Pages

Subscribe:

Wednesday, July 8, 2015

ရီးယဲလ်မှ အငှားထွက်ခွာဖွယ်ရှိဟု လူးကက်စ်ဆေးလ်ဗား ဝန်ခံ



ရီးယဲလ်မှ အငှားထွက်ခွာဖွယ်ရှိဟု လူးကက်စ်ဆေးလ်ဗား ဝန်ခံ

ယခုနွေရာသီတွင် ရီးယဲလ်မက်ဒရစ်မှ အငှားစာချုပ် တစ်ရပ်ဖြင့် ထွက်ခွာနိုင်ခြေ ရှိနေကြောင်း ကွင်းလယ်လူ လူးကက်စ် ဆေးလ်ဗားက ဝန်ခံ ပြောကြားလိုက်သည်။

ဘရာဇီးလ် ကစားသမားလေးသည် ဇန်နဝါရီလကမှ ခရူဇီယိုမှ ရီးယဲလ်သို့ ကူးပြောင်း ရောက်ရှိလာသူ ဖြစ်သည်။ ၎င်းသည် ဘောလုံးရာသီ ထက်ဝက် ကာလအတွင်း ရီးယဲလ်၌ (၉)ပွဲသာ ကစားခဲ့ရပြီး ကွင်းလယ်တွင် တိုနီခရူးစ်၊ လူကာမိုဒရစ်၊ အေဆာ အီလာရာမန်ဒီ၊ အစ္စကို၊ ဟာမက်စ် ရိုဒရီဂွတ်ဇ်တို့နှင့် နေရာလု ယှဉ်ပြိုင်ရန် ရုန်းကန်ခဲ့ရသည်။ ရီးယဲလ်တွင် ရာဖာ ဘင်နီတက်ဇ်က နည်းပြသစ်အဖြစ် ပြောင်းလဲတာဝန်ယူမည် ဖြစ်သော်လည်း ဆေးလ်ဗားသည် ဦးစားပေး လူစာရင်းတွင် ပါဝင်ခွင့်ရမည့် အလားအလာ မရှိသေးချေ။

ဆေးလ်ဗားက “လောလောဆယ် အနေအထားကတော့ အငှားထွက်သွားတာက ကစားခွင့်ရဖို့ ပိုပြီး ဖြစ်နိုင်ခြေ ရှိတယ်။ နောက်တစ်ချက်က ရီးယဲလ်လူစာရင်းမှာ ဥရောပပြင်ပ ကစားသမား အရေအတွက် များလွန်းနေတယ်လေ။ အားလပ်ရက် အနားယူနေရာက ပြန်ရောက်ရင်တော့ နည်းပြနဲ့ ဆွေးနွေးပြီး ဘယ်လို ဖြစ်လာမလဲ ဆိုတာကို ကြည့်တာပေါ့။ ကျွန်တော့်အကြောင်း သတင်းတွေတော့ မျိုးစုံ ထွက်နေတယ်။ ဒါပေမဲ့ အားလုံးက ထင်ကြေး သက်သက်တွေပါ။ ကျွန်တော်က အသင်းနဲ့အတူ ရာသီကြို လေ့ကျင့်ခန်းတွေ အစပြုပြီးရင် အနာဂတ်နဲ့ ပတ်သက်လို့ ပိုပြီး သိလာနိုင်ပါလိမ့်မယ်။ အခုတော့ ကျွန်တော် ရီးယဲလ်မှာပဲ ရှေ့ဆက်ဖို့ တွေးထားဆဲပါ”ဟု ပြောကြားသွားသည်။

Soccer Myanmar
Khant Gyi

0 comments:

Post a Comment