Pages

Subscribe:

Monday, May 11, 2015

ချယ်လ်ဆီး လူငယ်ကစားသမား လော့ဖ်တက်စ်ချိခ်ကို မော်ရင်ဟို ချီးကျူး



ချယ်လ်ဆီး လူငယ်ကစားသမား လော့ဖ်တက်စ်ချိခ်ကို မော်ရင်ဟို ချီးကျူး

လီဗာပူးလ်နှင့်ပွဲတွင် ပါဝင် ကစားသွားသည့် လူငယ် ကွင်းလယ် ကစားသမားလေး ရူဘန် လော့ဖ်တက်စ်ချိခ်ကို ချယ်လ်ဆီး မန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ချီးကျူးစကား ပြောကြားလိုက်သည်။

အသက်(၁၉)နှစ် အရွယ်ရှိ လောဖ်တက်စ်ချိခ်သည် လီဗာပူးလ်ကို အိမ်ကွင်းတွင် တစ်ဂိုးစီ သရေကျသည့် ပွဲစဉ်၌ ပထမဆုံးအကြိမ်အဖြစ် ချယ်လ်ဆီး၏ ပရီးမီးယားလိဂ် ပွဲထွက် လူစာရင်းတွင် ပါဝင်လာခဲ့သည်။ ၎င်းသည် ယင်းမတိုင်မီက ပရီးမီးယားလိဂ် တစ်ပွဲ ကစားဖူးသော်လည်း ပွဲထွက်ကစားသမား အနေဖြင့် မဟုတ်ခဲ့ချေ။ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးထားနိုင်ပြီးဖြစ်သည့်နောက် ချယ်လ်ဆီး မန်နေဂျာ ဟိုဆေးမော်ရင်ဟိုသည် လီဗာပူးလ်နှင့်ပွဲတွင် လော့ဖ်တက်စ်ချိခ်ကို ပွဲထုတ် အသုံးပြုခဲ့ပြီး တစ်နာရီမျှ ပေးကစားပြီးမျှ နီမန်ယာမာတစ်နှင့် လူစားလဲလှယ်ခဲ့သည်။

မော်ရင်ဟိုက “သူကောင်းကောင်း ကစားပြနိုင်ခဲ့တယ်လို့တော့ ထင်ပါတယ်။ ဒါပေမဲ့ သူ့ကို မိနစ်ခြောက်ဆယ်လောက် ပေးကစားပြီး ကြံ့ခိုင်မှု အခြေအနေ ကောင်းမွန်နေဆဲမှာ ပြန်ထုတ်လိုက်တာက တစ်ပွဲလုံး ပြီးတဲ့ထိ ကစားခိုင်းတာထက် ပိုသင့်တော်မယ် ထင်ပါတယ်။ သူ့အတွက်တော့ ပြိုင်ပွဲရဲ့ ပြင်းထန်မှုနဲ့ မြန်နှုန်းကို လက်တွေ့ ခံစားနိုင်ခဲ့ခြင်းဟာ တကယ့် အတွေ့အကြုံကောင်း ဖြစ်ပါလိမ့်မယ်။ သူ့အတွက် ဒါဟာ ကျေနပ်စရာပါ။ ကျွန်တော်လည်း ပျော်ပါတယ်။ သူဟာ ချယ်လ်ဆီးရဲ့ ရေရှည် ကစားသမားကောင်းတစ်ယောက် ဖြစ်လာမှာပါ။ ဒါကို သံသယ မရှိပါဘူး။ အသင်းမှာ တခြား ချာတိတ်တွေလည်း ရှိပါသေးတယ်။ သူတို့လည်း လော့ဖ်တက်စ်ချိခ်လို လုပ်ပြနိုင်ကြမယ် ထင်ပါတယ်”ဟု ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment