Pages

Subscribe:

Tuesday, May 12, 2015

စင်ကာပူဆီးဂိမ်းမှာ မြန်မာနည်းပြအဖွဲ့အတွက် မှတ်ကျောက်အတင်ခံရမည့်ပွဲဟု ဦးကြည်လွင်ဆို



စင်ကာပူဆီးဂိမ်းမှာ မြန်မာနည်းပြအဖွဲ့အတွက် မှတ်ကျောက်အတင်ခံရမည့်ပွဲဟု ဦးကြည်လွင်ဆို
Written by  သောကြာ

မေ ၁၂၊ ရန်ကုန်။         ။ စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၂၃အသင်း အုပ်ချုပ်နည်းပြ အဖွဲ့ကို မြန်မာ လူမျိုးများဖြင့်သာဖွဲ့စည်းထားသည့်အတွက် လာမည့်ဆီးဂိမ်းမှာ မြန်မာနည်းပြများအတွက် မှတ်ကျောက်အတင်ခံရမည့်ပွဲဖြစ်သည်ဟု နည်းပြချုပ် ဦးကြည်လွင် ကဆိုသည်။

မြန်မာယူ-၂၃အသင်းကို နည်းပြချုပ်အဖြစ် ဦးကြည်လွင်၊ အသင်းမန်နေဂျာအဖြစ် ဦးသန်းတိုးအောင်၊ လက်ထောက်နည်းပြများအဖြစ် ဦးကျော်လွင်၊ ဦးမြင့်ကို၊ ဂိုးနည်းပြအဖြစ် ဦးအောင်သက်တို့က တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။

“လာမယ့်ပြိုင်ပွဲမှာမြန်မာအသင်းက မြန်မာအသင်းနည်းပြဆရာနဲ့ မြန်မာအုပ်ချုပ်သူတွေပဲ။ ဘယ်လောက်ထိ စွမ်းဆောင်မလဲဆိုတာ မှတ်ကျောက်အတင်ခံရ မယ်။ အဓိကကတော့ ဘယ်ပြိုင်ပွဲမဆို ချန်ပီယံ လမ်းကြောင်းပေါ်ပဲ သွားကြတာပါ။

ဘောလုံးဆိုတာ ဘာမဆိုဖြစ်နိုင်တယ်။ အမှားအယွင်းမရှိအောင် ကြိုးစားကစားမယ်'ဟု လက်ရွေးစင် ယူ -၂၃ အသင်း နည်းပြချုပ် ဦးကြည်လွင်က ပြောသည်။

လက်ရွေးစင် ယူ ၂၃ အသင်းသည် ပြီးခဲ့သည့် မေ ၁၁ ရက်က ကမ္ဘာ့ဖလားပြိုင်ပွဲ ၀င်ပြိုင်မည့် မြန်မာ ယူ-၂၀အသင်းနှင့်ခြေစမ်း ကစားခဲ့ပြီး ၃-၁ ဂိုးဖြင့် အနိုင် ရခဲ့သည်။ ထို့ပြင် လာမည့် မေ ၂၂ ရက်တွင် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ကာ ဗီယက်နမ် ယူ -၂၃ အသင်းနှင့် ခြေစမ်းကစားမည်ဖြစ်သည်။

မြန်မာ အမျိုးသား ယူ ၂၃ ဘောလုံးအသင်းမှာစင်ကာပူဆီးဂီမ်း အုပ်စု(က) တွင် အိမ်ရှင်စင်ကာပူ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်အသင်းများနှင့် တစ် အုပ်စုတည်းကျရောက်နေပြီး အုပ်စု(ခ) တွင် ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ လာအို၊ ဘရူနိုင်း၊ တီမောအသင်းတို့ ပါဝင်နေသည်။

' ဆီးဂိမ်းကို ချန်ပီယံဖြစ်ချင်ပါတယ်။ ဒါကြောင့် အကောင်းဆုံး ကြိုးစားစေချင်ပါတယ်။ စည်းလုံးစေချင်ပါတယ်။ ညီညွတ်စေချင်ပါတယ်။ နည်းပြတွေလဲ ညီညီ ညွတ်ညွတ်နဲ့ အသင်းကို ဦးဆောင်စေ ချင်ပါတယ်။

အဓိက အားနည်းချက်ဖြစ်နေတဲ့ ဘောလုံးနဲ့ ပတ်သက်တဲ့ စည်းကမ်း ဥပဒေပိုင်းနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ဘောတွေ ကစားလို့ ၀ါ၊ နီ ကိစ္စတွေကိုလဲ ပြုပြင်ပါ။ ဒါမှ အသင်းအနေနဲ့ အောင်မြင်မှု လက်တစ်ကမ်းကို ရောက်လာမှာပါ'ဟု ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောသည်။ မြန်မာ့လက်ရွေးစင် ယူ ၂၃
ဘောလုံးအသင်းသည် ၂၀၀၇ ဆီးဂိမ်းတွင် ဒုတိယတစ်ကြိမ် ရရှိခဲ့ဖူးပြီး ၂၀၁၁နှင့် ၂၀၀၁ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲများတွင် တတိယရရှိခဲ့သည်။

Mizzima

0 comments:

Post a Comment