Pages

Subscribe:

Monday, May 11, 2015

အေဂျက်ဇ်အသင်းရဲ့ လှပသော အမေများနေ့



အေဂျက်ဇ်အသင်းရဲ့ လှပသော အမေများနေ့
Written by  အောင်ငြိမ်းသွေး

(အမ်စတာဒမ်)။ ။ မေလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ အမေများနေ့က ကမ္ဘာတစ်ဝှမ်းလုံးက တက်တက်ကြွကြွနဲ့ လှုပ်ရှား
ပါဝင်ခဲ့ကြပါတယ်။ ဘောလုံးလောကမှာလည်း အေဂျက်ဇ်အသင်းက အမေများနေ့ကို လှပစွာ ဂုဏ်ပြုခဲ့ပါတယ်။

အမ်စတာဒမ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ အေဂျက်ဇ်အသင်းနဲ့ Cambuur Leeuwarden အသင်းတို့ရဲ့ ပွဲမတိုင်မီမှာ အေဂျက်ဇ် ကစားသမားတွေဟာ သူတို့ရဲ့အမေတွေကို လက်တွဲပြီး ကွင်းထဲ ၀င်ခဲ့ကြပါတယ်။

အရင်ကိုဆိုရင် ကလေးလေးတွေရဲ့ လက်တွေကို ဆွဲပြီး ကွင်းထဲဝင်ခဲ့ကြပေမယ့် အမေများနေ့မှာတော့ အေဂျက်ဇ်အသင်းက အထူးအစီအစဉ်အနေနဲ့ ကစားသမားတွေရဲ့ မိခင်တွေကို ဖိတ်ကြားကာ ကွင်းထဲလမ်းလျှောက်ဝင်စေခဲ့တာ ဖြစ်ပါတယ်။

ပြုံးပျော်နေတဲ့ မိခင်တွေနဲ့သူတို့ရဲ့ သားတွေကို မြင်တွေ့ရတဲ့ မြင်ကွင်းက ပရိသတ်အားလုံးကို စိတ်ကြည်နူးစေခဲ့တာ အမှန်ပါပဲ။

ဒီပွဲစဉ်မှာ အေဂျက်ဇ်အသင်းက ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဂိုးတွေကို တိုက်စစ်မှူး ဖစ်ရှာက နှစ်ဂိုးနဲ့လက်စ်ရှုံးက တစ်ဂိုးသွင်းပေးခဲ့ပါတယ်။

ရာသီအကုန်မှာ ဆမ်ဒိုးရီးယားအသင်းကို ပြောင်းရွှေ့တော့မယ့် အေဂျက်ဇ်အသင်းခေါင်းဆောင် နစ်ကလက်စ်အတွက်တော့ ဒီပွဲစဉ်ဟာ နောက်ဆုံးပွဲစဉ်ဖြစ်ခဲ့ပါတယ်။ နစ်ကလက်စ်က အလွန်ကို စိတ်လှုပ်ရှားဖွယ်ကောင်းသည့် ပွဲဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ဒီရာသီမှာ ပီအက်စ်ဗွီအသင်းက ချန်ပီယံဆုကို ဆွတ်ခူးခဲ့ပြီး ဖြစ်လို့ အေဂျက်ဇ်အသင်းဟာ ဒုတိယနေရာနဲ့ပဲ ရာသီသိမ်းရတော့မှာ ဖြစ်ပါတယ်။

ရည်ညွှန်း - ဒေးလီးမေးလ်

Mizzima

0 comments:

Post a Comment