Pages

Subscribe:

Saturday, July 11, 2015

ဘောလုံး ရထားလျှင် ဟာဇက်ကို ပေးလိုက်ရန်သာ လိုအပ်ဟု မာတစ်ပြောကြား



ဘောလုံး ရထားလျှင် ဟာဇက်ကို ပေးလိုက်ရန်သာ လိုအပ်ဟု မာတစ်ပြောကြား

ချယ်လ်ဆီး ကစားသမားများ အနေဖြင့် အသင်းနိုင်ပွဲ ရရှိစေရန် အတွက် အီဒင်ဟာဇက်ကို ရှာဖွေပြီး ဘောလုံးရောက်အောင် ပေးပို့ရန်သာ လိုကြောင်း နီမန်ယာ မာတစ်က ချီးကျူး ပြောကြားလိုက်သည်။

ဆာဘီးယား လက်ရွေးစင် ကွင်းလယ်ခံစစ်သမားက ဘယ်လ်ဂျီယံ လက်ရွေးစင် တောင်ပံတိုက်စစ်သမား၏ စွမ်းဆောင်ရည်များကို အထူးအထင်ကြီး လေးစားလျက်ရှိပြီး ဟာဇက်သည် ဘောလုံးရရှိချိန်တွင် မိမိ တွေးပင် မတွေးမိသော အရာများကို လုပ်ပြနိုင်စွမ်း ရှိသူ တစ်ဦးဟုလည်း ညွှန်းဆိုခဲ့သည်။ ပြီးခဲ့သည့် ရာသီက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့သည့် ချယ်လ်ဆီးအသင်းတွင် ဟာဇက်သည် အထူးခြေစွမ်းပြ ကစားကာ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သလို ပြိုင်ပွဲစုံတွင် (၁၉)ဂိုး သွင်းယူကာ အသင်းဖော်များ ဂိုးသွင်းနိုင်ရန် (၁၁)ကြိမ် ဖန်တီး ကူညီခဲ့သည်။

မာတစ်က “ဟာဇက်ဟာ ပြီးခဲ့တဲ့ရာသီ လိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားပါ။ သူဟာ ဒီဆုကို တကယ်ကောင်းလို့ ရခဲ့တာပါ။ သူနဲ့ အမှန်တကယ် ထိုက်တန်ပါတယ်”ဟု ဆိုသည်။ ၎င်းက “ပြီးတော့ ဟာဇက်က အသက် အရမ်းငယ်သေးတယ်။ ဒီထက်ပိုပြီး အများကြီး တိုးတက်လာနိုင်သေးတယ်။ ပုံမှန်အားဖြင့် ချန်ပီယံ အသင်းတစ်သင်းက အကောင်းဆုံး ကစားသမားတစ်ယောက် ထွက်ပေါ်တတ်တာ မဆန်းပါဘူး။ သူဟာ အသင်းအတွက် ဂိုးတွေ အများကြီး သွင်းယူပြီး ဖန်တီး ပံ့ပိုးမှုတွေလည်း လုပ်ပြနိုင်ခဲ့တယ်။ တစ်ခါတစ်လေ ကျွန်တော် ဘောလုံးရထားပြီး ဘာလုပ်ရမယ်မှန်း မသိရင် ဟာဇက်ဆီ လှမ်းပေးလိုက်တာပါပဲ။ အဲဒါဆိုရင် သူက အခွင့်အလမ်း တစ်ခုခု ဖန်တီးဖို့ နည်းလမ်းတစ်ခုတော့ ရှာတွေ့သွားတာပါပဲ”ဟုလည်း ပြောကြားသွားသည်။

Soccer Myanmar
Khant Gyi

0 comments:

Post a Comment