Pages

Subscribe:

Saturday, July 11, 2015

ကာဘာယီကို သုံးနှစ် စာချုပ်ဖြင့် ခရစ္စတယ်ပဲလေ့စ် ခေါ်ယူ



ကာဘာယီကို သုံးနှစ် စာချုပ်ဖြင့် ခရစ္စတယ်ပဲလေ့စ် ခေါ်ယူ

ခရစ္စတယ်ပဲလေ့စ်သည် ပြင်သစ် ကွင်းလယ်ကစားသမား ယိုဟန်ကာဘာယီကို ပီအက်စ်ဂျီထံမှ သုံးနှစ်စာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ကြောင်း အတည်ပြု ကြေညာခဲ့သည်။

ခရစ္စတယ်ပဲလေ့စ်သည် အသင်းမန်နေဂျာ အလန်ပါဂျူးနှင့် ပြန်လည်ပေါင်းစည်းမည့် နယူးကာဆယ် ကစားသမားဟောင်း ကာဘာယီအတွက် ပေါင် ၁၀ သန်းကျော် သုံးစွဲခဲ့ကြောင်း Goal မှ ဖော်ပြခဲ့သည်။

“ကျွန်တော် ဒီကို ပြောင်းရွှေ့ခွင့်ရတာ အရမ်းကို ပျော်ရွှင်မိပါတယ်။ ရာသီသစ်မှာ အသင်းသစ်နဲ့အတူ ကစားသမားဘဝ ပြန်စဖို့အတွက် မစောင့်နိုင်တော့ပါဘူး။ ဒီအသင်းမှာ ခြေစွမ်းကောင်းတဲ့ ကစားသမားတွေရှိတဲ့အတွက်ကြောင့် ပဲလေ့စ်မှာ လာကစားဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူတို့ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အကောင်းဆုံး ကစား ခဲ့ပါတယ်။ ဒီနှစ်မှာလည်း ထိပ်ဆုံး ၈ သင်းထဲမှာ ပါဝင်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အသင်း မန်နေဂျာရဲ့ အကြောင်းကိုလည်း ကောင်းကောင်းကြီး သိထားပါတယ်။ သူနဲ့ နယူးကာဆယ်မှာတုန်းက လက်တွဲ ခဲ့ဖူးတာကြောင့် သူ့အပေါ် ကျွန်တော် ယုံကြည်မှုရှိပါတယ်။ ဒီကို ပြောင်းရွှေ့ခွင့်ရအောင် သူက အပြင်းအထန်ကြိုးစားခဲ့တဲ့ အတွက် ကျွန်တော့်အနေနဲ့ သူ့အတွက် အကောင်းဆုံး ကစားဖို့ ဆန္ဒရှိပါတယ်” ဟု ကာဘာယီက ပြောကြားခဲ့သည်။

ကာဘာယီသည် စိန့်ဂျိမ်းပတ်ခ်တွင် အလန်ပါဂျူး လက်အောက်၌ သုံးနှစ်ကြာ ကစားခဲ့ပြီး ထိုစဉ်က ပရီးမီးယားလိဂ်၏ ထိပ်တန်း ကွင်းလယ်ကစားသမားများ အနက် တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။ ၎င်းသည် ၂၀၁၄ ခုနှစ် အစောပိုင်းတွင် ပေါင် သန်း ၂၀ နီးပါးဖြင့် ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ခဲ့သူ ဖြစ်သည်။

Soccer Myanmar
Khant Gyi

0 comments:

Post a Comment