Pages

Subscribe:

Sunday, May 10, 2015

ဂျူဗီအတွက် ပေါ့ဘာ ဂိုးသွင်းယူနိုင်ခဲ့



ဂျူဗီအတွက် ပေါ့ဘာ ဂိုးသွင်းယူနိုင်ခဲ့

ပေါ့ဘာ သည် ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒေါ့မန် နှင့် ပွဲတွင် ဒဏ်ရာရှိခဲ့ပြီး နောက် ကယ်ဂလီယာရီ နဲ့ ပွဲတွင် ရုန်းကန်ခဲ့ရသော ဂျူဗီ အသင်းအတွက် ပြန်လာပါဝင်လာခဲ့ပြီးနောက် အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ပေါ့ဘာ သည် ဂျူဗီအတွက် ပထမိုင်းတွင် ဂိုက် ၂၀ အကွာမှနေ အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်း ၈၅ မိနစ် တွင် လူကာရိုဆက်တီနီ က ကယ်ဂလီယာရီ အတွက် ပြေဂိုး သွင်းယူပေးခဲ့ပြီး တစ်ဂိုး စီသရေကျခဲ့ပါတယ်။

ပြင်သစ် ကွင်းလယ်လူသည် ဒူးကောက်ကြော ဒဏ်ရာကြောင့် ၂ လ မျှ အနားယူခဲ့ရတာဖြစ်ပါတယ်။

ဂျူဗီအသင်းသည် ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ် ပထမအကြော့ က ရီးရဲ ကို ၂-၁ ဖြင့် အနိုင် ရရှိခဲ့ သော အနိုင်ရလဒ် ကို ကာကွယ်ရန် အတွက် ယခု အချိန်မှာ တော့ ဒုတိယအကြော့ ကို ပေါ့ဘာ ပါဝင်ကစားရန် အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။

ဂျူဗီ အသင်း ဟာ ပြီးခဲ့တဲ့ သတင်းပတ် က သူတို့ရဲ့ ၄ ကြိမ်ဆက် စီးရီးအေချန်ပီယံဖလား ရရှိခဲ့ပြီး နောက် ဖလားသုံးလုံး ရရှိရန် ပစ်မှတ်ထားနေပြီး ကိုပါဖလား ဖိုင်နယ် ပွဲ ကို ဂျွန် ၇ ရက်နေ့မှာ လာဇီယို အသင်း နဲ့ ကစားသွားရမှာဖြစ်ပါတယ်။

#KS

Soccer Myanmar

0 comments:

Post a Comment