Pages

Subscribe:

Friday, July 17, 2015

ဘန်တက်ကီအတွက် စာချုပ်ပါ သတ်မှတ်ဈေးအတိုင်း ပေးချေပြီး လီဗာပူးလ် ကမ်းလှမ်းဖွယ်ရှိ-



ဘန်တက်ကီအတွက် စာချုပ်ပါ သတ်မှတ်ဈေးအတိုင်း ပေးချေပြီး လီဗာပူးလ် ကမ်းလှမ်းဖွယ်ရှိ-

လီဗာပူးလ် အသင်းသည် အက်စ်တန်ဗီလာ တိုက်စစ်မှူး ခရစ္စတီယန် ဘန်တက်ကီကို စာချုပ်ပါ သတ်မှတ်ဈေးနှုန်းအတိုင်း စတာလင်ပေါင် (၃၂.၅)သန်း ပေးချေ၍ ခေါ်ယူသွားရန် ပြင်ဆင်နေကြောင်း သိရသည်။

ဗီလာအသင်း မန်နေဂျာ တင်မ်ရှားဝုဒ်က မိမိတို့သည် အသက်(၂၄)နှစ်အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင်ကို ဆက်လက် ထိန်းသိမ်းထားရန် ဆန္ဒရှိကြောင်း ပြောဆိုခဲ့သော်လည်း အခြားအသင်း တစ်ခုခုက စာချုပ်ပါ သတ်မှတ်ဈေးအတိုင်း အဆိုပြု ကမ်းလှမ်းလာပါက မည်သို့မျှ တားဆီးနိုင်စွမ်း မရှိကြောင်း ဝန်ခံထားသည်။ ဘန်တက်ကီ၏ စာချုပ်ပါ ပြောင်းရွှေ့ကြေးသည် ပေါင်စတာလင် (၃၂.၅)သန်းဟု ယုံကြည်ရပြီး လီဗာပူးလ်ကလည်း အဆိုပါ ဈေးအတိုင်း ပေးချေရန် စီစဉ်နေကြောင်း Goal.comက ဖော်ပြခဲ့သည်။

လီဗာပူးလ် မန်နေဂျာ ဘရန်ဒန်ရော့ဂျာသည် ရာဟင်မ်စတာလင်ကို မန်ချက်စတာ စီးတီးထံ စတာလင်ပေါင် (၄၉)သန်းဖြင့် ရောင်းချထားသည့်နောက် တိုက်စစ်ပိုင်းကို ဘန်တက်ကီဖြင့် အစားထိုး ပြန်လည် ဖြည့်တင်းရန် စီစဉ်ဖွယ် ရှိနေသည်။ အစောပိုင်းက လီဗာပူးလ်သည် မိုနာကို တိုက်စစ်မှူး ရာဒါမယ် ဖယ်လ်ကာအိုကို စိတ်ဝင်စားခဲ့သော်လည်း ချယ်လ်ဆီးက ကစားသမားကို လက်ရ ကမ်းလှမ်း ခေါ်ယူသွားသည်။ လတ်တလောတွင် မန်ချက်စတာ ယူနိုက်တက်သည်လည်း ဘန်တက်ကီ၏ အနေအထားကို စောင့်ကြည့်နေကြောင်း သတင်းထွက်လျက် ရှိသည်။

ဘန်တက်ကီသည် ပြီးခဲ့သည့် ရာသီက ဗီလာအတွက် စုစုပေါင်း (၃၅)ပွဲ ကစားကာ (၁၆)ဂိုးထိ သွင်းယူပေးနိုင်ခဲ့သည်။

soccer myanmar

@ pumta

0 comments:

Post a Comment