Pages

Subscribe:

Monday, July 13, 2015

ချင်းယူနိုက်တက် ကို အနိုင် ကစားပြီး မကွေး ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ကွာတားဖိုင်နယ် တက်ရောက်



ချင်းယူနိုက်တက် ကို အနိုင် ကစားပြီး မကွေး ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ကွာတားဖိုင်နယ် တက်ရောက်

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလား ဘောလုံးပြိုင်ပွဲ ၂၀၁၅ (၁၆) သင်းအဆင့် ပွဲစဉ်တစ်ပွဲ အဖြစ် ယနေ့ ဇူလိုင်လ (၁၂) ရက်နေ့၊ ညနေ (၄) နာရီ တွင် ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစားကွင်း၌ မကွေးအသင်းနှင့် ချင်းယူနိုက်တက် အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားရာ မကွေးအသင်းက (၁) ဂိုး၊ ဂိုးမရှိ ဖြင့် အနိုင်ရယူပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီ ဖြစ်သည်။
အဆိုပါ ပွဲစဉ်တွင် မကွေးအသင်းသည် ကောင်းဆက်နိုင်၊ ဆီလာ၊ နန္ဒကျော်၊ မောင်မောင်စိုး စသည့် အဓိက ကစားသမား အစုံအလင်ဖြင့် ပွဲထွက် လာခဲ့ပြီး ချင်းယူနိုက်တက် အသင်းကလည်း အတောင့်တင်းဆုံး လူစာရင်းဖြင့် မကွေးအသင်းကို ယှဉ်ပြိုင်ကစားခဲ့သည်။ ပထမပိုင်းတွင် နှစ်သင်းစလုံး ဘတစ်ပြန် ကျားတစ်ပြန် ကစားခဲ့သော်လည်း အခွင့်အရေး များကို အပိုင်အသုံးမချ နိုင်ခဲ့သဖြင့် ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပေ။

ဒုတိယပိုင်းတွင် နှစ်သင်းစလုံး လူစားလဲမှုတွေ ပြုလုပ်ပြီး ဂိုးရရှိရေး အပြိုင်အဆိုင် ကြိုးပမ်းခဲ့ရာ ပွဲမှာ ပထမပိုင်း ကထက်ပင် ပိုမို မြိုင်ဆိုင်ခဲ့သည်။ မကွေးအသင်းမှာ ဒုတိယပိုင်းတွင် ပိုမို တိုက်စစ်ဆင် ဖိကစားခဲ့ရာ ပွဲချိန် (၇၉) မိနစ်တွင် နံပါတ် (၂၁) ဆီလာ က (၁၈) ကိုက်စည်းအတွင်း အပိုင်ကန်သွင်းယူ ခဲ့သည်။ လက်ကျန် ပွဲချိန်များတွင် ချင်းယူနိုက်တက် အသင်း ချေပဂိုး ရရှိရေး အပြင်းအထန် ကြိုးပမ်းကစား ခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခြင်း မရှိသဖြင့် မကွေးအသင်း (၁-၀) ချင်းယူနိုက်တက် အသင်း ရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။
ရန်ကုန်မြို့၊ အောင်ဆန်း အားကစားကွင်းတွင် ယနေ့ တစ်ချိန်တည်း ယှဉ်ပြိုင်ကစား ခဲ့သည့် GFA အသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့ ပွဲစဉ်တွင် GFA အသင်းက တစ်ဂိုး ဂိုးမရှိ အနိုင်ရယူ နိုင်ခဲ့သဖြင့်
ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလား ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် မကွေးအသင်းနှင့် GFA အသင်းတို့ တွေ့ဆုံကြတော့မည် ဖြစ်သည်။ မကွေးအသင်းနှင့် ချင်းယူနိုက်တက် အသင်း ပွဲပြီး သတင်းစာ ရှင်းလင်းပွဲတွင် မကွေးအသင်းနည်းပြချုပ် ဦးကြည်လွင်က ယခုပွဲ အနိုင် ရရှိခဲ့သော်လည်း
မိမိ ကစားသမားများ အဆုံးသတ်ပိုင်း အားနည်းခဲ့ကြောင်း၊ တစ်ပွဲချင်းစီကို အာရုံ စိုက်ထားကြောင်းနှင့် နောက်တစ်ဆင့်တွင် မည်သည့် အသင်းနှင့် တွေ့ဆုံသည် ဖြစ်စေ အကောင်းဆုံး ယှဉ်ပြိုင် ကစားသွားမည် ဖြစ်ကြောင်း ပြောကြား သွားခဲ့သည်။

Soccer Myanmar
Khant Gyi

0 comments:

Post a Comment