Pages

Subscribe:

Tuesday, May 12, 2015

လူသတ်သမားလက်ကနေ ကံကောင်းလို့ လွတ်မြောက်ခဲ့တဲ့ အီဗရာဟီမိုဗစ်ခ်ျ



လူသတ်သမားလက်ကနေ ကံကောင်းလို့ လွတ်မြောက်ခဲ့တဲ့ အီဗရာဟီမိုဗစ်ခ်ျ
Written by  အောင်ငြိမ်းသွေး

မယ်လ်မို၊ မေ ၁၂။        ။ ပီအက်စ်ဂျီရဲ့ ထိပ်တန်းတိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျဆိုတာ ဘောလုံးလောကမှာ နာမည်ကျော်ကြားတဲ့ သူတစ်ဦးဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံမှာ ဆိုရင်လည်း မိုဗစ်ခ်ျဟာ ပရိသတ်တွေရဲ့ အသည်းစွဲဘောလုံးသမား တစ်ယောက်ပါ။

မိုဗစ်ခ်ျရဲ့ကျွမ်းကျင်မှုနဲ့ မြင့်မားတဲ့ ဘောလုံးစွမ်းရည်တွေကြောင့် ဘောလုံးပရိသတ်တွေက ချစ်မြတ်နိုးကြပေမယ့် ပြင်ပလူနေမှုပုံစံကြောင့် အသတ်ခံရဖို့အထိ နီးစပ်ခဲ့ပါတယ်။

ဆွီဒင်နိုင်ငံက လူသတ်သမားတစ်ဦးက မိုဗစ်ခ်ျကို သေနတ်နဲ့ ပစ်သတ်ဖို့ ဘယ်လို ကြံရွယ်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့တာပါ။ သူ့ရဲ့နာမည်က ပီတာမန်းစ် လို့ခေါ်ပါတယ်။ ပီတာဟာ ဆွီဒင်နိုင်ငံရဲ့ မြို့တော်မှာ လမ်းပေါ်ကသေနတ်သမားအဖြစ် ထင်ရှားသူပါ။ ၂၀၀၃ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း ပီတာဟာသေ နတ်နဲ့ပစ်ခတ်မှု ၁၅ ကြိမ်မှာ ပါဝင်ပတ်သက် ခဲ့ပါတယ်။

နောက်ဆုံးပီတာဟာ လူတစ်ဦးကို ပစ်သတ်မှုနဲ့ အခြားပစ်ခတ်မှု ၇ ကြိမ်မှာ ပါဝင်ကြောင်းထင်ရှားခဲ့လို့ ဥပဒေရဲ့ အရေးယူခြင်းကို ခံခဲ့ရသူပါ။ အခုအချိန်မှာ ပီတာဟာ သံတိုင်တွေရဲ့နောက်မှာ ရှိနေပြီး သူ့ရဲ့ ဘ၀အကြောင်းကို စာအုပ်ရေးသားထုတ်ဝေခဲ့ပါတယ်။

မိုဗစ်ခ်ျကို ဘာကြောင့် သေနတ်နဲ့ ပစ်သတ်ဖို့ ကြံစည်ခဲ့ရသလဲဆိုတော့ မိုဗစ်ခ်ျရဲ့ကားရပ်ပုံအချိုးမပြောတာကြောင့်လို့ ဆိုပါတယ်။

မိုဗစ်ခ်ျရဲ့ အနီရောင် ဖာရာရီကား ပုံစံမကျ ရပ်ထားတာကို တွေ့ရပြီးတဲ့နောက် ပီတာဟာ အိမ်ပြန်ပြီး သူ့ရဲ့ ပစ္စတိုသေနတ်ပြန်ယူခဲ့ပါတယ်။ သူပြန်လာချိန် မှာတော့ မိုဗစ်ခ်ျက ပြန်လည်ထွက်ခွာသွားပြီဖြစ်လို့ ကံကောင်းသွားခဲ့တာဖြစ်ပါတယ်။

Ref: Daily Mail

Mizzima

0 comments:

Post a Comment