Pages

Subscribe:

Sunday, May 10, 2015

အသင်းသို့ အချိန်မီပြန်မရောက်သည့် ယူ-၁၉ကစားသမား သီဟထက်အောင်ကို အရေးယူရန်စီစဉ်ထား



အသင်းသို့ အချိန်မီပြန်မရောက်သည့် ယူ-၁၉ကစားသမား သီဟထက်အောင်ကို အရေးယူရန်စီစဉ်ထား
Written by  ရဲရင့်ဋ္ဌေး

မေ ၉၊ ရန်ကုန်။        ။ မြန်မာယူ-၂၀အသင်းနောက်ခံလူ သီဟထက်အောင်မှာ နေရပ်သို့ ခွင့်ဖြင့်ပြန်သွားခဲ့ပြီးနောက် အသင်းသို့အချိန်မီပြန်လည် မရောက်ရှိ သဖြင့် နည်းပြအဖွဲ့မှ အပြစ်ပေးအရေးယူရန် စီစဉ်ထားသည်ဟု အသင်းမန်နေဂျာ ဦးစိုးဝင်းကပြောသည်။

အရေးယူခံရဖွယ်ရှိနေသည့် မြန်မာယူ-၂၀ကစားသမား သီဟထက်အောင်။ (ဓာတ်ပုံ- ရွှေဘုတ်)
သီဟထက်အောင်မှာ အာဆီယံယူ-၁၉ချန်ပီယံရှစ်ပြိုင်ပွဲမှ စတင်ပြီး ယူ-၂၀အသင်းတွင် ရွေးချယ်ခံခဲ့ရကာ အာရှယူ-၁၉ချန်ပီယံရှစ်ပြိုင်ပွဲ၌ အမာခံကစားသမား အဖြစ်ခြေစွမ်းပြ ကစားနိုင်ခဲ့သည်။

“ သီဟထက်အောင်က ခွင့်နဲ့နေရပ်ကိုပြန်သွားတာပါ။ အချိန်မီ ပြန်မလာနိုင်တဲ့အတွက် သူ့ကို နည်းပြအဖွဲ့ကအရေးယူ ဖို့ရှိပါတယ်။ ဒီကလေးက အသင်းရဲ့ အမာခံကစားသမားတစ်ဦးဖြစ်တဲ့အတွက် ကစားသမားဘ၀ ထိခိုက်အောင် အရေး ယူတာမျိုးတော့မလုပ်ပါဘူး။ သူ့အနေနဲ့လည်း နည်းပြအဖွဲ့ကို ပြန်တောင်း ပန်မယ်လို့ပြောပါတယ်။” ဟု ဦးစိုးဝင်း ကဆို သည်။

မြန်မာယူ-၂၀အသင်းမှာကမ္ဘာ့ဖလားပြိုင်ပွဲသို့ ကစားသမား၂၁ဦးဖြင့် သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး သြစတြေးလျနိုင်ငံ မှတစ်ဆင့် ပြိုင်ပွဲကျင်းပမည့် နယူးဇီ လန်နိုင်ငံသို့ ငါးရက်ကြိုတင်သွားရောက်နေထိုင်မည်ဖြစ်သည်။

Mizzima

0 comments:

Post a Comment