Pages

Subscribe:

Monday, May 18, 2015

ဒီဂီယာမှာ အလွန်ခက်ခဲသည့် အခြေအနေနှင့် ရင်ဆိုင်နေရဟု ဗန်ဟားလ်ဆို



ဒီဂီယာမှာ အလွန်ခက်ခဲသည့် အခြေအနေနှင့် ရင်ဆိုင်နေရဟု ဗန်ဟားလ်ဆို
Written by  အောင်ငြိမ်းသွေး

အင်္ဂလန်၊ မေ ၁၈။      ။ မန်ယူနည်းပြ ဗန်ဟားလ်က ဂိုးသမား ဒေးဗစ်ဒီဂီယာသည် ၎င်း၏အနာဂတ်နှင့် ပတ်သက်၍ အလွန်ခက်ခဲသည့် အခြေအနေတစ်ရပ်နှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ဗန်ဟားလ်က ၎င်းအနေဖြင့်လည်း ဒီဂီယာကို အသင်းမှ ထွက်ခွာမသွားရန် တားဆီးနိုင်စွမ်းမရှိကြောင်း ထပ်မံပြောဆို လိုက်သည်။

ယခုနှစ်ရာသီတွင် မန်ယူအသင်းအတွက် အကောင်းဆုံး လက်စွမ်းပြကစားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံး အသင်းတွင် ရွေးချယ်ခံခဲ့ရသည့် ဒီဂီယာကို ရီးယဲလ်အသင်းက ခေါ်ယူရန် ကြိုးပမ်းလျက်ရှိသည်။ ရီးယဲလ်နှင့် ဒီဂီယာတို့ ကြားတွင် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီဟုလည်း သတင်း များထွက်ပေါ်နေသည်။

ဗန်ဟားလ်က 'သူ့ရဲ့အခြေအနေကို ကျွန်တော်သုံးသပ်ကြည့်ပါတယ်။ သူဟာ စပိန်ပါ။ ကာဆီးလက်စ်ရှိနေတယ်ဆိုတာတောင်မှ သူက စပိန်လက်ရွေးစင်ပါ။ အခု စပိန်ကလပ်အသင်းတစ်သင်းက သူ့ကို ချဉ်းကပ်လာပါပြီ။ သူ့ရဲ့ ချစ်သူကလည်း စပိန်ပါ။ သူ့ရဲ့ အဖေနဲ့ အမေကလည်း ဒီကို တစ်ပတ်တစ်ခါ ဒါမှမဟုတ်နှစ်ပတ် တစ်ခါ လာနေရပါတယ်။ ဒါက ခက်ခဲတဲ့ အခြေအနေပါ'

'ဒီဂီယာအနေနဲ့ မန်ယူကို လွယ်လွယ်နဲ့တော့ စွန့်ခွာသွားမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ ထိပ်သီးအသင်းတစ်သင်းပါ။ ပြီးတော့ သူ့ ကို အလွန်ကောင်းမွန်တဲ့ စာချုပ်သစ်နဲ့ ကမ်းလှမ်းထားပါတယ်။ ဒါပေမဲ့ သူအခြားထိပ်သီးအသင်းတစ်သင်းကိုလည်း ပြောင်းသွားနိုင်ပါတယ်။ ဒါကတော့ သူဆုံးဖြတ် ရမှာပါ' ဟုပြောသည်။

အာဆင်နယ်နှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် ဒဏ်ရာရရှိခဲ့ပြီးနောက် ကွင်းအတွင်းမှ ထွက်ခွာစဉ် ဒီဂီယာကို အသင်းပြောင်းရွှေ့ခြင်း မပြုရန် ပရိသတ်များ ကအော် ဟစ်တောင်းဆို ခဲ့ကြသည်။

'ဒီဂီယာကို အသင်းက ထွက်ခွာမသွားဖို့ ကျွန်တော် ဖြားယောင်းသွေးဆောင်နိုင်မယ် မထင်ပါဘူး။ မန်ယူရဲ့ လက်ရှိအခြေအနေ အားလုံးကို သူသိပါတယ်။  မန်ယူအသင်းမှာ ဘယ်လို အကျိုးခံစားခွင့်တွေရှိတယ်ဆိုတာလည်း သူ့ကို ကျွန်တော်ပြောဖို့ မလိုအပ်ပါဘူး။ သူနေ့တိုင်းဒါကို ခံစားနေရတာပါ' ဟု ဗန်ဟားလ် ကပြောသည်။

ဒီဂီယာ၏ လက်ရှိစာချုပ်မှာ တစ်နှစ်သာ ကျန်ရှိတော့သည့်အတွက် ၎င်းအနေဖြင့် အသင်းမှ ထွက်ခွာမည်ဟု ဆုံးဖြတ်ခဲ့ပါက မန်ယူအသင်းက ပေါင် ၂၅ သန်းဖြင့်ရောင်းချရန် ပြင်ဆင်နေသည်။

Mizzima

ဆွစ်ဇာလန်လိဂ်တွင် ခြောက်နှစ်ဆက် ဗိုလ်စွဲနိုင်သည့် အသင်းအဖြစ် ဘေဆယ်အသင်း မှတ်တမ်းသစ်ရေးထိုး



ဆွစ်ဇာလန်လိဂ်တွင် ခြောက်နှစ်ဆက် ဗိုလ်စွဲနိုင်သည့် အသင်းအဖြစ် ဘေဆယ်အသင်း မှတ်တမ်းသစ်ရေးထိုး
Written by  အောင်ငြိမ်းသွေး

ဘေဆယ်၊ မေ ၁၈။       ။ တနင်္ဂနွေနေ့က ယန်းဘွိုင်းအသင်းနှင့် ယှဉ်ပြိုင်ခဲ့သော ပွဲစဉ်တွင် ၀-၀ ရလဒ်ဖြင့် သရေကျခဲ့ပြီးနောက် ဘေဆယ်အသင်းသည် ဆွစ်ဇာလန်လိဂ် အမှတ်ပေးဖလားကို ဆွတ်ခူးရရှိသွားခဲ့သည်။

ဘေဆယ်အသင်းသည် ပြိုင်ပွဲပြီးဆုံးရန် သုံးပွဲအလိုတွင် ဒုတိယနေရာမှ ယန်းဘွိုင်းအသင်းကို ၁၁ မှတ်ဖြတ်ထားနိုင်သည့်အတွက် ချန်ပီယံဆု ကိုဆွတ်ခူးနိုင် ခဲ့ခြင်းဖြစ်သည်။

ဘေဆယ်အသင်းသည် ဆွစ်ဇာလန်လိဂ် အမှတ်ပေး ချန်ပီယံဆုကို ၁၈ ကြိမ်မြောက် ရရှိခြင်း ဖြစ်ပြီး ခြောက်နှစ် ဆက်တိုက် သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။ ဆွစ်ဇာလန် လိဂ်တွင် ခြောက်နှစ်ဆက်တိုက်ဗိုလ်စွဲနိုင်သည့် အသင်းအဖြစ် ပထမဆုံး မှတ်တမ်းရေးထိုးနိုင်ခြင်းလည်း ဖြစ်သည်။

ပေါ်တူဂီလူမျိုးနည်းပြ ပေါ်လိုဆိုဆာမှာ ၎င်းတို့အသင်း၏ စွမ်းဆောင်နိုင်မှု အတွက် အလွန်ဂုဏ်ယူလျက်ရှိသည်။

'ကျွန်တော့်ရဲ့ ကစားသမားတွေအတွက် ဂုဏ်ယူပါတယ်။ ကျွန်တော်ဟာ သူတို့ဆီကနေ အများကြီး တောင်းဆိုခဲ့ပါတယ်။ သူတို့ကလည်း ကျွန်တော့်ရဲ့ အိုင်ဒီယာတွေကို လက်ခံခဲ့ကြပါတယ်။ သူတို့ဟာ အရာရာအားလုံးနဲ့ ထိုက်တန်တဲ့ သူတွေပါ' ဟု ဆိုဆာက ပြောသည်။

ဘေဆယ်အသင်းသည် လာမည့်ဇွန်လ ၇ ရက်နေ့တွင် ဆီယွန်အသင်းနှင့် ဆွစ်ဇာလန်လိဂ်ဖလား ဗိုလ်လုပွဲကစားရမည် ဖြစ်ပြီး ဆုဖလားနှစ်လုံးရရန် အကောင်းဆုံး အခွင့်အရေးရှိနေသည်။

Mizzima

စည်းမျဉ်းသစ်အရ ချန်ပီယံလိဂ်မဲခွဲမှုတွင် ရီးယဲလ်အသင်း မဲအိုးနံပါတ် ၂ တွင် ကျရောက်မည်



စည်းမျဉ်းသစ်အရ ချန်ပီယံလိဂ်မဲခွဲမှုတွင် ရီးယဲလ်အသင်း မဲအိုးနံပါတ် ၂ တွင် ကျရောက်မည်
Written by  အောင်ငြိမ်းသွေး

မက်ဒရစ်၊ မေ ၁၈။      ။ ယူအီးအက်ဖ်အေ၏ ပြောင်းလဲသွားသော စည်းမျဉ်းအရ ရီးယဲလ်အသင်းသည် လာမည့်နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့် မဲခွဲမှုတွင် မဲအိုးနံပါတ် ၂ တွင် ကျရောက်တော့မည် ဖြစ်သည်။ ထို့ကြောင့် ရီးယဲလ်အသင်းသည် အုပ်စုအဆင့်မှာပင် ထိပ်သီး အသင်းကြီးများနှင့်တွေ့ဆုံ ရမည်ဖြစ်သည်။

ထိုကဲ့သို့ မဲအိုးနံပါတ် ၂ တွင် ကျရောက်ခြင်းသည် ၂၀၁၀-၁၁ ခုနှစ်နောက်ပိုင်း ရီးယဲလ်အသင်းအတွက် ပထမဆုံးအကြိမ် ဖြစ်သည်။

ယခင်က ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်များအတွက် မဲခွဲရာတွင် အသင်းများ၏ ပြီးခဲ့သည့်နှစ်များက အောင်မြင်မှုအဆင့်အလိုက် ခွဲခြင်း ဖြစ်သော်လည်း ယခု လာမည့်ရာသီအသစ်တွင် ထိပ်သီးလိဂ်ခုနှစ်ခုမှ ချန်ပီယံအသင်းများနှင့် ချန်ပီယံလိဂ် လက်ရှိချန်ပီယံအသင်းတို့က မဲအိုးနံပါတ် ၁ တွင် ပါဝင်ရန် စည်းမျဉ်းပြောင်းလဲလိုက်ခြင်းဖြစ်သည်။

ယခုနှစ်တွင် ဘာစီလိုနာနှင့်ဂျူဗင်တပ်စ်အသင်းတို့ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည့်အတွက် လစ်လပ်သွားသည့် နေရာတစ်နေရာကို နယ်သာလန်လိဂ်ချိန်ပီယံ ပီအက်စ်ဗွီအသင်းက ရရှိမည် ဖြစ်သည်။

လာမည့်နှစ် မဲအိုးနံပါတ် ၁ တွင် ဘာစီလိုနာ၊ ဂျူဗင်တပ်စ်၊ ဘိုင်ယန်မြူးနစ်၊ ချယ်လ်ဆီး၊ ပီအက်စ်ဂျီ၊ ဘင်ဖီကာ၊ ဇင်းနစ်နှင့် ပီအက်စ်ဗွီအသင်းတို့ ပါဝင် ရန်သေ ချာသွားပြီ ဖြစ်သည်။

ထိုစည်းမျဉ်းသစ်အရ ယခင်က မဲအိုးနံပါတ် ၁ တွင် ကျရောက်နေကြဖြစ်သည့် အာဆင်နယ်၊ မန်ယူ၊ အက်သလက်တီကိုနှင့် ပေါ်တိုအသင်းတို့မှာလည်း မဲအိုး နံပါတ် ၂ တွင် ကျရောက်ဖွယ်ရှိနေသည်။

လာမည့်နှစ် ၂၀၁၅-၁၆ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်ကို မီလန်မြို့ ဆမ်စီရိုကွင်းကြီးတွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။

Ref: Goal.com

Mizzima

စီရော်နယ်ဒိုနဲ့ ဘာကြောင့် လမ်းခွဲခဲ့ရသလဲဆိုတာကို ဖွင့်ချခဲ့တဲ့ အီရီနာရှက်ခ်



စီရော်နယ်ဒိုနဲ့ ဘာကြောင့် လမ်းခွဲခဲ့ရသလဲဆိုတာကို ဖွင့်ချခဲ့တဲ့ အီရီနာရှက်ခ်
Written by  အောင်ငြိမ်းသွေး

အင်္ဂလန်၊ မေ ၁၈။       ။ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား စီရော်နယ်ဒိုနဲ့ ကမ္ဘာကျော်ရုရှမော်ဒယ် အီရီနာရှက်ခ်တို့ ကွဲကွာသွားခဲ့တာ လပေါင်း အတော်ကြာ ခဲ့ပါပြီ။

သူတို့နှစ်ဦးကွဲကွာရတဲ့ အကြောင်းကို မီဒီယာတွေက အမျိုးမျိုးထင်ကြေးပေးရေးသားခဲ့ကြပါတယ်။ ကာယကံရှင်နှစ်ဦးစလုံးကတော့ တရားဝင်ပြောဆိုခြင်း မရှိခဲ့ကြပါဘူး။ ငါးနှစ်ကြာလက်တွဲခဲ့တဲ့ သူတို့နှစ်ဦး ဘာကြောင့် လမ်းခွဲခဲ့ကြသလဲဆိုတာ အခုအချိန်အထိ ဘယ်သူမှ တိတိကျကျမသိကြပါဘူး။

အခုအချိန်မှာတော့ အီရီနာရှက်ခ်က သူတို့နှစ်ဦးဘာကြောင့် ပြတ်စဲခဲ့ကြသလဲဆိုတာကို အင်္ဂလိပ်သတင်းစာ The Sun က တစ်ဆင့် ဖွင့်ချခဲ့ပါတယ်။

စီရော်နယ်ဒိုရဲ့ ဖုန်းထဲမှာ ကမ္ဘာတစ်ဝှမ်းလုံးက အမျိုးသမီး တစ်ဒါဇင်လောက်နဲ့ စာအဆက်အသွယ်တွေကို တွေ့ခဲ့လို့ လမ်းခွဲခဲ့ရတာဖြစ်ကြောင်း အီရီနာရှက်ခ် က ဆိုပါတယ်။ သူတို့တွေ ပြဿနာတွေဖြစ်ပွားပြီးတဲ့နောက် နှစ်သစ်ကူးည အလွန်မှာ စီရော်နယ်ဒိုက သူ့မှာ အပြစ်ရှိကြောင်း ၀န်ခံခဲ့တယ်လိုပလည်း အီရီနာ ရှက်ခ်က ဆိုခဲ့ပါသေးတယ်။

'ကျွန်မ အခုတော့ အမှန်တရားကို သိသွားပါပြီ။ အပြည့်အ၀သစ္စာဖောက်ခံခဲ့ရတယ်လို့ ခံစားရပါတယ်။ စီရော်နယ်ဒိုကို ကျွန်မအမြဲ ယုံကြည်ခဲ့ပါတယ်။ သူနဲ့ အခြားအမျိုးသမီးတွေ သတင်းထွက်ခဲ့ချိန်တိုင်းလည်း ကျွန်မဂုဏ်ယူခဲ့ပါတယ်။ နောက်ဆုံး စီရော်နယ်ဒိုက ကျွန်မကို အရူးလုပ်ခဲ့လို့ ဆိုးဆိုးရွားရွား ခံစားခဲ့ရပါ တယ်' လို့ အီရီနာရှက်ခ်က ဖွင့်ချခဲ့ပါတယ်။

အခုအချိန်မှာ အီရီနာရှက်ခ်ဟာ ဟောလီးဝုဒ်သရုပ်ဆောင် ဘရက်ဒလေကူးပါးနဲ့ တွဲနေတယ်လို့ The Sun သတင်းစာက ဖော်ပြထားပါတယ်။

Ref : The Sun

Mizzima

ဘင်ဖီကာအသင်းနှင့် ဇင်းနစ်အသင်းတို့ ပြည်တွင်း အမှတ်ပေး ချန်ပီယံဆုများရရှိ



ဘင်ဖီကာအသင်းနှင့် ဇင်းနစ်အသင်းတို့ ပြည်တွင်း အမှတ်ပေး ချန်ပီယံဆုများရရှိ
Written by  အောင်ငြိမ်းသွေး

(ဇူးရစ်)။ ။ တနင်္ဂနွေနေ့ ပွဲစဉ်များအပြီးတွင် ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းနှင့် ရုရှကလပ် ဇင်းနစ်အသင်းတို့သည် ပြည်တွင်း
အမှတ်ပေး ချန်ပီယံ ဆုဖလားများကို ဆွတ်ခူးနိုင်ခဲ့ကြသည်။

ဘင်ဖီကာအသင်းသည် ဂွီမာရက်စ်အသင်းနှင့် ဂိုးမရှိသရေကျခဲ့သည့် အချိန်တွင် ဒုတိယနေရာမှ ပေါ်တိုအသင်းကလည်း ဘယ်လီနန်ဆက်အသင်းနှင့် ၁-၁ ဂိုးဖြင့် သရေကျခဲ့သည့်အတွက် ဘင်ဖီကာအသင်းမှာ ပြိုင်ပွဲပြီးဆုံးရန် တစ်ပွဲအလိုမှာပင် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

ဘင်ဖီကာအသင်းနှင့် ပေါ်တိုအသင်းတို့သည် ရမှတ်သုံးမှတ်သာကွာခြားသော်လည်း ထိပ်တိုက်တွေ့ဆုံမှု စည်းမျဉ်းအရ အသာရထားသည့် ဘင်ဖီကာက ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခြင်း ဖြစ်သည်။

ယခုရရှိသည့် အမှတ်ပေးချန်ပီယံဆုသည် ဘင်ဖီကာအသင်းအတွက် ၃၄ ကြိမ်မြောက် ရရှိခြင်းဖြစ်ပြီး စံချိန်တင် အောင်မြင်မှု ဖြစ်သည်။ ထို့အပြင် ၂ နှစ်ဆက်တိုက် ရရှိခြင်းလည်း ဖြစ်သည်။

ဇင်းနစ်အသင်းမှာ Ufa အသင်းနှင့် ၁-၁ ဂိုးဖြင့် သရေကျခဲ့သော်လည်း ဒုတိယနေရာမှာ စီအက်စ်ကေအေအသင်းကို ရှစ်မှတ် ဖြတ်ထားနိုင်သည့်အတွက် ပြိုင်ပွဲပြီးဆုံးရန် နှစ်ပွဲ အလိုမှာပင် ချန်ပီယံဆုကို သိမ်းပိုက်သွားခြင်းဖြစ်သည်။

ဇင်းနစ်အသင်းအတွက် ငါးကြိမ်မြောက် အမှတ်ပေးချန်ပီယံဆုဖြစ်ပြီး ဇင်းနစ်နည်းပြသစ် ဘိုအာ့စ်အတွက် ရုရှတွင် ပထမဆုံးရရှိသည့် ဆုဖလားဖြစ်သည်။

ဇင်းနစ်တိုက်စစ်မှူး ဟော့ခ်မှာ သွင်းဂိုး ၁၅ ဂိုးဖြင့် ဂိုးသွင်းအများဆုံး ကစားသမားဆုရရှိရန် အခြေအနေကောင်းလျက်ရှိသည်။

ရည်ညွှန်း - ဖီဖာ

Soccer Myanmar

ဆီးဂိမ်း မတိုင်မီ ထိုင်း၊ ဗီယက်နမ်တို့နှင့် ခြေစမ်းရန် မြန်မာအသင်း စီစဉ်ထား



ဆီးဂိမ်း မတိုင်မီ ထိုင်း၊ ဗီယက်နမ်တို့နှင့် ခြေစမ်းရန် မြန်မာအသင်း စီစဉ်ထား
Written by  ရဲရင့်ဋ္ဌေး

ရန်ကုန် (မဇ္ဈိမ)။ ။ စင်ကာပူ ဆီးဂိမ်း ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၃ ဘောလုံးအသင်းမှာ ဆီးဂိမ်း မတိုင်မီတွင် ဗီယက်နမ် ယူ-၂၃၊ ထိုင်း ယူ-၂၃ အသင်းများနှင့် ခြေစမ်းကစားရန် စီစဉ်ထားသည်။

မြန်မာ ယူ-၂၃ အသင်းမှာ ဆီးဂိမ်းတွင် အိမ်ရှင် စင်ကာပူ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲအဖြစ် မေလ ၂၉ ရက်တွင် အင်ဒိုနီးရှားအသင်းနှင့် ကစားရမည် ဖြစ်သည်။

“ထိုင်းမှာ ထိုင်း ယူ-၂၃ အသင်းနဲ့ ခြေစမ်းပွဲ ကစားမယ်။ ဗီယက်နမ်မှာ အစက ခြေစမ်းပွဲ ၃ ပွဲလောက် ကစားဖို့ စီစဉ်ထားပေမယ့် အခုတော့ ဗီယက်နမ် ယူ-၂၃ နဲ့ပဲ ကစားဖို့ရှိတော့တယ်။ စင်ကာပူကို ဗီယက်နမ်ကနေ တန်းသွားမှာပါ။

ပြင်ဆင်ချိန် ရတဲ့အချိန်အတွင်း အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်” ဟု မြန်မာ ယူ-၂၃ အသင်း နည်းပြချုပ် ဦးကြည်လွင်က ပြောသည်။

မြန်မာ ယူ-၂၃ အသင်းမှာ ထိုင်း ယူ-၂၃ အသင်းနှင့် ထိုင်းနိုင်ငံတွင် ခြေစမ်းကစားရန်အတွက် မေလ ၁၇ ရက်က မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ပြီး မေလ ၁၉ ရက်တွင် ကစားမည် ဖြစ်သည်။ ထို့နောက် ဗီယက်နမ် ယူ-၂၃ အသင်းနှင့် ခြေစမ်းပွဲ ကစားရန်အတွက် မေလ ၂၀ ရက်တွင် ဟနွိုင်းမြို့သို့ ထွက်ခွာမည်ဖြစ်ပြီး မေလ ၂၂ ရက်တွင် ကစားမည် ဖြစ်သည်။ မြန်မာ ယူ-၂၃ အသင်းမှာ ပြည်ပ အသင်းများနှင့် ခြေစမ်းပွဲ မကစားမီ ပြည်တွင်း၌ ခြေစမ်းပွဲ နှစ်ပွဲကစားခဲ့ရာ မြန်မာ ယူ-၂၀ အသင်းကို ၃-၁ ဂိုး၊ ဇေယျာရွှေမြေအသင်းကို ၄-၀ ဂိုးတို့ဖြင့် အနိုင်ရထားသည်။

Mizzima

Sunday, May 17, 2015

နည်းပြလောကသို့ ဝင်ပါက ဖာဂူဆန်နှင့် အာစင်ဝင်းဂါး တစ်ဝက်စီပေါင်းထားသည့် နည်းပြအဖြစ်နှင့် ပြန်လာမည်ဟု ဂျရတ်ဆို



နည်းပြလောကသို့ ဝင်ပါက ဖာဂူဆန်နှင့် အာစင်ဝင်းဂါး တစ်ဝက်စီပေါင်းထားသည့် နည်းပြအဖြစ်နှင့် ပြန်လာမည်ဟု ဂျရတ်ဆို
Written by  ဝေဘုန်းလူ

(လီဗာပူးလ်)။ ။ ကစားသမား ဘဝမှ အနားယူပြီး နည်းပြလောကသို့ ဝင်ရောက်ဖြစ်ခဲ့ပါက ဖာဂူဆန်နှင့် အာစင်ဝင်းဂါး တစ်ဝက်စီ ပေါင်းစပ်ထားသည့် နည်းပြ တစ်ယောက် အဖြစ်နှင့်ပြန်လာမည်ဟု လီဗာပူးလ်မှ ထွက်ခွာတော့မည့် အသင်းခေါင်းဆောင် ဂျရတ်က ပြောသည်။

အန်ဖီးလ်အိမ်ကွင်း နောက်ဆုံးပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်ကို ၃-၁ ဂိုးဖြင့် ရှုံးသည့်ပွဲတွင် ပါဝင်ကစားခဲ့သည့် ဂျရတ်၏ နောက်အသင်းသစ်မှာ ဂလက်ဇီအသင်းဖြစ်ပြီး ဘောလုံးလောကမှ အနားယူပြီးလျှင် ဘာလုပ်သင့်သည်ကိုလည်း ၎င်းက စဉ်းစားထားပြီး ဖြစ်သည်။

"နည်းပြဖြစ်ချင်တဲ့ ကျွန်တော်ဟာ မိုက်မဲသူဖြစ်ချင် ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်အသင်းနဲ့ အဆက်အသွယ် မပြတ်ချင်ဘူး။ ဖာဂူဆန်၊ ဝင်းဂါးတို့လို ဖြစ်ဖို့မရည်မှန်းပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က သိပ်အောင်မြင်တဲ့နည်းပြတွေဖြစ်လို့ပါ။ သူတို့နှစ်ယောက်ကြားလောက် ဖြစ်ချင်တာပါ။ ကျွန်တော် နည်းပြတွေနဲ့ လက်တွဲကစားခဲ့တဲ့ သက်တမ်းတစ်လျှောက် မှတ်စုမှတ်ပြီးလေ့လာခဲ့ပါတယ်။ အောင်မြင်ဖို့အတွက် မှတ်စုတစ်ခုတည်းနဲ့မလုံလောက်ဘူးဆိုတာသိပေမယ့် အနာဂါတ်မှာနောက်ထပ်ဆည်းပူးမှုတွေက အထောက်အကူဖြစ်မယ် ထင်ပါတယ်" ဟု ဂျရတ်က ပြောသည်။

သို့သော်လည်း လီဗာပူးလ်အသင်းတွင် နည်းပြပြန်လုပ်မည်ဟု အတိအကျပြောရန် ငြင်းဆန်ခဲ့ပြီး အသင်းမှ ကမ်းလှမ်းလာသည့်တိုင်အောင် ၎င်းတွင် ပြည့်စုံသည့်အရည်အချင်းရှိမှသာ လက်ခံသွားမည်ဟု ဂျရတ်က ဆိုခဲ့သည်။

REF : goal

Mizzima

ခြေစွမ်းမပြနိုင်ပါက ရောင်းထုတ်ခံရမည်ဟု ဒီမာရီယာကို ဗန်ဟားလ်သတိပေး



ခြေစွမ်းမပြနိုင်ပါက ရောင်းထုတ်ခံရမည်ဟု ဒီမာရီယာကို ဗန်ဟားလ်သတိပေး
Written by  ဝေဘုန်းလူ

(မန်ချက်စတာ)။ ။ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ တန် ကစားသမား ဒီမာရီယာအနေဖြင့် အသင်းနှင့် အံဝင်အောင် ပြင်းပြင်းထန်ထန် ကြိုးစားရမည် ဖြစ်ပြီး ခြေစွမ်းမပြနိုင်ပါက အသင်းကို စွန့်ခွာရလိမ့်မည်ဟု မန်ယူနည်းပြ ဗန်ဟားလ်က သတိပေးပြောကြားလိုက်သည်။

"အမူအကျင့်ကိုပြောင်းရတာ သိပ်ခက်ပါတယ်။ အပြောင်းအလဲကို လက်ခံထားရင်တော့ ပြောင်းလည်းလာမှာပါပဲ။ ဒါပေမဲ့ အပြောင်းအလဲကို ခေါင်းထဲမှာ အမြဲတမ်းလက်ခံထားဖို့တော့လိုတယ်" ဟု ဗန်ဟားလ်က သတိပေးခဲ့သည်။

ယင်းသတင်းမှာ ပြီးခဲ့သည့် ရှစ်ပွဲတွင် ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့သည့် အသက် ၂၇ နှစ်အရွယ် အာဂျင်တီးနား ကစားသမားအတွက် သတိပေးချက် တစ်ခုဖြစ်သကဲ့သို့ ရီးယဲလ်မက်ဒရစ် တောင်ပံကစားသမား ဂါရတ်ဘေးလ်ကို ခေါ်ယူနိုင်ဖွယ်ရှိသည့် သံသယများကိုလည်း ပိုမိုလာစေခဲ့သည်။

သတိပေးချက်မှာ နေရာပျောက်နေသော ကစားသမားအတွက် နောက်ဆုံးဖြစ်နိုင်ပြီး ဗန်ဟားလ်က "ကစားသမားတွေဟာ အသင်းရဲ့ အယူအဆ၊ နည်းစနစ်တွေနဲ့ အကျွမ်းဝင်ဖို့လိုပါတယ်။ ဒီမာရီယာလည်း ဒီလိုပါပဲ။ သူ သင်ယူနိုင်ပါ့မလား။ အဲဒါကတော့ ကျွန်တော်တို့ စောင့် ကြည့်ရမှာပဲ။ သူ့မှာအရည်အချင်း မရှိလို့ ပြောနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ လိုချင်တဲ့ပုံစံ ကစားနိုင်ဖို့ လိုတာပါ။ ကျွန်တော်တစ်ယောက် တည်းအတွက်သာ မကဘဲ အသင်းအတွက်ပါ လိုအပ်နေတာပါ" ဟု ပြောသည်။

REF : Daily Mail

Mizzima

ပြင်သစ်လိဂ်-၁ ဖလားကို ပီအက်စ်ဂျီအသင်း သုံးနှစ်ဆက်တိုက် သိမ်းပိုက်



ပြင်သစ်လိဂ်-၁ ဖလားကို ပီအက်စ်ဂျီအသင်း သုံးနှစ်ဆက်တိုက် သိမ်းပိုက်
Written by  အောင်ငြိမ်းသွေး

(ပြင်သစ်)။ ။ ပွဲစဉ် ၃၇ တွင် ပီအက်စ်ဂျီအသင်းသည် မောင့်ပယ်လီယာအသင်းကို ၁-၂ ဂိုးဖြင့် အဝေးကွင်းတွင် အနိုင်ရရှိခဲ့ပြီးနောက်
ပြင်သစ်လိဂ်-၁ အမှတ်ပေးဖလားကို သုံးနှစ်ဆက်တိုက် သိမ်းပိုက်ရရှိသွားခဲ့သည်။

ဒုတိယနေရာမှ လိုင်ယွန်အသင်းသည် ဘော်ဒိုးအသင်းနှင့် ၁-၁ ဂိုးဖြင့် သရေကျခဲ့သည့်အတွက် ပီအက်စ်ဂျီအသင်းနှင့် ရှစ်မှတ်ကွာဟခဲ့ပြီး ပွဲစဉ်တစ်ပွဲအလိုတွင် ချန်ပီယံအဖြေပေါ်သွားခြင်း ဖြစ်သည်။

ပီအက်စ်ဂျီအသင်းအတွက် အနိုင်ဂိုးများကို မာကျူဒီနှင့် လာဗက်ဇီတို့က သွင်းယူပေးခဲ့ပြီး မောင့်ပယ်လီယာအတွက် ချေပဂိုးတစ်ဂိုးကို မိုနီယာက သွင်းယူပေးခဲ့သည်။

လက်ရှိအချိန်တွင် ပီအက်စ်ဂျီအသင်းသည် ပြင်သစ်လိဂ်-၁ ဖလားနှင့် ပြင်သစ်လိဂ်ရှုံးထွက်ဖလားတို့ကို ရရှိခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ပြင်သစ် အက်ဖ်အေဖလားဗိုလ်လုပွဲသို့ ရောက်ရှိနေသည့်အတွက် တစ်ရာသီအတွင်း ပြည်တွင်းဆုဖလားသုံးလုံး ရရှိမည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိနေသည်။

ပြင်သစ်အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်အဖြစ် ယခုလအကုန်တွင် အော်ဇေးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

ယခု ပြင်သစ်လိဂ်တွင် ပီအက်စ်ဂျီအသင်းနှင့် လိုင်ယွန်အသင်းတို့မှာ ချန်ပီယံလိဂ်တိုက်ရိုက်ဝင်ခွင့်ရရန် သေချာသွားခဲ့ပြီး မိုနာကို(၆၈ မှတ်)၊ မာဆေးလ်(၆၆ မှတ်)နှင့် စိန့်အက်တီနီ (၆၆ မှတ်) တို့မှာ လက်ကျန်ချန်ပီယံလိဂ် ၀င်ခွင့်တစ်နေရာအတွက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ထိုသုံးသင်းမှ တစ်သင်းပင် ယူရိုပါလိဂ်ဝင်ခွင့်ရမည် ဖြစ်သည်။

အမှတ်ပေးဇယား အောက်ဆုံးမှ လန်းစ်၊ မက်ဇ်နှင့် အီဗီယန်တို့မှာလည်း တန်းဆင်းသွားခဲ့ပြီ ဖြစ်သည်။

ရည်ညွှန်း - ဒေးလီးမေးလ်

Mizzima

မန်ယူကပေါင် ၄၅ သန်းဖြင့်လိုချင်နေသည့် တိုက်စစ်မှူးဟယ်ရီကိန်းကို စပါးရောင်းမည်မဟုတ်



မန်ယူကပေါင် ၄၅ သန်းဖြင့်လိုချင်နေသည့် တိုက်စစ်မှူးဟယ်ရီကိန်းကို စပါးရောင်းမည်မဟုတ်
Written by  ဝေဘုန်းလူ

မေ ၁၆၊ လန်ဒန်။       ။ မန်ယူအသင်းကပေါင် ၄၅ သန်းဖြင့်လိုချင်နေသည့် တိုက်စစ်မှူးဟယ်ရီကိန်းကို စပါးအသင်းက ရောင်းချမည်မဟုတ်ဟု ဒေးလီးမေးလ် သတင်းစာက ဖော်ပြလိုက်သည်။

ဟယ်ရီကိန်းသည် မန်ယူအသင်းကိုအင်အားတောင့်တင်းအောင်လုပ်ချင်နေသည့် နည်းပြဗန်ဟားလ်၏အဝယ်စာရင်းတွင် ပါဝင်လာနိုင်သည် ဟုဒေးလီးမေးလ် သတင်းစာကပင် ဖော်ပြထားခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း လက်ရှိဘောလုံးရာသီတွင် တောက်ပလာသည့်တိုက်စစ်မှူးကို စပါးအသင်းက မည်သည့်နည်းနှင့်မှရောင်းချရန် ဆန္ဒမရှိဖြစ် နေသည်။

အသက် ၂၁ နှစ်အရွယ်ရှိ ဟယ်ရီကိန်းမှာ အသင်း၏ကွင်းတွင်း၊ ကွင်းပြင်အရေးပါလာမည့် အနာဂါတ်အစိတ်အပိုင်းတစ်ခုဟု စပါးအသင်းက မှတ်ယူထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းပြုလုပ်ခဲ့သော စီးပွားရေးလုပ်ဆောင်ချက်ဖြစ်သည့် ရာသီသစ်ဝတ်စုံမိတ်ဆက်ပွဲတွင်လည်း စပါးအသင်းကို ဟယ်ရီ ကိန်းကို အဓိက ထားအသုံးပြုခဲ့သည်။

ဟယ်ရီကိန်းအနေဖြင့် ဝှိုက်ဟတ်လိန်းတွင်သာပျော်ရွှင်နေပြီး လာမည့်နွေရာသီတွင် အိုးထရက်ဖို့ဒ်သို့ ပြောင်းလိမ့်မည်မဟုတ်ဟု စပါးအသင်း ကယူထားသည်။

မန်ယူအသင်း သည်ချန်ပီယံလိဂ် ပြိုင်ပွဲသို့ပြန်လည် ဝင်ရောက်ခွင့် ရထားရာ နည်းပြဗန်ဟားလ် အနေဖြင့် တိုက်စစ်မှူး တစ်ဦး၊ ညာနောက်ခံလူ တစ်ဦး၊ ဗဟိုနောက်ခံ လူတစ်ဦးနှင့် ကွင်းလယ်ကစားသမားတစ်ဦး ခေါ်ယူအားဖြည့်ရန် ပစ်မှတ်ထားနေသည်။

တောင်ပံတိုက်စစ်မှူး ဒီပေးကိုခေါ်ယူခဲ့ပြီးဖြစ်သော်လည်း ပြီးခဲ့သည့်ဖေဖော်ဝါရီကမှ ငါးနှစ်ခွဲစာချုပ်သစ်ချုပ်ထားပြီး ဂယ်ရီလိုင်နီကာနောက် ပိုင်း တစ်ရာသီ အတွင်းဂိုး ၃၀ သွင်းသည့် ပထမဆုံးကစားသမားဖြစ်လာသော အသက် ၂၁ နှစ်အရွယ်တိုက်စစ်မှူး ဟယ်ရီကိန်းကို ဗန်ဟားလ် က ဆက်လက် အားဖြည့်ခေါ် ယူလိုနေခြင်းဖြစ်သည်။

Ref; Daily Mail

Mizzima

အသင်းမှ လူငယ်ကစားသမား အချို့ကို ရန်ကုန် အငှားချမည်



အသင်းမှ လူငယ်ကစားသမား အချို့ကို ရန်ကုန် အငှားချမည်
Written by  ရွှေဘုတ်

မေ ၁၆၊ ရန်ကုန်။      ။ ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ အတွက် အသင်းမှ လူငယ်ကစားသမားအချို့ကို အငှားချရန် စီစဉ်နေသည် ဟု ရန်ကုန်အသင်းမန်နေဂျာ ဦးကျော်လင်းထွေးက မဇ္ဈိမသို့ ပြောသည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ၂၀၁၄ ဘောလုံးရာသီ တွင်လည်းအသင်းမှ ဇွန်မိုးအောင်၊ ဇော်လင်းအစရှိသည့် ကစားသမားများကို အငှားချခဲ့ဖူးပြီး ယခုနှစ်ရာသီတွင်မူအသင်း၌ ပွဲထွက်ကစားသမား များအဖြစ်ပြန် လည် အသုံးပြုနိုင်ခဲ့သည်။

ဒုအကျော့ရာသီတွင် လူငယ်ကစားသမားအချို့ အငှားချမည့် အစီအစဉ်နှင့် ပတ်သက်၍ “ အသင်းက လူငယ်ကစားသမားအချို့ကို အငှားချဖို့တော့ ရှိပါတယ်။ ဒါပေမယ့် နည်းပြကြီးက တနေ့ကမှ ပြန်ရောက်တာဆိုတော့ ကစားသမားကြံ့ခိုင်ရေးအနေအထားတွေ ကြည့်ရပါဦးမယ်။ အသင်းက ပြိုင်ပွဲ ၂ ရပ်တောင်ပြိုင် ရမှာဆိုတော့ လက်ရှိအင်အားအရလည်း အငှားးချဖြစ်ရင် ၃ ယောက်လောက်ပါပဲ။ ဇွဲကပင်၊ မနောမြေတို့ကတော့ ငှားချင်တယ်လို့ တရားဝင်စာပို့ထားပါတယ်။ ဒါပေမယ့် ကစားသမားဆန္ဒရော၊ သူတို့လိုချင်တဲ့နေရာ ပေးနိုင်တဲ့လစာနဲ့ ကိုက်ညီမှ ဖြစ်မှာပါ ” ဟု ဦးကျော်လင်းထွေး က ပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ယခုနှစ်၂၀၁၅ ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ကိုးပွဲ ကစားပြီးချိန်၌ ကိုးပွဲစလုံးအနိုင်ရကာ ရမှတ် ၂၇ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ဦးဆောင်လျက်ရှိပြီး ဗိုလ်ချုပအောင်ဆန်းဒိုင်းပြိုင်ပွဲတွင်လည်း GFA အသင်းနှင့် ရှုံးထွက်ဒုတိယအဆင့်တွင် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

Mizzima

ယနေ့ဘောလုံးပွဲခန့်မှန်းချက်များ





Saturday, May 16, 2015

တိုက်စစ်မှူးဟောင်း ဗစ်တာကို ပြန်လည် ခေါ်ယူရန် ဇေယျာရွှေမြေအသင်း စီစဉ်



တိုက်စစ်မှူးဟောင်း ဗစ်တာကို ပြန်လည် ခေါ်ယူရန် ဇေယျာရွှေမြေအသင်း စီစဉ်
Written by  ရွှေဘုတ်

မေ ၁၆၊ ရန်ကုန်။    ။ မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့အတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည့် ဇေယျာရွှေမြေအသင်းသည် အသင်း တိုက်စစ်မှူးဟောင်း ဗစ်တာကို ပြန်လည် ခေါ်ယူရန် စီစဉ်ထားသည် ဟု ဇေယျာရွှေမြေအသင်း မီဒီယာတာဝန်ခံ ဦးကျော်ကျော်မိုး က မဇ္ဈိမသို့ ပြောသည်။

အီတလီတိုက်စစ်မှူးဗစ်တာမှာ  ပြီးခဲ့သည့် ၂၀၁၀-၂၀၁၁ ဘောလုံးရာသီ၌ ဇေယျရွှေမြေအသင်းတွင် ကစားခဲ့ဖူးပြီး လက်ရှိအချိန် တွင်ကော့စတာရီကာကလပ် ယူနီဗာဆီဒက်အသင်းတွင် ကစားနေသည်။

ဇေယျာရွှေမြေ အသင်းသည် ယခုနှစ် ဘောလုံးရာသီ ပထမအကျော့ အပြီးတွင် ရလဒ်များဆိုးဝါး လျက်ရှိသည့်အတွက် အသင်းမှ နိုင်ငံခြားသား ကစားသမား များ ဖြစ်သော တိုနီ၊ ကန်တာရို၊ ရိုဒရီဂို တို့ကို စာချုပ်ဖျက်သိမ်းကာ ဗစ်တာ၊ အင်ဒိုနီးရှားကွင်းလယ်လူ ဒီဒီဒူစမန်ဝမ် တို့ကို ပြန်လည် ခေါ်ယူရန် ကြိုးပမ်း လျက် ရှိသည်။

ဒုတိယအကျော့အတွက် အသင်းပြင်ဆင်မှုနှင့် ပတ်သက်၍ “ အသင်းက လက်ရှိမှာ ဒု-အကျော့အတွက် ကစားသမားအသစ်တွေ ခေါ်ဖို့ရှိနေပါ တယ်။ခြေစွမ်း မပြနိုင်တဲ့ နိုင်ငံခြားသား ၃ ယောက်ကို စာချုပ်ဖျက်သိမ်းလိုက်ပါပြီ။ တိုက်စစ်မှူးဟောင်းဗစ်တာကို နည်းပြကြီးက ခေါ်ချင်နေပ်ါတယ်။ ဒါ့အပြင် အင်ဒိုကွင်း လယ်လူ ဒီဒီနဲ့ အခြားတစ်ယောက်ကိုတော့ အသင်းမှာလာခြေစမ်းတဲ့ ကစားသမားထဲကရွေးခေါ်သွားမှာပါ။ ဗစ်တာနဲ့ ဒီဒီက နောက်တစ်ပတ်ထဲမှာ အသင်းကို လာခြေစမ်းမှာပါ။ ဒုကျော့အတွက်တော့ ခြေစမ်းပွဲတွေလည်း ကစားပြီး အသင်းကို အကောင်းဆုံး ပြင်ဆင်နေပါတယ် ” ဟု ဦးကျော်ကျော်မိုး က ပြောသည်။

ဇေယျာရွှေမြေအသင်းသည် ယခုနှစ် ၂၀၁၅ ဘောလုံးရာသီတွင် အသင်း၌ နည်းပြအပြောင်းအလဲများ ပြုလုပ်ခဲ့ပြီး လက်ရှိတွင် နည်းပြချုပ်အဖြစ် ဦးကျော်မင်း က တာဝန်ယူဆောင်ရွက်လျက်ရှိပြီး နည်းစနစ်ဒါရိုက်တာအဖြစ် စတီဖင်ဟန်ဆန်က တာဝန်ယူထားသည်။ ဇေယျာရွှေမြေအသင်းသည် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ရှစ်ပွဲ ကစားပြီးချိန်၌ တစ်ပွဲသာအနိုင်ရရှိထားပြီး နှစ်ပွဲသရေ ငါးပွဲရှုံး ရလဒ်ဖြင့် ရမှတ် ငါးမှတ်သာ ရရှိကာ အဆင့် ၁၀ နေရာတွင် ရပ်တည်လျက်ရှိသည်။

Mizzima

မြန်မာ ယူ-၂၀ အသင်း သြစတြေးလျတွင် ကာတာယူ-၂၀နှင့်ခြေစမ်းမည်



မြန်မာ ယူ-၂၀ အသင်း သြစတြေးလျတွင် ကာတာယူ-၂၀နှင့်ခြေစမ်းမည်
Written by  ရွှေဘုတ်

နယူးဇီလန် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် သြစတြေးလျနိုင်ငံသို့ ရောက်ရှိလေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်းနှင့်ကာတာ ယူ-၂၀ အသင်းတို့ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် မေလ ၂၁ ရက်၌ ခြေစမ်းကစားရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ စီစဉ်လျက်ရှိသည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ကာတာ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများ ဖုန်းဖြင့် ဆက်သွယ်မှုအရ ကာတာ ယူ၂၀ အသင်းကို မြန်မာ ယူ၂၀နှင့် ဆစ်ဒနီမြို့တွင် ခြေစမ်းရန် ကာတာအဖွဲ့ချုပ် ဘက်မှလည်း စီစဉ်သွားမည် ဖြစ်ကြောင်း ပြန်လည်အကြောင်းပြန်ခဲ့သည်။

စပိန်နည်းပြ ဆန်းချက်ဇ် တာဝန်ယူကိုင်တွယ်လျက်ရှိသော ကာတာ ယူ၂၀ အသင်းသည် မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် အာရှ ယူ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဗိုလ်စွဲထားသော အသင်းဖြစ်ပြီး စပိန်နာမည်ကျော် ကလပ်အသင်းများ ၊ ဂျာမနီနှင့် ဥရောပ ကလပ်အသင်းများ၏ လူငယ်အသင်းများတွင် ကစားနေသော ကစားသမားများ ပါဝင်သည်။

မြန်မာ ယူ-၂၀ အသင်းသည် ကာတာ ယူ-၂၀ နှင့် နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် အာရှ ယူ၁၉ ချန်ပီယံရှစ် ၂၀၁၄ ဆီမီးဖိုင်နယ်တွင် ကာတာအသင်းက အချိန်ပို၌ သွင်းယူခဲ့သောဂိုးဖြင့် ပွဲအပြီးတွင် (၃-၂)ဖြင့် အနိုင်ရထားသည်။

မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်းသည် ပြီးခဲ့သည့် ဥရောပခြေစမ်းခရီးစဉ်တွင် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဆာဘီးယား ယူ-၂၀ အသင်းနှင့် ခြေစမ်းပွဲတွင် (၆-၀) ဖြင့် ရှုံးနိမ့်ခဲ့သလို ဟန်ဂေရီ ယူ-၂၀ အသင်းကိုလည်း ခြေစမ်းပွဲ၌ (၃-၀) ဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာ ယူ-၂၀ အသင်းသည် နယူးဇီလန်ကမ္ဘာ့ဖလား အတွက် မေလ ၁၃ ရက် မှစတင်ပြီး သြစတြေးလျနိုင်ငံသို့ သွားရောက်ကာ လေ့ကျင့်မှုများပြုလုပ်လျက်ရှိကာ ထိုမှတဆင့် နယူးဇီလန်နိုင်ငံသို့ တိုက်ရိုက် သွားရောက်မည် ဖြစ်သည်။

Mizzima

ကိုကင်းသုံးစွဲကြောင်းတွေ့ရသဖြင့် ဟားလ်စီးတီမှ လစ်ဗာမိုး ပွဲကစားခွင့်ပိတ်ခံရ



ကိုကင်းသုံးစွဲကြောင်းတွေ့ရသဖြင့် ဟားလ်စီးတီမှ လစ်ဗာမိုး ပွဲကစားခွင့်ပိတ်ခံရ
Written by  ဝေဘုန်းလူ

ဆေးစစ်ရာတွင် ကိုကင်းသုံးစွဲ သည်ဟုတွေ့ ရှိရသဖြင့် ကွင်းလယ် ကစားသမား လစ်ဗာမိုးကို အင်္ဂလန်ဘောလုံး အဖွဲ့ချုပ် အက်ဖ်အေနှင့် ဟားလ်စီးတီး တို့မှပွဲ ကစားခွင့်ပိတ်ထားသည်။

အသက် ၂၅နှစ်ရှိ ကွင်းလယ်ကစားသမားလစ်ဗာမိုးသည် ပြီးခဲ့သည့်နှစ်ဇွန်လတွင် စပါးအသင်းမှ ဟားလ်စီးတီးအသင်းသို့ ပေါင် ရှစ်သန်းဖြင့် ပြောင်းလာခဲ့ သူဖြစ်သည်။

"အက်ဖ်အေရဲ့ဆက်လက်စစ်ဆေးမှုအပြင် အသင်းတွင်းစစ်ဆေးမှုတွေပြုလုပ်နေဆဲကာလမှာ ဂျိတ်လစ်ဗာမိုးကို ပွဲကစားခွင့်ပိတ်ထားဦးမှာဖြစ် ပါတယ်"ဟု ဟားလ်စီးတီး ကထုတ်ပြန်သော ကြေညာချက် တွင်ဖော်ပြထားသည်။

အင်္ဂလန်လက်ရွေးစင်တစ်ကြိမ်ကစားဖူးသည့် လစ်ဗာမိုးသည်လက်ရှိရာသီတွင် ဟားလ်စီးတီးအသင်းအတွက် ၃၉ ပွဲကစားထားသည်။ ၂၀၁၂ သြဂုတ်တွင် အီတလီနှင့်ခြေစမ်းသောပွဲ၌ အင်္ဂလန် လက်ရွေးစင် အတွက် တစ်ကြိမ်ပွဲ ထွက်ခွင့်ရ ခဲ့သူဖြစ်သည်။

ပွဲမကစားမီပြုလုပ်သော တားမြစ်ဆေးစစ်ဝါးသုံးစွဲခြင်းရှိ၊မရှိ စစ်ချက်တွင် သုံးစွဲထားသည့်လက္ခဏာတွေ့ရပါက ကစားသမားကို နှစ်နှစ်အထိ ပွဲပယ်ပြစ်ဒဏ် ချနိုင်ကြောင်း အက်ဖ်အေ၏ စည်းမျဉ်းများတွင်ဖော်ပြထားသည်။

လစ်ဗာမိုးသည် ဟားလ်စီးတီးအသင်းသို့သုံးနှစ်စာချုပ်ဖြင့်ပြောင်းလာသူဖြစ်ပြီး နောက်ထက်တစ်နှစ်သက်တမ်းတိုးခွင့်ရှိသည်ဆိုသည့် အချက် လည်း စာချုပ် တွင်ပါဝင်သည်။

နည်းပြစတိဘရုစ်၏ ဟားလ်စီးတီးအသင်းသည် နယူးကာဆယ်၊ ဆန်းဒါးလန်းအောက် နှစ်မှတ်၊လက်စတာအောက် သုံးမှတ်လျော့နေပြီး တန်းဆင်းဇုန် အတွင်း ရှိအမှတ်ပေးဇယား အဆင့် ၁၈ နေရာတွင်ရှိနေသည်။

Ref; BBC

Mizzima

ဒီဂီယာထွက်ခွာသွားပါက အစားထိုးနိုင်မည့် ဂိုးသမားစာရင်းကို လျာထားပြီးဟု ဗန်ဟားပြော



ဒီဂီယာထွက်ခွာသွားပါက အစားထိုးနိုင်မည့် ဂိုးသမားစာရင်းကို လျာထားပြီးဟု ဗန်ဟားပြော
Written by  အောင်ငြိမ်းသွေး

အင်္ဂလန်၊ မေ ၁၆။    ။ အသင်းအတွက် အားထားရသည့် ဂိုးသမား ဒီဂီယာအနေဖြင့် အသင်းမှထွက်ခွာရန် ဆုံးဖြတ်ခဲ့ပါက အစားထိုးနိုင်မည့် ဂိုးသမားစာရင်းကို လျာထားပြီးဖြစ်ကြောင်း မန်ယူအသင်းနည်းပြ ဗန်ဟားက ပြောဆိုလိုက်သည်။

ဒီဂီယာသည် စပိန်ထိပ်သီးရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ရန် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိပြီးဖြစ်သည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး ဒီဂီယာကလည်း ရီးယဲလ်သို့ ပြောင်းလိုကြောင်း ၀န်ခံထားသည်။

ယခုနှစ်ရာသီတွင် ပရီးမီးယားလိဂ်အကောင်းဆုံး အသင်း၏ ဂိုးသမားအဖြစ် ရွေးချယ်ခံ ခဲ့ရသော ဒီဂီယာကို မန်ယူ အသင်းက ဆက်လက် ထိန်းသိမ်း ထားရန် အလိုရှိနေပြီး ကမ္ဘာပေါ်ရှိ ဂိုးသမားအားလုံးထက် များပြားသော လစာငွေဖြင့် စာချုပ်သစ်ချုပ်ရန် ကမ်းလှမ်းထားသည်။ ဒီဂီယာ၏ လက်ရှိစာချုပ်မှာ တစ်နှစ် သာ ကျန်ရှိတော့သည့်အတွက် စာချုပ်သစ်ကို လက်မခံခဲ့ပါက မန်ယူအသင်းအနေဖြင့် ၎င်းကို ရောင်းချမည် ဖြစ်သည်။

မန်ယူနည်းပြ ဗန်ဟားလ်က 'ကျွန်တော်တို့ ဒီဂီယာကို ဆက်လက်ထိန်းသိမ်းထားလိုပါတယ်။ ဒါပေမဲ့ သူအသင်းမှာ ဆက်ပြီး နေလိုမှပါ။ ခုအချိန်အထိ ဒီဂီယာ ဘာကြောင့် ဆုံးဖြတ်ချက်မချသေးတာလဲဆိုတာတော့ ကျွန်တော်မသိပါဘူး။ သူ့နေရာမှာ အစားထိုးနိုင်မယ့် ဂိုးသမားစာရင်း ကျွန်တော်တို့ဆီမှာ ရှိပြီးသားပါ။ ဂိုးသမားနေရာမှမဟုတ်ပါဘူး။ နေရာအားလုံးအတွက် ကျွန်တော်တို့ဆီမှာ သင့်တော်တဲ့ ကစားသမားစာရင်းရှိပါတယ်။ ဒီဂီယာအနေနဲ့ စာချုပ်သစ်မှာ လက်မှတ်ရေးထိုးလိမ့်မယ်လို့ မျှော်လင့်ပါတယ်' ဟု ပြောသည်။

မန်ယူအသင်းသည် ဒီဂီယာ၏နေရာတွင် အစားထိုးရန်အတွက် စပါးဂိုးသမား ဟူဂိုလောရစ်နှင့် စတုခ်စီးတီးဂိုးသမား ဘီဂိုဗစ်တို့ကို လျာထားသည် ဟု ဒေးလီးမေးလ်သတင်းစာ ကဖော်ပြသည်။

ဒီဂီယာသည် ၂၀၁၁ ခုနှစ်က ပြောင်းရွှေ့ကြေး ပေါင် ၁၇.၈ သန်းဖြင့် အက်သလက်တီကိုအသင်းမှ မန်ယူသို့ ပြောင်းရွှေ့လာသူ ဖြစ်သည်။

Ref: Daily Mail

Mizzima

ငြိမ်းချမ်းအောင်နဲ့ သန်းပိုင်တို့ကို သီးသန့် လေ့ကျင့်ပေးနေ



ငြိမ်းချမ်းအောင်နဲ့ သန်းပိုင်တို့ကို သီးသန့် လေ့ကျင့်ပေးနေ

မြန်မာယူ၂၀အသင်းရဲ့ ဒဏ်ရာရ ကစားသမားတွေ ဖြစ်တဲ့ ငြိမ်းချမ်းအောင်နဲ့ သန်းပိုင်တို့ ကို ကြံ့ ခိုင်ရေး နည်းပြ အကူအညီနဲ့ သီးသန့် လေ့ကျင့် ပေးနေတယ်လို့ သိရပါသည်။
“သန်းပိုင်ကတော့ ပေါင်တွင်းကြော ဒဏ်ရာ ရနေတာပါ။ငြိမ်းချမ်းအောင်ကတော့ ဒူးအရွတ် ဆုတ်သွားတာပါ။ ငြိမ်းချမ်းအောင်ကတော့ အချိန် ကာလနည်းနည်း အနားယူရမယ်ခန့်  မှန်းထားပါတယ်။ ဒါပေမယ့် သေချာတော့ပြောလို့ မရသေးပါဘူး”လို့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ ချုပ် တာဝန်ရှိသူ တစ်ဦးကပြောပါသည်။
သန်းပိုင်ဟာ မြန်မာ ယူ၂၀အသင်းရဲ့ ယူ၂၀ ကမ္ဘာဖလားကို ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရစေခဲ့တဲ့ ယူအေအီး အသင်းနဲ့ ပွဲမှာ အနိုင်ဂိုးကို သွင်းယူပေး ခဲ့သလို ငြိမ်းချမ်းအောင်က မြန်မာယူ၂၀ အသင်းရဲ့ အဓိက ကွင်းလယ် ကစားသမား ဖြစ်ပါသည်။ အဆိုပါ ကစားသမား နှစ်ယောက် စလုံးဟာ ဒဏ်ရာတွေကို ဥရောပ ခရီးစဉ်တွေမှာ ရရှိခဲ့တာ ဖြစ်ပြီး လက်ရှိ အချိန်မှာ ကြံ့ ခိုင်ရေး နည်းပြဂျူဒစ်ရဲ့ အကူအညီနဲ့ သီးသန့် လေ့ကျင့်နေ တယ်လို့ သိရပါသည်။

Soccer Myanmar

ယနေ့ဘောလုံးပွဲခန့်မှန်းချက်များ







Friday, May 15, 2015

ပရိသတ်များ ကွင်းတွင်းဝင်ရောက် အောင်ပွဲခံ၍ အက်စတွန်ဗီလာ ပေါင်နှစ်သိန်း ဒဏ်ရိုက်ခံရ



ပရိသတ်များ ကွင်းတွင်းဝင်ရောက် အောင်ပွဲခံ၍ အက်စတွန်ဗီလာ ပေါင်နှစ်သိန်း ဒဏ်ရိုက်ခံရ
Written by  ဝေဘုန်းလူ

(ဘာမင်ဂမ်)။ ။ ဝက်စ်ဘရွန်းနှင့် ကစားခဲ့သော အက်ဖ်အေဖလား ကွာတားပွဲစဉ်တွင် ပရိသတ်များ ကွင်းအတွင်း ဝင်ရောက်အောင်ပွဲခံခဲ့သဖြင့် အက်စတွန်ဗီလာ အသင်းကို အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေက ပေါင်နှစ်သိန်း ဒဏ်ရိုက်လိုက်သည်။

မတ်လ ၇ ရက်တွင် ကစားခဲ့သော ယင်းပွဲ၌ ထပ်ဆောင်းအချိန်ပိုနှင့် ပွဲပြီးချိန်တွင် အက်စတွန်ဗီလာ ပရိသတ်အချို့သည် ကွင်းအတွင်းဝင် ရောက်ခဲ့သလို အဝေးကွင်းပွဲကြည့် စင်ဘက်အခြမ်း၌လည်း ထိုင်ခုံများပြန့်ကျဲနေခဲ့သည်။

အက်စတွန်ဗီလာအသင်းသည် ဝက်စ်ဘရွန်းကို ၂-၀ ဂိုးဖြင့်အနိုင်ရခဲ့ပြီး ဆီမီးတွင် လီဗာပူးလ်ကို ဆက်လက်အနိုင်ရခဲ့ရာ မေ ၃၀ တွင် အာဆင် နယ်အသင်းနှင့် ဗိုလ်လုပွဲကစားရမည် ဖြစ်သည်။

ဒဏ်ငွေအပြင် အနာဂါတ်တွင် အလားတူဖြစ်ရပ်မျိုး ပေါ်ပေါက်ခြင်း မရှိစေရန် အက်ဖ်အေက သတိပေးခဲ့သည်။ ယင်းဖြစ်ရပ်ပေါ်ပေါက်ခဲ့သည့် ပွဲအပြီးတွင် အက်စတွန်ဗီလာအသင်းက တောင်းပန်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ခြင်း မရှိသူများကြောင့် အကျည်းတန်ခဲ့ရသည်ဟု ကြေညာခဲ့သည်။

REF : BBC

Mizzima

ဘောလုံးရာသီကုန်တွင် အဆင့် ၅ အတွင်း ၀င်ရန် ချင်းယူနိုက်တက်အသင်း ပစ်မှတ်ထား



ဘောလုံးရာသီကုန်တွင် အဆင့် ၅ အတွင်း ၀င်ရန် ချင်းယူနိုက်တက်အသင်း ပစ်မှတ်ထား
Written by  သောကြာ

ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲဝင် ချင်းယူနိုက်တက်အသင်းသည် ဒုတိယ အကျော့ပွဲစဉ်များ မစတင်မီ ပြည်တွင်း၊ ပြည်ပ ကစားသမားအချို့ ခေါ်ယူနေပြီး ဘောလုံးရာသီအကုန်တွင် ထိပ်ဆုံး ငါးသင်း စာရင်းဝင်ရန် ပစ်မှတ်ထားနေသည်ဟု အသင်းစီအီးအို ဦးဒိုခန့်ခုပ်က မဇ္ဈိမသို့ ပြောသည်။

ချင်းယူနိုက်တက်အသင်းသည် ကမ္ဘောဇအသင်းမှ တိုက်စစ်မှူး မိုင်းအိုက်နိုင်ကို အငှားခေါ်ယူနိုင်ခဲ့သလို ၂၀၁၃ ခုနှစ်တွင် အသင်း၌ ကစားခဲ့ဖူးသော တောင်ကိုရီးယားလူမျိုး ချန်ရာဂင်ကိုလည်း အသင်းသို့ပြန်လည်ခေါ်ယူနိုင်ခဲ့သည်။

'ရာသီကုန် မှာ အဆင့် ၁ ကနေ ၅ အတွင်း ၀င်ဖို့ မှန်းထားတယ်။ လက်ရှိနိုင်ငံခြားကစားသမားအင်အားနဲ့ စုဖွဲ့မှုနဲ့ဆို ၀င်နိုင်မယ်လို့လဲ ထင်တယ်။ တိုက်စစ်မှူး ဆန်ဒေးနဲ့ ချန်ရာဂင်တို့ အတွဲညီလိမ့်မယ်လို့လဲထင်တယ်' ဟု ချင်းယူနိုက်တက်အသင်း စီအီးအို ဦးဒိုခန့်ခုပ်က ပြောသည်။ ချင်းယူနိုက်တက်အသင်းတွင် ရှိနေသော ဟံသာဝတီ အသင်း နောက်ခံလူဟောင်း ကလစ်ဖို့ဒ်၊ ဇွဲကပင်အသင်း ကစားသမားဟောင်း ဂျီနွတ်ဆီယမ်၊ ဇေယျာရွှေမြေအသင်း တိုက်စစ်မှူးဟောင်း ဆန်ဒေးတို့ သုံးဦးမှာ ပထမအကျော့တွင် အသင်းအတွက် ခြေစွမ်းပြ ကစားပေးနိုင်ခဲ့ကြပြီး အသင်းကွင်းလယ် ကစားသမားဟောင်း ချန်ရာဂင် ထပ်မံရောက်ရှိလာသောကြောင့် ဒုတိယအကျော့တွင် အသင်း၏ ခြေစွမ်းပိုမိုတိုးတက်လာဖွယ် ရှိနေသည်။

'ချန်ရာဂင်က အသင်းမှာ ကစားခဲ့ဖူးတဲ့ ကစားသမားကောင်းပါ။ နောက်ပြီး အသင်းက ကွင်းလယ်ပိုင်းမှာ နဲနဲလိုအပ်ချက် ရှိနေတာကြောင့် သူ့ကို ပြန်ခေါ်ဖြစ်ခဲ့တာပါ။ သူက အသင်းနဲ့ အံဝင်တဲ့ ကစားသမား တစ်ယောက်လဲ ဖြစ်တယ်' ဟု ချင်းယူနိုက်တက်အသင်း နည်းပြချုပ် ဦးဋ္ဌေးမြင့်က ပြောသည်။ ချင်းယူနိုက်တက်အသင်းသည် နေရှင်နယ်လိဂ်  ပထမအကျော့ ကိုးပွဲအပြီးတွင် သုံးပွဲနိုင်၊ နှစ်ပွဲသရေ၊ သုံးပွဲရှုံး ရမှတ် ၁၁ မှတ်ဖြင့် အဆင့် ၆ နေရာတွင် ရပ်တည်နေသည်။ ထို့ပြင် အသင်းတိုက်စစ်မှူး ဆန်းဒေးမက်သရူးမှာ ကိုးပွဲကစားအပြီးတွင် အသင်းအတွက် သွင်းဂိုး ငါးဂိုး သွင်းယူပေးထားသလို ချင်းလူမျိုးကစားသမား ဆောင်လမ်မန်ကလည်း အသင်းအတွက် လေးဂိုး သွင်းယူပေးထားသည်။

Mizzima

ယူ-၂၃ အသင်း ကွင်းလယ်ကစားသမား လှိုင်းဘိုဘို ဒဏ်ရာမှ ပြန်လည်သက်သာ



ယူ-၂၃ အသင်း ကွင်းလယ်ကစားသမား လှိုင်းဘိုဘို ဒဏ်ရာမှ ပြန်လည်သက်သာ
Written by  ရွှေဘုတ်

ရန်ကုန် (မဇ္ဈိမ)။ ။ စင်ကာပူ ဆီးဂိမ်းပြိုင်ပွဲအတွက် ရွေးချယ်ထားသည့် မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းအဓိက ကွင်းလယ်ကစားသမား လှိုင်းဘိုဘိုသည် ယူ-၂၀ အသင်းနှင့် ခြေစမ်းပွဲတွင် ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့သော်လည်း  ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သည် ဟု မြန်မာ ယူ-၂၃ အသင်း မီဒီယာတာဝန်ခံ ကိုဇော်မင်းထိုက် က မဇ္ဈိမသို့ ပြောသည်။ လှိုင်းဘိုဘိုသည် ရတနာပုံ လူငယ်အသင်းမှ ထွက်ပေါ်လာသည့် ကစားသမား တစ်ဦးဖြစ်ပြီး အာရှယူ-၂၃ ချန်ပီယံရှစ် ခြေစစ်ပွဲတွင် အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့ကာ အသင်းအတွက် နှစ်ဂိုး သွင်းယူပေးနိုင်ခဲ့သည်။

လှိုင်းဘိုဘို၏ ဒဏ်ရာအခြေအနေနှင့် ပတ်သက်၍ “လှိုင်းဘိုဘိုက ပြီးခဲ့တဲ့ ယူ-၂၀ အသင်းနဲ့ ခြေစမ်းပွဲမှာ ခြေကျင်းဝတ် ခိုက်မိတာပါ။ ဒဏ်ရာက မပြင်းထန်ပါဘူး။ ခုပြန်ကောင်းနေပါပြီ။ အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်လုပ်နိုင်နေပါပြီ။ အသင်းကတော့ ထိုင်းမသွားခင် ဒီမှာ ကလပ်အသင်းတွေနဲ့ ခြေစမ်းပွဲတွေ ကစားဖို့ စီစဉ်ထားပါတယ်။ ဗီယက်နမ်နဲ့ ခြေစမ်းပွဲလည်း သွားကစားဖြစ်မှာပါ။ ဆီးဂိမ်းအတွက် အားလုံးက ကြိုးစားပြင်ဆင်နေပါတယ်” ဟု ကိုဇော်မင်းထိုက်က ပြောသည်။

မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းသည် လက်ရှိတွင် ပဏာမကစားသမား ၂၃ ဦးဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိပြီး ဂျပန်နိုင်ငံသို့ သွားရောက်လေ့ကျင့်ရန် ဂျပန် ဘောလုံးအဖွဲ့ချုပ်နှင့် ညှိနှိုင်းလျက်ရှိကာ မေလ ၂၂ ရက်တွင်လည်း ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ဗီယက်နမ် ယူ-၂၃ အသင်းနှင့် ခြေစမ်းပွဲကစားရန် စီစဉ်ထားသည်။

Mizzima

ဘရာဇီး လူငယ် ကွင်းလယ်လူ နသန်ကို ချယ်လ်ဆီးအသင်းခေါ်ယူ



ဘရာဇီး လူငယ် ကွင်းလယ်လူ နသန်ကို ချယ်လ်ဆီးအသင်းခေါ်ယူ
Written by  ဝေဘုန်းဘူ

(လန်ဒန်)။ ။ ချယ်လ်ဆီးအသင်းသည် ဘရာဇီးကလပ် အက်သလက်တီကိုပါရာနန်စီအသင်းမှ ဘရာဇီးလူငယ် ကွင်းလယ်ကစားသမား နသန်ကို မဖော်ပြသည့် ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

နသန်၏ပြောင်းရွှေ့ကြေးမှာ ပေါင် ၄ ဒသမ ၅ သန်းဝန်းကျင် ရှိနိုင်ကြောင်း ဗြိတိန် မီဒီယာများက ခန့်မှန်းဖော်ပြခဲ့ကြသည်။

အသက် ၁၉ နှစ်အရွယ်ရှိ နသန်သည် ဆေးစစ်မှုအောင်မြင်ခဲ့ပြီး ပုဂ္ဂိုလ်ရေး သဘောတူညီမှုလည်း ရပြီးနောက် ဇူလိုင် ၁ ရက်တွင်
စတမ်းဖို့ဒ်ဘရစ်ခ်ျသို့ ရောက်ရှိလာမည် ဖြစ်သည်။

"အင်္ဂလန်ရဲ့ ချန်ပီယံအသင်းဖြစ်တဲ့ ချယ်လ်ဆီးနဲ့ ပူးပေါင်းနိုင်လို့ ဝမ်းသာပါတယ်။ ခြေစွမ်းတိုးတက်ဖို့ သင်ယူခွင့်ရမယ်လို့လည်း
မျှော်လင့်ပါတယ်" ဟု နသန်က ချယ်လ်ဆီးအသင်း ဝက်ဘ်ဆိုက်သို့ ပြောသည်။

အမည်အပြည့်အစုံ နသန်အလန်ဒီဆိုဇာသည် ဘရာဇီးလက်ရွေးစင် ယူ-၁၇ နှင့် ယူ-၂၀ အသင်းများတွင် လက်ရွေးစင်အဖြစ် ကစားဖူးသူလည်း ဖြစ်သည်။

နသန်သည် ချယ်လ်ဆီးအသင်းတွင် တစ်နိုင်ငံတည်းသား ဘရာဇီး ကစားသမားများဖြစ်သည့် ရာမီးယက်စ်၊ ဝီလျံ၊ အော်စကာ၊
လူးဝစ်တို့နှင့် ဆုံတွေ့ရမည် ဖြစ်သည်။ ချယ်လ်ဆီးအသင်းသည် ဘရာဇီး လူငယ်များဖြစ်သည် ဝေါလေ့၊ ပီယာဇွန်တို့ကိုလည်း အငှားချထားသည်။

နသန်သည် ၂၀၁၃ ခုနှစ်က ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ငါးပွဲကစား၊ ငါးဂိုးသွင်းနိုင်ခဲ့ပြီး ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး
ကစားသမားဆုရရှိခဲ့သူ ဖြစ်သည်။

REF : BBC

Mizzima

AFC Cup အုပ်စုပွဲများအပြီး ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ဧရာဝတီ တိုက်စစ်မှူး ဆက်လက်ရပ်တည်



AFC Cup အုပ်စုပွဲများအပြီး ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ဧရာဝတီ တိုက်စစ်မှူး ဆက်လက်ရပ်တည်
Written by  သောကြာ

ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၅ AFC Cup အုပ်စု နောက်ဆုံးပွဲစဉ်များကို မေ ၁၃ ရက်က ကျင်းပပြီးစီးခဲ့ပြီး ဂိုးသွင်းအများဆုံး ကစားသမားစာရင်း ထိပ်ဆုံးတွင် ဧရာဝတီ ယူနိုက်တက်အသင်း တိုက်စစ်မှူး ရစ္စတီက ဆက်လက်ရပ်တည်နိုင်ခဲ့သည်။

မက်ဆီဒိုးနီးယား တိုက်စစ်မှူး ရစ္စတီသည် ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီတွင် ဧရာဝတီအသင်းသို့ ရောက်ရှိလာသူဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် မြန်မာ နေရှင်နယ်လိဂ်ကလပ် ဇွဲကပင် အသင်းတွင် ကစားခဲ့ဖူးသည်။ တိုက်စစ်မှူး ရစ္စတီသည် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲတွင်လည်း ဧရာဝတီအသင်းအတွက် ခုနစ်ဂိုး သွင်းယူပေးထားသလို AFC Cup အုပ်စုပွဲစဉ် အပြီးတွင်လည်း သွင်းဂိုး ၈ ဂိုးဖြင့် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေ သည်။ AFC Cup အုပ်စုပွဲစဉ်များအပြီး ဂိုးသွင်းအများဆုံး ဒုတိယနှင့် တတိယနေရာတွင် ဟောင်ကောင်ကလပ် ဆောက်ချိုင်းနားအသင်းမှ သြစတြေးလျ လူမျိုး ကစားသမား ဒန်နီရယ် မက်ဘရင်း၊ မလေးရှားကလပ် ပါဟန်းအသင်းမှ နိုက်ဂျီးရီးယားလူမျိုး ကစားသမား ဒစ်ဆန်တို့ က သွင်းဂိုး ခြောက်ဂိုးစီဖြင့် ရပ်တည်နေကြသည်။

ဂိုးသွင်း အများဆုံး စတုတ္ထနေရာတွင် အင်ဒိုနီးရှားကလပ် ပါစီပူရာအသင်းမှ အင်ဒိုနီးရှားလူမျိုး တိုက်စစ်မှူး ဆိုလိုဆာက သွင်းဂိုး ငါး ဂိုးဖြင့် ရပ်တည်နေသည်။ ထို့ပြင် ဧရာဝတီအသင်း တိုက်စစ်မှူး ဖွန်ဆီကာမှာလည်း AFC Cup ပြိုင်ပွဲတွင် အသင်းအတွက် ငါးဂိုးသွင်းယူပေးထားသည်။     ဧရာဝတီအသင်းသည် အုပ်စု နောက်ဆုံးပွဲတွင် အင်ဒိုနီးရှားကလပ် ဘန်ဒေါင်းအသင်းနှင့် အဝေးကွင်းပွဲတွင် သုံးဂိုးစီ သရေကျခဲ့သောကြောင့် အုပ်စု ဒုတိယဖြင့်သာ နောက်တစ်ဆင့်သို့ တက်နိုင်ခဲ့သည်။ အုပ်စုဒုတိယသာ ရရှိခဲ့သောကြောင့် ဧရာဝတီအသင်းသည် ၁၆ သင်း ရှုံးထွက် အဆင့်တွင် အဝေးကွင်း၌ သွားကစားရမည် ဖြစ်သည်။

ဂျိုဟိုး ကလပ်အသင်းသည် ပြီးခဲ့သည့် ၂၀၁၄ မလေးရှား စူပါလိဂ်တွင် ချန်ပီယံဖြစ်ခဲ့သလို ယခုနှစ် AFC Cup အုပ်စုပွဲစဉ်တွင်လည်း ငါးပွဲနိုင် တစ်ပွဲရှုံး ရလဒ်ဖြင့် ရမှတ် ၁၅ မှတ်ရရှိကာ ရှုံးထွက်အဆင့်သို့ တက်ရောက်လာခဲ့ပြီး ယင်းအုပ်စုတွင် တရုတ်ကလပ် ကစ်ချီအသင်းက ရမှတ် ၁၁ မှတ် အုပ်စုဒုတိယဖြင့် တက်ရောက်နိုင်ခဲ့သည်။

Mizzima

AFC Cup ရှုံးထွက် အဆင့်တွင် မလေးရှားကလပ် ဂျိုဟိုးနှင့် ဧရာဝတီအသင်း ရင်ဆိုင်ရမည်



AFC Cup ရှုံးထွက် အဆင့်တွင် မလေးရှားကလပ် ဂျိုဟိုးနှင့် ဧရာဝတီအသင်း ရင်ဆိုင်ရမည်
Written by  ရွှေဘုတ်

ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၅ AFC Cup ပြိုင်ပွဲတွင် အသင်းသမိုင်းတလျှောက် အုပ်စုအဆင့်မှ ပထမဆုံး ကျော်ဖြတ်နိုင်ခဲ့ သည့် ဧရာဝတီ ယူနိုက်တက်အသင်းသည် ရှုံးထွက်အဆင့်၌ မလေးရှားစူပါလိဂ် လက်ရှိချန်ပီယံ ဂျိုဟိုးအသင်းနှင့် တွေ့ဆုံမည် ဖြစ်သည်။ ဧရာဝတီ ယူနိုက်တက်အသင်းသည် ယခုနှစ် AFC Cup အုပ်စုအဆင့်တွင် လက်ရှိအချိန်ထိ ရှုံးပွဲမရှိသေးဘဲ နှစ်ပွဲနိုင် လေးပွဲသရေ ရလဒ် ရမှတ် ၁၀ မှတ်ဖြင့် အုပ်စု ဒုတိယရရှိကာ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ အုပ်စုမှ အင်ဒိုနီးရှား ကလပ် ပါဆီပန်ဒေါင်းအသင်းက ရမှတ် ၁၂ အုပ်စုပထမဖြင့် တက်ရောက်နိုင်ခဲ့သည်။

ဂျိုဟိုး ကလပ်အသင်းသည် ပြီးခဲ့သည့် ၂၀၁၄ မလေးရှား စူပါလိဂ်တွင် ချန်ပီယံဖြစ်ခဲ့သလို ယခုနှစ် AFC Cup အုပ်စုပွဲစဉ်တွင်လည်း ငါးပွဲနိုင် တစ်ပွဲရှုံး ရလဒ်ဖြင့် ရမှတ် ၁၅ မှတ်ရရှိကာ ရှုံးထွက်အဆင့်သို့ တက်ရောက်လာခဲ့ပြီး ယင်းအုပ်စုတွင် တရုတ်ကလပ် ကစ်ချီအသင်းက ရမှတ် ၁၁ မှတ် အုပ်စုဒုတိယဖြင့် တက်ရောက်နိုင်ခဲ့သည်။

ဂျိုဟိုးအသင်းနှင့် တွေ့ဆုံမည့် ပွဲနှင့် ပတ်သက်၍ “ ဂျိုဟိုးက သူတို့အုပ်စုမှာ အုပ်စုပထမရပြီး နောက်တစ်ဆင့် တက်သွားတယ်ဆိုတော့ ကျနော်တို့တွေ သူတို့ကွင်းကို သွားကန်ရပါမယ်။ နောက် ၂ ပတ်ကြာရင်ပေါ့။ ပြင်ဆင်မှုကို ပြောပါဆိုရင်တော့ အခုလိုပဲ ခက်ခက်ခဲခဲ ပြင်ဆင်ရဦးမှာပါ။ ဘာလို့ဆိုတော့ ခုနပြောခဲ့တဲ့ လက်ရွေးစင် ကစားသမားတွေ၊ ပွဲပယ် ကစားသမားတွေလည်း မပါဘူး။ ဒါပေမယ့် ကျနော်တို့ အကောင်းဆုံးဖြစ်အောင် ကြိုးစားမှာပါ ” ဟု နည်းပြချုပ် မာယန်က သူ့အမြင်ကို ပြောသည်။

AFC Cup ၏ စည်းမျဉ်းအရ ရှုံးထွက်အဆင့်တွင် တစ်ကျော့တည်းသာ ယှဉ်ပြိုင်ကစားရပြီး အုပ်စုပထမဖြင့် တက်ရောက်နိုင်ခဲ့သော ဂျိုဟိုးက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိမည် ဖြစ်ကာ လာမည့် မေလ ၂၆ ရက်တွင် မလေးရှားနိုင်ငံ၌ ဧရာဝတီအသင်း သွားရောက်ကစားရမည် ဖြစ်သည်။

Mizzima

မိမိကို ဆွာရက်ဇ် ကိုက်ခဲ့သည့် ဖြစ်ရပ်သည် အတိတ်တွင်သာ ကျန်ရစ်ခဲ့ပြီဟု ချီလီနီ ဆို



မိမိကို ဆွာရက်ဇ် ကိုက်ခဲ့သည့် ဖြစ်ရပ်သည် အတိတ်တွင်သာ ကျန်ရစ်ခဲ့ပြီဟု ချီလီနီ ဆို

ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် လူးဝစ်ဆွာရက်ဇ်နှင့် ပြန်လည်တွေ့ဆုံရခြင်းနှင့် ပတ်သက်၍ ခန့်မှန်းပြောကြားနေမှုများအား အဆိုပါ ဖြစ်ရပ်သည် အတိတ်တွင်သာ ကျန်ရစ်ခဲ့ပြီ ဖြစ်ကြောင်း ဂျူဗင်တပ်စ် နောက်ခံလူ ဂျော်ဂျီယို ချီလီနီက ပြောကြား သွားခဲ့သည်။

ပြီးခဲ့သည့်နှစ် ကမ္ဘာ့ ဖလားတွင် ဥရုဂွေးက အီတလီကို ၁-၀ ဂိုးဖြင့် အနိုင် ရခဲ့သည့် ပွဲစဉ်အတွင်း ဆွာရက်ဇ်က ချီလီနီကို ကိုက်ခဲ့ပြီးနောက် အဆိုပါ ကစားသမားနှစ်ဦးသည် ဘာလင်တွင် ကျင်းပမည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲ၌ ပထမဦးဆုံး အကြိမ် ပြန်လည်တွေ့ဆုံကြမည် ဖြစ်သည်။ အဆိုပါ ဖြစ်ရပ်ကြောင့် ဆွာရက်ဇ် အနေဖြင့် လေးလပွဲပယ် ပြစ်ဒဏ် ကျခံခဲ့ရသည်။

“ကျွန်တော်က ဆွာရက်ဇ်ကို ရော်နယ်ဒို၊ ဘေးလ်၊ ဘန်ဇီးမား၊ ချီချာရီတိုတို့နဲ့ ရင်ဆိုင်ခဲ့သလိုမျိုး တိုက်စစ်မှူးကောင်း တစ်ယောက်အနေနဲ့ပဲ ရင်ဆိုင်သွားမှာပါ။ နွေရာသီက ဖြစ်ရပ်နဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးက ရင့်ကျက်နေပါပြီ။ သူ့အနေနဲ့လည်း ချန်ပီယံလိဂ် ဆုဖလား ရရှိဖို့အတွက်ပဲ အာရုံစိုက်နေမယ်လို့ ထင်ပါတယ်” ဟု ချီလီနီက ပြောကြားခဲ့သည်။

အီတလီ ချန်ပီယံ ဂျူဗင်တပ်စ်သည် ဇွန်လ ၆ ရက်တွင် ဘာလင်၌ ဘာစီလိုနာနှင့် ချန်ပီယံလိဂ် ဆုဖလားအတွက် ထိပ်တိုက်ရင်ဆိုင်ရမည် ဖြစ်သည်။

အဆိုပါ ပွဲစဉ်သည် လီဗာပူးလ် တိုက်စစ်မှူးဟောင်း ဆွာရက်ဇ်အနေဖြင့် ပက်ထရစ် အီဗရာနှင့် ပြန်လည်ရင်ဆိုင်ရမည့် ပွဲစဉ်လည်း ဖြစ်သည်။ ဆွာရက်ဇ်သည် ၂၀၁၁ ခုနှစ် ပရီးမီးယားလိဂ် ပွဲစဉ်တစ်ခုတွင် အီဗရာကို လူမျိုးရေးခွဲခြားခဲ့သောကြောင့် အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ်၏ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရသူ ဖြစ်သည်။

ထို့နောက် ဂျူဗင်တပ်စ် နောက်ခံလူနှင့် ဥရုဂွေး လက်ရွေးစင် ကစားသမားဟောင်း ပေါ်လိုမွန်တဲရိုးက ဆွာရက်ဇ် အနေဖြင့် အဆိုပါ ကစားသမားနှစ်ဦးကို အကောင်းဆုံး ရင်ဆိုင်သွားလိမ့်မည်ဟု ယုံကြည်ကြောင်း ဆိုခဲ့သည်။

၎င်းက “အီဗရာ၊ ချီလီနီတို့နဲ့ ပြန်ရင်ဆိုရမယ့် ဆွာရက်ဇ်အတွက်ကတော့ အရမ်းကို တက်ကြွနေလိမ့်မယ်လို့ ထင်ပါတယ်။ ဒါဟာ သူတို့ရှေ့မှာ ဆုဖလားကိုင်မြှောက်နိုင်မယ့် အခွင့်အရေးပါ။ လက်ရှိ ဆွာရက်ဇ်ရဲ့ ကစားပုံနဲ့ဆိုရင် အီဗရာနဲ့ ချီလီနီတို့ စိုးရိမ်နေလောက်ပါပြီ” ဟု ပြောကြားခဲ့သည်။

ဆွာရက်ဇ်သည် ပြီးခဲ့သည့် နွေရာသီက ဘာစီလိုနာသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ချန်ပီယံလိဂ် ၉ ပွဲတွင် ၆ ဂိုးသွင်းယူမှု အပါအဝင် ၄၁ ပွဲ ကစားပြီး ၂၄ ဂိုး သွင်းယူထားသူ ဖြစ်သည်။

Soccer Myanmar

အာဆင်နယ်၏ ပစ်မှတ် ကစားသမား အားလုံးကို မန်ချက်စတာ ယူနိုက်တက် အလို ရှိနေကြောင်း ဝင်းဂါး ဝန်ခံ



အာဆင်နယ်၏ ပစ်မှတ် ကစားသမား အားလုံးကို မန်ချက်စတာ ယူနိုက်တက် အလို ရှိနေကြောင်း ဝင်းဂါး ဝန်ခံ

နွေရာသီ အပြောင်းအရွှေ့တွင် မိမိ အသင်း၏ ပစ်မှတ် ကစားသမား အားလုံးကို ပရီးမီးယားလိဂ် ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်က ငွေအလျှံပယ်သုံးပြီး ခေါ်ယူသွားမည်ကို စိုးရွံ့မိကြောင်း အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ဝန်ခံပြောကြားလိုက်သည်။

ယူနိုက်တက်သည် ယခုနှစ် ဘောလုံးရာသီ မတိုင်မီက အိန်ဂျယ်ဒီမာရီယာ၊ အန်ဒါဟာရဲရား၊ လုခ်ရှော၊ မာကို့စ်ရိုဟိုနှင့် ဒါလေဘလင်းတို့ကို ပြောင်းရွှေ့ကြေး ယူရို သန်း ၂၀၀ နီးပါးဖြင့် ခေါ်ယူခဲ့ပြီးနောက် လာမည့်နှစ် ဘောလုံးရာသီ အတွက် ပီအက်စ်ဗွီ ကွင်းလယ်တောင်ပံ ကစားသမား မမ်ဖစ်ဒီပေးကို ယူရို ၂၇.၅ သန်း ဖြင့် ခေါ်ယူနိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။

ထို့နောက် ဝင်းဂါးက လူးဝစ်ဗန်ဂါးလ်၏ အသင်းသည် ပြီးခဲ့သည့် နွေရာသီ အပြောင်းအရွှေ့ကဲ့သို့ပင် ငွေကြေး အမြောက်အများ သုံးစွဲလိမ့်မည်ဟု ထင်မြင်ကြောင်း ဆိုခဲ့သည်။

“မန်ချက်စတာယူနိုက်တက် အနေနဲ့ အပြောင်းအရွှေ့ ဈေးကွက်မှာ သွက်သွက်လက်လက် လှုပ်ရှားလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော် ကစားသမား တစ်ယောက်ကို ကမ်းလှမ်း လိုက်တာနဲ့ မန်ချက်စတာ ယူနိုက်တက်က ပိုက်ဆံအထုပ်လိုက်ဆွဲပြီး ရောက်နေပါပြီ” ဟု ဝင်းဂါးက ပြောကြားခဲ့သည်။

လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားတွင် မန်ချက်စတာယူနိုက်တက်ထက် နှစ်မှတ်အသာဖြင့် တတိယနေရာ၌ ရပ်တည်နေသည့် အာဆင်နယ်သည် တနင်္ဂနွေနေ့တွင် အိုးထရတ်ဖို့ဒ်၌ သွားရောက်ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

ဗန်ဂါးလ်သည် အိုးထရတ်ဖို့ဒ် ခရီးအစတွင် အခက်အခဲများဖြင့် စတင်ခဲ့ရသော်လည်း ယခုအခါတွင် ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိခဲ့ပြီး နယ်သာလန် နည်းပြဟောင်းအနေဖြင့် ရာသီသစ်အတွက် နာမည်ကျော် ကစားသမားများကို ဆွဲဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဝင်းဂါးက ပြောကြားသွားခဲ့သည်။

Soccer Myanmar

တိုရေးကို ခေါ်ယူနိုင်ရန် အစွမ်းရှိသမျှ ကြိုးစားမည်ဟု အင်တာ ဥက္ကဋ္ဌ ပြောကြား



တိုရေးကို ခေါ်ယူနိုင်ရန် အစွမ်းရှိသမျှ ကြိုးစားမည်ဟု အင်တာ ဥက္ကဋ္ဌ ပြောကြား

ယာယာတိုရေးကို ခေါ်ယူရန် အစွမ်းရှိသမျှ ကြိုးစား လုပ်ဆောင် သွားမည်ဟု အင်တာမီလန် ဥက္ကဋ္ဌ အဲရစ်ခ် သိုဟာက ထုတ်ဖော် ပြောကြားလိုက်သည်။

အိုင်ဗရီကို့စ် ကွင်းလယ်ကစားသမား၏ အေးဂျင့်က တိုရေးသည် ယခုဘောလုံးရာသီ အကုန်တွင် အစ်တီဟတ်ကို စွန့်ခွာရန် (၉၀)ရာခိုင်နှုန်း သေချာကြောင်း ထုတ်ဖော် ပြောကြားထားသည်။ မန်စီးတီး မန်နေဂျာဟောင်း ရောဘတ်တို မန်စီနီ နည်းပြအဖြစ် တာဝန်ယူထားသည့် အင်တာသည် အသက်(၃၂)နှစ် အရွယ်ရှိ တိုရေးကို ချိတ်ဆက်လျက် ရှိနေပြီး ယခုအခါ သိုဟာက မိမိတို့ အနေဖြင့် တိုရေးအတွက် အစွမ်းကုန် ကြိုးစားမည်ဟု အတည်ပြုခဲ့သည်။ အင်တာသည် နွေရာသီတွင် ပေါင်စတာလင် သန်း(၁၀၀)ခန့်ထိ အသုံးပြုကာ ၎င်းတို့၏ လူစာရင်းကို သွေးသစ်လောင်း ပြင်ဆင်မည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

သိုဟာက “ကျွန်တော်တို့ တိုရေးကို ခေါ်ချင်နေတယ် ဆိုတာက အမှန်ပါပဲ။ ဖြစ်နိုင်ခြေ ဘယ်လောက် ရှိသလဲလို့ မေးရင်တော့ ကျွန်တော်လည်း မပြောတတ်ဘူး။ ဒါပေမဲ့ သူ့ကို ခေါ်ယူနိုင်ဖို့တော့ မဖြစ်နိုင်ဆုံး ကြိုးစားသွားမှာပါ”ဟု ပြောကြားခဲ့သည်။ နည်းပြ မန်စီနီကလည်း ၎င်းသည် တပည့်ဟောင်းနှင့် ကောင်းမွန်သော ဆက်ဆံရေးမျိုး တည်ဆောက်ထားဆဲဟု ဝန်ခံခဲ့သည်။ “ကျွန်တော်နဲ့ တိုရေးနဲ့ အဆက်အသွယ် ရှိသလား ဆိုရင်တော့ သေချာတာပေါ့ဗျာ။ နေ့တိုင်းလိုလို သူ့ကိုကျွန်တော် Text Message ပို့ဖြစ်ပါတယ်”ဟု ၎င်းက ဖွင့်ဟသွားသည်။

Soccer Myanmar

အက်သလက်တီကို မက်ဒရစ်တွင်သာ ဆက်ရှိနေမည်ဟု ကိုကီ ပြောကြား



အက်သလက်တီကို မက်ဒရစ်တွင်သာ ဆက်ရှိနေမည်ဟု ကိုကီ ပြောကြား

အက်သလက်တီကို မက်ဒရစ် ကွင်းလယ်ကစားသမား ကိုကီက မိမိအနေဖြင့် လာမည့်နှစ် ဘောလုံးရာသီတွင် အသင်း၌သာ ဆက်လက်ရှိနေမည်ဟု ပြောကြားလိုက်သည်။

စပိန် ကွင်းလယ်ကစားသမားသည် နွေရာသီ အပြောင်းအရွှေ့ကာလတွင် အသင်းဖော်ဟောင်း ဒီယေဂို ကော်စတာနှင့် ဖိလစ်ပီလူးဝစ်တို့ရှိရာ ချယ်ဆီးသို့ ပြောင်းရွှေ့ရန် ချိတ်ဆက်ခံနေရကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

သို့သော်လည်း ကိုကီက မိမိအနေဖြင့် လန်ဒန်သို့ ပြောင်းရွှေ့မည် မဟုတ်ကြောင်းနှင့် စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရာသည့် ဘရာဇီးလ် နောက်ခံကစားသမား အနေဖြင့် စပိန်သို့ ပြန်လာပါက ကြိုဆိုသွားမည် ဖြစ်ကြောင်း ဆိုခဲ့သည်။

“ကျွန်တော် ဒီမှာပဲ ဆက်ရှိနေမှာပါ။ ဖိလစ်ပီလူးဝစ်က အသင်းဖော် တစ်ယောက်ထက် ပိုပါတယ်။ သူက ကျွန်တော့် သူငယ်ချင်းပါ။ ဒီကို သူပြန်လာမယ်ဆိုရင် ကြိုဆိုသွားမှာပါ” ဟု ကိုကီက ပြောကြားခဲ့သည်။

အက်သလက်တီကိုသည် ယခုနှစ် ဘောလုံးရာသီတွင် လာလီဂါ ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ခြင်း မရှိသလို ချန်ပီယံလိဂ်တွင်လည်း ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခွာခဲ့ရသည်။

၎င်းအသင်းသည် လာလီဂါ အမှတ်ပေးဇယားတွင် တတိယနေရာ၌ ရပ်တည်နေပြီး အဆင့်လေးမှ ဗလင်စီယာနှင့် ၄ မှတ်ကွာဟလျက်ရှိသည်။

Soccer Myanmar

ဒေါ့မန်မှ နည်းပြ ကလော့ပ် ထွက်ခွာသွားချိန်တွင် ရုန်းကန် ရနိုင်ကြောင်း ကာဂါဝါ ဝန်ခံ



ဒေါ့မန်မှ နည်းပြ ကလော့ပ် ထွက်ခွာသွားချိန်တွင် ရုန်းကန် ရနိုင်ကြောင်း ကာဂါဝါ ဝန်ခံ

ဘိုရပ်ရှားဒေါ့တ်မန်မှ နည်းပြ ယာဂင်ကလော့ပ် ထွက်ခွာ သွားချိန်တွင် မိမိအနေဖြင့် ရုန်းကန် ရမည်ဟု မျှော်လင့်ထားကြောင်း ကွင်းလယ်လူ ရှင်ဂျီကာဂါဝါက ဖွင့်ဟ ဝန်ခံခဲ့သည်။

ကာဂါဝါသည် ဒေါ့တ်မန်မှတစ်ဆင့် မန်ချက်စတာ ယူနိုက်တက်သို့ ပြောင်းရွှေ့ခဲ့ပြီး ထို့နောက်တစ်ဖန် ယခုရာသီ အစောပိုင်းတွင် ဂျာမန်ကလပ်သို့ တစ်ကျော့ပြန် ရောက်ရှိလာခဲ့သည်။ အသက်(၂၆)နှစ်ရှိ ဂျပန် လက်ရွေးစင်က ဆစ်ဂ်နယ်လ် အီဒူနာ ကွင်းကြီးသို့ တစ်ကျော့ပြန် ခြေချရန် ဆုံးဖြတ်ခဲ့ခြင်းသည် ကလော့ပ်ကြောင့်ဟု ဆိုသည်။ ၎င်းက ရာသီကုန်တွင် ဒေါ့တ်မန်မှ ကလော့ပ် ထွက်ခွာသွားချိန်၌ မန်ချက်စတာ ယူနိုက်တက်မှ ဆာအဲလက်စ် ဖာဂူဆန် ထွက်ခွာသွားချိန်တွင် ဖြစ်ခဲ့သည့်အတိုင်း အဆိုးဘက်မှ သက်ရောက်မှုများ ဖြစ်လာမည်ကို စိုးရိမ်လျက် ရှိသည်။ ကလော့ပ်သည် ရာသီကုန်ထိသာ ဒေါ့တ်မန်ကို တာဝန်ယူမည်ဟု အတည်ပြုထားပြီး ဖြစ်သည်။

ကာဂါဝါက “နည်းပြသစ်တစ်ယောက် ရောက်လာပါလိမ့်မယ်။ ဒီအခြေအနေဟာ မန်ချက်စတာမှာ ကျွန်တော် ကြုံခဲ့တုန်းကလို အခက်အခဲတွေ ဖြစ်လာမှာကို စိုးရိမ်ရပါတယ်။ ဒါပေမဲ့ အရေးအကြီးဆုံးက ကစားသမားနဲ့ နည်းပြကြား အပြန်အလှန် ယုံကြည်ပြီး တူညီတဲ့ ရည်မှန်းချက်ဆီ ဦးတည် ချီတက်ဖို့ပါပဲ။ ကျွန်တော်တို့ အနေနဲ့ ရာသီသစ် မစခင် ကတည်းက အရမ်းကို ကြိုးစား အားထုတ်နေဖို့ လိုပါတယ်။ ကျွန်တော်တို့ လုပ်နိုင်တာလည်း ဒါပဲ ရှိတယ်။ ကျွန်တော်ကတော့ အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစားသွားမှာပါ”ဟု ပြောကြားသွားသည်။

Soccer Myanmar

လီဗာပူးလ် အနေဖြင့် ထိပ်တန်း တိုက်စစ်မှူးသစ် တစ်ဦး ခေါ်ယူသင့်ဟု ဂျရတ် အကြံပြု



လီဗာပူးလ် အနေဖြင့် ထိပ်တန်း တိုက်စစ်မှူးသစ် တစ်ဦး ခေါ်ယူသင့်ဟု ဂျရတ် အကြံပြု

လီဗာပူးလ် အနေဖြင့် လာမည့် ရာသီတွင် တိုက်စစ်မှူးသစ် တစ်ဦးကို ဦးစားပေး ဝယ်ယူရန် လိုအပ်ကြောင်း အသင်းခေါင်းဆောင် စတီဗင်ဂျရတ်က မှတ်ချက်ပြု ပြောကြားလိုက်သည်။

ချန်ပီယံလိဂ် ဝင်ခွင့်ကို ပြန်လည် ပိုင်ဆိုင်လိုပါက တစ်ရာသီလျှင် ဂိုးပေါင်း (၃၀)ဝန်းကျင်မျှ သွင်းယူနိုင်သည့် ထိပ်တန်း တိုက်စစ်မှူး တစ်ဦးကို လီဗာပူးလ် လိုအပ်လိမ့်မည်ဟု ဂျရတ်က ဆိုသည်။ လီဗာပူးလ်တွင် ဒန်နီရယ်လ် စတားရစ်ဂ်ျမှာ တစ်ရာသီလုံး ဒဏ်ရာများနှင့် ရုန်းကန်ခဲ့ရပြီး အေစီမီလန်ထံမှ ခေါ်ယူထားသည့် မာရီယို ဘာလော့တယ်လီမှာလည်း ဆိုးဆိုးရွားရွား ခြေစွမ်း ပျောက်ဆုံးနေခဲ့သည်။ ရာသီကုန်တွင် လီဗာပူးလ်မှ ထွက်ခွာတော့မည့် ဂျရတ်က အသင်းအနေဖြင့် ရေရှည်အတွက် စဉ်းစားပြီး ထိပ်တန်း တိုက်စစ်သမား တစ်ဦးကို ဝယ်ယူရန် လိုအပ်ကြောင်း အကြံပြုခဲ့သည်။

“ကျွန်တော်သာ ဆိုရင်တော့ ရေတိုဖြေရှင်းမှုကို စဉ်းစားပြီး ဘယ်လို ကစားသမား ဝယ်ယူမှုကိုမှ မလုပ်ချင်ပါဘူး။ ကျွန်တော်ကတော့ အသင်းကို ရောက်လာပြီး အောင်မြင်မှုအတွက် တိုက်ပွဲဝင်ဖို့ အဆင်သင့် နိုးကြားနေတဲ့ ကစားသမားမျိုးတွေကိုပဲ လိုချင်ပါတယ်”ဟု ဂျရတ်က ပြောကြားခဲ့သည်။ ၎င်းက “လူးဝစ်ဆွာရက်ဇ်ကို ဆုံးရှုံးခဲ့ရတဲ့ အခြေအနေက လီဗာပူးလ်အတွက် ခက်ခဲလွန်းပါတယ်။ တကယ်လို့သာ စတားရစ်ဂ်ျက ကြံ့ခိုင်မှု ပြည့်ဝနေမယ် ဆိုရင်တော့ လီဗာပူးလ်ဟာ ဒီရာသီ ထိပ်ဆုံးလေးသင်းမှာ ပါဝင်နိုင်မယ်လို့ ကျွန်တော် တကယ်ပဲ ယုံကြည်မိပါတယ်။ ထိပ်ဆုံးလေးသင်းမှာ ပါဖို့ဆိုရင် တစ်ရာသီကို (၂၅)ဂိုးကနေ ဂိုးပေါင်း(၃၀)လောက် ပုံမှန် သွင်းပေးမယ့် တိုက်စစ်မှူးတွေ လိုပါတယ်။ လီဗာပူးလ်ဟာ ဒီရာသီ အဲဒီ အပိုင်းမှာ တကယ့်ကို အားနည်းခဲ့တာ အမှန်ပါ” ဟုလည်း ဆိုသည်။

ဂျရတ်က “ကျွန်တော်က အသင်းပိုင်ရှင်တွေနဲ့ မန်နေဂျာကို အထွန့်တက်တာ မဟုတ်ပါဘူး။ ပရိသတ် တစ်ယောက် အနေနဲ့ ပြောနေတာသာ ဖြစ်ပါတယ်။ တကယ်လည်း ဒါက ကျွန်တော်တို့ လိုအပ်နေတဲ့ အပိုင်းပါ။ တကယ်လို့ ထိပ်တန်း တိုက်စစ်မှူးသစ် တစ်ဦးသာ ရလာပြီ ဆိုရင် လီဗာပူးလ်အတွက် လာမယ့်ရာသီက အများကြီး ပိုကောင်းလာနိုင်ပါတယ်”ဟုလည်း ပြောကြားသွားသည်။

Soccer Myanmar

ဆက်ခ်ျကို အသင်းမှ ထွက်ခွာရန် ချယ်လ်ဆီး ခွင့်ပြုကြောင်း အေးဂျင့်အတည်ပြု



ဆက်ခ်ျကို အသင်းမှ ထွက်ခွာရန် ချယ်လ်ဆီး ခွင့်ပြုကြောင်း အေးဂျင့်အတည်ပြု

ချယ်လ်ဆီးသည် ဝါရင့် ဂိုးသမားကြီး ပီတာဆက်ခ်ျကို အသင်းမှ ထွက်ခွာရန် ခွင့်ပြုချက် ပေးလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် ဆယ်စုနှစ် တစ်ခုကျော် ကြာမြင့်အောင် အမှုတော် ထမ်းခဲ့သည့်နောက် အသက်(၃၂)နှစ်အရွယ် ချက်လက်ရွေးစင်သည် ရာသီကုန်တွင် ချယ်လ်ဆီးကို စွန့်ခွာတော့မည်ဟု အေးဂျင့်ဖြစ်သူက အတည်ပြု ပြောကြားခဲ့သည်။ ချယ်လ်ဆီးတွင် ဘယ်လ်ဂျီယံ လူငယ်လက်တက် ဂိုးသမားလေး သီဘောက်ကော်တွိုက်စ် လက်စွမ်းပြနေသည့်နောက် ယခုရာသီ တစ်လျှောက်လုံး ဆက်ခ်ျသည် ဒုတိယ ဦးစားပေး ဂိုးသမား အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ ချယ်လ်ဆီး မန်နေဂျာ ဟိုဆေးမော်ရင်ဟိုက အကောင်းဆုံး ဂိုးသမား နှစ်ဦးကို ဆက်လက် ထိန်းသိမ်းထားလိုသည်ဟု ပြောကြားခဲ့သော်လည်း ဆက်ခ်ျ ကိုယ်တိုင်ကမူ ပုံမှန်ပွဲထွက်ခွင့်ရမည့် အသင်းတစ်ခုသို့ ပြောင်းရွှေ့ရန် လိုလားနေသည်။

ယခုအခါ ချယ်လ်ဆီးဘက်က ဆက်ခ်ျအနေဖြင့် စိတ်တိုင်းကျ အသင်းပြောင်းရန် ခွင့်ပြုပေးလိုက်ပြီဟု ကစားသမား၏ အေးဂျင့်ဖြစ်သူ ဗစ်တာကိုလာက ပြောကြားခဲ့သည်။ “ဆက်ခ်ျဟာ ချယ်လ်ဆီးနဲ့ ခိုင်မာတဲ့ စာချုပ်ရှိနေတုန်းပါ။ ဒါပေမဲ့ သူ့ကို စိတ်ဝင်စားတဲ့ တခြားအသင်းတွေနဲ့ ဆွေးနွေးဖို့ ခွင့်ပြုချက် ရထားပြီ ဆိုတာကို ကျွန်တော် အတည်ပြုနိုင်ပါတယ်။ ပြီးတော့ ဆက်ခ်ျကိုယ်တိုင်ကလည်း ပုံမှန်ပွဲကစားခွင့်ရမယ့် အသင်းတစ်သင်းကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်းပါ ကျွန်တော် ထပ်ပြီး အတည်ပြုပါတယ်”ဟု ၎င်းက ပြောဆိုသွားသည်။

ဆက်ခ်ျသည် ယခုရာသီတွင် ပရီးမီးယားလိဂ် (၅)ပွဲ အပါအဝင် စုစုပေါင်း (၁၄)ပွဲသာ ကစားခွင့် ရရှိခဲ့သည်။

Soccer Myanmar

ယူနိုက်တက်နှင့်ပွဲတွင် အာဆင်နယ်အတွက် ဝဲလ်ဘက် ပါဝင်ကစားရန် မသေချာ



ယူနိုက်တက်နှင့်ပွဲတွင် အာဆင်နယ်အတွက် ဝဲလ်ဘက် ပါဝင်ကစားရန် မသေချာ

အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်နှင့် ကစားမည့် ပွဲစဉ်အမီ ဒန်နီဝဲလ်ဘက် အနေဖြင့် ကြံ့ခိုင်မှု ပြည့်ဝလာပြီး အာဆင်နယ်အတွက် ကစားပေးနိုင်ရန် မသေချာသေးကြောင်း သိရသည်။

အင်္ဂလန် လက်ရွေးစင် ဝဲလ်ဘက်သည် ဒူးဒဏ်ရာကြောင့် အာဆင်နယ်၏ ပြီးခဲ့သည့် ပွဲစဉ် နှစ်ခုဆက်တိုက် လွဲချော်ခဲ့သည်။ ၎င်းသည် အိုးလ်ထရက်ဖို့ဒ်တွင် ကစားရမည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင်လည်း ပါဝင်နိုင်ရန် ဖြစ်နိုင်ခြေ နည်းနေသည်။ ဝဲလ်ဘက်သည် ယခုရာသီ အစပိုင်းကမှ ယူနိုက်တက်ကို စွန့်ခွာကာ ပေါင်စတာလင် (၁၆)သန်းဖြင့် အာဆင်နယ်သို့ ပြောင်းရွှေ့လာသူ ဖြစ်သည်။ အဆိုပါ ပွဲစဉ်တွင် မစ်ကယ်အာတီတာ၊ အဲလက်စ်အော့စ်လိဒ် ချမ်ဘာလိန်နှင့် မက်သရူး ဒီဘူချီတို့လည်း ကစားနိုင်မည် မဟုတ်ချေ။

အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက “ချမ်ဘာလိန်၊ ဒီဘူချီနဲ့ အာတီတာတို့က ပွဲအတွက် အဆင်သင့် မဖြစ်သေးပါဘူး”ဟု ဆိုသည်။ ၎င်းက “ဝဲလ်ဘက်ကတော့ သူတို့နဲ့ယှဉ်ရင် မျှော်လင့်နိုင်ခြေ နည်းနည်းလေး ရှိတယ်။ အေရွန်ရမ်ဆေးက အခုထိ လေ့ကျင့်ခန်း မဆင်းသေးဘူး။ ဒါပေမဲ့ သောကြာနေ့မှာ အခြေအနေ တော်တော်လေး ကောင်းနေလောက်ပါပြီ။ ကျွန်တော်တို့ အသင်းမှာ ဒဏ်ရာ ပြဿနာ အကြီးကြီးတွေတော့ မရှိပါဘူး။ ဝဲလ်ဘက်က ဒီပွဲမှာ ပါကောင်း ပါလာနိုင်တယ်။ ဒါပေမဲ့ အခုလက်ရှိ အနေအထားမှာတော့ အဆင်မပြေသေးဘူး”ဟုလည်း မှတ်ချက်ပြုခဲ့သည်။

၎င်းက “တခြား ဒဏ်ရာရထားတဲ့ သူတွေကတော့ ဘယ်လောက်ကြာအောင် နားရဦးမလဲ ကျွန်တော် မသိဘူး။ ပြောရခက်ပါတယ်။ ဒါပေမဲ့ ဒီရာသီ မကုန်ခင် သူတို့အားလုံး ပြန်ကစားနိုင်မယ်လို့တော့ မျှော်လင့်ထားပါတယ်”ဟုလည်း ဖွင့်ဟသွားသည်။

Soccer Myanmar

ဝုလ်ဖ်ဘာ့ဂ် ကွင်းလယ်လူ ဒီဘရုမ်းကို ခေါ်ယူရေး စတင်ချဉ်းကပ် စုံစမ်းနေသည့် မန်စီးတီး



ဝုလ်ဖ်ဘာ့ဂ် ကွင်းလယ်လူ ဒီဘရုမ်းကို ခေါ်ယူရေး စတင်ချဉ်းကပ် စုံစမ်းနေသည့် မန်စီးတီး

မန်ချက်စတာ စီးတီးအနေဖြင့် ဝုလ်ဖ်ဘာ့ဂ်အသင်း ကွင်းလယ်ဖန်တီးရှင် ကီဗင်ဒီဘရုမ်းကို ခေါ်ယူရန် စုံစမ်း ချဉ်းကပ်မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

ချယ်လ်ဆီး အသင်းကို စွန့်ခွာကာ (၂၀၁၄)ခုနှစ်၊ ဇန်နဝါရီလက ဂျာမန်ကလပ်အသင်းသို့ ကူးပြောင်းသွားသည့် ဘယ်လ်ဂျီယံ လက်ရွေးစင်သည် ယခုအခါ ဘွန်းဒစ်လီဂါ၏ ခြေစွမ်း အထက်ဆုံး ကစားသမား တစ်ဦးအဖြစ် ရပ်တည်လျက် ရှိသည်။ ၎င်းသည် ယခုရာသီ ဝုလ်ဖ်ဘာ့ဂ်အတွက် (၁၇)ဂိုးထိ သွင်းယူပေးခဲ့သော်လည်း ယင်းထက်ပို၍ အသိအမှတ် ပြုသင့်သည့် အချက်မှာ ဘွန်းဒစ်လီဂါ ပြိုင်ပွဲ တစ်ရပ်တည်းတွင်ပင် အသင်းဖော်များအတွက် ဂိုးသွင်းယူရန် (၁၉)ကြိမ် ထောက်ပံ့ပေးထားခြင်း ဖြစ်သည်။

ထိုသို့သော အခြေအနေများကြောင့် ဂျာမန်ချန်ပီယံ ဘိုင်ယန်မြူးနစ်ကလည်း ဒီဘရုမ်းကို စိတ်ဝင်စားမှု ပြသနေသည်။ ဝုလ်ဖ်ဘာ့ဂ်သည် ၎င်းတို့ ဝယ်ယူစဉ်က ပေါင်စတာလင် (၁၈)သန်းသာ ပေးချေခဲ့ရသည့် ကစားသမားကို ပြန်လည် ရောင်းချချိန်တွင် ပေါင်စတာလင် သန်း(၄၀)မျှထိ တောင်းဆိုရန် လိုလားလျက် ရှိသည်။ မန်စီးတီးသည် ဒီဘရုမ်းအတွက် ချဉ်းကပ်မှုများ ပြုလုပ်ထားသော်လည်း ကမ်းလှမ်းမှုတစ်ရပ် အဆိုပြုခြင်းမျိုး မရှိသေးဟုလည်း သိရသည်။ မန်စီးတီး အနေဖြင့် ယခုရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စောစီးစွာ လက်လွှတ်ခဲ့ရသည့် အခြေအနေကြောင့် အသင်းကို သွေးသစ်လောင်း ပြင်ဆင်ဖွဲ့စည်းသွားရန် အလေးအနက် စီစဉ်လျက်ရှိသည်။

Soccer Myanmar

စပါးတိုက်စစ်မှူး ကိန်းကို ယူနိုက်တက် အံ့အားသင့်ဖွယ် ချိန်ရွယ်နေကြောင်း သတင်းများထွက်ပေါ်လာ



စပါးတိုက်စစ်မှူး ကိန်းကို ယူနိုက်တက် အံ့အားသင့်ဖွယ် ချိန်ရွယ်နေကြောင်း သတင်းများထွက်ပေါ်လာ

အံ့အားသင့်ဖွယ် အခြေအနေ တစ်ရပ်အဖြစ် မန်ချက်စတာ ယူနိုက်တက် အသင်းသည် တော့တင်ဟမ် ဟော့စပါး တိုက်စစ်မှူး ဟယ်ရီကိန်းကို ချိန်ရွယ်လာကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်သည် ရာသီကုန်တွင် အသင်း၏ တိုက်စစ်မှ ရော်ဘင်ဗန်ပါစီနှင့် ရာဒါမယ် ဖယ်လ်ကာအိုတို့ကို ထွက်ခွာခွင့် ပေးသွားဖွယ် ရှိနေပြီး တိုက်စစ်မှူးသစ် တစ်ဦးကို အစားထိုး ခေါ်ယူမည့် အလားအလာ ရှိနေသည်။ ယခုအခါ ဗန်ဂါးလ်၏ အဓိက ပစ်မှတ်သည် စပါးနှင့်အတူ ခြေစွမ်းပြနေသည့် အသက် (၂၁)နှစ်အရွယ် ကိန်းဖြစ်ကြောင်း သတင်းများက ဖော်ပြလာခဲ့သည်။ ယူနိုက်တက် အနေဖြင့် ယခုနွေရာသီတွင် ပေါင်စတာလင် သန်း(၁၅၀)မျှ အသုံးပြုပြီး အသင်းကို မွမ်းမံတည်ဆောက်သွားဖွယ် ရှိနေရာ PSV အင်ဒိုဗန်မှ တောင်ပံတိုက်စစ်မှူး မမ်းဖစ်ဒီပေးကို ပေါင်စတာလင် (၂၅)သန်းခန့်ဖြင့် ကြိုတင် ခေါ်ယူထားပြီး ဖြစ်သည်။

ကိန်းသည် ဂယ်ရီလင်ကာနောက်ပိုင်း တစ်ရာသီအတွင်း စပါးအတွက် ဂိုးပေါင်း(၃၀) သွင်းယူနိုင်သည့် ပထမဆုံး တိုက်စစ်မှူး အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ ၎င်းသည် ဝှိုက်ဟတ်လိန်းတွင် နောက်ထပ် (၅)နှစ်ခွဲ ဆက်နေရန် စာချုပ်သစ်ကို ဖေဖော်ဝါရီလက လက်မှတ်ရေးထိုးထားသည့်တိုင် ယူနိုက်တက်က မြင့်မားသော ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ကိန်းကို ကမ်းလှမ်းရန် စီစဉ်နေခြင်း ဖြစ်သည်။ ယူနိုက်တက်သည် ကိန်းအတွက် ပေါင်စတာလင် (၄၅)သန်းမျှထိ ပြောင်းရွှေ့ကြေး အသုံးပြုရဖွယ် ရှိနေသည်။ ဗန်ဂါးလ်သည် အခြား အင်္ဂလန် တိုက်စစ်မှူး တစ်ဦးဖြစ်သည့် ဘန်လေမှ ဒန်နီအင်းစ်ကိုလည်း ခေါ်ယူရန် နီးစပ်နေကြောင်း သိရသည်။

လီဗာပူးလ်သည် အင်းစ်ကို အလေးအနက် စိတ်ဝင်စားနေသော်လည်း ယူနိုက်တက်က အသာစီး အနေအထားတွင် ရှိနေကြောင်း သတင်းများက ဆိုသည်။ အင်းစ်သည် နွေရာသီတွင် ဘန်လေနှင့် စာချုပ်သက်တမ်း ကုန်မည်ဖြစ်ရာ ယူနိုက်တက်က ဘန်လေအား ပေါင်စတာလင် (၅)သန်းမျှ နစ်နာကြေးပေးပြီး အင်းစ်ကို ခေါ်ယူနိုင်မည်ဖြစ်သည်။ စပါးအတွက်မူ ကိန်းကို လက်လွှတ်ရပါက ၎င်းတို့၏ အကောင်းဆုံး ကစားသမားများကို အိုးလ်ထရက်ဖို့ဒ်ထံ လက်လွှဲပေးရလေ့ရှိသည့် အစဉ်အလာဆိုးကို စိတ်ပျက်လက်ပျက်ဖြင့် ဆက်လက်၍ လက်ခံရမည် ဖြစ်သည်။

ယူနိုက်တက် မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန် လက်ထက်က ယူနိုက်တက်သည် တက်ဒီရှာရင်ဂမ်၊ မိုက်ကယ်ကာရစ်နှင့် ဒီမစ်တာ ဘာဘာတော့ဗ်တို့ကို စပါးထံမှ ခေါ်ယူခဲ့ဖူးသည်။

Soccer Myanmar

Thursday, May 14, 2015

MSN တိုက်စစ်အတွဲနှင့် ဘာစီလိုနာရဲ့ လားရာ



MSN တိုက်စစ်အတွဲနှင့် ဘာစီလိုနာရဲ့ လားရာ
Written by  အောင်ငြိမ်းသွေး

၂၀၁၄-၁၅ ဥရောပဘောလုံးရပ်ဝန်းက နိဂုံးပိုင်းကို ရောက်ရှိလာပြီဖြစ်ပြီး မကြာခင်မှာ အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ တစ်ကမ္ဘာလုံးကဘောလုံး ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်တဲ့အသင်းက ဘာစီလိုနာအသင်းပဲ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်၊ စီးရီးအေနှင့် ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွေက ချန်ပီယံအသင်းတွေထွက်ပေါ်ခဲ့ပြီးဖြစ်ပေမယ့် လာလီဂါမှာတော့ ဘာစီလိုနာအသင်းက ချန်ပီယံဖြစ် လို့ နိုင်ပွဲတစ်ပွဲ လိုအပ်နေဆဲဖြစ်ပါတယ်။ ဘာစီလိုနာရဲ့ လက်ရှိအနေအထားအရ လာလီဂါချန်ပီယံဆုကို ရရှိဖို့က လက်တစ်ကမ်းအလိုမှာ ရှိနေသလို ချန်ပီယံ လိဂ်နဲ့ ကိုပါဒယ်ရေးပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲကို ရောက်ရှိနေပြီဖြစ်လို့ ကြီးကျယ်ခမ်းနားတဲ့ ရာသီတစ်ခုကို လှပစွာ အဆုံးသတ်ရမယ့် အချိန် ကိုရောက်နေ ပြီဖြစ်ပါတယ်။

မက်ဆီ၊ ဆွာရက်ဇ်နဲ့ နေမာတို့ရဲ့ MSN တိုက်စစ်အတွဲကြောင့် ဘာစီလိုနာအသင်း အောင်မြင်တဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်ရလိမ့်မယ်လို့လည်း အားလုံးက ထင်ကြေးပေးနေကြပါပြီ။

MSN တိုက်စစ်ရဲ့ စုစုပေါင်းသွင်းဂိုးက ၁၁၄ ဂိုးအထိ ရှိနေပါပြီ။ မက်ဆီက ၅၃ ဂိုး၊ ဆွာရက်ဇ်က ၂၄ ဂိုးနဲ့ နေမာက ၃၇ ဂိုး သွင်းယူထားတာပါ။ ဒီအချိန်မှာ ဘယ်အသင်းကမှ MSN တိုက်စစ်ကို တားဆီးနိုင်မယ် မထင်ပါဘူး။

ဒီတောင်အမေရိကသား သုံးဦးက မထင်မှတ်လောက်အောင်ကို အတွဲညီနေကြပြီး ဘောလုံးကမ္ဘာရဲ့ အကောင်းဆုံးတိုက်စစ် အတွဲအဖြစ် သမိုင်းရေးထိုးဖို့ အဆင်သင့် ဖြစ်နေပါပြီ။ အရင်ကဆို မက်ဆီမှ မရှိရင် ဘာစီလိုနာအသင်းဆိုတာ ဘာမှမဟုတ်ဘူးလို့ ပြောခဲ့ကြပါတယ်။ အခုအချိန်မှာတော့ မက်ဆီမပါဝင်နိုင် ရင်တောင် ဘာစီလိုနာတိုက်စစ်က အရမ်းကြီး အားနည်းသွားဖို့ မရှိပါဘူး။

ဆွာရက်ဇ်၊ နေမာတို့နဲ့ ပေါင်းစပ်လိုက်တာကြောင့် မက်ဆီရဲ့ အစွမ်းတွေက ပိုပြီးကောင်းမွန်လာခဲ့သလို ကွင်းအတွင်းမှာလည်း အရင်ကလို တစ်ဦးတည်း ရုန်း ကန်မနေရတော့ပဲ ဖန်တီးသူနေရာကိုတောင် ပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။ အချက်အလက်တွေအရဆိုရင် မက်ဆီဟာ ဒီရာသီမှာ ဖန်တီးမှု အများဆုံးပြု လုပ်ထားနိုင်ပါတယ်။

ဆွာရက်ဇ်နဲ့ နေမာကြောင့် မက်ဆီအနေနဲ့ ကစားရတာ ပိုမိုလွတ်လပ်ကောင်းမွန်လာသလို၊ မက်ဆီကြောင့်လည်း နေမာနဲ့ ဆွာရက်ဇ်တို့ ပိုပြီးကောင်းမွန်လာ ကြပါတယ်။ ချီးကျူးစရာကောင်းတာကတော့ သုံးဦးစလုံးဟာ ကမ္ဘာကျော်တွေဖြစ်ကြပေမယ့် တစ်ဦးနဲ့ တစ်ဦး အဆင်ပြေပြေနဲ့ နားလည်မှုရှိရှိကစားနိုင်အောင် ကြိုးစားကြတာပါပဲ။

ကော်ဒိုဘာနဲ့ပွဲစဉ်မှာ နှစ်ဂိုးသွင်းထားတဲ့ မက်ဆီက ပင်နယ်တီကန်ခွင့်ရချိန်မှာ ဟက်ထရစ်ဂိုးသွင်းနိုင်မယ့် အခွင့်အရေးရပေမယ့် ဂိုးမရသေးတဲ့နေမာ ကိုပေး ကန်ခဲ့သလို ဘိုင်ယန်မြူးနစ်နဲ့ ဒုတိယအကျော့ပွဲစဉ်မှာလည်း နှစ်ဂိုးရထားတဲ့ နေမာက အပိုင်အခွင့်အရေးရချိန်မှာ တစ်ကိုယ်ကောင်းဆန်ဆန်မကန်ပဲ မက်ဆီ ဂိုးသွင်းနိုင်ဖို့ ပြန်လည်ဖန်တီးပေးခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် တစ်ယောက်နဲ့ တစ်ယောက် ယှဉ်ပြိုင်နေခြင်းမျိုးမရှိဘဲ အထောက်အပံ့ပေးကာ အသင်းအောင်ပွဲရဖို့ကိုပဲ ဦးစားပေးနေတယ်ဆိုတာ ပေါ်လွင်လှပါတယ်။

ဆွာရက်ဇ်ဆိုရင်လည်း တိုက်စစ်မှာ နေရာစုံကနေ ထိုးဖောက်ပြီး အသင်းဖော်တွေအတွက် ကွက်လပ်တွေရအောင် ကစားပေးသလို အခွင့်အရေး ရလာချိန်မှာ လည်း အကောင်းဆုံးလူကို ပြန်လည်ဖန်တီးပေးတာ တွေ့နေရပါတယ်။ လီဗာပူးလ်မှာ တုန်းကဆို ဆွာရက်ဇ်ကသာ စတူးရစ်ခ်ျကို ဖန်တီးပေးနေရပြီး စတူးရစ် ခ်ျက ဆွာရက်ဇ်ကို ပြန်ပြီး ဖန်တီးပေးတယ်ဆိုတာ မမြင်ရ သလောက်ကို နည်းပါးခဲ့ပါတယ်။

မက်ဆီအနေနဲ့ သူတွဲဖက်ကစားခဲ့ဖူးတဲ့ တိုက်စစ်ကစားသမားတွေ အများအပြားရှိခဲ့ပြီး အောင်မြင်မှုတွေ၊ ဂိုးတွေ အများအပြား ရခဲ့ပေမယ့် အခုအချိန်လောက် အတွဲညီညီနဲ့ သက်သောင့်သက်သာ ကစားခဲ့ရတာကို မတွေ့ခဲ့ရပါဘူး။ ဘာစီလိုနာမှာ မက်ဆီတွဲဖက်ခဲ့ဖူးတဲ့ တိုက်စစ်အတွဲအစပ်တွေထဲမှာ နေမာနဲ့ ဆွာရက်ဇ်တို့က အတွဲအမိဆုံးလို့ မြင်မိပါတယ်။


မက်ဆီနဲ့ ဘာစီလိုနာတိုက်စစ်မှူးများ


ဘာစီလိုနာအသင်းရဲ့ လာမာစီယာအကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ မက်ဆီအနေနဲ့ ထိပ်တန်းတိုက်စစ်မှူးပေါင်းများစွာနဲ့ တွဲဖက်ခဲ့ဖူးပါတယ်။ သူတို့တွေနဲ့ မက်ဆီဟာ အတွဲအဖက်မိမိကစားနိုင်ခဲ့ပေမယ့် အကောင်းဆုံးတော့ မဖြစ်ခဲပါဘူး။ မက်ဆီရဲ့ ဘာစီလိုနာ ကစားသမားဘ၀ တစ်လျှောက်ကို နှစ်အလိုက်လေ့ လာကြည့်ရင် ဒါကို မြင်တွေ့နိုင်ပါတယ်။

မက်ဆီဟာ ၂၀၀၄-၀၅ ရာသီမှာ ဘာစီလိုနာအတွက် ပထမဆုံးပွဲထွက်ကစားခွင့် ရရှိခဲ့ပါတယ်။ အဲဒီအချိန်က အသက် ၁၇ နှစ်သာ ရှိသေးတဲ့မက်ဆီဟာ ဘာစီလိုနာမှာ တစ်ရာသီလုံး ခုနှစ်ပွဲသာ ပါဝင်ကစားခဲ့ရပြီး တစ်ဂိုးပဲသွင်းနိုင်ခဲ့ပါတယ်။ အဲ့ဒီရာသီမှာ ဘာစီလိုနာအသင်း လာလီဂါချန်ပီယံဖြစ်ခဲ့ပြီး တိုက်စစ်ကို အဓိက ဦးဆောင်ကစားနေသူတွေက ရော်နယ်ဒင်ဟို၊ အီတူးနဲ့ ဂူလီတို့ ဖြစ်ပါတယ်။ အရန်မှာ ဟင်းနရစ်လာဆင်နဲ့ မက်ဆီလိုပက်ဇ်တို့ ရှိနေပြီး မက်ဆီလေးက တတိယဦးစားပေးလောက်မှာပဲ ရှိခဲ့ပါတယ်။

၂၀၀၅-၀၆ ရာသီမှာတော့ မက်ဆီပိုမိုပွဲထွက်ကစားခွင့်ရရှိလာခဲ့ပြီး ရှစ်ဂိုးအထိသွင်းယူလာနိုင်ပါတယ်။ ဘာစီလိုနာက လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားတွေကို ဆွတ်ခူးနိုင်ခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။ အဓိက တိုက်စစ်မှူးတွေက ဒင်ဟို၊ အီတူးနဲ့ဂူလီတို့ပါပဲ။

၂၀၀၆-၀၇ ရာသီကို ရောက်လာချိန်မှာတော့ မက်ဆီပွဲထွက်ခွင့် ပိုရလာသလို ဂိုးတွေလည်း ပိုသွင်းလာခဲ့ပါတယ်။ တစ်ရာသီအတွင်း ၁၈ ဂိုးအထိသွင်းလာနိုင် ပါတယ်။ ဂူလီရဲ့ နေရာကို မက်ဆီက လုယူလာပြီး ခြေစွမ်းပြလာတာပါ။ အဲ့ဒီအချိန်တုန်းက ဘာစီလိုနာမှာ ဒင်ဟို၊ အီတူး၊ ဂူလီ၊ လာဆင်၊ ဆာဗီယိုလာ၊ ဂတ်ဂျွန် ဆင် စတဲ့ တိုက်စစ်မှူးတွေရှိနေပြီး မက်ဆီက ဒင်ဟိုနဲ့ အီတူးရဲ့နောက် ဂိုးအများဆုံးသွင်းသူ ဖြစ်လာခဲ့ပါတယ်။ တိုက်စစ်မှူးကောင်းတွေရှိနေပေမယ့် ပင်ကို ထူးချွန်ပြီး အရည်အသွေးကောင်းတွေပိုင်ဆိုင်ထားတဲ့ မက်ဆီကို နည်းပြ ရီကတ် မျက်ကွယ်ပြုထားလို့ မရခဲ့ပါဘူး။ အဲ့ဒီရာသီမှာ ဘာစီလိုနာတို့ မအောင်မြင် ခဲ့ပေမယ့် မက်ဆီကတော့ နေရာတစ်နေရာတည်ဆောက်နိုင်ခဲ့ပါတယ်။

၂၀၀၇-၀၈ ရာသီကတော့ ရော်နယ်ဒင်ဟိုရဲ့ဘာစီလိုနာကစားသမားဘ၀ နေ၀င်ချိန်လို့ ဆိုရမှာပါ။ အွန်နရီရောက်လာခြင်းနဲ့အတူ ဘာစီလိုနာမှာ အီတူး၊ အွန်နရီ၊ မက်ဆီ အတွဲက အဓိက ဖြစ်လာပြီး ဒင်ဟိုရဲ့ အခမ်းကဏ္ဍ မှေးမှိန်လာခဲ့ပါတယ်။ အဲ့ဒီရာသီမှာ အွန်နရီ ၁၉ ဂိုး၊ အီတူး ၁၈ ဂိုး၊ မက်ဆီ ၁၆ ဂိုးသွင်းနိုင် ပြီး ဒင်ဟိုကတော့ ၉ ဂိုးပဲ သွင်းနိုင်ခဲ့ပါတယ်။ ဘာကာမှာ မက်ဆီဆိုတဲ့ နေရာတစ်နေရာ ရသွားခဲ့ပါပြီ။ ဒါပေမဲ့ အဲ့ဒီရာသီမှာ ဘာစီလိုနာအသင်း မအောင်မြင်ခဲ့ ပါဘူး။

၂၀၀၈-၀၉ ရာသီမှာတော့ မက်ဆီ၊ အီတူး၊ အွန်နရီ တိုက်စစ်အတွဲက အဓိက ဖြစ်လာပြီး မက်ဆီက ဘာစီလိုနာရဲ့ အဓိက မရှိမဖြစ် ဖြစ်လာခဲ့ပါတော့တယ်။ မက်ဆီက တစ်ရာသီလုံး ၃၈ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ဘာစီလိုနာအသင်းကို လာလီဂါ၊ ချန်ပီယံလိဂ်နဲ့ ကိုပါဒယ်ရေးပြိုင်ပွဲတွေမှာ အောင်မြင်မှု ရအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကိုလည်း အာဂျင်တိုင်းလေးကို သိမ်းပိုက်သွားခဲ့ပါတယ်။

၂၀၀၉-၁၀ ရာသီမှာ မက်ဆီရဲ့ ခြေစွမ်းနဲ့ ဂိုးသွင်းနှုန်း ပိုမိုတိုးတက်လာပါတယ်။ မက်ဆီ ၄၇ ဂိုးအထိသွင်းခဲ့ပါတယ်။ အဲ့ဒီနှစ်မှာ အီတူးအသင်းကနေ ထွက်ခွာ သွားပြီး မက်ဆီ၊ မိုဗစ်ခ်ျနဲ့ ပက်ဒရိုတို့က ဘာစီလိုနာရဲ့ အဓိက တိုက်စစ်မှူးတွေအဖြစ် ကစားခဲ့ကြပါတယ်။ အဲ့ဒီရာသီမှာ ဘာစီလိုနာအသင်းက လာလီဂါ၊ စပိန်စူပါဖလား၊ ယူအီးအက်ဖ်အေစူပါဖလား၊ ဖီဖာကမ္ဘာ့ကလပ်ဖလားတွေကို ရရှိခဲ့ပါတယ်။ ဒုတိယမြောက် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကိုလည်း မက်ဆီ ရရှိပြန်ပါတယ်။

၂၀၁၀-၁၁။ ဒီရာသီမှာတော့ မက်ဆီဟာ တားဆီးမရတဲ့ တိုက်စစ်မှူးတစ်ဦး ဖြစ်လာခဲ့ပါတယ်။ လာလီဂါချန်ပီယံဆုကို ဘာစီလိုနာတို့ ဆက်လက်သိမ်းပိုက်နိုင် ပြီး ချန်ပီယံလိဂ်ဖလားကို ပြန်လည် ရရှိခဲ့ပါတယ်။ မက်ဆီရဲ့သွင်းဂိုးပေါင်းက ၅၃ ဂိုးဖြစ်လာပါတယ်။ အဲ့ဒီနှစ်မှာ တွဲဖက်ကစားရတဲ့ တိုက်စစ်မှူးတွေ က ဒေးဗစ် ဗီလာနဲ့ပက်ဒရိုတို့ပါ။ ဗီလာက၂၃ ဂိုး၊ ပက်ဒရိုက၂၂ ဂိုးအထိသွင်းယူပြီး အတွဲညီတဲ့တိုက်စစ်ပုံစံကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ တတိယမြောက် ကမ္ဘာ့အကောင်း ဆုံးဘောလုံး သမားဆုကလည်း မက်ဆီရဲ့ပြတိုက်ထဲ ရောက်လာပါတယ်။

၂၀၁၁-၁၂ ရာသီကတော့ မက်ဆီအလွန်ခြေစွမ်းပြတဲ့ ရာသီလို့ ပြောရမှာပါ။ တစ်ရာသီတည်း ၇၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ခေတ်သစ်ဘောလုံးကမ္ဘာမှာ လုံးဝမလွယ်ကူတဲ့ သွင်းဂိုးအရေအတွက်ပါပဲ။ တွဲဖက်ရတဲ့ တိုက်စစ်မှူးတွက ဗီလာ၊ ပက်ဒရိုနဲ့ ဆန်းချက်ဇ်တို့ ဖြစ်ပါတယ်။ ချီလီသား ဆန်းချက်ဇ်ရောက်လာလို့ ပက်ဒရိုရဲ့ အခမ်းကဏ္ဍ အနည်းငယ်မှေးမှိန်သွားခဲ့ပါတယ်။ မက်ဆီဂိုးအများအပြားသွင်းခဲ့ပေမယ့် ကျန်တိုက်စစ်မှူးသုံးဦးက ၃၇ ဂိုးပဲ သွင်းနိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဘာစီလိုနာတို့ဟာ လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားကို လက်လွှတ်လိုက်ရပြီး ကိုပါဒယ်ရေး၊ ယူအီးအက်ဖ်အေစူပါဖလား၊ ဖီဖာကမ္ဘာ့ကလပ်နဲ့ စပိန် စူပါဖလားတို့ကိုပဲ ရရှိခဲ့ပါတယ်။ ဘာစီလိုနာမအောင်မြင်ပေမယ့် တစ်ဦးတည်း ခြေစွမ်းပြခဲ့တဲ့ မက်ဆီက ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ကိုလေးကြိမ်မြောက် ရရှိခဲ့ပြန်ပါတယ်။

၂၀၁၂-၁၃ ရာသီမှာလည်း ဗီလာ၊ ဆန်းချက်ဇ်၊ ပက်ဒရိုတို့နဲ့ပဲ ဆက်လက်ပြီး တွဲကစားခဲ့ရပါတယ်။ ဘာစီလိုနာတို့ လာလီဂါချန်ပီယံဆုကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး မက်ဆီက ဂိုး ၆၀ သွင်းယူခဲ့ပါတယ်။ ဗီလာက ၁၄ ဂိုးသွင်းယူပြီး ဆန်းချက်ဇ်နဲ့ ပက်ဒရိုတို့က ၈ ဂိုးစီသွင်းခဲ့ကြပါတယ်။ အသင်းမှာ ရုန်းကန်နေရတဲ့ ဗီလာရဲ့ နောက်ဆုံးရာသီဖြစ်ခဲ့ပါတယ်။

၂၀၁၃-၁၄ ရာသီမှာဒေးဗစ်ဗီလာ အသင်းပြောင်းသွားခဲ့လို့ဘာစီလိုနာအသင်းကို ဘရာဇီးတိုက်စစ်အကျော်အမော်နေမာ ရောက်လာခဲ့ပါတယ်။ မက်ဆီ၊ နေမာ ၊ ဆန်းချက်ဇ်၊ ပက်ဒရိုတို့ ဘာကာတိုက်စစ်ကို ဦးဆောင်ခဲ့ကြပါတယ်။ မက်ဆီဂိုးသွင်းအား အနည်းငယ်ကျသွားသလို ဘာစီလိုနာအသင်းလည်း ရုန်းကန်ခဲ့ ရပါ တယ်။ တိုက်စစ်မှူးသစ်နေမာလည်း ဒဏ်ရာနဲ့ နပန်းလုံးနေရပြီး စပိန်မှာ အသားမကျခဲ့ပါဘူး။ ရာသီအစမှာ စပိန်စူပါဖလားလေးတစ်လုံးသာရလို့ ဘာစီလိုနာ ရဲ့ ကျရှုံးတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။

၂၀၁၄-၁၅ ရာသီမှာတော့ ဘာစီလိုနာတို့ဟာ အငြင်းပွားဖွယ်ရာတိုက်စစ်မှူးဆွာရက်ဇ်ကို ၀ယ်ယူလိုက်ပါတယ်။ ကမ္ဘာ့ဖလားပွဲမှာ ချီလီနီရဲ့ပုခုံးကို ကိုက်ခဲ့လို့ ပွဲပယ်ပြစ်ဒဏ်ထိထားတဲ့ ဆွာရက်ဇ်ကို ဘာစီလိုနာတို့ စွန့်စားဝယ်ယူခဲ့တယ်လို့ ပြောရမှာပါ။ ပင်ကိုယ်ထူးချွန်ပေမယ့် ကွင်းအတွင်းမှာ ပြဿနာရှာတတ်တဲ့ ဆွာရက်ဇ်နဲ့ ဖြစ်ပါ့မလားလို့ စိုးရိမ်ခဲ့ကြပါတယ်။ ဆွာရက်ဇ်နေနဲ့ အောက်တိုဘာ ၂၆ ရက်နေ့အထိ ပွဲပယ်ခံထားရချိန်မှာ မက်ဆီ၊နေမာနဲ့ ပက်ဒရိုတို့က တိုက်စစ် မှာ ကစားခဲ့ကြပါတယ်။ ရာသီအစပိုင်းမှာ ရုန်းကန်ခဲ့ရပေမယ့် မက်ဆီနဲ့ နေမာအတွဲ ပိုမိုမိလာခဲ့ပြီး ဂိုးတွေသွင်းနေနိုင်လို့ ဆွာရက်ဇ်ကို မေ့နေကြပါတယ်။ အဲ့ဒီနောက် ရီးယဲလ်နဲ့အယ်လ်ကလက်စီကိုဒါဘီပွဲမှာ ဆွာရက်ဇ်စတင် ပါဝင်လာပါတယ်။ အဲ့ဒီပွဲမှာဘာကာတို့ ၃-၁ ဂိုးနဲ့ ရှုံးခဲ့ပါတယ်။ မက်ဆီ၊ နေမာ၊ ဆွာရက်ဇ် တိုက်စစ်အတွဲ အလုပ်ဖြစ်ပါ့မလားလို့ သံသယတွေ ရှိနေကြဆဲပါ။

အဲ့ဒီနောက်ပိုင်းတဖြည်းဖြည်း ဆွာရက်ဇ်အထိုင်ကျလာခဲ့ပြီး ဂိုးအများကြီး မသွင်းနိုင်ပေမယ့် မက်ဆီနဲ့ နေမာတို့ကို ပံ့ပိုးမှုတွေ လုပ်လာနိုင်ပါတယ်။ ပင်ကိုယ် ထူးချွန်ပြီး၊ ကြိုးစားသလို မာယာများတဲ့ဆွာရက်ဇ်ဟာ သိပ်မကြာခင်မှာပဲဂိုးတွေရလာခဲ့ပြီး မက်ဆီ၊နေမာတို့နဲ့ အတွဲအဖက် မိလာခဲ့ပါတယ်။ ရလဒ်တွေကောင်း လာသလို သုံးဦးစလုံးရဲ့ နားလည်မှုကလည်း အချိန်တိုအတွင်းမှာပဲ မြင့်မားလာခဲ့ပါတယ်။ အခုအချိန်မှာတော့ MSN တိုက်စစ်အတွဲကို ဘယ်အသင်းမှ တားဆီး ဖို့ မလွယ်တော့ပါဘူး။


MSN တိုက်စစ်အတွဲရဲ့ စွမ်းဆောင်မှု


အခုအချိန်အထိ MSN တိုက်စစ်အတွဲ စုစုပေါင်းသွင်းထားတဲ့ သွင်းဂိုးအရေအတွက်က ၁၁၄ ဂိုးဖြစ်ပါတယ်။ မက်ဆီ ၅၃ ဂိုး၊ ဆွာရက်ဇ် ၂၄ ဂိုးနဲ့ နေမာ ၃၇ ဂိုးသွင်းထားတာပါ။ ဒါတောင် ရာသီအဖွင့် ပထမသုံးလလောက်မှာ ဆွာရက်ဇ်မပါဝင်နိုင်ခဲ့လိုပါ။ ဒီသွင်းဂိုးအရေအတွက်က သူတို့ရဲ့ ပေါင်းစပ်မှုကို အမှန် တကယ်လေးစား ချီးကျူးထိုက်ပါတယ်။ ချန်ပီယံလိဂ်မှာ ဆိုရင်လည်း မက်ဆီ ၁၀ ဂိုး၊ နေမာ ၉ ဂိုးနဲ့ ဆွာရက်ဇ် ၆ ဂိုးသွင်းထားပါတယ်။ ဒီအရေအတွက်က ချန်ပီယံလိဂ်မှာ တစ်သင်းတည်းကနေ ဂိုးအများဆုံးသွင်းယူနိုင်တဲ့ အရေအတွက်လည်း ဖြစ်ပါတယ်။

သူတို့ရဲ့ တစ်ဦးအပေါ်တစ်ဦး ပံ့ပိုးမှုကိုလည်း ကြည့်လိုက်ပါဦး။ မက်ဆီက ၅၃ ဂိုးသွင်းထားရာမှာ နေမာကို ၁၃ ဂိုးဖန်တီးပေးထားပြီး ဆွာရက်ဇ်ကို ၅ ဂိုးဖန်တီးပေးထားပါတယ်။ ဆွာရက်ဇ်က ၂၄ ဂိုးသွင်းထားရာမှာ မက်ဆီကို ၄ ဂိုးဖန်တီးပေးပြီး နေမာကို ရှစ်ဂိုးဖန်တီးပေးထားပါတယ်။ နေမာကတော့ ၃၇ ဂိုးသွင်းယူထားရာမှာ မက်ဆီကို ၉ ဂိုးဖန်တီးပေးထား ပါတယ်။ ဆွာရက်ဇ်ကိုတော့ ဖန်တီးပေးနိုင်မှု မရှိခဲ့ပါဘူး။ ညီညွတ်ပြီး ဟန်ချက်ညီတဲ့ တိုက်စစ်အတွဲအစပ်ကို တွေ့ရမှာပါ။

မက်ဆီဟာ သူ့ရဲ့ဘာစီလိုနာကစားသမားဘ၀တစ်လျှောက်မှာ ရော်နယ်ဒင်ဟို၊ အွန်နရီ၊ ဟင်းနရစ်လာဆင်၊ အီတူး၊ ဂူလီ၊ မက်ဆီလိုပက်ဇ်၊ ဂတ်ဂျွန်ဆင်၊ အီဗရာဟီမိုဗစ်ခ်ျ၊ ဒေးဗစ်ဗီလာ၊ ဆန်းချက်ဇ်၊ ပက်ဒရို၊ ဆာဗီယိုလာ၊ ကာကစ်၊ ဒို့စ်ဆန်းတို့စ်၊ အဖယ်လေး စတဲ့ ၀ါရင့်တိုက်စစ်မှူး၊ လူငယ်ခြေ တက်တိုက်စစ် မှူးတွေ အများအပြားနဲ့ တွဲကစားခဲ့ရပါတယ်။ ဘာစီလိုနာမှာ မက်ဆီရယ်လို့ နေရာတစ်နေရာ မရခင်အချိန်ကစလို့ ရပြီးသွားတဲ့ အချိန်ကာလတစ်လျှောက်လုံး မပြောင်းလဲသော တစ်သမတ်တည်း ခြေစွမ်းနဲ့ မက်ဆီကကစားနိုင်ခဲ့ပါတယ်။ တွဲကစားခဲ့ရတဲ့ တိုက်စစ်မှူးတွေနဲ့ အကောင်းဆုံးဖြစ်အောင် ကစားခဲ့ပြီးအောင်မြင် မှုတွေလည်း အလီလီ ရရှိခဲ့ပါတယ်။ ကျွန်တော်အမြင်အရ ပြောရမယ်ဆိုရင် မက်ဆီ တွဲဖက်ကစားခဲ့ရတဲ့ တိုက်စစ်အတွဲအစပ်က သူ့ဟာနဲ့သူ အကောင်းဆုံးတော့ ဖြစ်ခဲ့တာပါပဲ။ ဒါပေမဲ့ နေမာ၊ ဆွာရက်ဇ်တို့နဲ့ အတွဲအဖက်လောက် မကောင်းခဲ့ဖူးလို့ ထင်ပါတယ်။ ပြောလိုတာက မျှတတဲ့ ဟန်ချက်ညီမှုပါ။ သူတို့သုံးဦးရဲ့ တွဲဖက်မှုက အချိန်ဘာမှ ကြာသေးတာ မဟုတ်ပါဘူး။ တစ်ရာသီတာင်မပြည့်သေးပါဘူး။ ဒီထက်ပိုတဲ့ ကောင်းမွန်ပြီး ရသအပြည့်ပေးနိုင်တဲ့ MSN တိုက်စစ်အတွဲကို မြင်ရလိမ့်ဦးမယ်လို့ ထင်ပါတယ်။


MSN တိုက်စစ်နဲ့ ဘာစီလိုနာရဲ့လားရာ


ဘာစီလိုနာတို့ သူတို့ရဲ့ သမိုင်းတစ်လျှောက်ကြီးကျယ်ခမ်းနားလှတဲ့ အောင်မြင်မှုတွေကို ရေးထိုးခဲ့ပြီးပါပြီ။ အနာဂတ်မှာလည်း ထပ်မံ ရေးထိုးဦးမှာပါ။ အခုလက်ရှိအချိန်မှာလည်း ဘာစီလိုနာတို့ဟာ တစ်ရာသီတည်း ဖလားသုံးလုံးရနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေပါသေးတယ်။

ပထမဆုံးအနေနဲ့ ရရှိနိုင်တာက လာလီဂါဖလားပါ။ အက်သလက်၊ ဒီပို့တီဗိုတို့နဲ့ ကစားဖို့ လက်ကျန် နှစ်ပွဲကျန်ရှိနေပါတယ်။ အက်သလက်နဲ့ ဒီတစ်ပတ်မှာ အရင်ကစားရမှာ ဖြစ်ပြီး နောက်ဆုံးပွဲမှာ ဒီပို့နဲ့ ကစားရမှာပါ။ ဒီနှစ်ပွဲက တစ်ပွဲကို နိုင်ရင်ပဲ လာလီဂါဖလားကို သိမ်းပိုက်နိုင်တော့မှာပါ။ အက်သလက်ကို မနိုင်ရင်တောင် ဒီပို့ကိုတော့ ဘာစီလိုနာ နိုင်လောက်ပါတယ်။ အဲ့ဒီတော့ လာလီဂါဖလားက သေချာသလောက်ရှိနေပါပြီ။

ဒုတိယက ကိုပါဒယ်ရေးဖလားပါ။ ဘီလ်ဘာအိုအသင်းနဲ့ကစားရမှာပါ။ ဘာကာအတွက် ကံကောင်းပြီး အားသာတာက ဒီနှစ်ကိုပါဒယ်ရေးဖလားဗိုလ်လုပွဲကို နူးကမ့်ကွင်းမှာ ကစားရမှာပါပဲ။ ဘီလ်ဘာအိုက အဆိပ်ရှိတဲ့ အသင်းဖြစ်ပေမယ့် အဖက်ဖက်က ယှဉ်ကြည့်လိုက်ရင် ဘာကာကို ယှဉ်နိုင်စရာအကြောင်းမရှိပါဘူး။ ဒီဖလားကလည်း ၇၀ ရာခိုင်နှုန်းလောက် သေချာပြီးသားပါ။

နောက်ဆုံးကစားရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကတော့ နည်းနည်း အခက်အခဲ ဖြစ်လာနိုင်ပါတယ်။ ဂျူဗင်တပ်စ်ရဲ့အနေအထားနဲ့ ဘာကာကို နိုင်ဖို့ဆိုတာ အလွန်ခက်ခဲမှာ ဖြစ်ပေမယ့် နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ။ ဆယ်စုနှစ်တစ်ခုကျော်ကြာဝေးကွာနေတဲ့ ဗိုလ်လုပွဲမှာ ဂျူဗီတို့ ရှိသမျှအစွမ်းကုန်ရုန်းလာမယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ဒီအခက်အခဲကို MSN တိုက်စစ်က ကျော်ဖြတ်နိုင်မလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။ ဒါကို ကျော်နိုင်ရင်တော့ ကြီးကျယ်ခမ်းနားတဲ့ ရာသီတစ်ခုကို ဘာကာတို့ ပိုင်ဆိုင်ခွင့်ရပါလိမ့်မယ်။

ဒါက ဒီရာသီအတွက် ဘာစီလိုနာရဲ့ ရည်မှန်းချက်ပါ။ ဒါပေမဲ့ ဘာစီလိုနာရဲ့လက်ရှိစုဖွဲ့မှုက ဒီတစ်ရာသီတည်းအတွက် အောင်မြင်နိုင်တဲ့ အသင်းမဟုတ်ပါဘူး။ ဂိုးသမားတာစတီဂန်၊ ခံစစ်ပိုင်းက အယ်လ်ဘာ၊ မာရှေယာနို၊ ပီကေး၊ အဲလ်ဗက်စ်၊ ကွင်းလယ်က အင်နီယေစတာ၊ ရာကီတစ်၊ ဘက်စ်ကွက်စ်၊ တိုက်စစ်ပိုင်းက မက်ဆီ၊ နေမာနဲ့ဆွာရက်ဇ်တို့ရဲ့ စုဖွဲ့မှုက လာမယ့် ရာသီတွေမှာလည်း အောင်မြင်မှုတွေဆက်လက်ဆွတ်ခူးနိုင်မယ့် အနေအထားမှာ ရှိနေပါတယ်။ လက်ရှိဘာစီလိုနာအသင်းမှာ အသက်သုံးဆယ်နဲ့အထက် ကစားသမားဆိုလို့ ဂိုးသမား ဘရာဗို၊ အဲလ်ဗက်စ်၊ အင်နီယေစတာ၊ ဇာဗီနဲ့ မာရှေယာနိုတို့ပဲရှိပါတယ်။ ကျန်ကစားသမားအားလုံးက ၂၀ နဲ့ ၂၇ နှစ်ကြားထဲမှာပါ။ အကောင်းဆုံးအချိန်တွေကို ပိုင်ဆိုင်ထားကြတဲ့ ဒီအင်အားကို လာမယ့်ရာသီမှာ ထပ်မံ ဖြည့်တင်းလိုက်မယ်ဆိုရင် ဘာစီလိုနာရဲ့အောင်မြင်မှုတွေက ဆက်လက် အဓွန့်ရှည်နေဦးမှာ သေချာပါတယ်။

Mizzima

ပရီးမီးယားလိဂ် ဖလားမရဖူး၍ ဝမ်းနည်းမိသည်ဟု လီဗာပူးလ်မှ ထွက်ခွာတော့မည့် ဂျရတ်ဆို



ပရီးမီးယားလိဂ် ဖလားမရဖူး၍ ဝမ်းနည်းမိသည်ဟု လီဗာပူးလ်မှ ထွက်ခွာတော့မည့် ဂျရတ်ဆို
Written by  ဝေဘုန်းလူ

လီဗာပူးလ်၊ မေ ၁၄။ ။ပရီးမီးယားလိဂ်ဖလားကို တစ်ကြိမ်မှရဖူးခြင်းမရှိသည့်အတွက် ဝမ်းနည်းမိသည်ဟု လီဗာပူးလ်မှထွက်ခွာတော့မည့် အသင်းခေါင်းဆောင် စတီဗင်ဂျရတ်က ပြောဆိုလိုက်သည်။

အသက် ၃၄ နှစ်ရှိဂျရတ်သည် ဇွန်လတွင် မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်ဇီသို့မထွက်ခွာမီ အန်ဖီးလ်ကွင်းနောက်ဆုံးပွဲအဖြစ် စနေနေ့ တွင် ခရစ္စတယ် ပဲလေ့စ်အသင်းနှင့် ရင်ဆိုင်ကစားရမည်ဖြစ်သည်။

"ပရီးမီးယားလိဂ်ဖလားမရတာက ဝမ်းနည်းစရာကောင်းသလို ကြီးမားတဲ့အရာလို့လည်း ကျွန်တော်ထင်ပါတယ်။ ကျွန်တော်ရခဲ့တာတွေ ပြီးပြည့်စုံပြီလို့ ကျွန်တော်ပြောချင်ခဲ့တာပါ"ဟု ဂျရတ် က ပြောသည်။

၁၇ ရာသီအတွင်း ပွဲပေါင်း ၇၀၀ ကျော်ကစားခဲ့သည့် လီဗာပူးလ်အသင်းနှင့် လာမည့်နွေရာသီတွင်လမ်းခွဲရခြင်းမှာ ထင်ထားသည့်အချိန်ထက် အနည်းငယ် ပိုစောခဲ့သည် ဟုလည်း ဂျရတ်ကဝန်ခံခဲ့သည်။

ပြီးခဲ့သည့်ရာသီက လီဗာပူးလ်အသင်းသည် ၁၉၉၀ နောက်ပိုင်း အမှတ်ပေးချန်ပီယံဖြစ်ရန်နီးစပ်ခဲ့သော်လည်း ချယ်လ်ဆီးနှင့်ပွဲတွင် ဂျရတ် ခြေချော်လဲကျ ခဲ့ခြင်းနှင့်အတူ ၂-၀ ဂိုးဖြင့်ရှုံးနိမ့်သောကြောင့် ချန်ပီယံမန်စီးတီးနှင့် နှစ်မှတ်အကွာ ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။

"ဘဝမှာကောင်းတဲ့အချိန်တွေရှိသလို နာကျင်ရတဲ့အချိန်တွေလည်း ရှိမှာပဲလေ။ ကျွန်တော်ဟာ အက်ဖ်အေဖလား နောက်ထပ် ဗိုလ်လုပွဲတစ်ကြိမ်လွဲခဲ့ရသလို ၂၀၀၇မှာ ဒုတိယအကြိမ်မြောက် ချန်ပီယံလိဂ်ဖိုင်နယ်အခွင့်အရေးကိုလည်း လွဲခဲ့ရဖူးတယ်။ ဘယ်သူမှ ဖြောင့်ဖြူးတဲ့ ခရီးလမ်းဆိုတာ မရှိပါဘူး။ ကျွန်တော့်မှာ လည်း မရှိပါဘူး။ ဒါကိုကျွန်တော်ဘာမှမပြောင်းလဲနိုင်ခဲ့ပေမယ့်လည်း ဂုဏ်ယူစိတ်တော့ ဖြစ်မိပါ တယ်"ဟု ဂျရတ် က ပြောသည်။

ဂျရတ်သည်  ချန်ပီယံလိဂ်၊ ယူအီးအက်ဖ်အေဖလား၊ အက်ဖ်အေဖလားနှစ်လုံး၊ လိဂ်ဖလားသုံးလုံးရယူနိုင်ခဲ့သည့် လီဗာပူးလ်ကိုစွန့်ခွာပြီး အမေရိကန်ကလပ်နှင့် ၁၈ လသက်တမ်း စာချုပ်မည်ဖြစ်သည်။

Ref; BBC

Mizzima

ရီးယဲလ်အသင်း၏ ဒုတိယ ဂိုးသွင်းအများဆုံး ကစားသမားနေရာကို ရောက်ရှိလာသည့် စီရော်နယ်ဒို



ရီးယဲလ်အသင်း၏ ဒုတိယ ဂိုးသွင်းအများဆုံး ကစားသမားနေရာကို ရောက်ရှိလာသည့် စီရော်နယ်ဒို
Written by  အောင်ငြိမ်းသွေး

(မက်ဒရစ်)။ ။ ရီးယဲလ်အသင်းသည် ဘာနေဗျူးတွင် ကစားခဲ့သည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့တွင် ဂျူဗင်တပ်စ်နှင့် ၁-၁ ဂိုးဖြင့် သရေကျခဲ့ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။

ပြိုင်ပွဲမှ ထွက်ခွာရခြင်းသည် စိတ်ပျက်စရာ ဖြစ်ခဲ့သော်လည်း ထိုပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့သည့် စီရော်နယ်ဒိုမှာ ရီးယဲလ်ဂန္ထ၀င်ကစားသမား ဒီစတီဖာနို၏ ဂိုးသွင်းစံချိန် ၃၀၇ ဂိုးကို လိုက်မီသွားခဲ့ပြီး ရီးယဲလ်အသင်းသမိုင်းတွင် ဒုတိယဂိုးသွင်းအများဆုံးကစားသမား ဖြစ်လာခဲ့သည်။

ရီးယဲလ် တိုက်စစ်မှူးဟောင်း ရာအူးလ်ဂွန်ဇာလက်က သွင်းဂိုးပေါင်း ၃၂၃ ဂိုးဖြင့် ဂိုးသွင်းအများဆုံး ကစားသမားနေရာတွင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။ စီရော်နယ်ဒိုနှင့် ဒီစတီဖာနိုတို့မှာ ၃၀၇ ဂိုးစီဖြင့် ဒုတိယနေရာတွင် ရပ်တည်နေကြပြီး ၎င်းတို့၏ နောက်တွင် ဆန်တီလာနာက ၂၉၀ ဂိုးဖြင့် ရှိနေသည်။

စီရော်နယ်ဒိုသည် ရီးယဲလ်အသင်း၏ သမိုင်းတွင် ဂိုးသွင်းအများဆုံးကစားသမား ဖြစ်လာရန် ဂိုးပေါင်း ၁၇ ဂိုးသာ လိုအပ်တော့သည်။ ထိုဂိုးပေါင်း ၃၀၇ ဂိုးကို လာလီဂါတွင် ၂၁၉ ဂိုး၊ ကိုပါဒယ်လ်ရေးတွင် ၂၁ ဂိုး၊ စပိန်စူပါ ဖလားတွင် ၃ ဂိုး၊ ချန်ပီယံလိဂ်တွင် ၆၂ ဂိုး၊ ယူအီးအက်ဖ်အေစူပါ ဖလားတွင် ၂ ဂိုး သွင်းယူထားခြင်း ဖြစ်သည်။

ယခုရာသီတွင် စီရော်နယ်ဒိုသည် ချန်ပီယံလိဂ် သွင်းဂိုး ၁၀ ဂိုး၊ လာလီဂါသွင်းဂိုး ၄၂ ဂိုး အပါအ၀င် ဂိုးပေါင်း ၅၅ ဂိုး သွင်းယူထားသည်။

ဒီစတီဖာနိုက ၁၁ ရာသီ သွင်းယူခဲ့ရသည့် ဂိုးအရေအတွက်ကို စီရော်နယ်ဒိုက ၆ ရာသီဖြင့် သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ရည်ညွှန်း - ဒေးလီးမေးလ်

Mizzima

လာမည့် ရာသီတွင် ရီးယဲလ်မက်ဒရစ် နည်းပြအဖြစ် ဆက်ရှိရန် မသေချာဟု အန်ဆလော့တီဝန်ခံ



လာမည့် ရာသီတွင် ရီးယဲလ်မက်ဒရစ် နည်းပြအဖြစ် ဆက်ရှိရန် မသေချာဟု အန်ဆလော့တီဝန်ခံ
Written by  ဝေဘုန်းလူ

(မက်ဒရစ်)။ ။ လာမည့်ရာသီတွင် ရီးယဲလ်မက်ဒရစ် နည်းပြအဖြစ် ဆက်ရှိနိုင်မည်လားဆိုသည်ကို မသိကြောင်း ကာလိုအန်ဆလော့တီက ဝန်ခံပြောဆိုလိုက်သည်။

အန်ဆလော့တီသည် အသင်းကို စပိန်ဘုရင့်ဖလားနှင့် ချန်ပီယံလိဂ်ဖလားရယူးပေးပြီး နောက်ရာသီမှာပင် ဖလားလက်မဲ့ ရာသီတစ်ခုကို ကျော်ဖြတ်ရမည့် အရေးနှင့် ရင်ဆိုင်လာရသည်။

ယင်းအခြေအနေမျိုးတွင် ရီးယဲလ်မက်ဒရစ်အသင်းသည် အပြောင်းအလဲလုပ်လေ့ရှိရာ အန်ဆလော့တီက ရာသီကုန်တွင် ၎င်းဘယ်ရောက် မည်မသိဟု ပြောဆိုလိုက်သည်။

"ကျွန်တော်ဒီမှာ ဆက်ရှိမလား ကျွန်တော် မသိပါဘူး။ ၁၅ ရက်နဲ့ နှစ်ပွဲပဲ ကျန်ပါတော့တယ်။ ပြီးရင်တော့ ကလပ်နဲ့ ဆွေးနွေးသွားမှာပါ" ဟု အန်ဆလော့တီက ပြောသည်။

ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် လာလီဂါ လက်ကျန်နှစ်ပွဲလုံး အနိုင်ရပြီး ဘာစီလိုနာက ခြေချော်လျှင် လာလီဂါဖလား ရနိုင်သေးသော်လည်း လက်ရှိတွင် အန်ဆလော့တီဆုဖလား မရနိုင်ဆိုသည့် လောင်းကြေးများသာ များပြားနေသည်။

REF : Daily Mail

Mizzima

လီဗာပူးလ်အသင်း၏ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို ဂိုးသမား မစ်ဂ်နိုလက် ရရှိ



လီဗာပူးလ်အသင်း၏ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို ဂိုးသမား မစ်ဂ်နိုလက် ရရှိ
Written by  အောင်ငြိမ်းသွေး

အင်္ဂလန်၊ မေ ၁၃။         ။ လီဗာပူးလ်အသင်း၏ တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ဂိုးသမား မစ်ဂ်နိုလက်က အံ့အားသင့်ဖွယ်ရရှိသွားခဲ့သည်။

လီဗာပူးလ်အသင်း၏ ကစားသမားဟောင်းများက ရွေးချယ်ပေးအပ်သည့် ထိုဆုကို မစ်ဂ်နိုလက်က ကော်တင်ဟိုနှင့် ဟန်ဒါဆင်တို့ကို ကျော်ဖြတ်ကာ ရရှိသွား ခဲ့ခြင်းဖြစ်သည်။

မစ်ဂ်နိုလက် အကောင်းဆုံးဆုရရှိခြင်းကို ပရိသတ်အများစုက သဘောမတူ ခဲ့ကြသလို မစ်ဂ်နိုလက်ကိုယ်တိုင်ကလည်း အံ့အားသင့်လျက်ရှိသည်။

'ဒီဆုကို ကျွန်တော် ရရှိလိမ့်မယ်လို့ ရာသီအစက ဘယ်သူမှ ထင်ခဲ့ကြမှာ မဟုတ်ပါဘူး။ အခုလည်း ပရိသတ်အများအပြားက ဒါကို ယုံကြည်ကြပုံမပေါ်ပါဘူး' ဟု မစ်ဂ်နိုလက်က ပြောသည်။

မစ်ဂ်နိုလက်သည် ရာသီအစက ပုံမှန်လက်စွမ်းရရန် ရုန်းကန်ခဲ့ရသော်လည်း နောက်ပိုင်းတွင် ပြန်လည် လက်စွမ်းပြနိုင်ခဲ့သည်။ ၎င်းသည် ယခုရာသီတွင် လီဗာ ပူးလ်အသင်းအတွက် ၁၄ ပွဲ တိတိ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး အကောင်းဆုံးဂိုးသမားဆုအတွက် ရေပန်းစားမှုတွင်လည်း ပါဝင်လျက်ရှိသည်။

'ဒီရာသီမှာ သင်ယူခဲ့ရတာကတော့ ဝေဖန်မှုတွေဖြစ်ဖြစ်၊ ချီးကျူးတာတွေဖြစ်ဖြစ် ကြုံလာရင် တူညီတဲ့ ပုံစံနဲ့ ရှေ့ဆက်သွားဖို့ပါပဲ။ ခင်ဗျားအနေနဲ့ လုပ်စရာက တစ်ခုတည်းရှိပါတယ်။ ခေါင်းအေးအေးထား၊ အလုပ်ကိုကြိုးစား ပြီးရင် ကိုယ်ဘယ်လိုစွမ်းဆောင်နိုင်တယ်ဆိုတာကို ကွင်းထဲမှာ သက်သေပြပါ' ဟု မစ်ဂ်နိုလက် ကပြောသည်။

Ref: Daily Mail

Mizzima

မြန်နှုန်းသည် ၎င်း၏ အဓိက အားသာချက် တစ်ရပ်အဖြစ် ဘယ်လာရင် မှတ်ချက်ပြု



မြန်နှုန်းသည် ၎င်း၏ အဓိက အားသာချက် တစ်ရပ်အဖြစ် ဘယ်လာရင် မှတ်ချက်ပြု

မြန်နှုန်းသည် မိမိ၏ အဓိက အားသာချက် တစ်ခုဖြစ်ကြောင်း အာဆင်နယ် လူငယ်တောင်ပံ ခံစစ်သမားလေး ဟက်တာ ဘယ်လာရင်က မှတ်ချက်ပြု ပြောကြားလိုက်သည်။

အသက်(၂၀) အရွယ်ရှိ စပိန်ညာတောင်ပံ နောက်ခံကစားသမားလေးသည် သီအိုဝဲလ်ကော့ကို ကျော်ဖြတ်ပြီး အာဆင်နယ်၏ အမြန်ဆုံး ကစားသမားအဖြစ် စံချိန်တင် ရပ်တည်နိုင်ခဲ့သူ ဖြစ်သည်။ “တကယ်တော့ တချို့သော ဘောလုံးသမားတွေဟာ မွေးကတည်းက မြန်မြန်ပြေးနိုင်ဖို့ အခြေခံကောင်းတွေ ပါလာပြီးသားပါ။ ကျွန်တော့် ကစားသမားဘဝ တစ်လျှောက်လုံး တော်တော်လေးမြန်တဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။ ဒီအပိုင်းမှာ ပိုအားကောင်းလာအောင်လည်း လုပ်ခဲ့ပါတယ်”ဟု ဘယ်လာရင်က ဆိုသည်။

၎င်းက “ပြီးခဲ့တဲ့ (၂)နှစ်အတွင်းမှာ ကျွန်တော်က ခြေထောက်တွေ ပိုအားကောင်း သန်စွမ်းလာအောင် ကြိုးစားခဲ့ပါတယ်။ ဒီလေ့ကျင့်မှုက တကယ်ပဲ အထောက်အကူ ဖြစ်ခဲ့တယ်လို့ ခံစားမိတယ်။ ကိုယ့်ကြံ့ခိုင်မှု ကောင်းသထက် ကောင်းလာစေဖို့က ကွင်းပြင်ပမှာလည်း ပြင်ဆင် လေ့ကျင့်မှုတွေ လုပ်ရပါမယ်။ ဒါက လျှို့ဝှက်ချက် တစ်ခုပါ။ ဒါပေမဲ့ ကျွန်တော်က ကမ္ဘာပေါ်မှာ အမြန်ဆုံး ဘောလုံးသမား တစ်ယောက်လို့ ပြောလာရင်တော့ ဒီအချက်ကို သံသယ ရှိပါတယ်”ဟုလည်း ပြောကြားသွားသည်။

Soccer Myanmar

အနာဂတ်တွင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ဦး ဖြစ်လာမည်ဟု ဒီပေးယုံကြည်



အနာဂတ်တွင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ဦး ဖြစ်လာမည်ဟု ဒီပေးယုံကြည်

မိမိအနေဖြင့် အနာဂတ် တစ်ချိန်တွင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ဦး ဖြစ်လာရန် မျှော်လင့် ယုံကြည်ကြောင်း မမ်းဖစ်ဒီပေးက ထုတ်ဖော် ပြောကြားလိုက်သည်။

အသက်(၂၁)နှစ် အရွယ်ရှိ နယ်သာလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမားလေးသည် လာမည့်ရာသီတွင် PSV အင်ဒိုဗန်မှ မန်ချက်စတာ ယူနိုက်တက်သို့ ပြောင်းရွှေ့ကစားရန် သဘောတူညီမှု ရရှိထားပြီး ဖြစ်သည်။ ဒီပေးသည် ယခုရာသီ PSVတွင် အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး လိဂ်ဂိုး (၂၂)ဂိုး သွင်းယူကာ အသင်းကို နယ်သာလန်လိဂ် ချန်ပီယံ ဖြစ်လာအောင် ကူညီပေးခဲ့သည်။ ဒီပေးက ၎င်းသည် အမြင့်ဆုံးသော အိပ်မက်များနောက် လိုက်နေသူ တစ်ဦးဖြစ်ကြောင်း ဖွင့်ဟ ပြောဆိုခဲ့သည်။

“ကျွန်တော်က အိပ်မက်တွေနောက် လိုက်နေတဲ့သူပါ။ တစ်နေ့မှာ ကမ္ဘာပေါ်က အကောင်းဆုံးအဆင့် ကစားသမားတွေထဲ ကျွန်တော် ပါဝင်လာမယ်လို့ ယုံကြည်ပါတယ်။ ဒီမျှော်လင့်ချက်အတိုင်း ဖြစ်လာစေဖို့ ကျွန်တော့်မှာ အိပ်မက်တစ်ခု ရှိတယ်။ ဒီရည်မှန်းချက်ဟာ ကျွန်တော့်ရင်ဘတ်မှာ ဆေးမင်ကြောင် အနေနဲ့ ရှိနေတယ်။ ကိုယ်က အိပ်မက်ကို အကောင်အထည် ဖော်ဖို့ဆိုရင် နေ့တိုင်းနေ့တိုင်း ကြိုးစားလေ့ကျင့်နေဖို့ လိုပါတယ်။ ကမ္ဘာ့ဖလားမှာ ပါဝင်ဖို့က ကျွန်တော့်ရဲ့ အိပ်မက်တွေ အစပြု ဖြစ်မြောက်လာတာပါ။ အဲဒီမှာ (၂)ဂိုး သွင်းနိုင်ခဲ့တယ်။ နယ်သာလန်အတွက် အသက်အငယ်ဆုံး ဂိုးသွင်းသူ ဖြစ်ခဲ့တယ်။ တကယ်ကို ပျော်စရာပါ။ ကမ္ဘာ့ဖလား ပြီးသွားတဲ့နောက် ကျွန်တော့် အိပ်မက်ဟာ ဒီမှာ မရပ်တန့်ဘူးဆိုတာ သိလာတယ်။ ကွင်းထဲမှာ ကျွန်တော် လုပ်စရာတွေ ရှိသေးတယ်လေ”ဟု ဒီပေးက ဆိုသည်။

၎င်းက “ဒါကြောင့် ကမ္ဘာ့ဖလားအပြီးမှာ မန်နေဂျာနဲ့ စကားပြောခဲ့တယ်။ အလုပ်မှာ အာရုံစိုက်ဖို့ လိုပါတယ်။ ကမ္ဘာ့ဖလားမှာ ဂိုးသွင်းနိုင်ခြင်းဟာ ထူးကဲပါတယ်။ ဒါပေမဲ့ ဒါဟာ အဆုံးသတ် ကျေနပ်ရမယ့် ကိစ္စတော့ မဟုတ်သေးဘူး။ အခုတော့ ကျွန်တော်က ဂိုးဆာလောင်မှုတွေ ပြည့်ဝပြင်းထန်နေပါပြီ”ဟုလည်း ပြောကြားသွားသည်။

Soccer Myanmar