လူငယ်တိုက်စစ်မှူး ဖြစ်သူ အယ်လ်ရှာရာဝီဟာ မိုနာကိုအသင်းသို့ ပြောင်းရွှေ့ကြေး ယူရို
၁၈သန်းဖြင့် ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်သည်။အေစီမီလန်သို့ ဘက်ကာ၊အက်ဒရီယာနိုတို့ ရောက်ရှိလာသဖြင့် ပွဲထွက်ခွင့် ရရန်ပြောင်းရွှေ့ခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ အသက်၂၂နှစ် အရွယ်ရှိ တိုက်စစ်မှူးသည် 2011-2012ရာသီက ဂျီနိုအာမှရောက်ရှိခဲ့သည်။
အေစီမီလန်အသင်းနှင့်အတူ စီးရီးအေ တစ်ကြိမ်ရရှိ
ခဲ့သည်။အေစီမီလန်အသင်း အတွက် ၉၅ပွဲကစားပြီး
၂၃ဂိုးသွင်းယူပေးနိုင်ခဲ့သည်။

အီတလီတိုက်စစ်မှူးသည် ၁၃-၁၄ရာသီက အေစီအသင်းအတွက် ရာသီဝက်အချိန်အထိ ၁၄ဂိုးသွင်းယူ၍ ထွန်းတောက်ခဲ့သော်လည်း ဘာလော့တယ်လီ
ရောက်ရှိလာပြီးနောက် ခြေစွမ်းကျဆင်းခဲ့ရသည်။
၁၄-၁၅ရာသီတွင်လည်း ဒဏ်ရာပြဿနာများကြောင့်
၂၂ပွဲပါဝင်ကစားပြီး ၃ဂိုးသွင်းကာ ၃ဂိုးသာဖန်တီးပေးနိုင်
ခဲ့သည်။

အီတလီလက်ရွေးစင်တစ်ဦးဖြစ်သူ အယ်လ်ရှာရာဝီသည်
လက်ရွေးစင်အသင်းကြီးအတွက် ၁၃ပွဲကစားပြီး ၁ဂိုးသွင်း
ယူပေးနိုင်ခဲ့သည်။

သူသည် မိုနာကိုအသင်းတွင် တစ်နှစ်လစာ ယူရို၃သန်း ရရှိမည်လည်းဖြစ်သည်။

&&&&&&&&&&&&&&&&&&&&&&&&&&

©©©©Lžǿñē©©©©

Monday, July 13, 2015

မန်ယူသို့ပေါင် ၂၄ သန်းဖြင့်ပြောင်းရန် ရှနိုက်ဒါလင် ဆေးစစ်မှုခံယူပြီးစီး -



မန်ယူသို့ပေါင် ၂၄ သန်းဖြင့်ပြောင်းရန် ရှနိုက်ဒါလင် ဆေးစစ်မှုခံယူပြီးစီး -

ဇူလိုင် ၁၃၊ မန်ချက်စတာ။ ။ ရှနိုက်ဒါလင်သည် ဆောက်သမ်တန်မှ မန်ယူသို့ပေါင် ၂၄ သန်းဖြင့်ပြောင်းရွှေ့ရန်အတွက် ဆေးစစ်မှုခံယူပြီးစီးသွားပြီဟု ဗြိတိန်ထုတ် မယ်ရာ သတင်းစာက ဖော်ပြသည်။ ဒေးလီးမေးလ်သတင်းစာကမူ ရှနိုက်ဒါလင်၏ပြောင်းရွှေ့ကြေးကို ပေါင် ၂၅ သန်းဟု ဖော်ပြထားသည်။

ယင်းကွင်းလယ်ကစားသမားသည် တစ်နှစ်သက်တမ်းထပ်မံတိုးခွင့်ရှိသည့် လေးနှစ်စာချုပ်ချုပ်ရန်အတွက် မန်ယူလေ့ကျင့်ရေးစင်တာတွင် ဦးစွာဆေးစစ်မှုခံယူခဲ့ခြင်းဖြစ်သည်။

ဒီပေး၊ ဒါမီယန်နှင့် ရှဝိန်းစတိုင်ဂါတို့ကိုခေါ်ယူထားသည့် မန်ယူအသင်းအနေဖြင့် ရှနိုက်ဒါလင်ကိုထပ်မံခေါ်ယူခြင်းအားဖြင့် အပြောင်းအရွှေ့ အသုံးစရိတ် ပေါင်သန်း ၈၀ နားကပ်လာခဲ့ပြီး နောက်ထပ်အားဖြည့်မှုများလည်း ပြုလုပ်ဦးမည်ဖြစ်သည်။

မန်ယူနည်းပြဗန်ဟားလ်သည် နှစ်ပတ်ခွဲကြာမြင့်မည့် အမေရိကန်ခြေစမ်းခရီးစဉ်အတွက် အသင်းကိုဦးဆောင်ထွက်ခွာသွားပြီဖြစ်ပြီး ရှနိုက်ဒါလင်ကိုလည်း နောက်ကလိုက်လာစေရန် ဆန္ဒရှိနေသည်။

ဆောက်သမ်တန်နည်းပြရော်နယ်ကိုးမန်းသည် ရှနိုက်ဒါလင်၏နေရာကိုအစားထိုးရန် ဖီယင်နုမှ ကလာစီကိုခေါ်ယူနိုင်ခဲ့ပြီးနောက် ဆောက်သမ်တန်သည် ရှနိုက်ဒါလင်ကို မန်ယူသို့ပြောင်းခွင့်ပေးလိုက်ခြင်းဖြစ်သည်။

မန်ယူအသင်းအနေဖြင့်ကစားသမားခေါ်ယူဦးမည်ဖြစ်ပြီး တိုက်စစ်မှူးဗန်ပါစီ ဖီနာဘာချီသို့ပြောင်းမည်ဖြစ်သဖြင့် တိုက်စစ်မှူးတစ်ဦးထပ်ခေါ်ရန်ရှိ နေသည်။

တိုက်စစ်မှူးနေရာအတွက် စပါးမှ ဟယ်ရီကိန်း၊ ပီအက်စ်ဂျီမှ ကာဗာနီ၊ အက်စတွန်ဗီလာမှ ဘန်တီကီနှင့် ရီးယဲလ်မက်ဒရစ်မှ ဘန်ဇီမာတို့ကို မန်ယူအသင်းက စောင့်ကြည့်နေသည်။

ရည်ညွှန်း ဒေးလီးမေးလ်
@ Pumta

ဗန်ပါစီကို ဖီနာဘာချီ ပရိသတ်အများအပြား လာရောက်ကြိုဆို-



ဗန်ပါစီကို ဖီနာဘာချီ ပရိသတ်အများအပြား လာရောက်ကြိုဆို-

ဇူလိုင် ၁၃၊ အစ္စတန်ဘူလ်။ ။ မကြာမီ အသင်း၏တိုက်စစ်မှူးသစ် ဖြစ်လာတော့မည့် ဗန်ပါစီကို ဖီနာဘာချီပရိသတ်ပေါင်းများစွာက အစ္စတန်ဘူလ်မြို့ Sabhia Gokcen လေဆိပ်တွင် လာရောက်ကြိုဆိုခဲ့ကြသည်။

မန်ယူတိုက်စစ်မှူး ဗန်ပါစီ၏ ယခုအပြောင်းအရွှေ့မှာ အပြီးသတ်နိုင်ခြင်း မရှိသေးသော်လည်း ဗန်ပါစီသည် ကိုယ်ပိုင်လေယာဉ်ဖြင့် မန်ချက်စတာလေဆိပ်မှ အစ္စတန်ဘူလ်မြို့သို့ သွားရောက်ခဲ့ပြီး ဖီနာဘာချီအသင်းတာဝန်ရှိသူများ၊ ပရိသတ်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ဗန်ပါစီသည် တူရကီသို့ မသွားမီ လေယာဉ်ပေါ်တက်ခါနီးတွင် မိသားစုနှင့် အတူ ဓာတ်ပုံတွဲရိုက်ခဲ့ပြီး မန်ချက်စတာလေဆိပ်မှ အစ္စတန်ဘူလ်သို့ သွားတော့မည်ဟု ဆိုကာ လူမှုဝက်ဆိုက် စာမျက်နှာပေါ်သို့ တင်ခဲ့သည်။

ဖီနာဘာချီအသင်း၏ လည်စီးပ၀ါကို စည်းပြီး Sabhia Gokcen လေဆိပ်သို့ ရောက်ရှိလာသော ဗန်ပါစီကို ပရိသတ်များက တိုးဝှေ့ကြိုဆိုခဲ့ကြပြီး အချို့မှာ မီးရူးမီးပန်းများဖောက်ကာ အောင်ပွဲခံခဲ့ကြသည်။

အပြောင်းအရွှေ့မှာ အပြီးသတ်ရခြင်း မရှိသေးသော်လည်း ဗန်ပါစီသည် တစ်ပတ်လုပ်ခ လစာငွေ ပေါင် ၂၄၀,၀၀၀ ဖြင့် သုံးနှစ် စာချုပ် ချုပ်ဆိုမည်ဟု ဒေးလီးမေးလ်သတင်းစာက ဖော်ပြခဲ့သည်။

ဗန်ပါစီသည် အာဆင်နယ်မှ မန်ယူသို့ စတင်ပြောင်းရွှေ့ခဲ့သည့်နှစ်က ဂိုး ၃၀ အထိသွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သော်လည်း ဒဏ်ရာများနှင့် ရုန်းကန်ခဲ့ရပြီးနောက်တွင် နည်းပြသစ်ဗန်ဟားလ်လက်အောက်၌ ၂၉ ပွဲတွင် ၁၀ ဂိုးသာ သွင်းနိုင်ခဲ့သည်။

မန်ယူနည်းပြ လူးဝစ္စဗန်ဟားလ်က ဗန်ပါစီ၏ အပြောင်းအရွှေ့ကို ယခုအချိန်အထိ အတည်ပြုခြင်း မရှိသေးပေ။

ရည်ညွှန်း ဒေးလီးမေးလ်

@ Pumta

ရီးယဲလ်ဂန္ထ၀င်ဂိုးသမား ကာဆီးလက်စ်ရဲ့ အံ့အားသင့်ဖွယ်ရာ စွမ်းဆောင်မှုများ-



ရီးယဲလ်ဂန္ထ၀င်ဂိုးသမား ကာဆီးလက်စ်ရဲ့ အံ့အားသင့်ဖွယ်ရာ စွမ်းဆောင်မှုများ-

မက်ဒရစ်၊ ဇူလိုင် ၁၃။ ။ ရီးယဲလ်အသင်းရဲ့ သမိုင်းမှာ အမြဲတမ်း အမှတ်ရနေရမယ့် ဂိုးသမား ကာဆီးလက်စ်ကတော့ ပေါ်တိုအသင်းဆီကို ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ ထိပ်တန်းဂိုးသမားတစ်ဦးအဖြစ် လက်စွမ်းပြနေနိုင်ဆဲဖြစ်ပေမယ့် အသက် ၃၄ နှစ်ဆိုတဲ့ အရွယ်က ကစားသမားတစ်ဦးအတွက် အကောင်းဆုံးအသက်အရွယ်မဟုတ်တော့ပါဘူး။

ရီးယဲလ်လို အမြင့်ဆုံးအောင်မြင်မှုတွေကို အမြဲတမ်းအလိုရှိနေတဲ့ အသင်းအတွက် ကာဆီးလက်စ်ကို နံပါတ်တစ်အဖြစ် ဆက်လက်အာမခံမထားနိုင်တော့တာက မဆန်းကျယ်လှပါဘူး။ ဒါကြောင့် ကာဆီးလက်စ်က သူ့အတွက် အကောင်းဆုံးဖြစ်နိုင်မယ့် ပေါ်တိုကို ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။ ပေါ်တိုအသင်းက ကာဆီးလက်စ်ကို ၂ နှစ်စာချုပ် ချုပ်ဆိုမယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

အသက် ၉ နှစ်အရွယ်ကတည်းက ရီးယဲလ်အသင်းကို ရောက်ရှိနေတဲ့ ကာဆီးလက်စ်ဟာ စပိန်ထိပ်သီးအသင်းကြီးမှာ ၂၅ နှစ်ကြာ နေထိုင်ခဲ့ပြီးတဲ့နောက် ပေါ်တိုကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
ရီးယဲလ်အသင်းကြီးမှာ ၁၆ နှစ်တာ ကစားခဲ့ပြီး ဆုဖလား ၁၈ လုံးရရှိခဲ့ပါတယ်။

ကာဆီးလက်စ်ဟာ ကမ္ဘာပေါ်က အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးဆိုတာ အားလုံးကလက်ခံပြီးသားပါ။ သူဟာ ရီးယဲလ်အသင်းနဲ့ စပိန်အသင်းရဲ့ သမိုင်းမှာ ထာဝရအကောင်းဆုံးဂိုးသမားတစ်ဦးအဖြစ် အမြဲ ရှိနေမယ့်သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ကစားသမားဘ၀တစ်လျှောက်မှာ အံ့အားသင့်စရာကေင်းတဲ့ အောင်မြင်မှုတွေ စံချိန်တွေ အများကြီး ရှိပါတယ်။ အဲ့ဒီထဲက တစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။

၁။ ကာဆီးလက်စ်ဟာ စပိန်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၆၂ ပွဲပါဝင်ကစားပေးထားပါတယ်။ စပိန်အသင်းသမိုင်းတစ်လျှောက်မှာ ပွဲအများဆုံးကစားသမား ဖြစ်ပါတယ်။

၂။ စပိန်လက်ရွေးစင်အသင်းကြီးအတွက် အသက် ၁၉ နှစ်အရွယ်နဲ့ ပထမဆုံးပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ အသက်အငယ်ဆုံးအဖြစ် မှတ်တမ်းတင်ထားပါတယ်။

၃။ ယူရို ၂၀၁၂ ပြိုင်ပွဲမှာ စပိန်အသင်းချန်ပီယံဖြစ်ခဲ့ရာမှာ ကာဆီးလက်စ်က တစ်ဂိုးပဲပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ စပိန်က အီတလီကို ၄-၀ နဲ့ နိုင်ခဲ့ပါတယ်။

၎။ ဂျာမနီအသင်းခေါင်းဆောင် ဘက်ကင်ဘောင်ဝါ၊ ပြင်သစ်အသင်းခေါင်းဆောင် ဒက်ချမ့်တို့ ပြီးရင် ကာဆီးလက်စ်ဟာ ကမ္ဘာ့ဖလား၊ ချန်ပီယံလိဂ်ဖလားနဲ့ ယူရိုဖလားတွေကို ကိုင်မြှောက်နိုင်ခဲ့တဲ့ အသင်းခေါင်းဆောင်ဖြစ်ပါတယ်။

၅။ ကာဆီးလက်စ်ဟာ နိုင်ငံလက်ရွေးစင်ဘောလုံးလောကမှာ ယူရိုဖလားနှစ်လုံးနဲ့ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်တဲ့ တစ်ဦးတည်းသော အသင်းခေါင်းဆောင် ဖြစ်ပါတယ်။

၆။ ၂၀၁၀ ကမ္ဘာ့ဖလားမှာ စပိန်အသင်း ဗိုလ်စွဲခဲ့ပြီးတဲ့နောက် ကာဆီးလက်စ်ရဲ့ အရှေ့နာမည်ဖြစ်တဲ့ အိုင်ကာဟာ စပိန်မှာ ယောင်္ကျားလေးအများစုကို ပေးတဲ့ နာမည်ဖြစ်လာခဲ့ပါတယ်။

၇။ ၂၀၁၅ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ အက်သလက်အသင်းနဲ့ ယှဉ်ပြိုင်ပြီးတဲ့နောက် ကာဆီးလက်စ်ဟာ ချန်ပီယံလိဂ်မှာ ၅၂ ပွဲ ဂိုးမပေးရတဲ့ ဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

၈။ ရီးယဲလ်အသင်းက ဗလင်စီယာအသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ၂၀၀၀ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ကာဆီးလက်စ်က ရီးယဲလ်အသင်းမှာ ပါဝင်ကစားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ သူ့ရဲ့အသက်က ၁၉ နှစ်ပြည့်ပြီး လေးရက်သာ ရှိပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားဖူးတဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းတင်ထားပါတယ်။

၉။ ကာဆီးလက်စ်ဟာ ရာအူးလ်ပြီးရင် ရီးယဲလ်အတွက် ပွဲအများဆုံးကစားထားသူ ဖြစ်ပါတယ်။ ရာအူးလ်က ၇၄၁ ပွဲ ကစားပေးခဲ့ပြီး ကာဆီးလက်စ်က ၇၂၅ ပွဲကစားပေးခဲ့ပါတယ်။

၁၀။ ရာအူးလ်ဟာ ရီးယဲလ်အသင်းကြီးမှာ ကစားခဲ့တဲ့ ၁၆ နှစ်တာ ကာလအတွင်း ဆုဖလား ၁၈ လုံး ရရှိခဲ့ပါတယ်။ ချန်ပီယံလိဂ်(၃)၊ လာလီဂါ(၅)၊ ကိုပါဒယ်လ်ရေး(၂)၊ စပိန်စူပါဖလား(၄)၊ ဥရောပစူပါဖလား(၂)၊ ကမ္ဘာ့ကလပ်ဖလား(၁)၊ အင်တာကွန်တီနန်တယ်(၁)။

၁၁။ ကာဆီးလက်စ်ဟာ ချန်ပီယံလိဂ်ပွဲပေါင်း ၁၅၀ ကစားထားတဲ့ ဒုတိယမြောက်ကစားသမားဖြစ်ပါတယ်။ ပထမကစားသမားကတော့ ဘာစီလိုနာကွင်းလယ်လူ ဇာဗီဖြစ်ပါတယ်။

၁၂။ လာလီဂါမှာ ၉၅၂ မိနစ်တိတိ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အက်သလက်တီကို ဂိုးသမားဟောင်း အေဘယ်ရီဆီနိုရဲ့ စံချိန်ကို ချိုးဖျက်ခဲ့တာ ဖြစ်ပါတယ်။

၁၃။ ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် ပွဲပေါင်း ၈၀၀ ကျော်ကစားခဲ့ပါတယ်။ သူ့ရဲ့ ကစားသမားဘ၀မှာ ၉၈ ရာခိုင်နှုန်းအထိ ပွဲထွက်ကစားခဲ့သူလည်း ဖြစ်ပါတယ်။

ဒါတွေက ကာဆီးလက်စ်ရဲ့ ကစားသမားဘ၀မှာ အံ့အားသင့်စရာကောင်းတဲ့ စွမ်းဆောင်မှုတွေ ဖြစ်ပါတယ်။ သူဟာ ကမ္ဘာ့ဘောလုံးလောကမှာ အအောင်မြင်ဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။
ပေါ်တိုအသင်းကို ရောက်ရှိသွားခဲ့ပေမယ့် ရီးယဲလ်အသင်းနဲ့ ကာဆီးလက်စ်ဆိုတာ ဘယ်တော့မှ ခွဲလို့ရမှာ မဟုတ်ပါဘူး။

နောက်ဆုံးနှုတ်ဆက်စကားပြောခဲ့ရာမှာလည်း ကာဆီးလက်စ်က သူဘယ်ကိုပဲ ရောက်နေနေ ရီးယဲလ်အသင်းရဲ့ အမည်ကို အမြဲအော်ဟစ်အားပေးနေမှာ ဖြစ်ကြောင်းနဲ့ ဒါက နောက်ဆုံးနှုတ်ဆက်ခြင်းမဟုတ်ဘဲ မကြာမီ ပြန်တွေ့ကြမည်ဖြစ်ကြောင်း၊ ထောက်ခံအားပေးခဲ့တဲ့ ရီးယဲလ်ပရိသတ်များကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။

ကိုးကား စကိုင်းစပေါ့
@ Pumta

ယူနိုက်တက် လူသစ် ဒါမီယန်သည် အီတလီ၏ အကောင်းဆုံး တောင်ပံခံစစ်မှူးဟု မာတာရာဇီ ချီးကျူး-



ယူနိုက်တက် လူသစ် ဒါမီယန်သည် အီတလီ၏ အကောင်းဆုံး တောင်ပံခံစစ်မှူးဟု မာတာရာဇီ ချီးကျူး-

မန်ချက်စတာ ယူနိုက်တက်က စာချုပ်ခေါ်ယူလိုက်သည့် မက်တီယို ဒါမီယန်သည် အီတလီ ဘောလုံးလောက၏ အကောင်းဆုံး တောင်ပံ ခံစစ်သမားဖြစ်ကြောင်း အီတလီ လက်ရွေးစင်ဟောင်း မာကို မာတာရာဇီက ချီးကျူး ပြောကြား လိုက်သည်။
တိုရီနို အသင်း၏ အသက်(၂၅)နှစ်အရွယ် ခံစစ်မှူးသည် ပေါင်စတာလင် (၁၃)သန်းတန် ပြောင်းရွှေ့ကြေးဖြင့် ယူနိုက်တက်သို့ ကူးပြောင်းကာ (၄)နှစ် သက်တမ်းရှိ စာချုပ်တစ်ရပ် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သည်။ အီတလီအတွက် ကမ္ဘာ့ဖလား ရယူပေးခဲ့ဖူးသူ အင်တာမီလန် ဗဟိုနောက်ခံလူဟောင်း မာတာရာဇီက အဆိုပါ အပြောင်းအရွှေ့အတွက် ယူနိုက်တက်ကို ချီးကျူးခဲ့ပြီး ဒါမီယန်သည် အင်္ဂလန်တွင် အခွင့်အလမ်းကောင်းများ ပိုင်ဆိုင်လာရန် မျှော်လင့် ယုံကြည်ကြောင်း ဆိုသည်။ ဒါမီယန်သည် ယူနိုက်တက်နှင့် စာမချုပ်မီ တိုရီနိုအတွက် ၁၄၆ ပွဲထိ ကိုယ်စားပြု ကစားပေးခဲ့သည်။
မာတာရာဇီက “ဒါမီယန် ကစားတာ အရမ်းကောင်းပါတယ်။ ကမ္ဘာ့ဖလားမှာတုန်းကတော့ သူဟာ အကောင်းဆုံး ကစားသမားတစ်ယောက် မဖြစ်ခဲ့ဘူး။ ဒါပေမဲ့လည်း အနည်းနဲ့အများတော့ ခြေစွမ်းပြနိုင်ခဲ့ပါတယ်”ဟု ဆိုသည်။ ၎င်းက “ယူနိုက်တက်ကို သူရောက်သွားတာဟာ ဒါမီယန်အတွက် တကယ့် အခွင့်အရေးကောင်းပဲ။ သူ့ဘဝ တိုးတက်ရာ တိုးတက်ကြောင်းအတွက် ပြောတာပါ။ သူက လူတော် တစ်ယောက်လေ။ သူဟာ လက်ရွေးစင် ဖြစ်ခွင့်ရနေပြီ။ အခုဆို ယူနိုက်တက်လို အသင်းမှာ ကစားရတော့မယ်။ ဒါမီယန်ဟာ အီတလီရဲ့ အကောင်းဆုံး တောင်ပံခံစစ်သမားလို့ ထင်ပါတယ်”ဟုလည်း မှတ်ချက်ပြုသွားသည်။

Soccer Myanmar

စတာလင်ကို သင့်တော်သည့် တန်ဖိုးဖြင့် လီဗာပူးလ် ရောင်းချခြင်းဖြစ်ဟု သွမ်ဆန်နှင့် ကာရေဂါ သုံးသပ်



စတာလင်ကို သင့်တော်သည့် တန်ဖိုးဖြင့် လီဗာပူးလ် ရောင်းချခြင်းဖြစ်ဟု သွမ်ဆန်နှင့် ကာရေဂါ သုံးသပ်-

အင်္ဂလန် ကွင်းလယ်တောင်ပံ ကစားသမား ရာဟင်းမ် စတာလင်သည် ကမ္ဘာ့အဆင့် ကစားသမားတစ်ဦး အဖြစ် သတ်မှတ်၍ မရသေးသော်လည်း ၎င်းကို လီဗာပူးလ်က သင့်တော်သည့် တန်ဖိုးဖြင့် ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း အသင်း နောက်ခံလူဟောင်းများ ဖြစ်သည့် ဖီးလ်သွမ်ဆန်နှင့် ဂျေမီကာရေဂါတို့က သုံးသပ်ပြောကြားလိုက်သည်။
မန်ချက်စတာစီးတီးသည် အန်ဖီးလ်မှ ထွက်ခွာရန် ဆန္ဒရှိနေကြောင်း ပြီးခဲ့သည့် ဘောလုံးရာသီက အတိအလင်း ပြောကြားခဲ့သော အသက် ၂၀ နှစ်အရွယ် စတာလင်ကို ပေါင် ၄၉ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိထားကြောင်း Sky မှ ဖော်ပြခဲ့သည်။
ထို့နောက် ကာရေဂါက “ရာဟင်းမ်က သိပ်ကောင်းတဲ့ လူငယ် ကစားသမားတစ်ယောက်ပါ။ ဒါပေမဲ့သူက အိုဝင်၊ ရွန်နီ၊ ဖောင်လာနဲ့ ဂစ်တို့လို အဆင့်တစ်ခုကို မရောက်သေးပါဘူး။ ဒါကြောင့် ပေါင် ၄၉ သန်းဆိုတာဟာ လီဗာပူးလ်အတွက် သိပ်ကိုကောင်းတဲ့ သဘောတူညီမှုတစ်ရပ် ဖြစ်ပါတယ်။ နောက်ပြီး ဒါဟာ အခြားကလပ်တွေနဲ့ လက်ရှိ ကစားသမားတွေကို သတိပေးလိုက်တာပါပဲ။ အနာဂတ်မှာ လီဗာပူးလ်ရဲ့ ထိပ်တန်း ကစားသမားတွေ တစ်ချိန်တည်းမှာ အစုလိုက်အပြုံလိုက် ထွက်ခွာမှုကို သူတို့ တားဆီးနိုင်ပါလိမ့်မယ်။ ဒီတန်ဖိုးဟာ စတာလင်နဲ့ ထိုက်တန်မှု ရှိ၊ မရှိ ငြင်းခုံနေကြပေမယ့် စီးတီးက ဆုဖလားတွေ ရရှိပြီး ချန်ပီယံလိဂ် အောင်မြင်မှုနဲ့ နီးစပ်ခဲ့မယ်ဆိုရင် ဒါဟာ ထိုက်တန်တယ်လို့ ယူဆနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့အပြင် စတာလင်၏ ပြောင်းရွှေ့ကြေးအတွက် လီဗာပူးလ်က အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ကြောင်း သွမ်ဆန်က ဆိုခဲ့သည်။ ၎င်းက “မန်ချက်စတာစီးတီးက ပေါင် ၂၅ သန်းနဲ့ စကမ်းလှမ်းခဲ့တာပါ။ ဒါဟာ ရယ်စရာပါပဲ။ ဒါပေမဲ့ အသင်းက သင့်တော်တဲ့ ပြောင်းရွှေ့ကြေး ရရှိဖို့အတွက် အကောင်းဆုံး ကိုင်တွယ်ခဲ့ပါတယ်။ စီးတီးက အလားအလာရှိတဲ့ ကစားသမားတစ်ယောက်အတွက် ပေးချေခဲ့တာပါ။ ရာဟင်းမ်က သုံးနှစ်အတွင်းမှာ ဖန်တီးမှု ၁၄ ကြိမ်လောက်အထိ လုပ်ခဲ့ပြီး လိဂ်ဂိုး ၁၈ ဂိုး သွင်းယူခဲ့သူ ဖြစ်ပါတယ်။ ကစားသမားကောင်း တစ်ယောက်ဆိုတာကတော့ သေချာပေမယ့် ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက် မဟုတ်သေးပါဘူး။ ဒါကြောင့်လည်း လီဗာပူးလ် ပရိသတ် တော်တော်များများက သူ အသင်းပြောင်းရွှေ့မယ့်အပေါ် စိတ်မကောင်း မဖြစ်ကြတာပေါ့။ ပြီးခဲ့တဲ့ ဘောလုံးရာသီက သူ့အတွက် အကောင်းဆုံးရာသီ မဟုတ်ခဲ့ပါဘူး။ သူ ခြေစွမ်းပြနိုင်ခဲ့တာက ဆွာရက်ဇ်နဲ့ တွဲကစားတုန်းကပါ။ ပြီးခဲ့တဲ့နှစ်က သူ့ဆီကနေ အများကြီး မျှော်လင့်ခဲ့ကြပေမယ့် သူ မလုပ်ပြနိုင်ခဲ့ပါဘူး” ဟု ပြောကြားခဲ့သည်။
ဆက်လက်ပြီး စတာလင်၏ အနာဂတ်နှင့် ပတ်သက်၍ သွမ်ဆန်က “စီးတီးအနေနဲ့ သူ့ဆီကနေ ခြေစွမ်ကောင်းတွေ ရရှိနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ စီးတီးလူစာရင်းမှာ ခြေစွမ်းကောင်းတဲ့ ကစားသမားတွေ အများကြီးပါ။ ဒါကြောင့် သူ့အနေနဲ့ ပွဲတိုင်း ကစားနိုင်ပါ့မလားဆိုတာကတော့ မေးခွန်းထုတ်စရာပါ” ဟု ဆိုခဲ့သည်။
တစ်ဆက်တည်းမှာပင် လီဗာပူးလ် အနေဖြင့် အသင်း၏ အကောင်းဆုံး ကစားသမားများကို ထိန်းသိမ်းရာတွင် ရုန်းကန်နေရကြောင်း သွမ်ဆန်က ဝန်ခံခဲ့သည်။
“အခုအချိန်မှာ လီဗာပူးလ်က တစ်ဖြည်းဖြည်းနဲ့ ကစားသမားတွေကို ရောင်းချတဲ့အသင်း ဖြစ်လာနေပါပြီ။ လူးဝစ်ဆွာရက်ဇ်က ကမ္ဘာ့အဆင့်ပါ။ စတာလင်ကတော့ ဆွာရက်ဇ်လိုမျိုး ခြေစွမ်း မရသေးပါဘူး။ ဒါပေမဲ့ သူက သိပ်ကောင်းတဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က နေသန်နီရယ် ကလင်းနဲ့ ဂျိမ်းစ်မီလ်နာတို့လို ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့ပါတယ်။ မီလ်နာက တစ်ခြားအသင်းတွေကို ရွေးချယ်ခွင့်ရှိရက်နဲ့ လီဗာပူးလ်ကို ရွေးချယ်ခဲ့တာပါ။ ဒီကစားသမားတွေ ခေါ်ယူနိုင်ခဲ့မှုအပေါ် ကျွန်တော် ကျေနပ်မိပါတယ်” ဟု သွမ်ဆန်က ပြောကြားသွားခဲ့သည်။

Soccer Myanmar
@ Pumta

ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲအတွက် မြန်မာ ယူ-၂၀ အသင်းကို စေလွှတ်ရန် အခက်ကြုံ



ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲအတွက် မြန်မာ ယူ-၂၀ အသင်းကို စေလွှတ်ရန် အခက်ကြုံ

ရွှေဘုတ်

ဇူလိုင် ၁၃၊ ရန်ကုန်။ ။ မြန်မာ့လက်ရွေးစင်အသင်းကြီး၏ ကမ္ဘာ့ဖလားခြေစစ်ပွဲများ ရှိနေသည့်အတွက် လာမည့် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲသို့  မြန်မာ ယူ-၂၀ အသင်းကို စေလွှတ်ရန် အခက်ကြုံလျက်ရှိသည် ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်အောင် က မဇ္ဈိသို့ ပြောသည်။ အဆိုပါပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် နိုဝင်ဘာလ ၂၀ ရက်မှ ၃၀ ရက်ထိ ကျင်းပပြုလုပ်မည် ဖြစ်ပြီး လာရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်နိုင်ငံများကိုမူ တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

“ လာမယ့် ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲကို ၀င်ပြိုင်ဖို့ ကျွန်တော်တို့ဘက်ကတော့ တရားဝင် စာပြန်ပြီးပါပြီ။ ဘယ်နှစ်သင်းလာပြိုင်မယ် ဆိုတာတော့ မသိရသေးပါဘူး။ ယူ-၂၁ အသင်းဆိုတော့ နည်းပြက အမြဲထိတွေ့နေတဲ့ မစ္စတာ ဂတ် လည်းဖြစ်နိုင်ပါတယ်။ အမြန်ဆုံး နည်းပြအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး ညှိသွားမှာပါ။ ယူ-၂၀ အသင်းကို သွားပြိုင်စေချင်ပေမယ့် နိုဝင်ဘာထဲမှာ လက်ရွေးစင်အသင်းခြေစစ်ပွဲ ရှိနေတော့ သူတို့အသင်းမှာ ယူ-၂၀ ကစားသမားတွေ ရွေးဖို့လည်း ရှိနေပါတယ်။ ဒီတခေါက်တော့ လက်ရွေးစင်အသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲဖြစ်တဲ့အတွက် သူတို့ကို ဦးစားပေးပြီး ကျန်တဲ့ အသက်မီတဲ့ ကစားသမားတွေ ရွေးပြီးတော့ သွားပြိုင်ဖို့ စီစဉ်သွားမှာပါ ” ဟု ဦးတင်အောင်က ပြောသည်။

မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်းသည် လက်ရှိတွင် နိုင်ငံတကာပြိုင်ပွဲများ မရှိသည့်အတွက် ကစားသမားများကို သက်ဆိုင်ရာကလပ်အသင်းများသို့ ပြန်လည်စေလွှတ်ခဲ့ပြီး နည်းပြချုပ် ဂတ်ဇီဆီ ဖရိုင်းဒရစ်မှာလည်း အာရှ ယူ-၁၉ ခြေစစ်ပွဲဝင်မည့် မြန်မာ ယူ-၁၈ အသင်းကို တာဝန်ယူကိုင်တွယ်လျက်ရှိသည်။

Soccer Myanmar
Khant Gyi

ချင်းယူနိုက်တက် ကို အနိုင် ကစားပြီး မကွေး ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ကွာတားဖိုင်နယ် တက်ရောက်



ချင်းယူနိုက်တက် ကို အနိုင် ကစားပြီး မကွေး ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ကွာတားဖိုင်နယ် တက်ရောက်

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလား ဘောလုံးပြိုင်ပွဲ ၂၀၁၅ (၁၆) သင်းအဆင့် ပွဲစဉ်တစ်ပွဲ အဖြစ် ယနေ့ ဇူလိုင်လ (၁၂) ရက်နေ့၊ ညနေ (၄) နာရီ တွင် ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစားကွင်း၌ မကွေးအသင်းနှင့် ချင်းယူနိုက်တက် အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားရာ မကွေးအသင်းက (၁) ဂိုး၊ ဂိုးမရှိ ဖြင့် အနိုင်ရယူပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီ ဖြစ်သည်။
အဆိုပါ ပွဲစဉ်တွင် မကွေးအသင်းသည် ကောင်းဆက်နိုင်၊ ဆီလာ၊ နန္ဒကျော်၊ မောင်မောင်စိုး စသည့် အဓိက ကစားသမား အစုံအလင်ဖြင့် ပွဲထွက် လာခဲ့ပြီး ချင်းယူနိုက်တက် အသင်းကလည်း အတောင့်တင်းဆုံး လူစာရင်းဖြင့် မကွေးအသင်းကို ယှဉ်ပြိုင်ကစားခဲ့သည်။ ပထမပိုင်းတွင် နှစ်သင်းစလုံး ဘတစ်ပြန် ကျားတစ်ပြန် ကစားခဲ့သော်လည်း အခွင့်အရေး များကို အပိုင်အသုံးမချ နိုင်ခဲ့သဖြင့် ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပေ။

ဒုတိယပိုင်းတွင် နှစ်သင်းစလုံး လူစားလဲမှုတွေ ပြုလုပ်ပြီး ဂိုးရရှိရေး အပြိုင်အဆိုင် ကြိုးပမ်းခဲ့ရာ ပွဲမှာ ပထမပိုင်း ကထက်ပင် ပိုမို မြိုင်ဆိုင်ခဲ့သည်။ မကွေးအသင်းမှာ ဒုတိယပိုင်းတွင် ပိုမို တိုက်စစ်ဆင် ဖိကစားခဲ့ရာ ပွဲချိန် (၇၉) မိနစ်တွင် နံပါတ် (၂၁) ဆီလာ က (၁၈) ကိုက်စည်းအတွင်း အပိုင်ကန်သွင်းယူ ခဲ့သည်။ လက်ကျန် ပွဲချိန်များတွင် ချင်းယူနိုက်တက် အသင်း ချေပဂိုး ရရှိရေး အပြင်းအထန် ကြိုးပမ်းကစား ခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခြင်း မရှိသဖြင့် မကွေးအသင်း (၁-၀) ချင်းယူနိုက်တက် အသင်း ရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။
ရန်ကုန်မြို့၊ အောင်ဆန်း အားကစားကွင်းတွင် ယနေ့ တစ်ချိန်တည်း ယှဉ်ပြိုင်ကစား ခဲ့သည့် GFA အသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့ ပွဲစဉ်တွင် GFA အသင်းက တစ်ဂိုး ဂိုးမရှိ အနိုင်ရယူ နိုင်ခဲ့သဖြင့်
ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလား ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် မကွေးအသင်းနှင့် GFA အသင်းတို့ တွေ့ဆုံကြတော့မည် ဖြစ်သည်။ မကွေးအသင်းနှင့် ချင်းယူနိုက်တက် အသင်း ပွဲပြီး သတင်းစာ ရှင်းလင်းပွဲတွင် မကွေးအသင်းနည်းပြချုပ် ဦးကြည်လွင်က ယခုပွဲ အနိုင် ရရှိခဲ့သော်လည်း
မိမိ ကစားသမားများ အဆုံးသတ်ပိုင်း အားနည်းခဲ့ကြောင်း၊ တစ်ပွဲချင်းစီကို အာရုံ စိုက်ထားကြောင်းနှင့် နောက်တစ်ဆင့်တွင် မည်သည့် အသင်းနှင့် တွေ့ဆုံသည် ဖြစ်စေ အကောင်းဆုံး ယှဉ်ပြိုင် ကစားသွားမည် ဖြစ်ကြောင်း ပြောကြား သွားခဲ့သည်။

Soccer Myanmar
Khant Gyi

GFA ကို ရှုံးနိမ့်ပြီး ဗိုလ်ချူပ်အောင်ဆန်းဒိုင်း ဒုတိယ အဆင့်မှ ထွက်ခွာခဲ့ရသည့် ရန်ကုန်ယူနိုက်တက်



GFA ကို ရှုံးနိမ့်ပြီး ဗိုလ်ချူပ်အောင်ဆန်းဒိုင်း ဒုတိယ အဆင့်မှ ထွက်ခွာခဲ့ရသည့် ရန်ကုန်ယူနိုက်တက်

ဗိုလ်ချူပ် အောင်ဆန်းဒိုင် ရှုံးထွက် ဘောလုံးပြိုင်ပွဲ ဒုတိယ အဆင့် ပွဲစဉ်တွေကို ယမန်နေ့ ညနေပိုင်းမှာ ဆက်လက် ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက် အသင်းဟာGFA အသင်းကို တစ်ဂိုး ဂိုး မရှိဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ ရပါသည်။

ရန်ကုန် ယူနိုက်တက် ဘောလုံး အသင်းဟာ ပွဲထွက် ကစားသမား စာရင်းကို အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ဒဏ်ရာ ရနေတဲ့ ကျော်ကိုကို၊ ကြည်လင်းတို့ နေရာမှာ အောင်ကျော်ထွေးနဲ့ ဇွန်မိုးအောင်တို့ကို ထည့်သွင်း ကစားခဲ့ပါသည်။
ပွဲအစကတည်းက ရန်ကုန် ယူနိုက်တက် အသင်းက ဖိကစားခဲ့ပြီး ပွဲချိန် မိနစ်သုံးဆယ်ကျော်မှာ ပိုမိုဖိ ကစားလာ ခဲ့ပေမယ့် တိုက်စစ်မှူး ဆီဇာနဲ့ အောင်ကျော်ထွေးတို့ဟာ အဆုံးသတ် မသေချာတာကြောင့် ပထမပိုင်းမှာ ဂိုးမရှိ သရေ ဖြစ်နေခဲ့ပါသည်။

ဒုတိယပိုင်းမှာလည်း ရန်ကုန်ယူနိုက်တက် အသင်းဟာ ပထမပိုင်းက အတိုင်း ဆက်လက်ဖိ ကစားနေခဲ့ပေမယ့် ဂိုးရရှိ သွားတာကတော့ GFA အသင်းဖြစ်ပြီး တန်ပြန်တိုက်စစ်မှ တဆင့် ကျောနံပါတ်ခြောက်က သွင်းယူပေးခဲ့တာ ဖြစ်ပါသည်။ ဂိုးရရှိတာကြောင့်GFA အသင်း အနေနဲ့ ခံစစ်ကို ပိုမို အားပြု ကစားခဲ့တာကြောင့် ရန်ကုန်ယူနိုက်တက် ဘောလုံး အသင်း အနေနဲ့ ဂိုးရဖို့ ပိုခက်ခဲ လာခဲ့ပါတယ်။ ရန်ကုန်ယူနိုက်တက် နည်းပြချူပ် ဂျီဆစ်ဟာ သန်းပိုင်၊ သန်းထိုက်အောင်တို့ကို ထပ်မံ ထည့်သွင်းကာ ဂိုးရ ဖို့ကို ကြိုးစား ကစားခဲ့ပါသည်။ သို့သော် သန်းပိုင်ဒဏ်ရာ အနည်းငယ် ရနေခြင်း၊ တိုက်စစ်မှူး ဆီဇာဂိုး ကံခေနေခြင်းတို့ကြောင် ဂိုးမရပဲ ပြီးဆုံးခဲ့ပါသည်။
GFA အသင်းဟာ မြန်မာနေရှင်နယ်လိဂ် သမိုင်းတစ်လျှောက်မှာ ရန်ကုန်ယူနိုက်တက် အသင်းကို ပထမဆုံးအကြိမ် အနိုင်ရခဲ့တာဖြစ်ပြီး ရန်ကုန်ယူနိုက်တက် အသင်းအနေနဲ့ သမိုင်း တစ်လျှောက်မှာ ပထမဆုံးအကြိမ် ယခုအဆင့်မှထွက်လိုက်ရတာ ဖြစ်ပါသည်။

Soccer Myanmar
Khant Gyi

မိမိ ကစားသမားတွေ အဆုံးသတ်ပိုင်းမှာ အာရုံ စူးစိုက်မှု နည်းခဲ့တယ်လို့ ရန်ကုန်ယူနိုက်တက် နည်းပြချူပ် ဂျီဆစ်ပြော



မိမိ ကစားသမားတွေ အဆုံးသတ်ပိုင်းမှာ အာရုံ စူးစိုက်မှု နည်းခဲ့တယ်လို့ ရန်ကုန်ယူနိုက်တက် နည်းပြချူပ် ဂျီဆစ်ပြော

မိမိ ကစားသမားတွေ အဆုံးသတ်ပိုင်းမှာ အာရုံ စူးစိုက်မှု နည်းခဲ့တယ်လို့ GFA ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါသည်။
ညနေပိုင်းမှာ ကစားခဲ့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက် ဒုတိယ အဆင့် ပွဲစဉ် GFA ကို ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်းမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါသည်။
“ကျွန်တော်တို့ အသင်း အနေနဲ့ တစ်ပွဲလုံးမှာ ဂိုးသွင်းခွင့်တွေ အများကြီး ရခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် အဆုံးသတ်ပိုင်းမှာ အာရုံ စူးစိုက်မှု လျော့နည်း ခဲ့ပါတယ်။ ပြိုင်ဘက် အသင်းကတော့ သူတို့ လုပ်စရာ ရှိတာကို လုပ်သွားတာပါ” လို့ ရန်ကုန်ယူနိုက်တက် အသင်း နည်းပြချုပ် ဂျီဆစ်က သတင်းထောက်တွေရဲ့ မေးမြန်းမှုတွေ ဖြေကြားပါသည်။
ရန်ကုန် ယူနိုက်တက် အသင်းဟာ ဗိုလ်ချုပ်အောင်ဆန်း ဒိုင်းပြိုင်ပွဲမှာ ထွက်ခဲ့ ရတာကြောင့် ယခု နှစ်ရာသီမှာ ရရှိဖို့ ကြိုးစားနေတဲ့ ဖလားနှစ်လုံးထဲက တစ်လုံးကို လက်လွတ် ခဲ့ရပြီ ဖြစ်ပါသည်။

Soccer Myanmar
Khant Gyi

Saturday, July 11, 2015

ယူနိုက်တက်သို့ ပြောင်းရွှေ့ရန် ရှဝိန်းစတိုင်ဂါ သဘော တူညီလိုက်ပြီဟု သတင်းများ ထွက်ပေါ်



ယူနိုက်တက်သို့ ပြောင်းရွှေ့ရန် ရှဝိန်းစတိုင်ဂါ သဘော တူညီလိုက်ပြီဟု သတင်းများ ထွက်ပေါ်--

မန်ချက်စတာ ယူနိုက်တက် အသင်းသည် ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဘက်စတိန်း ရှဝိန်းစတိုင်ဂါကို ခေါ်ယူရန် သဘော တူညီမှု ရရှိ သွားပြီဟု သတင်းများ ထွက်ပေါ်လာသည်။

ဂျာမန်နှင့် အင်္ဂလန် မီဒီယာ အချို့က အသက်(၃၀)အရွယ် ရှဝိန်းစတိုင်ဂါကို ယူနိုက်တက်က တစ်နှစ်လုပ်ခ ပေါင်စတာလင် (၇.၂)သန်း ပေးချေကာ (၃)နှစ် စာချုပ်သွားဖွယ် ရှိနေကြောင်း ဖော်ပြခဲ့သည်။ ရှဝိန်းစတိုင်ဂါနှင့် ယူနိုက်တက်တို့ကြား ပုဂ္ဂိုလ်ရေး သဘော တူညီမှု ရရှိထားသော်လည်း ဂျာမန်ချန်ပီယံ အသင်းက ပေါင်စတာလင် (၁၅)သန်းတန် ကမ်းလှမ်းမှုမျိုးကို စောင့်မျှော်နေဖွယ်ရှိကြောင်း သိရသည်။ ဂျာမန် သတင်းစာ Bildက ရှဝိန်းစတိုင်ဂါသည် ဆရာဟောင်း လူးဝစ်ဗန်ဂါးလ်နှင့် တစ်ကျော့ပြန် ပူးပေါင်းရန် ဆန္ဒရှိကြောင်း ဘိုင်ယန်အသင်း တာဝန်ရှိသူများထံ အသိပေးပြီး အင်္ဂလန်သို့ သွားရောက်ရန် အသင့်ရှိနေပြီဟု ဖော်ပြခဲ့သည်။

အကယ်၍ အသင်းနှစ်ခုကြား ပြောင်းရွှေ့ကြေး သဘော တူညီမှု ရရှိပါက ရှဝိန်းစတိုင်ဂါသည် အိုးလ်ထရက်ဖို့ဒ်သို့ လျင်လျင်မြန်မြန် ရောက်ရှိလာနိုင်သည်။ သို့သော်လည်း ယူနိုက်တက် အသက်(၃၀)ကျော် ကစားသမား တစ်ယောက်အတွက် မြင့်မားသည့် ပြောင်းရွှေ့ကြေးမျိုး ပေးချေရန် အတန်ငယ် ဆုတ်ဆိုင်းလျက် ရှိသည်။ ဗန်ဂါးလ်သည် အသင်း လူစာရင်းကို ဘက်ညီမျှတစွာ တည်ဆောက်ရန် ကြိုးပမ်းနေရာ မမ်းဖစ်ဒီပေး ကဲ့သို့ လူငယ်ခြေတက်များ အပြင် အသင်းကို ထိန်းကျောင်း ဦးဆောင်မည့် ရှဝိန်းစတိုင်ဂါ ကဲ့သို့ ဝါရင့် ကစားသမားမျိုးကိုပါ ခေါ်ယူရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

ယူနိုက်တက်သည် တိုရီနိုမှ အီတလီ လက်ရွေးစင် ညာနောက်ခံလူ မက်တီယို ဒါမီယန်ကို ဝယ်ယူရန်လည်း သဘော တူညီမှု ရရှိထားပြီး ယခုရက်ပိုင်းအတွင်း အပြီးသတ် စာချုပ်သွားဖွယ် ရှိနေကြောင်း သိရှိရသည်။

Soccer Myanmar
Pumta