Pages

Subscribe:

Thursday, May 14, 2015

ရီးယဲလ်၏ ရလဒ်ဆိုးအတွက် နည်းပြ အန်ဆလော့တီကို ပုံမချသင့်ဟု ခရူးစ်ကာကွယ်ပြောကြား



ရီးယဲလ်၏ ရလဒ်ဆိုးအတွက် နည်းပြ အန်ဆလော့တီကို ပုံမချသင့်ဟု ခရူးစ်ကာကွယ်ပြောကြား

ချန်ပီယံလိဂ်မှာ ရီးယဲလ်မက်ဒရစ် ထွက်ခွာရမှုအတွက် နည်းပြ ကာလို အန်ဆလော့တီကို အပြစ်ပုံချရန် မဖြစ်သင့်ဟု ကွင်းလယ် ကစားသမား တိုနီခရူးစ်က ကာကွယ် ပြောကြားလိုက်သည်။

ဂျာမန် လက်ရွေးစင် ခရူးစ်က ဘာနေဗျူးတွင် တစ်ဂိုးစီ သရေကျခဲ့သည့် ပွဲစဉ်၌ နည်းဗျူဟာပိုင်းထက် ရီးယဲလ် ကစားသမားများ၏ အဆုံးသတ် အားနည်းမှုက ပိုမို အဓိက ကျခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။ အဆိုပါပွဲကို အနိုင်မရသည့်အတွက် ရီးယဲလ်သည် နှစ်ကျော့ပေါင်း ရလဒ် (၃-၂)ဖြင့် အရေးနိမ့်ကာ ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ အဆင့်မှပင် ကျောခိုင်း ထွက်ခွာသွားရသည်။ ရီးယဲလ်သည် ပထမပိုင်းတွင် ခရစ္စတီယာနို ရော်နယ်လ်ဒို၏ ပင်နယ်တီဖြင့် ပွဲကို ဦးဆောင်ခဲ့သော်လည်း အသင်း၏ ကစားသမားဟောင်း အယ်လ်ဗာရို မိုရာတာက ချေပဂိုး သွင်းယူသွားခဲ့သည်။ ထို့နောက်ပိုင်းတွင် ရီးယဲလ်က တိုက်စစ်ကို ပိုမိုမြှင့်တင်လာသော်လည်း လိုအပ်သည့် သွင်းဂိုးများ မရရှိတော့ချေ။

ခရူးစ်က “အသင်းရဲ့ အခြေအနေနဲ့ ဆက်နွှယ်ပြီး နည်းပြရဲ့ အနာဂတ်ကို ဆုံးဖြတ်တာတော့ မကောင်းပါဘူး။ ကျွန်ေတာ် ပြောနိုင်တာက အန်ဆလော့တီဟာ တကယ်တော်တဲ့ နည်းပြပါ။ ကျွန်တော်တို့ဟာ ဗိုလ်လုပွဲရောက်ဖို့ အရမ်းနီးစပ်ခဲ့ပါတယ်။ အသင်းရဲ့ ကစားပုံကို ကြည့်ရင် ကျွန်တော်တို့ဟာ ခပ်ညံ့ညံ့ နည်းပြတစ်ယောက် လက်ထဲ ရောက်နေတာ မဟုတ်မှန်း သိသာပါလိမ့်မယ်။ ဒါကို လူတိုင်းလည်း သတိပြုမိဖို့ မျှော်လင့်ပါတယ်”ဟု ဆိုသည်။ ၎င်းက ဆက်လက်၍ “ပထမပိုင်းမှာ ကစားပုံ ကောင်းခဲ့ပါတယ်။ အသင်းက အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ပေမယ့် ဒီထက်တော့ ဂိုးတွေ ပိုသွင်းနိုင်ခဲ့သင့်တယ်။ ဒုတိယပိုင်းမှာ တော်တော်သိသာတယ်။ ဒါပေမဲ့ အခွင့်အရေးတွေကို ဂိုးအဖြစ် ပြောင်းလဲတဲ့ အပိုင်းမှာ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်ပိုင်း အားနည်းချက်တွေ ရှိခဲ့တယ်။ ဒီရာသီ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ဆုဖလားတွေ ရယူဖို့ပါ။ ဒီလိုအနေအထားမျိုး ကြုံလာရတော့ ဘယ်လောက်တောင် ခါးသီးမယ်ဆိုတာ တွေးကြည့်လို့ ရပါလိမ့်မယ်”ဟုလည်း ဖွင့်ဟသွားသည်။

Soccer Myanmar

0 comments:

Post a Comment