Pages

Subscribe:

Tuesday, July 14, 2015

ထိပ်တန်းအဆင့် ကွင်းလယ်လူများကို ယူနိုက်တက် ခေါ်ယူလိုက်နိုင်ဟု ဝင်းဂါး မှတ်ချက်ပြု-



ထိပ်တန်းအဆင့် ကွင်းလယ်လူများကို ယူနိုက်တက် ခေါ်ယူလိုက်နိုင်ဟု ဝင်းဂါး မှတ်ချက်ပြု-

မန်ချက်စတာ ယူနိုက်တက် အသစ်ခေါ်ယူလိုက်သည့် ကွင်းလယ် ကစားသမား နှစ်ဦးစလုံးသည် ထိပ်တန်း အဆင့်ဖြစ်ကြောင်း အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ဝန်ခံ ပြောကြားလိုက်သည်။

ယူနိုက်တက်သည် ဆောက်သမ်တန်မှ မော်ဂန် ရှနိုက်ဒါလင်နှင့် ဘိုင်ယန်မြူးနစ်မှ ဘက်စတီယန် ရှဝိန်းစတိုင်ဂါတို့ကို တပြိုင်တည်း စာချုပ် ခေါ်ယူခဲ့ပြီး ရာသီသစ်အတွက် ပြင်ဆင်နေမှု အရှိန်အဟုန်ကို မြှင့်တင်နိုင်ခဲ့သည်။ ပြင်သစ် လက်ရွေးစင် ရှနိုက်ဒါလင်ကို အာဆင်နယ်ကလည်း ချိတ်ဆက်ခဲ့သေးသည့်တိုင် ကစားသမားသည် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်၏ ကမ်းလှမ်းမှုကိုသာ လက်ခံခဲ့ခြင်း ဖြစ်သည်။ ပြင်သစ်သား မန်နေဂျာကြီး ဝင်းဂါးက ယူနိုက်တက်သည် ထိပ်တန်းအဆင့် ကစားသမား နှစ်ဦးကို လက်ဝယ်ပိုင်ဆိုင်သွားပြီဟု အသိအမှတ် ပြုခဲ့သည်။

ယူနိုက်တက်သည် ယခုနွေရာသီတွင် မမ်းဖစ်ဒီပေးနှင့် မက်တီယို ဒါမီယန်တို့ကိုလည်း ခေါ်ယူထားပြီးဖြစ်ရာ ကစားသမားသစ် (၄)ဦးထိ ဖြည့်တင်းထားနိုင်ပြီး ဖြစ်နေသည်။ ဝင်းဂါးက “ပြီးခဲ့တဲ့ရာသီက အမှတ်ပေးဇယား ထိပ်ဆုံး (၃)သင်း အပြင်ဘက်ကို ရောက်သွားတဲ့အပေါ် ယူနိုက်တက်က ဘယ်လိုမှ ကျေနပ်နိုင်မှာ မဟုတ်မှန်း ကျွန်တော်တို့ သိပြီးသားပါ။ အဲဒီအတွက် သူတို့က တုံ့ပြန်လာမှာပဲ။ ယူနိုက်တက်ဟာ စိတ်ဝင်စားစရာ စာချုပ်ခေါ်ယူမှု တချို့ကို ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီ ဖြတ်သန်းနေချိန်မှာ ကွင်းလယ်ကို ပြန်ပြင်သင့်တယ်လို့ သူတို့ အဖြေထုတ်ခဲ့ပုံပဲ။ အရေးပါတဲ့ ကစားသမား နှစ်ယောက်ကို ခေါ်လိုက်တယ်။ ရှဝိန်းစတိုင်ဂါနဲ့ ရှနိုက်ဒါလင်တို့ဟာ တကယ့် ထိပ်တန်းအဆင့် ကစားသမား နှစ်ယောက်ပါ”ဟု ဆိုသည်။

၎င်းက “ရှနိုက်ဒါလင်ဟာ အမြင့်ဆုံး အဆင့်ကို တက်လှမ်းနေတဲ့ ကစားသမားဖြစ်ပြီး ရှဝိန်းစတိုင်ဂါကတော့ အရာအားလုံး သက်သေပြပြီးပါပြီ။ သူတို့အနေနဲ့ တခြား ယူနိုက်တက် ကစားသမားတွေနဲ့ ချိတ်ဆက် ကစားရင် ဘာဖြစ်လာမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ”ဟုလည်း မှတ်ချက်ပြုသွားသည်။

Soccer Myanmar
@ pumta

0 comments:

Post a Comment