Pages

Subscribe:

Saturday, July 4, 2015

ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ချယ်လ်ဆီးသာ ရေပန်းအစားဆုံးဟု နဗီးလ်ယူဆ



ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ချယ်လ်ဆီးသာ ရေပန်းအစားဆုံးဟု နဗီးလ်ယူဆ

လာမည့်ရာသီ ပရီးမီးယားလိဂ်တွင် လက်ရှိချန်ပီယံ ချယ်လ်ဆီးပင် ဆက်လက် အောင်ပွဲခံရန် ဖြစ်နိုင်ခြေ အမြင့်ဆုံးဟု ဂယ်ရီနဗီးလ်က ကောက်ချက်ချ ပြောကြားလိုက်သည်။

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်းနှင့် လက်ရှိ Sky Sports၏ ဘောလုံးအစီအစဉ်မှူး တာဝန်ယူထားသည့် နဗီးလ်က ချယ်လ်ဆီးသည် ရာသီသစ်တွင် ပြိုင်ဘက်များထက် အသာစီး အနေအထားကို ရရှိနေသည်ဟု ယူဆလျက် ရှိသည်။ “ဇူလိုင်လပဲ ရှိသေးတယ်။ အသင်းတွေရဲ့ အပြောင်းအရွှေ့ ကိစ္စတွေက အပြီးမသတ်သေးပါဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒီအဆင့်မှာတင်ပဲ အလေးအနက် စဉ်းစား သုံးသပ်ကြည့်ပါတယ်။ ချယ်လ်ဆီးကို ကျော်တက်ဖို့ ဆိုတာက တော်တော်ခက်မယ့် ကိစ္စပါ။ ဒါပေမဲ့ လာမယ့်လပိုင်းအတွင်း အသင်းတွေရဲ့ အားဖြည့် ခေါ်ယူမှုတွေ၊ လူသစ်တွေ ဘယ်လိုဘယ်ပုံ အထိုင်ကျ အံဝင်နိုင်မလဲ ဆိုတာတွေအပေါ် မူတည်ပြီး အပြောင်းအလဲတွေ ဖြစ်သွားနိုင်တာကိုတော့ ကျွန်တော်တို့အားလုံး သဘောပေါက်ထားမှာပါ”ဟု နဗီးလ်က ဆိုသည်။

၎င်းက အသင်းဟောင်း ယူနိုက်တက်သည်လည်း လာမည့်ရာသီတွင် ချန်ပီယံဆုကို မျှော်မှန်းနိုင်လောက်အောင် အခြေအနေ ပိုမိုတိုးတက်လာမည်ဟု ယုံကြည်နေသည်။ “မန်နေဂျာ လူးဝစ်ဗန်ဂါးလ်ဟာ အသင်းမှာ တစ်နှစ်ကြာ ဖြတ်သန်းပြီးပြီ။ သူက အခုဆိုရင် အထိုင်ကျသွားပြီ။ ကစားသမားတွေကလည်း သူ့အကြောင်း အများကြီး ပိုသိလာပြီ။ တကယ်လို့ ကစားသမားသစ် ငါးယောက်၊ ခြောက်ယောက်လောက်ထိ ခေါ်မယ်ဆိုရင် အသင်းမှာ အထိုင်ကျမကျ ဆိုတဲ့အပေါ် စွန့်စားရာ ရောက်သွားမယ်။ ဒါပေမဲ့ ကျွန်တော်တို့ စောင့်ကြည့်ရမှာပဲ။ အရင်ဝယ်ထားတဲ့ ကစားသမားတွေက ဒီရာသီမှာတော့ ပိုပြီး လွယ်လွယ်ကူကူ အထိုင်ကျနိုင်မှာပါ။ သူတို့က အသင်းမှာ တစ်ရာသီ ကစားပြီးပြီ။ ပြီးတော့ ကိုယ်နဲ့ ပိုအဆင်ပြေ အံဝင်မယ့် နေရာတွေမှာလည်း ပွဲထွက်ခွင့် ရနေပါပြီ”ဟု နဗီးလ်က ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment