Pages

Subscribe:

Sunday, July 5, 2015

ကာဘာယီကို ခေါ်ယူရန် ကြိုးပမ်းနေကြောင်း ခရစ္စတယ်ပဲလေ့စ် အတည်ပြု



ကာဘာယီကို ခေါ်ယူရန် ကြိုးပမ်းနေကြောင်း ခရစ္စတယ်ပဲလေ့စ် အတည်ပြု

ယိုဟန် ကာဘာယီကို ပီအက်စ်ဂျီမှ ခေါ်ယူရန် ကြိုးပမ်းနေကြောင်း ခရစ္စတယ်ပဲလေ့စ်အသင်း တွဲဖက်ဥက္ကဋ္ဌ စတိဗ်ပဲရစ်ရှ်က အတည်ပြု ပြောကြားလိုက်သည်။

ခရစ္စတယ်ပဲလေ့စ် မန်နေဂျာ အလန်ပါဂျူးသည် နယူးကာဆယ်ယူနိုက်တက် ကွင်းလယ်ဖန်တီးရှင်ဟောင်း ဖြစ်သူ ကာဘာယီနှင့် ပြန်လည်လက်တွဲရန် ဆန္ဒရှိနေသည်။

Goal ၏ အဆိုအရ ရိုးမားသည် ပြင်သစ် ကစားသမားကို နွေရာသီတွင် ခေါ်ယူရန် ချိတ်ဆက်မှုများ ပြုလုပ်ခဲ့သလို ခရစ္စတယ်ပဲလေ့စ်ကလည်း ၎င်းကစားသမားကို အရခေါ်ယူနိုင်ရန် မျှော်လင့်ထားလျက်ရှိသည်။

“ဒါက ကျွန်တော်တို့ သေချာပေါက်လုပ်ဖို့ ဆန္ဒရှိတဲ့အရာပါ။ သူ့ကို အရခေါ်ယူနိုင်ခဲ့ရင် ဒါဟာ အသင်းအတွက် ကြီးမားတဲ့ အောင်မြင်မှုပါပဲ။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ပရီးမီးယားလိဂ်မှာ အဆင့် ၁၀ အတွင်း ရပ်တည်နိုင်ဖို့ပါ။ ဒါကြောင့် ကျွန်တော်တို့ ထိပ်တန်း ပရီးမီးယားလိဂ် ကစားသမား ၁၀ ယောက်နဲ့ ယှဉ်ပြိုင်သွားဖို့ လိုပါတယ်” ဟု ပဲရစ်ရှ်က ပြောကြားခဲ့သည်။

ကာဘာယီသည် ပီအက်စ်ဂျီသို့ မပြောင်းရွှေ့မီ နယူးကာဆယ်တွင် သုံးနှစ်ကြာ ကစားခဲ့သူ ဖြစ်သည်။ ကာဘီယီသည် ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ပြီးနောက် လီဂူးဝမ်း ဆုဖလား နှစ်ကြိမ်အပြင် ပြင်သစ်လိဂ်ဖလားနှင့် ပြင်သစ်ရှုံးထွက်ဖလားတို့ကို ရယူနိုင်ခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment