Pages

Subscribe:

Wednesday, July 1, 2015

ရှက်တာဒိုးနက်စ်မှ ဒေါက်ကလပ်စ် ကော်စတာကို ယူရို သန်း ၃၀ ဖြင့် ဘိုင်ယန်မြူးနစ် ခေါ်ယူ



ရှက်တာဒိုးနက်စ်မှ ဒေါက်ကလပ်စ် ကော်စတာကို ယူရို သန်း ၃၀ ဖြင့် ဘိုင်ယန်မြူးနစ် ခေါ်ယူ

ဘိုင်ယန်မြူးနစ်သည် ရှက်တာဒိုးနက်စ် တိုက်စစ်ကစားသမား ဒေါက်ကလပ်စ် ကော်စတာကို ယူရို သန်း ၃၀ (စတာလင်ပေါင် ၂၁.၃ သန်း) ဖြင့် အပြီးသတ် ခေါ်ယူနိုင်ခဲ့သည်။

အသက် ၂၄ နှစ်အရွယ် ကော်စတာသည် ဘွန်ဒက်စ်လီဂါ ချန်ပီယံအသင်းတွင် ၂၀၂၀ ခုနှစ်အထိ ရှိနေမည့် စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့သည်။ ၎င်းသည် ဘိုင်ယန်မြူးနစ်တွင် နံပါတ် ၁၁ ဂျာစီကို ဝတ်ဆင် ကစားမည် ဖြစ်သည်။

ဘရာဇီးလ်အသင်းတွင် ၉ ပွဲ ပါဝင်ကစားထားသည့် ကော်စတာသည် ဘိုင်ယန်မြူးနစ်တွင် ဒဏ်ရာများနှင့် ရုန်းကန်နေရသည့် ကစားသမားဖြစ်သော အာဂျန်ရော်ဘန်နှင့် ဖရန့်ခ်ရစ်ဘာရီတို့၏နောက် ဦးစားပေး ကစားသမား ဖြစ်လာမည် ဖြစ်သည်။

“ရှက်တာဒိုးနက်စ်နဲ့ ဘိုင်ယန်မြူးနစ်တို့က ဒေါက်ကလပ်စ် ကော်စတာရဲ့ အပြောင်းအရွှေ့အတွက် သဘောတူညီမှု ရရှိခဲ့ပါတယ်။ ရှက်တာအနေနဲ့ ဒေါက်ကလပ်စ်ရဲ့ အသင်းမှာ ကစားခဲ့တဲ့အချိန်တွေအပေါ် ကျေးဇူးတင်ပါတယ်။ သူ့အနေနဲ့ အသင်းသစ်မှာ အောင်မြင်မှုရရှိပါစေလို့ ဆန္ဒပြုပါတယ်” ဟု အသင်း၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment