Pages

Subscribe:

Friday, July 17, 2015

ကာဆီလာအတွက် ရီးယဲလ်၏ ကမ်းလှမ်းမှုကို တားဆီးရန် မလွယ်ဟု အက်စ်ပန်ညိုနည်းပြ ဝန်ခံ-



ကာဆီလာအတွက် ရီးယဲလ်၏ ကမ်းလှမ်းမှုကို တားဆီးရန် မလွယ်ဟု အက်စ်ပန်ညိုနည်းပြ ဝန်ခံ-

ရီးယဲလ်မက်ဒရစ်က အလေးအနက် ကမ်းလှမ်းမှု ပြုလုပ်လာလျှင် မိမိတို့ ဂိုးသမား ကီကို ကာဆီလာကို ဆက်လက် ထိန်းသိမ်းထားရန် မဖြစ်နိုင်ဟု အက်စ်ပန်ညိုနည်းပြ ဆာဂျီယို ဂွန်ဇာလက်ဇ်က ဝန်ခံ ပြောကြားလိုက်သည်။

ရီးယဲလ်သည် ၎င်းတို့၏ သက်တော်ရှည် ဝါရင့်ဂိုးသမားကြီး အိုင်ကာ ကားဆီးလက်စ်ကို ပေါ်တိုသို့ ပြောင်းရွှေ့ခွင့် ပြုခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက်မှ ဒေးဗစ်ဒီဂီယာကို အလေးအနက် ချိတ်ဆက်ခဲ့သည်။ သို့သော်လည်း စပိန်လက်ရွေးစင် ဒီဂီယာအတွက် ယူနိုက်တက်က ခေါ်ဈေးမြင့်မြင့် တောင်းဆိုနေသည့်နောက် ရီးယဲလ်၏ အာရုံသည် ကာဆီလာဘက် ပြောင်းလဲ ကျရောက်လာသည်။ ရီးယဲလ်သည် ကာဆီလာအတွက် ကနဦးအဆင့် တစ်ကြိမ် ချဉ်းကပ်ခဲ့ရာ အက်စ်ပန်ညိုက ပယ်ချထားသော်လည်း ဂွန်ဇာလက်ဇ် ကိုယ်တိုင်က ရီးယဲလ်ထံ ပြောင်းရွှေ့နိုင်မည့် အခွင့်အရေးကို ငြင်းဆန်နိုင်မည် မထင်ကြောင်း ဖွင့်ဟခဲ့သည်။

“တချို့ ကမ်းလှမ်းမှုတွေမှာ ကိုယ်က တစ်ခုခု ဝင်ပါလို့ ရကောင်းရမယ်။ ဒါပေမဲ့ ဒီလိုအဆင့်မျိုးနဲ့ အသင်းတစ်သင်းဆီက ကမ်းလှမ်းလာတဲ့အခါ ကစားသမားက သွားချင်မှာပဲလေ။ တချို့ ကိစ္စတွေကို မျက်လုံးမှိတ်ပြီး လက်ခံလိုက်ရတာတွေ ရှိပါတယ်”ဟု ဂွန်ဇာလက်ဇ်က မှတ်ချက်ပြုခဲ့သည်။ ၎င်းက အသက်(၂၈)နှစ်ရှိ ကာဆီလာ၏ ပရော်ဖက်ရှင်နယ် ပီသမှုကို အသိအမှတ် ပြုခဲ့ပြီး မီဒီယာများက အပြောင်းအရွှေ့ ကိစ္စကို တွင်တွင်ရေးသား ဖော်ပြနေသော်လည်း ကစားသမားက လေ့ကျင့်ရေး ကဏ္ဍကို အပြည့်အဝ အာရုံစိုက်ထားကြောင်း ပြောကြားခဲ့သည်။

“ကာဆီလာက အားကြိုးမာန်တက် လေ့ကျင့်နေပါတယ်။ ဘာမှ ဖြစ်မနေသလိုပါပဲ။ ပြီးတော့ သူ့အသင်းဖော်တွေနဲ့လည်း အဆင်ပြေပြေ အကူအညီ ပေးနေပါတယ်။ ဒီဖြစ်ရပ်မှာ သူ့အနေနဲ့ အဓမ္မ ဖိအားပေးတာမျိုး လုံးဝ မလုပ်ပါဘူး။ သူလို ကစားသမားမျိုးကို ပိုင်ဆိုင်ရတာ အက်စ်ပန်ညို ကံကောင်းခဲ့ပါတယ်”ဟု ဂွန်ဇာလက်ဇ်က ချီးကျူးသွားသည်။ ကာဆီလာသည် လူငယ်ကစားသမားဘဝကို ရီးယဲလ်တွင် ဖြတ်သန်းခဲ့ဖူးပြီး ရီးယဲလ် အရန်အသင်းအတွက်လည်း ကစားခဲ့ဖူးသည်။ ၎င်းသည် (၂၀၀၈)ခုနှစ် ကတည်းက အက်စ်ပန်ညို အသင်းကို မိမိ၏ အိမ်ဟု သတ်မှတ်ကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့သူ ဖြစ်သည်။

soccer myanmar

@ pumta

0 comments:

Post a Comment