Pages

Subscribe:

Wednesday, July 1, 2015

ရိုးမားနှင့် သတင်းများကို ဂျက်ကို၏ အေးဂျင့်ငြင်းဆို



ရိုးမားနှင့် သတင်းများကို ဂျက်ကို၏ အေးဂျင့်ငြင်းဆို

ရိုးမားအသင်းသို့ ပြောင်းရွှေ့ရန် ချိတ်ဆက်ဆွေးနွေးမှုများ ရှိနေကြောင်း သတင်းများကို အီဒင်ဂျက်ကို၏ အေးဂျင့်က ငြင်းဆိုသွားခဲ့သည်။

ဘော့စ်နီးယား လက်ရွေးစင် တိုက်စစ်မှူးသည် မန်ချက်စတာ စီးတီးမှ ထွက်ခွာဖြစ်မည် မဟုတ်ဘဲ လာမည့်ရာသီ အစ်တီဟတ်တွင်သာ ဆက်ရှိနေမည်ဟု ၎င်း၏ အေးဂျင့်ဖြစ်သူ အာဖန် ရက်ဇီပါဂစ်က ဆိုသည်။ အစောပိုင်းတွင် ကောလာဟလ သတင်းများက ရိုးမားသည် ဂျက်ကိုအား ချိတ်ဆက်နေပြီး မန်စီးတီးကလည်း ကစားသမားကို ရောင်းထုတ်ရန် စီစဉ်နေကြောင်း ဖော်ပြလာခဲ့သည်။ ထို့အပြင် ရိုးမားကွင်းလယ်လူ မီရာလမ် ယာနစ်ကလည်း မိမိ၏ လက်ရွေးစင် အသင်းဖော်သည် ရောမမြို့တော်သို့ ပြောင်းရွှေ့လာဖွယ် ရှိကြောင်း မှတ်ချက်ပေးခဲ့သည်။

သို့သော်လည်း ဂျက်ကို၏ အေးဂျင့်ဖြစ်သူ ရက်ဇီပါဂစ်က “ယာနစ်ရဲ့ မှတ်ချက်ကို ကြားရတာ အံ့ဩစရာပဲ။ ဂျက်ကိုရဲ့ အေးဂျင့်ဖြစ်တဲ့ ကျွန်တော်တောင် မသိတဲ့ ကိစ္စကို သူက သိနေလို့လေ”ဟု ဆိုသည်။ ၎င်းက “ကျွန်တော် ရိုးမားနဲ့ ဘာအဆက်အသွယ်မှ မရှိပါဘူး။ ဒါမှမဟုတ် တခြားအသင်း တစ်ခုခုနဲ့ အပြောင်းအရွှေ့ကိစ္စ စကားပြောတာမျိုးလည်း မရှိဘူး။ ဒီကိစ္စဟာ ငွေကြေးနဲ့လည်း မဆိုင်ပါဘူး။ ဂျက်ကို ကိုယ်တိုင်က မန်စီးတီးကို စွန့်ခွာဖို့ စိတ်ကူးမရှိတာပါ”ဟု ပြောကြားသွားခဲ့သည်။

အသက်(၂၉)နှစ်ရှိ ဂျက်ကိုသည် မန်စီးတီးတွင် စာချုပ်သက်တမ်း (၃)နှစ် ကျန်နေဆဲ ဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့် ရာသီက မန်စီးတီးအတွက် ပရီးမီးယားလိဂ်တွင် (၁၂)ပွဲသာ ပွဲထွက်ခွင့် ရခဲ့ပြီး (၆)ဂိုး သွင်းယူခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment