Pages

Subscribe:

Tuesday, March 31, 2015

မိမိကို အင်နီယေစတာနှင့် မနှိုင်းယှဉ်ရန် အစ္စကို ပြောကြား



မိမိကို အင်နီယေစတာနှင့် မနှိုင်းယှဉ်ရန် အစ္စကို ပြောကြား

မိမိကို ဘာစီလိုနာ ကွင်းလယ် ကစားသမား အင်ဒရီ အင်နီယေစတာနှင့် နှိုင်းယှဉ်ပြောကြားမှုများအပေါ် ဂုဏ်ယူမိသော်လည်း ထိုကဲ့သို့သော နှိုင်းယှဉ်မှုမျိုး မပြုလုပ်ရန် ရီးယဲမက်ဒရစ် ကွင်းလယ် ကစားသမား အစ္စကိုက ပြောကြားလိုက်သည်။

၂၀၁၃ ခုနှစ် နွေရာသီက မာလာဂါမှ ရီးယဲမက်ဒရစ်သို့ ပြောင်းရွှေ့ခဲ့သည့် အသက် ၂၂ နှစ်အရွယ် အစ္စကိုသည် ၎င်း၏ ကစားဟန်ကြောင့် စပိန်အသင်းဖော် အင်နီယေစတာနှင့် နှိုင်းယှဉ်ပြောကြားခြင်းကို ခံခဲ့ရသည်။ သို့သော်လည်း မက်ဒရစ် ကွင်းလယ် ကစားသမားက မိမိအနေဖြင့် ထိုကဲ့သို့ နှိုင်းယှဉ်ပြောကြားမှုမျိုးကို မနှစ်သက်ကြောင်း ဆိုခဲ့သည်။

“အောင်မြင်မှုတွေ ရယူထားတဲ့ အင်နီယေစတာလို ကစားသမားနဲ့ ကျွန်တော့်ကို နှိုင်းယှဉ်တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဒါပေမဲ့ ကျွန်တော်အရင်က ပြောခဲ့သလိုပဲ ဒီလိုနှိုင်းယှဉ်မှုမျိုးကို ကျွန်တော် မနှစ်သက်ပါဘူး။ သူကသူ ကျွန်တော်က ကျွန်တော်ပါပဲ။ သူနဲ့ ကျွန်တော်က ကွဲပြားပါတယ်။ ကျွန်တော့်ရဲ့ ကလပ်အသင်းနဲ့ နိုင်ငံအသင်း သမိုင်းမှတ်တမ်းမှာ ကျွန်တော့်နာမည်ကိုပဲ ရေးထိုးချင်တာပါ” ဟု အစ္စကိုက ပြောကြားခဲ့သည်။

ဆက်လက်ပြီး မိမိအနေဖြင့် အင်နီယေစတာနှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိကြောင်း၊ နိုင်ငံအသင်းတွင် ၎င်းနှင့် တွဲဖက် ကစားခြင်းအပေါ် ပျော်ရွှင်မိကြောင်း အစ္စကိုက ဆိုသည်။
“အင်နီယေစတာနဲ့ ကျွန်တော်နဲ့ ဆက်ဆံရေးက သိပ်ကောင်းပါတယ်။ သူနဲ့ တွဲဖက် ကစားရတာကလည်း နိုင်ငံအသင်းက ကစားသမားအားလုံးလိုပဲ အရမ်းကို လွယ်ကူပါတယ်” ဟု မက်ဒရစ် ကွင်းလယ် ကစားသမားက ပြောကြားခဲ့သည်။

Soccer Myanmar

BALLON D’OR ဆုကို ဆွတ်ခူးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဘန်ဇီးမား ဆို



BALLON D’OR ဆုကို ဆွတ်ခူးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဘန်ဇီးမား ဆို

မိမိ၏ ကစားသမားဘဝတွင် Fifa Ballon d’Or ဆုကို ဆွတ်ခူးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ရီးယဲမက်ဒရစ် တိုက်စစ်မှူး ကာရင်မ်ဘန်ဇီးမားက ပြောကြားလိုက်သည်။

ဘန်ဇီးမား၏ အသင်းဖော် ခရစ္စတီယာနို ရော်နယ်ဒိုသည် ဖီဖာက ချီးမြှင့်သည့် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို နောက်ဆုံး နှစ်ကြိမ် ဆက်တိုက် ရရှိထားပြီး လီယွန်နယ်မက်ဆီက ၂၀၀၇ ခုနှစ် နောက်ပိုင်းမှ စတင်ကာ အဆိုပါဆုကို လေးကြိမ်ဆက် ရရှိထားသည်။ ဘန်ဇီးမားက မိမိအနေဖြင့် ရော်နယ်ဒိုနှင့် မက်ဆီတို့၏ ဂိုးသွင်းမှု ကိန်းဂဏန်းကို မမီနိုင်သော်လည်း မိမိ၏ ကစားသမားဘဝတွင် Ballon d’Or ဆုကို ရရှိနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဆိုခဲ့သည်။

“တကယ်လို့ ကျွန်တော်က ဆုဖလားတွေ ဆက်လက်ရရှိနေမယ်ဆိုရင် Ballon d’Or ဆုကို ကျွန်တော် ရရှိနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်က ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့လို တစ်ရာသီ ဂိုး ၈၀ – ၁၀၀ မသွင်းနိုင်ပါဘူး။ ဒါပေမဲ့ ဒီဆုရဖို့အတွက် ထိုက်တန်တဲ့ ကစားသမား အများကြီးရှိပါတယ်” ဟု ဘန်ဇီးမားက ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ဖွယ်ရှိကြောင်း ကောလာဟလ သတင်းများထွက်ပေါ်နေသည့် ဘန်ဇီမားက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲမတိုင်မီ ဘာစီလိုနာကို သတိပေး ပြောကြားမှု ပြုလုပ်ခဲ့သည်။ “ပီအက်စ်ဂျီက ကြီးကျယ်ခမ်းနားတဲ့ အသင်းတစ်သင်းပါ။ ဒါက ဘာစီလိုနာအတွက် ခက်ခဲနိုင်ပါတယ်။ ပီအက်စ်ဂျီက ချန်ပီယံလိဂ်မှာ ရပ်တည်မှု မြင့်တက်လာတဲ့ အသင်းဖြစ်ပါတယ်။ သူတို့အနေနဲ့ နောက်တစ်ဆင့် တက်နိုင်မယ့် အခွင့်အရေးတွေ ရှိပါတယ်” ဟု ရီးယဲမက်ဒရစ် တိုက်စစ်မှူးက ပြောကြားခဲ့သည်။

Soccer Myanmar

အင်္ဂလန် တိုက်စစ်တွင် ကိန်းနှင့် တွဲဖက်ရမည့်အပေါ် ရွန်နီ စိတ်လှုပ်ရှား ပျော်ရွှင်နေ



အင်္ဂလန် တိုက်စစ်တွင် ကိန်းနှင့် တွဲဖက်ရမည့်အပေါ် ရွန်နီ စိတ်လှုပ်ရှား ပျော်ရွှင်နေ

အင်္ဂလန် တိုက်စစ်တွင် ဟယ်ရီကိန်းနှင့် တွဲဖက် ကစားရမည့် အခြေအနေအတွက် စိတ်လှုပ်ရှား ပျော်ရွှင်မိကြောင်း ဝိန်းရွန်နီက ဖွင့်ဟ ပြောကြားခဲ့သည်။

အင်္ဂါနေ့ည အီတလီနှင့် ခြေစမ်းမည့် ပွဲစဉ်တွင် တော့တင်ဟမ် ဟော့စပါး၏ တက်သစ်စ တိုက်စစ်မှူးလေးကို ပွဲထွက်စာရင်း၌ အသုံးပြုသွားမည်ဟု အင်္ဂလန် မန်နေဂျာ ရွိုင်ဟော့ဂ်ဆန်က အတည်ပြုလိုက်သည့်နောက် အသင်းခေါင်းဆောင် ရွန်နီနှင့် တွဲဖက်ပါဝင်ခွင့် ရတော့မည် ဖြစ်သည်။ ကိန်းသည် ၎င်း၏ အင်္ဂလန် ပွဲဦးထွက်အဖြစ် လစ်သူယေးနီးယားနှင့် ဥရောပဖလား ခြေစစ်ပွဲတွင် လူစားလဲ ဝင်ရောက်ခဲ့ပြီး စက္ကန့်(၈၀)မျှအတွင်း ဂိုးသွင်းယူပြခဲ့သည်။ လက်ရှိ အင်္ဂလန် အသင်းတွင် ဒန်နီဝဲလ်ဘက်နှင့် ဒန်နီရယ်လ် စတားရစ်ဂ်ျတို့ အသီးသီး ဒဏ်ရာများ ရနေသည့်အတွက် ကိန်းသည် အီတလီကို ရင်ဆိုင်ရာတွင် ပွဲထွက်နေရာ သေချာလာခဲ့သည်။

ယခုရာသီ ကလပ်နှင့် လက်ရွေးစင် အသင်းအတွက် ဂိုး(၃၀)ထိ သွင်းယူထားသည့် အသက်(၂၁)နှစ်အရွယ် တိုက်စစ်မှူးနှင့် ပတ်သက်ပြီး ရွန်နီက အထင်တကြီး မှတ်ချက်စကား ဆိုသည်။ “စပါးနဲ့အတူ ပရီးမီးယားလိဂ်မှာ ကိန်းအနေနဲ့ ထွန်းတောက်လာခြင်းဟာ အင်္ဂလန် ဘောလုံးလောကအတွက် စိတ်လှုပ်ရှားစရာပဲလို့ ကျွန်တော် ထင်ပါတယ်။ အင်္ဂလန်မှာလည်း အဲဒီပုံစံကောင်းကို သူဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်မိတယ်။ အီတလီနဲ့ ပွဲကတော့ သူ့အတွက် တကယ့်ကို ခမ်းနားတဲ့ ညတစ်ည ဖြစ်လာနိုင်ပါတယ်။ အင်္ဂလန်အတွက် ပထမဆုံးအကြိမ် ပွဲထွက်နေရာက ပါခွင့်ရမှာလေ။ သူနဲ့ တွဲကစားရမှာကို ကျွန်တော် စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်တို့နှစ်ယောက် ပူးပေါင်းပြီး အသင်း အနိုင်ရအောင် ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ရွန်နီက ဖွင့်ဟသွားသည်။

Soccer Myanmar

ရီးယဲလ်နည်းပြ ရာထူးကို မျှော်လင့်ထားကြောင်း ဇီဒန်းဝန်ခံ



ရီးယဲလ်နည်းပြ ရာထူးကို မျှော်လင့်ထားကြောင်း ဇီဒန်းဝန်ခံ

မိမိအနေဖြင့် အနာဂတ်ကာလ ရီးယဲလ်မက်ဒရစ် နည်းပြနေရာကို ရယူနိုင်ရန် မျှော်လင့်ထားကြောင်း ဇနီဒင်း ဇီဒန်းက ဖွင့်ဟ ဝန်ခံခဲ့သည်။

ဂျူဗင်းတပ်စ်၊ ရီးယဲလ်နှင့် ပြင်သစ် လက်ရွေးစင် အသင်းတို့တွင် ဂန္ထဝင် ကြယ်ပွင့်တစ်ဦးအဖြစ် ရပ်တည်ခဲ့ဖူးသည့် ဇီဒန်းသည် လတ်တလောတွင် ရီးယဲလ် အရန်အသင်းကို နည်းပြအဖြစ် တာဝန်ယူ ကိုင်တွယ်လျက် ရှိသည်။ ၎င်းက လက်ရှိ ရီးယဲလ်နည်းပြ ကာလို အန်ဆလော့တီ နောက်ပိုင်းတွင် အသင်းကို ကိုင်တွယ်လိုကြောင်း ဖွင့်ဟခဲ့သလို ပြင်သစ် လက်ရွေးစင် အသင်း၏ နည်းပြရာထူး အတွက်လည်း စိတ်ဝင်တစား ရှိနေကြောင်း Canal Plusသို့ ပြောကြားသွားခဲ့သည်။ ၎င်းက “ဟုတ်ပါတယ်။ ရီးယဲလ်နည်းပြ ရာထူးကို ကျွန်တော် ရည်မှန်းပါတယ်။ ဒါပေမဲ့ လောလောဆယ် ဒီတာဝန်ကို အန်ဆလော့တီလို နည်းပြမျိုးက ရယူထားပြီး တကယ့်ကို အကောင်းဆုံးတွေ လုပ်ပြနေပါတယ်”ဟု ဆိုသည်။

၎င်းက “တကယ်လို့ ရီးယဲလ် ပထမအသင်းအတွက် နည်းပြအဖြစ် လုပ်ဆောင်ပေးဖို့ ကမ်းလှမ်းရင် ကျွန်တော် အဆင်သင့် ဖြစ်နေပြီလို့ ခံစားမိသလားလို့ မေးလာရင်တော့ မဖြစ်သေးဘူးလို့ပဲ ဖြေရပါမယ်။ ဒါပေမဲ့ အဲဒီလို ကမ်းလှမ်းမှုမျိုးသာ တကယ်ရှိလာမယ်ဆိုရင် ကျွန်တော် ချက်ချင်း သဘောတူမိမှာပါပဲ”ဟုလည်း ဖွင့်ဟခဲ့သည်။ အသက်(၄၂)နှစ်ရှိ ဇီဒန်းက ကစားသမားဘဝ (၁၉၉၈)ခုနှစ်တွင် ၎င်းဦးဆောင်ပြီး ကမ္ဘာ့ချန်ပီယံ ဖြစ်စေခဲ့ဖူးသည့် ပြင်သစ် အသင်းကိုလည်း နည်းပြအဖြစ် ဦးဆောင်လိုကြောင်း ဆိုသည်။

၎င်းက “ကျွန်တော် ပြင်သစ်အသင်းမှာ ကစားသမားတစ်ယောက် ဖြစ်ဖူးတယ်။ နည်းပြ အနေနဲ့ ဆိုရင်လည်း သိပ်ကောင်းမှာပဲလို့ အတွေးဝင်မိပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ နည်းပြ ဒီဒီရာဒက်စ်ချမ့်ပ်က အသင်းကို ကောင်းကောင်းကြီး ကိုင်တွယ်ပြနေပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့် ရည်မှန်းချက်၊ ကျွန်တော့် ပစ်မှတ်တွေထဲမှာ ပြင်သစ်နည်းပြ ရာထူးလည်း ပါဝင်တယ်ဆိုတာ အမှန်ပါပဲ”ဟု ပြောကြားသွားသည်။

Soccer Myanmar

တိုက်စစ်ပိုင်းကို အဓိက တာဝန်ယူရပါက ပိုမိုခြေစွမ်းပြနိုင်မည်ဟု ဘာကလေ ဖွင့်ဟ



တိုက်စစ်ပိုင်းကို အဓိက တာဝန်ယူရပါက ပိုမိုခြေစွမ်းပြနိုင်မည်ဟု ဘာကလေ ဖွင့်ဟ

မိမိအနေဖြင့် တိုက်စစ်ပိုင်းကို အဓိက တာဝန်ယူ ကစားရပါက ပိုမိုခြေစွမ်း ပြနိုင်မည်ဟု ယုံကြည်ကြောင်း အဲဗာတန် ကွင်းလယ်လူ ရော့စ်ဘာကလေက ဖွင့်ဟခဲ့သည်။

အသက်(၂၁)နှစ် အရွယ်ရှိ အင်္ဂလန် လူငယ် ကစားသမားလေးသည် ယခုရာသီတွင် ကွင်းလယ်၌ အဓိက အထိုင်ချ တာဝန်ယူ ကစားနေရပြီး ယမန်နှစ်ကလောက် ခြေစွမ်းမပြနိုင်သေးချေ။ ပြီးခဲ့သည့် ရာသီကမူ ဘာကလေသည် တိုက်စစ်မှူးနောက်မှ လိုက်ပါ ပံ့ပိုးသည့် ပုံစံမျိုး ကစားခွင့် ရခဲ့သည်။ ဘာကလေက လက်ရှိ ၎င်း၏ ပုံစံသည် အကျပိုင်းသို့ အတန်ငယ် ဦးတည်နေကြောင်း ဝန်ခံခဲ့သော်လည်း အနာဂတ်တွင် အကောင်းဆုံး နေရာ၌ အကောင်းဆုံး ခြေစွမ်းမျိုး ပြသနိုင်ရန် မျှော်လင့်ထားကြောင်း ဆိုသည်။

၎င်းက “တကယ်တော့ ကျွန်တော်က တိုက်စစ်မှူးလို ကစားသမားပါ။ တိုက်စစ်မှာ ကစားရင် ကျွန်တော့် စွမ်းဆောင်ရည် အမြင့်ဆုံး ရနိုင်တယ်လို့ ခံစားမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က တိုက်စစ်ထိ လွတ်လွတ်လပ်လပ် လိုက်ပါသွားရတာကို ကြိုက်ပါတယ်။ အဲဒီအနေအထားကနေ အသင်းဖော်တွေကို ဆွဲခေါ်နိုင်သလို ကိုယ်တိုင် ကန်သွင်းခွင့်၊ ဖန်တီးခွင့်တွေ ပိုရလာနိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။ လတ်တလောတွင် ခြေစွမ်းပိုင်း အတန်ငယ် အားနည်းနေသလို အဲဗာတန်ကလည်း ပုံစံကောင်းရရန် ရုန်းကန်နေရသည့်တိုင် မည်သည့် ဖိအားမျှ ရှိမနေဟု ဘာကလေက ဆိုသည်။

“ကျွန်တော့် အမြင်ကို ပြောရရင် လက်ရှိ အခြေအနေအရ ကိုယ့်မှာ ရှိသမျှ အစွမ်းကုန် မလုပ်ပြနိုင်သေးတာ အမှန်ပဲ။ ဒါပေမဲ့ တစ်ခါတစ်လေ အခြေအနေတွေက ဒီလိုကြုံလာတတ်ပါတယ်။ ဒါကို ဖြတ်သန်းနိုင်ဖို့ လိုပါတယ်။ ကိုယ့်ကစားသမား ဘဝမှာ အကောင်း၊ အဆိုး အမျိုးမျိုး ကြုံမှာပဲ။ အခုလောလောဆယ် ကောင်းမွန်တဲ့ အချိန်မျိုး မဟုတ်ရင်တောင် ကျွန်တော်တို့ ကျော်လွှားနိုင်မှာပါ။ ဒီအတွက် ဘာဖိအားမှ မခံစားရပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်သလို ကိုယ်ဘာလုပ်နိုင်တယ် ဆိုတာကိုလည်း ကျွန်တော် သေချာ ယုံကြည်ထားပါတယ်”ဟု ဘာကလေက ဖွင့်ဟသွားသည်။

Soccer Myanmar

ယူနိုက်တက်နှင့် အနာဂတ်အတွက် ယုံကြည်မှုအပြည့် ရှိနေဆဲဟု ဖယ်လ်ကာအို ဖွင့်ဟ



ယူနိုက်တက်နှင့် အနာဂတ်အတွက် ယုံကြည်မှုအပြည့် ရှိနေဆဲဟု ဖယ်လ်ကာအို ဖွင့်ဟ

မန်ချက်စတာ ယူနိုက်တက်တွင် အနာဂတ် ရှေ့ဆက်နိုင်ရန် ယုံကြည်မှု ထက်သန်နေဆဲဖြစ်ကြောင်း ရာဒါမယ် ဖယ်လ်ကာအိုက ပြောကြားခဲ့သည်။

ကိုလံဘီယာ လက်ရွေးစင် ကစားသမားသည် မိုနာကိုမှ ယူနိုက်တက်သို့ အငှားလာရောက် ကစားနေသော်လည်း ပုံစံကောင်းရရန် ရုန်းကန်နေရသည့်နောက် ယူနိုက်တက်က ၎င်းကို အပြတ်ဝယ်ယူရန် ကမ်းလှမ်းမှု မရှိသေးချေ။ မန်နေဂျာ လူးဝစ်ဗန်ဂါးလ် လက်အောက်တွင် (၁၉)ပွဲ၌ (၄)ဂိုးသာ သွင်းယူနိုင်ခဲ့သည့် ဖယ်လ်ကာအိုသည် ကိုလံဘီယာ လက်ရွေးစင် အသင်းတွင်မူ လတ်တလော ခြေစွမ်းပြနေပြီး (၂)ပွဲ၌ (၃)ဂိုးထိ ရရှိထားသည်။ ဘာရိန်းနှင့် ကူဝိတ်တို့ကို ဂိုးများ သွင်းယူခဲ့သည့်နောက် အသက်(၂၉)နှစ်ရှိ တိုက်စစ်မှူးသည် ယခုအခါ ကိုလံဘီယာ၏ သမိုင်းတစ်လျှောက် အမြင့်ဆုံးဖြစ်သည့် (၂၄)ဂိုး စံချိန်ကို အမီလိုက်နိုင်ခဲ့ပြီ ဖြစ်သည်။

ကူဝိတ်ကို (၃-၁)ဖြင့် အနိုင်ရသည့် ပွဲစဉ်အပြီးတွင် သတင်းထောက်များက ၎င်းအား ယူနိုက်တက်နှင့် အနာဂတ်အတွက် မည်သို့မည်ပုံ မျှော်လင့်ထားသည်ကို မေးမြန်းရာ ဖယ်လ်ကာအိုက “ကျွန်တော် ဒီကိစ္စအပေါ် ယုံကြည်မှု ရှိဆဲပါ။ ဘောလုံးရာသီ အပြီးမှာတော့ ကျွန်တော့် အနာဂတ်ကို အသေအချာ ပြန်စဉ်းစားပါမယ်။ ကျွန်တော့် ကစားသမား ဘဝအတွက် ဘယ်အရာက အကောင်းဆုံး ဖြစ်မလဲ ဆိုတာကိုပေါ့”ဟု ဖြေကြားခဲ့သည်။ ဖယ်လ်ကာအိုသည် ဇန်နဝါရီလက လက်ဆက်စတာ စီးတီးနှင့် ပွဲစဉ်တွင် ယူနိုက်တက်အတွက် နောက်ဆုံးဂိုးကို သွင်းယူထားခဲ့သည်။ သို့သော်လည်း လက်ရွေးစင် အသင်းတွင် ဂိုးများ သွင်းနိုင်ခြင်းက ယူနိုက်တက်သို့ ပြန်ရောက်ချိန်တွင် ယုံကြည်မှုပိုင်း ပိုမို အားကောင်းနေစေမည်ဟု မျှော်လင့်ကြောင်း ဖယ်လ်ကာအိုက ဆိုသည်။

“ကျွန်တော့် အတွက်တော့ ဂိုးသွင်းနိုင်ခြင်းဟာ အမြဲတမ်း အရေးကြီးပါတယ်။ ကျွန်တော့်အတွက် ယုံကြည်မှုပိုင်း အားကောင်းလာစေတယ်လေ။ ကျွန်တော် အရင်ကတည်းက ပြောဖူးပါတယ်။ ပွဲကစားဖို့ အချိန်များများတော့ လိုအပ်တယ်။ ပွဲဆက် ကစားဖို့ လိုတယ်။ လက်ရွေးစင် အသင်းမှာ ကျွန်တော် အဲဒီ အခွင့်အရေး ရရှိခဲ့ပါတယ်။ အကောင်းဆုံး ကြိုးစားပြီး ဂိုးလည်း သွင်းနိုင်ခဲ့တယ်။ အခုတော့ ကျွန်တော် ယူနိုက်တက်ကို ယုံကြည်မှုတွေ ပိုတိုးပွားပြီး ပြန်သွားတော့မှာပါ။ ကျွန်တော်တို့ ကစားဖို့ (၈)ပွဲ ကျန်ပါသေးတယ်။ အဲဒီအတောအတွင်း အကောင်းဆုံး ကြိုးစားသွားမှာ ဖြစ်သလို ပွဲချိန်များများ ပိုကစားခွင့်ရဖို့လည်း မျှော်လင့်ပါတယ်”ဟု ဖယ်လ်ကာအိုက ပြောကြားသွားသည်။

Soccer Myanmar

သူငယ်ချင်းဖြစ်သူ ဆန်းချက်ဇ်ကဲ့သို့ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရန် ဆန္ဒမရှိဟု နေမာပြောကြား



သူငယ်ချင်းဖြစ်သူ ဆန်းချက်ဇ်ကဲ့သို့ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရန် ဆန္ဒမရှိဟု နေမာပြောကြား

သူငယ်ချင်းဖြစ်သူ အလက်ဆစ် ဆန်းချက်ဇ်ကဲ့သို့ အင်္ဂလန် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ ကစားဖြစ်ရန် စိတ်ကူးမရှိဟု ဘာစီလိုနာ တိုက်စစ်မှူး နေမာက ထုတ်ဖော် ပြောကြားလိုက်သည်။

ဘရာဇီးလ် လက်ရွေးစင် နေမာသည် ပြီးခဲ့သည့် ရာသီက ဘာစီလိုနာ တိုက်စစ်တွင် ဆန်းချက်ဇ်နှင့် တွဲဖက်ကစားခဲ့ပြီး အကောင်းဆုံး သူငယ်ချင်းများ ဖြစ်လာကြသည်။ သို့သော်လည်း ချီလီလက်ရွေးစင် ဆန်းချက်ဇ်သည် နွေရာသီတွင် ပေါင်စတာလင် (၃၂)သန်း ဝန်းကျင်ဖြင့် အာဆင်နယ်သို့ ကူးပြောင်းသွားခဲ့သည်။ ဘရာဇီးလ်က ချီလီကို (၁-၀)ဖြင့် အနိုင်ရခဲ့သည့် ခြေစမ်းပွဲတွင် မိတ်ဆွေဟောင်းနှစ်ဦး ပြန်လည် ဆုံတွေ့ခဲ့ပြီး နေမာက မိမိ၏ သူငယ်ချင်း အာဆင်နယ်တွင် တောက်ပနေသည့်အတွက် ပျော်ရွှင်မိကြောင်း ဆိုသည်။

၎င်းက “နေမာက ကျွန်တော့်အတွက် အရမ်းအရေးပါတဲ့ သူငယ်ချင်းပါ။ ဘာစီလိုနာမှာ သူနဲ့ တွဲဖက် ကစားခဲ့ရတာကို ကျွန်တော် အရမ်း ဂုဏ်ယူနေမိပါတယ်”ဟု ပြောကြားခဲ့သည်။ ၎င်းက “ကျွန်တော်တို့ချင်းက ကွင်းထဲမှာတင် မကဘဲ ကွင်းပြင်မှာပါ တတွဲတွဲ ရှိနေခဲ့တာပါ။ အာဆင်နယ်မှာ သူလုပ်ပြနေသမျှ အရာတိုင်းအတွက် ကျွန်တော်ကတော့ ကျေနပ် ပျော်ရွှင်မိပါတယ်။ ဒါပေမဲ့ ကျွန်တော် ကိုယ်တိုင်ကတော့ အင်္ဂလန်မှာ ကစားဖို့ စိတ်ကူး မရှိပါဘူး။ ဘာစီလိုနာမှာ ကျွန်တော် ပျော်ရွှင်နေသလို ဒီမှာ အချိန်အကြာကြီး ဆက်ရှိနေဦးမှာပါ”ဟုလည်း ဖွင့်ဟခဲ့သည်။

နေမာသည် ယခုရာသီ ပုံစံကောင်း ရရှိနေပြီး ပြိုင်ပွဲပေါင်းစုံ၌ စုစုပေါင်း (၂၆)ဂိုးထိ သွင်းယူထားနိုင်ခဲ့သည်။

Soccer Myanmar

နွေရာသီတွင် ဒိုင်ဘာလာကို ထုတ်ရောင်းမည်ဟု ပါလာမို ဥက္ကဋ္ဌ အတည်ပြု



နွေရာသီတွင် ဒိုင်ဘာလာကို ထုတ်ရောင်းမည်ဟု ပါလာမို ဥက္ကဋ္ဌ အတည်ပြု

အသင်း၏ တိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာသည် နွေရာသီ ဈေးကွက်တွင် ထွက်ခွာဖြစ်မည်ဟု ပါလာမို ဥက္ကဋ္ဌ မော်ရစ်ဇီယို ဇမ်ပါရီနီက အတည်ပြု ပြောကြားလိုက်သည်။

အသက်(၂၁)နှစ်ရှိ အာဂျင်တီးနား လူငယ် တိုက်စစ်မှူးလေးသည် ယခုရာသီ အထူးတလည် ခြေစွမ်းပြနေပြီး (၂၇)ပွဲတွင် (၁၂)ဂိုး သွင်းယူထားသည့်နောက် ဥရောပ ထိပ်တန်း ကလပ်များ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ အထူးသဖြင့် အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်များဖြစ်သည့် မန်ချက်စတာ ယူနိုက်တက်၊ အာဆင်နယ်၊ လီဗာပူးလ်တို့သည် ဒိုင်ဘာလာအပေါ် အလေးအနက် စိတ်ဝင်စားမှု ပြသနေပြီး ပါလာမို၏ စီးရီးအေ ပြိုင်ဘက် ဂျူဗင်းတပ်စ်နှင့် နာပိုလီတို့ကလည်း ကစားသမားကို စောင့်ကြည့်နေကြသည်။

ဇမ်ပါရီနီက မိမိအနေဖြင့် ယခုဘောလုံးရာသီ အကုန်တွင် ကစားသမားကို ထုတ်ရောင်းရန် စဉ်းစားထားပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။ “ရှင်းပါတယ်။ ဒိုင်ဘာလာ အသင်းကနေ ထွက်ခွာမှာပါ။ ဒါအမှန်ပါပဲ။ ပြောရရင် ကျွန်တော်တို့ နောက်ထပ် တိုက်စစ်မှူးသစ် တစ်ယောက်တောင် လိုက်ရှာနေပါပြီ”ဟု ၎င်းက ဆိုသည်။ ဇမ်ပါရီနီက “လောလောဆယ်တော့ အန်ဒရီရာ ဘီလော့တီက သူနဲ့အတူ တွဲကစားလေ့ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နောက်ရာသီအတွက် တိုက်စစ်မှူးသစ် တစ်ယောက် ထပ်ရှာဖို့ လိုနေပါပြီ”ဟုလည်း ဖွင့်ဟသွားသည်။

၎င်းက ဒိုင်ဘာလာ အနေဖြင့် စီးရီးအေ ပြိုင်ဘက်၊ သို့မဟုတ် အီတလီပြင်ပ ကလပ်တစ်ခုခုကို ရွေးချယ်ရာတွင် မည်သို့မည်ပုံ ဦးတည်မည် မသိသေးဟုလည်း ဝန်ခံခဲ့သည်။ “အခြေအနေက ၅၀-၅၀ပါပဲ။ ဒိုင်ဘာလာ့ အေးဂျင့်နဲ့ ကျွန်တော် တွေ့ပါဦးမယ်။ ပြီးတော့ ချာတိတ်ရဲ့ အနာဂတ်အတွက် စကားပြောရဦးမယ်။ ဂျူဗင်းတပ်စ် ဥက္ကဋ္ဌ ဂူဆက်ပီ မာရော့တာနဲ့ ကျွန်တော် အဆက်အသွယ် ရှိပါတယ်။ သူက ဒိုင်ဘာလာကို စိတ်ဝင်စားနေမှန်း ကျွန်တော် သိတယ်။ ဒါပေမဲ့ တခြားအသင်းတွေကလည်း ကစားသမားကို လိုက်နေတာပါ”ဟု ဇမ်ပါရီနီက ပြောကြားသွားခဲ့သည်။

Soccer Myanmar

ယနေ့ဘောလုံးပွဲခန့်မှန်းချက်များ



Monday, March 30, 2015

လီဗာပူးလ်နှင့် စာချုပ်သစ် ချုပ်ဆိုရန် မည်သည့် ပြဿနာမျှ မရှိဟု ဟန်ဒါဆင် ပြောကြား



လီဗာပူးလ်နှင့် စာချုပ်သစ် ချုပ်ဆိုရန် မည်သည့် ပြဿနာမျှ မရှိဟု ဟန်ဒါဆင် ပြောကြား

လီဗာပူးလ် ကွင်းလယ်လူ ယော်ဒန် ဟန်ဒါဆင်က မိမိအနေဖြင့် အသင်းနှင့် စာချုပ်သက်တမ်း တိုးမြှင့်ရန် အလေးအနက် လိုလားကြောင်း အရိပ်အမြွက် ပြောဆိုလိုက်သည်။

အင်္ဂလန် လက်ရွေးစင် ကစားသမား၏ စာချုပ်သည် တစ်နှစ်သာ သက်တမ်း ကျန်ရှိတော့သည်။ အန်းဖီးလ်၏ လက်ရှိ ခြေစွမ်းအပေါ်လွင်ဆုံး ကစားသမားတစ်ဦး ဖြစ်နေပြီး စတီဗင်ဂျရတ် ဒဏ်ရာရနေချိန်တွင် အသင်းခေါင်းဆောင် တာဝန်ကို ရယူထားသည့် ဟန်ဒါဆင်က မိမိသည် စာချုပ်သစ်နှင့် ပတ်သက်၍ စိတ်ပူပန်မှု တစ်စုံတစ်ရာ မရှိဟု ဆိုသည်။ “လီဗာပူးလ်အတွက် ကစားပေးနေရတာကို ကျွန်တော် ချစ်မြတ်နိုးပါတယ်။ ပြီးတော့ အသင်းမှာ နောက်ထပ် နှစ်ပေါင်းများစွာ ကျွန်တော် ဆက်နေချင်သေးတယ်”ဟု ဟန်ဒါဆင်က ပြောကြားခဲ့သည်။

၎င်းက “ကျွန်တော့် စာချုပ်သစ်နဲ့ ပတ်သက်ပြီး ကြီးကြီးမားမား ပုံကြီးချဲ့မှုတွေ ရှိနေမယ်လို့ လူတိုင်းက ထင်နေတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒီကိစ္စကို အသင်းနဲ့ အေးဂျင့်ကိုပဲ လွှဲပေးထားတယ်။ လိုအပ်တာ မှန်သမျှကို အေးဂျင့်ကပဲ ညှိနှိုင်းလိမ့်မယ်။ ကျွန်တော့်အတွက် အဓိက အရေးကြီးတာကတော့ ကလပ်အသင်းနဲ့ လက်ရွေးစင် အသင်းအတွက် အကောင်းဆုံး ကစားပေးနေဖို့ပဲ ဖြစ်ပါတယ်”ဟု မှတ်ချက်ပြုခဲ့သည်။ အသက်(၂၄)နှစ်ရှိ ကစားသမားက လီဗာပူးလ်သည် အနာဂတ်တွင် အောင်မြင်မှုများ ရရှိလာအောင် လမ်းကြောင်းမှန်မှန် တည်ဆောက်နေနိုင်ကြောင်းလည်း ယုံကြည်နေသည်။

“လီဗာပူးလ်မှာက အရည်အသွေးမြင့် ကစားသမားတွေ ပိုင်ဆိုင်ထားတာပါ။ တကယ့်ကို အပျံစား ကစားသမားတွေ၊ အလားအလာ ရှိသူတွေလို့ ဆိုနိုင်ပါတယ်။ ကျွန်တော်တို့ဟာ နုပျိုတဲ့ အသင်းတစ်ခုပါ။ ရှေ့လျှောက် အလားအလာကောင်းတွေ အများကြီး ပိုင်ဆိုင်ထားတယ်။ ကျွန်တော်တို့ ဆုဖလားတွေ အများကြီး ရယူသွားချင်ပါတယ်။ လက်တွေ့လည်း လုပ်နိုင်မယ်လို့ ခံစားမိပါတယ်”ဟုလည်း ဟန်ဒါဆင်က ပြောကြားသွားသည်။

Soccer Myanmar

ယူနိုက်တက်တွင် အနာဂတ် ဆက်လက် မြှုပ်နှံသွားလိုကြောင်း စမောလင်း ဖွင့်ဟ



ယူနိုက်တက်တွင် အနာဂတ် ဆက်လက် မြှုပ်နှံသွားလိုကြောင်း စမောလင်း ဖွင့်ဟ

မိမိသည် မန်ချက်စတာ ယူနိုက်တက်တွင် ပျော်ပျော်ရွှင်ရွှင် ဆက်ကစားပြီး အနာဂတ်ကို မြှုပ်နှံသွားမည်ဟု နောက်ခံလူ ခရစ်စမောလင်းက ပြောကြားလိုက်သည်။

အသက်(၂၅)နှစ်ရှိ အင်္ဂလန် လက်ရွေးစင် ဗဟိုနောက်ခံလူ၏ စာချုပ်သည် လာမည့် ဘောလုံးရာသီ ပြီးဆုံးချိန်တွင် သက်တမ်းကုန်မည် ဖြစ်သည်။ လတ်တလောတွင် ယူနိုက်တက်သည် စမောလင်းကို စာချုပ်သစ် ကမ်းလှမ်းမှု မရှိသေးဟု သတင်းများ ထွက်ပေါ်နေသည်။ ထိုအခြေအနေတွင် အာဆင်နယ်က စမောလင်းအား စိတ်ဝင်စားနေကြောင်း ကောလာဟလများလည်း ရှိနေရာ ကစားသမား၏ အနာဂတ်မှာ မေးခွန်းထုတ်စရာ ဖြစ်လာသည်။ စမောလင်းသည် ရာသီ အစပိုင်းက ခြေစွမ်းပိုင်း အားနည်းမှုများ ရှိခဲ့သော်လည်း မကြာသေးမီက အဓိကပြိုင်ဘက် တော့တင်ဟမ် ဟော့စပါးနှင့် လီဗာပူးလ်တို့ကို ဆက်တိုက် အနိုင်ရသော ပွဲစဉ်များတွင်မူ ၎င်း၏ ပုံစံကောင်းကို ပြသနိုင်ခဲ့သည်။

စာချုပ်ကိစ္စနှင့် ပတ်သက်ပြီး သတင်းထောက်များက မေးမြန်းရာတွင် စမောလင်းက “အခုလောလောဆယ် ကျွန်တော် အဲဒီကိစ္စကို မဆွေးနွေးသေးပါဘူး။ မန်နေဂျာက ကျွန်တော့်အပေါ် ယုံကြည်မှု ပြသခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ ကစားနေရရင် ပျော်နေတာပါပဲ။ အခုလောလောဆယ် အသင်းဟာ ရာသီကုန်ထိ (၈)ပွဲ ကစားဖို့ ရှိနေပါသေးတယ်။ ဒီအခြေအနေမှာ အတတ်နိုင်ဆုံး အဆင့်မြင့်မြင့် ရပ်တည်နိုင်ဖို့ အတွက်ပဲ တွေးရမှာပါ”ဟု ဖြေကြားခဲ့သည်။ သတင်းထောက်များက အိုးလ်ထရက်ဖို့ဒ်တွင် ဆက်လက် ကစားသွားရန် လိုလားမှု ရှိမရှိ မှတ်ချက်ပေးရန် တောင်းဆိုသည့်အခါ ၎င်းက “ဟုတ်ကဲ့။ ကျွန်တော် ဆက်ကစားချင်ပါတယ်။ ပျော်လည်း ပျော်တယ်။ ယူနိုက်တက်မှာ ကစားရတာကို အမြဲတမ်း ကျွန်တော် နှစ်သက်နေခဲ့တာပါ။ အသင်းက လိုလားမယ်ဆိုရင် ကျွန်တော် ဖြစ်နိုင်သမျှ အချိန်ကြာကြာ ဆက်နေချင်ပါတယ်”ဟု ဖွင့်ဟသွားသည်။

Soccer Myanmar

အန်းဖီးလ်ပရိသတ်များ နွေးထွေးစွာ ကြိုဆိုမှုအတွက် တောရက်စ်ကျေနပ်နေ



အန်းဖီးလ်ပရိသတ်များ နွေးထွေးစွာ ကြိုဆိုမှုအတွက် တောရက်စ်ကျေနပ်နေ

အန်းဖီးလ်သို့ တစ်ကျော့ပြန် ရောက်ရှိလာချိန်တွင် လီဗာပူးလ် ပရိသတ်များက နွေးထွေးစွာ ကြိုဆိုသည့်အတွက် ဝမ်းသာကြည်နူးမိကြောင်း ဖာနန်ဒို တောရက်စ်က ဖွင့်ဟခဲ့သည်။

(၂၀၁၁)ခုနှစ်က လီဗာပူးလ်ကို စွန့်ခွာပြီး ချယ်လ်ဆီးသို့ ရောက်ရှိသွားချိန်တွင် စပိန်တိုက်စစ်မှူးကို ပရိသတ်များက မုန်းတီးခဲ့သော်လည်း စတီဗင်ဂျရတ် အမှတ်တရ ပွဲစဉ်အဖြစ် အန်းဖီးလ်တွင် ပြန်လည်ပါဝင် ကစားပေးရာ၌မူ တောရက်စ်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။ လီဗာပူးလ်တွင် (၁၀၂)ပွဲကစားပြီး (၆၅)ဂိုး သွင်းယူပေးဖူးသည့် တိုက်စစ်မှူးသည် စတီဗင်ဂျရတ် လက်ရွေးစင် အသင်းနှင့် ဂျင်မီကာရေဂါ လက်ရွေးစင် အသင်းတို့ ကစားသော ခြေစမ်းပွဲတွင် ဂျရတ်၏ အသင်းဘက်မှ ဒုတိယပိုင်းတွင် လူစားဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

“တကယ့်ကို စိတ်လှုပ်ရှားစရာပါပဲ။ ဘယ်လို ပြောပြရမှန်းတောင် မသိဘူး။ ကျွန်တော့်အကြောင်း ပရိသတ်က သီချင်းတွေ ဆိုနေမယ်လို့ မျှော်လင့်မထားခဲ့ဘူး။ အန်းဖီးလ်မှာ ချန်ပီယံလိဂ် ပွဲစဉ်တွေ ကစားခဲ့တာကို ကျွန်တော် အမှတ်ရဆဲပါ။ ပြီးတော့ လိဂ်ပြိုင်ပွဲမှာလည်း ဆုဖလားအတွက် တိုက်ပွဲဝင်ခဲ့တာတွေကိုရောပေါ့။ ဒီသီချင်းဟာ ကျွန်တော့်ခေါင်းထဲ အမြဲဝင်နေတယ်။ ကျွန်တော့်အတွက် သိပ်အရေးကြီးတယ်လေ။ လီဗာပူးလ်မှာ သုံးနှစ်ခွဲ ကစားခဲ့တာဟာ ကျွန်တော့် ကိုယ်ပိုင် ဘဝရော၊ ကစားသမားဘဝ ဖြတ်သန်းမှုကိုပါ ပြောင်းလဲသွားစေတယ်။ အရေးကြီး ပွဲစဉ်တွေမှာ လီဗာပူးလ် ပရိသတ်တွေ သီချင်းဆိုကြတာကို ကျွန်တော် အမြဲတမ်း သတိရတယ်။ ဒါကို ပြန်ကြားရတဲ့ အခိုက်အတန့်ကို ကျွန်တော် ဘယ်တော့မှ မမေ့တော့ပါဘူး”ဟု လက်ရှိ အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူးက ဖွင့်ဟခဲ့သည်။

အဆိုပါ အမှတ်တရ ပွဲစဉ်တွင် ကာရေဂါ၏ အသင်းက နှစ်ဂိုးအသာဖြင့် ဦးဆောင်ခဲ့သော်လည်း ဂျရတ်၏ ပင်နယ်တီ သွင်းဂိုးများကြောင့် နှစ်ဂိုးစီ သရေဖြင့် ပွဲသိမ်းခဲ့သည်။

Soccer Myanmar

ဒေါ့တ်မန်မှ ထွက်ခွာရန် စဉ်းစားနေကြောင်း ယူနိုက်တက်ပစ်မှတ် ဟမ်မဲလ်စ် ထုတ်ဖော်ဝန်ခံ



ဒေါ့တ်မန်မှ ထွက်ခွာရန် စဉ်းစားနေကြောင်း ယူနိုက်တက်ပစ်မှတ် ဟမ်မဲလ်စ် ထုတ်ဖော်ဝန်ခံ

နွေရာသီတွင် ဘိုရပ်ရှားဒေါ့တ်မန်ကို စွန့်ခွာဖွယ်ရှိကြောင်း ထုတ်ဖော်ဝန်ခံလိုက်ခြင်းဖြင့် မန်ချက်စတာ ယူနိုက်တက်နှင့် သတင်းများကို မတ်စ်ဟမ်မဲလ်စ်က အရှိန်မြှင့်ပေးလိုက်သည်။

ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်သည် ဒေါ့တ်မန်၏ အသင်းခေါင်းဆောင်နှင့် ဂျာမန်လက်ရွေးစင် အသင်း၏ အားအထားရဆုံး ဗဟိုနောက်ခံလူကို နွေရာသီ အပြောင်းအရွှေ့အတွက် အဓိက ပစ်မှတ်အဖြစ် ရည်ရွယ်ထားသည်။ ယခုအခါ ဟမ်မဲလ်စ်ကိုယ်တိုင်ကလည်း ဂျာမနီကို စွန့်ခွာရန် စဉ်းစားနေပြီဖြစ်ကြောင်း ဖွင့်ဟလာခဲ့သည်။ ကမ္ဘာ့ဖလား ချန်ပီယံ ဂျာမနီ အသင်းတွင် ခြေစွမ်းပြ ကစားခဲ့သည့် ဟမ်မဲလ်စ်က နိုင်ငံပြင်ပ ထွက်ခွာပြီး ကစားသမားဘဝ ရှေ့ဆက်ခြင်းက မိမိ၏ ခြေစွမ်းတိုးတက်မှုကို အထောက်အပံ့ ဖြစ်စေမည်ဟု ယူဆကြောင်း ဆိုသည်။

Kickerနှင့် အင်တာဗျူးတွင် ယူနိုက်တက်၏ စိတ်ဝင်စားနေမှုအပေါ် မှတ်ချက်ပေးရန် မေးမြန်းသည့်အခါ အသက်(၂၆)နှစ်အရွယ် ကစားသမားက “တစ်နေ့နေ့တော့ နိုင်ငံခြားကို ကျွန်တော် သေချာပေါက် ထွက်ကစားဖြစ်မယ် ထင်ပါတယ်။ တစ်ခါတစ်လေတော့လည်း ဒီစိတ်ကူးနဲ့ ပတ်သက်ပြီး သိပ်စိတ်မပါသလို ဖြစ်နေပြန်ရော။ အခြေခံကျကျ ပြောရရင်တော့ နိုင်ငံခြားမှာ ထွက်ကစားတာဟာ ကျွန်တော့် ပရော်ဖက်ရှင်နယ် ဘဝရော၊ ပုဂ္ဂိုလ်ရေး ဘဝအတွက်ပါ ကောင်းမွန်နိုင်တယ်လို့ ယူဆပါတယ်။ နောက်ပြီး ကျွန်တော် ကိုယ်တိုင်လည်း ဘွန်းဒစ်လီဂါက ထွက်ခွာချင်နေတယ်။ ဒေါ့တ်မန်က တာဝန်ရှိသူ တော်တော်များများနဲ့ ကျွန်တော် စကားတွေ ပြောဖြစ်ပါတယ်။ ကျွန်တော်ဟာ အသင်းရဲ့ အဓိက အစိတ်အပိုင်းအဖြစ် ယူဆခံရဆဲပါ။ ဒါပေမဲ့ ကျွန်တော့် အနာဂတ်ကိုတော့ တိတိကျကျ မဆုံးဖြတ်နိုင်သေးပါဘူး”ဟု ဖြေကြားခဲ့သည်။

ဟမ်မဲလ်စ်က “ကျွန်တော် ဒါကို ပွင့်ပွင့်လင်းလင်းပဲ ပြောတာပါ။ အသင်းမှာ ဆက်နေမယ်ပြောပြီး နောက်ကွယ်မှာ အပြောင်းအရွှေ့ ကိစ္စအတွက် တိုးတိုးတိတ်တိတ် သဘောတူညီမှု ယူနေတာမျိုးကို ကျွန်တော် သဘောမကျပါဘူး။ ကျွန်တော့် ကစားသမား ဘဝအတွက် အကောင်းဆုံး ဖြစ်နိုင်တဲ့ အရာကို လုပ်ပါမယ်။ ဒေါ့တ်မန်ကို ကျွန်တော် ဘယ်လောက် ချစ်မြတ်နိုးတယ် ဆိုတာကို လူတိုင်းအသိပါ။ ဒါပေမဲ့ ကျွန်တော် ကိုယ်တိုင်ကတော့ ထိပ်တန်း ကစားသမားတွေ ပိုင်ဆိုင်ထားတဲ့ အသင်းကြီး တစ်ခုခုမှာ ပါဝင်ကစားနေချင်ပါတယ်”ဟုလည်း ပြောဆိုသွားသည်။

Soccer Myanmar

လီဗာပူးလ်မှလွဲ၍ အခြားမည်သည့် အင်္ဂလန် အသင်းတွင်မျှ ကစားတော့မည် မဟုတ်ဟု ဆွာရက်ဇ်ဆို



လီဗာပူးလ်မှလွဲ၍ အခြားမည်သည့် အင်္ဂလန် အသင်းတွင်မျှ ကစားတော့မည် မဟုတ်ဟု ဆွာရက်ဇ်ဆို

လီဗာပူးလ်မှလွဲ၍ အခြားမည်သည့် ပရီးမီးယားလိဂ် အသင်းတွင်မျှ ပြန်ကစားမည် မဟုတ်ဟု လူးဝစ်ဆွာရက်ဇ်က ထုတ်ဖော် ပြောကြားလိုက်သည်။

ဥရုဂွေး လက်ရွေးစင် ဆွာရက်ဇ်သည် နွေရာသီက ပေါင်စတာလင် (၇၅)သန်းတန် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ဘာစီလိုနာသို့ ကူးပြောင်းသွားခဲ့သည်။ ၎င်းသည် တနင်္ဂနွေနေ့က ကစားသည့် ရန်ပုံငွေ ပွဲစဉ်တစ်ခုတွင် အသင်းဟောင်း လီဗာပူးလ်၏ အန်းဖီးလ်သို့ တစ်ကျော့ပြန် ရောက်ရှိလာခဲ့သည်။ ဆွာရက်ဇ်သည် လီဗာပူးလ် ကစားသမား ဘဝတွင် (၁၃၃)ပွဲ ကစားကာ (၈၂)ဂိုးထိ သွင်းယူခဲ့သူ ဖြစ်သည်။ စတီဗင်ဂျရတ်နှင့် ဂျင်မီကာရေဂါတို့၏ စိတ်ကြိုက်အသင်းများ ကစားသည့် ရန်ပုံငွေပွဲတွင် ဆွာရက်ဇ်ကို အန်းဖီးလ်ပရိသတ်က လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။

ဆွာရက်ဇ်သည် ဂျရတ်၏ အသင်းတွင် လူစားလဲ ပါဝင်ခဲ့ပြီး တစ်ချိန်က အန်းဖီးလ်၏ အသည်းကျော် ဖာနန်ဒို တောရက်စ်နှင့် တွဲကစားသွားသည်။ (၂၀၁၁)ခုနှစ်က အေဂျက်စ် အမ်စတာဒမ်မှ လီဗာပူးလ်သို့ ဆွာရက်ဇ် ရောက်ရှိလာချိန်တွင် တောရက်စ်က ချယ်လ်ဆီးသို့ ကူးပြောင်းသွားခြင်း ဖြစ်သည်။ ဆွာရက်ဇ်က တောရက်စ်နှင့် တွဲကစားရခြင်းကို ပျော်ရွှင်မိကြောင်း ဆိုသည်။ “ရှေ့တန်းမှာ တောရက်စ်နဲ့အတူ ကစားရတာ ကျေနပ်စရာပါပဲ။ လွန်ခဲ့တဲ့ လေးနှစ်က ကျွန်တော် လီဗာပူးလ်နဲ့ စာချုပ်ခဲ့တယ်။ ကျွန်တော် တောရက်စ်နဲ့ တွဲကစားချင်ခဲ့ပေမယ့် ကျွန်တော် လီဗာပူးလ်ကိုရောက်ပြီး သုံးရက်အကြာမှာ သူက အသင်းက ထွက်သွားပါတယ်။ ကစားသမားကောင်းတွေနဲ့ တွဲကစားရတဲ့ ဒီနေ့က ကျေနပ်စရာပါ။ ဒါပေမဲ့ တောရက်စ်နဲ့ အတူကစားရတာက ကျွန်တော့်အတွက်တော့ ခမ်းနားတဲ့ အခွင့်အရေး ဖြစ်လာပါတယ်”ဟု ဆွာရက်ဇ်က ဖွင့်ဟခဲ့သည်။

၎င်းက တစ်နေ့နေ့တွင် ပရီးမီးယားလိဂ်သို့ ပြန်လည်လာရောက် အခြေချဖွယ်ရှိကြောင်း ဝန်ခံခဲ့ပြီး ထိုအချိန်တွင် ရွေးစရာ လီဗာပူးလ် တစ်သင်းသာ ရှိမည်ဟုလည်း ပြောကြားခဲ့သည်။ “ပရိသတ်တွေကို ကျွန်တော် လွမ်းပါတယ်။ အန်းဖီးလ်ရဲ့ ပတ်ဝန်းကျင်ဟာ တကယ့်ကို ထူးခြား အံ့ဩစရာ ဖြစ်ပါတယ်။ လီဗာပူးလ်အတွက် ကစားဖူးသူတိုင်း ပရိသတ်ရဲ့ အရေးပါမှုကို သိပါလိမ့်မယ်။ ပရိသတ်တွေကလည်း ကျွန်တော့် အသည်းနှလုံးထဲမှာ သူတို့တွေ အမြဲရှိတယ် ဆိုတာကို သိပါလိမ့်မယ်။ ဘောလုံးမှာ အနာဂတ်ကို ဘယ်သူမှ ကြိုမပြောနိုင်ပါဘူး။ တကယ်လို့ ကျွန်တော် အင်္ဂလန်မှာ ပြန်ကစားဖြစ်မယ် ဆိုရင်တောင် လီဗာပူးလ်ကလွဲရင် တခြားဘယ်အသင်းမှ မဖြစ်နိုင်ပါဘူး”ဟု ဆွာရက်ဇ်က မှတ်ချက်ပြုသွားသည်။

Soccer Myanmar

ယနေ့ဘောလုံးပွဲခန့်မှန်းချက်များ



Sunday, March 29, 2015

ဟောင်ကောင် ယူ၂၃ အသင်းကို တစ်ယောက်လျော့ဖြင့် မြန်မာ ယူ၂၃ အသင်း ခြေစွမ်းပြ အနိုင်ယူ



ဟောင်ကောင် ယူ၂၃ အသင်းကို တစ်ယောက်လျော့ဖြင့် မြန်မာ ယူ၂၃ အသင်း ခြေစွမ်းပြ အနိုင်ယူ
================================================
တရုတ်(တိုင်ပေ)တွင် ကျင်းပလျက် ရှိသည့် AFC U23 Championhsip 2016 ခြေစစ်ပွဲ အုပ်စု(F) ဒုတိယ နေ့ပွဲစဉ်တွင် မြန်မာ ယူ၂၃ အသင်း သည် ဟောင်ကောင် ယူ၂၃ အသင်းအား မိနစ် ၆၀ ကျော် တစ်ယောက် လျော့ဖြင့် ကစားပြီး အဖိုးတန် အနိုင် (၃)မှတ် ရယူနိုင်ခဲ့သည်။ ယနေ့ ပွဲစဉ်သည် မြန်မာအသင်း အတွက် ဟောင်ကောင်ကို အနိုင်ရရှိမှ သာ ခြေစစ်ပွဲ အောင်မြင်ရေး မျှော်လင့်ချက် ရှင်သန်နိုင် မည် ဖြစ်သကဲ့သို့ ဟောင်ကောင် အသင်းအတွက်လည်း နိုင်ပွဲ ပြန်လည်ရရှိရန် အရေးကြီးသော ပွဲစဉ်တစ်ပွဲဖြစ်သည်။
မြန်မာအသင်းတွင် တိုက်စစ်မှုး အဖြစ် ရှိုင်းသူရကို အထောင်ထားပြီး ၄-၅-၁ ကစားပုံအတိုင်း ကွင်းလယ် ကစားကွက် အသာဖြင့် ဟောင်ကောင်ကို အနိုင်ရရန် ကြိုးပမ်းခဲ့သည်။ ပွဲအစတွင် အရပ်အမောင်း ကောင်းမွန်သော ဟောင်ကောင်တို့ လျင်လျင်မြန်မြန် တိုက်စစ်ဆင် ကစားမှုကို မြန်မာကွင်းလယ်နှင့် နောက်ခံလူများ ကာကွယ်ဖျက် ထုတ်နေခဲ့ရသည်။ မြန်မာ အသင်းမှ နောက်ခံလူ ဇော်ရဲထွန်း ဒဏ်ရာရခဲ့ပြီး ချင်းယူနိုက်တက် အသင်း၏ ဟောင်ဟပ်ထန် နှင့်လူစားလဲ ကစားခဲ့ရသည်။ ပထမပိုင်းတွင် မြန်မာအသင်း ထိထိရောက်ရောက် တိုက်စစ်ဆင် နိုင်ခြင်း မရှိခဲ့ပေ။ ပွဲချိန် ၃၂ မိနစ်တွင် ဟောင်ကောင် အသင်းမှ နောက်ခံလူ လန်နုဟန်က ထောင့်ကန်ဘောကို ခေါင်းတိုက် သွင်းယူပြီး မြန်မာကို (၁-၀)ဂိုးဖြင့် ဖိအား ပေးထားခဲ့သည်။ ပွဲချိန် ၃၄ မိနစ်တွင် မြန်မာဘက်မှ အားထားရသည့် ကွင်းလယ်လူ လှိုင်းဘိုဘို ဥပဒေပ ကစားမှုကြောင့် တိုက်ရိုက်အနီဖြင့် ထုတ်ပယ်ခံရသဖြင့် မြန်မာ ယူ၂၃ အသင်း ၁၀ ဦးတည်းဖြင့် ဟောင်ကောင်ကို မိနစ် ၆၀ ကျော် ယှဉ်ပြိုင်ကစားခဲ့ရသည်။
ဒုတိယပိုင်းတွင် တစ်ယောက်လျော့ မြန်မာအသင်း စိတ်ဓာတ်ရေးရာတွင် ဟောင်ကောင်ထက် များစွာသာလွန်ခဲ့ပြီး ရေကုန်ရေခမ်း ယှဉ်ပြိုင်ကစားခဲ့သဖြင့် ဟောင်ကောင်အသင်း ဖိအားများစွာ ကြုံတွေ့ခဲ့ရသည်။
အကြိတ်အနယ် ရှိသဖြင့် မြန်မာဘက်သို့ အ၀ါကတ် (၅)ကြိမ်နှင့် အနီကတ် (၁)ကြိမ်ပြသခံရသလို ဟောင်ကောင်အသင်းဘက်သို့လည်း အ၀ါကတ် ၃ ကြိမ်ပြသခံရသည်။ ပွဲချိန် ၅၂ မိနစ်တွင် ရှိုင်းသူရ ပေးပို့မှုမှ ဇွန်မိုးအောင် ဘောလုံးရသွားပြီး ဟောင်ကောင် နောက်ခံလူနှင့် ဂိုးသမားကို အကြပ်ရိုက်ကာ လှလှပပ ချေပဂိုး သွင်းယူပေးခဲ့သဖြင့် တစ်ဖက် တစ်ဂိုးစီ သရေ ဖြစ်နေခဲ့သည်။ ဟောင်ကောင်အသင်း အနိုင်ဂိုး အတွက် အမြင့်ဘောများ အသုံးပြုကာ မြန်မာဘက်သို့ ဆက်လက် တိုက်စစ်ပုံဖော်နေစဉ် အတွင်းမှာပင် မြန်မာက ဦးဆောင်ဂိုး ပြန်လည်သွင်းယူနိုင် ခဲ့သည်။ ပွဲချိန် ၆၂ မိနစ်တွင် ဇွန်မိုးအောင်ကပင် ၁၈ ကိုက်စည်းအတွင်း ဟောင်ကောင်နောက်တန်းအား ကျော်ဖြတ်ပြီး မြန်မာအတွက် အနိုင်ဂိုး သွင်းပေးနိုင်ခဲ့သည်။
၁၀ ဦးတည်းဖြင့် ချေပဂိုးရော အနိုင်ဂိုးပါ သွင်းယူလိုက်နိုင်သည့်အတွက် ပြိုင်ဘက် ဟောင်ကောင်အသင်း တုန်လှုပ်ခဲ့ရပြီး မြန်မာဘက်သို့ ချေပဂိုး ပြန်သွင်းယူနိုင်ရန် အမြင့်ဘောများ အသုံးပြုကာ ပြန်လည်တိုက်စစ် ဆင်ခဲ့သည်။ သို့သော် မြန်မာ နောက်တန်းနှင့် အနာခံ ကြိုးပမ်းကာကွယ်ခဲ့သည့် ဂိုးသမား ကျော်ဇင်ဖြိုး တို့ကြောင့် နာကျင်အချိန်ပို ၆ မိနစ်ကုန်ဆုံးသည်ထိ ဟောင်ကောင်အသင်း ချေပဂိုး မရခဲ့ဘဲ တစ်ယောက်လျော့ မြန်မာကို အရေးနိမ့်ခဲ့သည်။
လက်ရှိအချိန်တွင် မြန်မာယူ၂၃ အသင်းအနေဖြင့် အုပ်စုပထမ နေရာ အဆုံးအဖြတ် ပွဲစဉ်အဖြစ် လာမည့် မတ်လ ၃၁ ရက်နေ့တွင် သြစတြေးလျ အသင်းနှင့် ဆက်လက် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Myanmar Football Federation

အမေရိကန် ဂေါက်သီးရိုက် အကယ်ဒမီမှ လူငယ် နှစ်ဦး စင်ကာပူ ဆီးဂိမ်းတွင် မြန်မာကိုယ်စားပြု ဝင်ပြိုင်မည်



အမေရိကန် ဂေါက်သီးရိုက် အကယ်ဒမီမှ လူငယ် နှစ်ဦး စင်ကာပူ ဆီးဂိမ်းတွင် မြန်မာကိုယ်စားပြု ဝင်ပြိုင်မည်
Written by  ရွှေဘုတ်

ရန်ကုန် (မဇ္ဈိမ)။ ။ လာမည့် ၂၈ ကြိမ်မြောက် စင်ကာပူဆီးဂိမ်းတွင် အမေရိကန်နိုင်ငံ ဂေါက်သီးရိုက် အကယ်ဒမီ၌ ပညာသင်ကြားနေသည့် လူငယ် နှစ်ဦးအား မြန်မာနိုင်ငံကိုယ်စားပြု၍ ဝင်ပြိုင်ရန် စီစဉ်ထားသည်ဟု မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ် အဖွဲ့ဝင် (ပရိုဖက်ရှင်နယ် ဂေါက်သီးအဖွဲ့ချုပ် ဥက္ကဌ) တစ်ဦးဖြစ်သူ ဦးချမ်းဟန်က ပြောသည်။

အဆိုပါ ကစားသမားနှစ်ဦးမှာ အသက် ၁၆ နှစ်အရွယ်ရှိ ဘုန်းပြည့်ချမ်းဟန်နှင့် အသက် ၁၈ နှစ် အရွယ်ရှိ စည်သူရဲရင့်တို့ ဖြစ်ကြပြီး လက်ရှိတွင် IMG ဂေါက်အကယ်ဒမီနှင့် ဂယ်ရီဂေးခရပ်ဖ် ဂေါက်အကယ်ဒမီ တို့တွင် ပညာသင်ကြားလျက် ရှိသည်။

ယင်းကစားသမား နှစ်ဦးနှင့် ပတ်သက်၍ “အမေရိကန်နိုင်ငံ ဂေါက်အကယ်ဒမီမှာ ပညာသင်နေတဲ့ မြန်မာ လူငယ်နှစ်ဦးကို လာမယ့်ဆီးဂိမ်းမှာ ထည့်ဖို့ စီစဉ်ထားပါတယ်။ ဘုန်းပြည့်က IMG မှာ ခြောက်လ လောက်တော့ရှိပြီ။ စည်သူကတော့ ဂယ်ရီဂေးခရပ်ဖ်အကယ်ဒမီမှာ နှစ်နှစ် ၀န်းကျင်လောက်ရှိပြီ။ ဆီးဂိမ်းမှာ ဂေါက်အဖွဲ့က လေးယောက်ရွေးမှာဆိုတော့ နှစ်ယောက်ကို ဒီလူငယ်လေးနှစ်ယောက်ကို ရွေးပြီး ကျန်တာကိုတော့ ပြည်တွင်းကပဲရွေးသွားမှာပါ။ သူတို့နှစ်ယောက်ကို ရွေးရတာက သူတို့က ဟိုမှာလည်း ပွဲတွေတောက်လျှောက် ရိုက်နေရတယ်။ လက်ရည်လည်း ကောင်းလို့ပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာကတော့ အခြားနိုင်ငံလို အထောက်ကူပစ္စည်းတွေ ယှဉ်နိုင်ပေမယ့် ကွင်းတွေ လေ့ကျင့်မှု ဆရာထားရှိမှုတွေကိုတော့ ယှဉ်လို့မရနိုင်သေးပါဘူး” ဟု ဦးချမ်းဟန် က ပြောသည်။

လာမည့် ဧပြီလတွင် မြန်မာနိုင်ငံဂေါက်သီး အဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေ တို့မှ ကြီးမှူး၍ ယခုနှစ် ၂၀၁၅ မြန်မာပြည်တွင်း ပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲအား ဧပြီမှ ဒီဇင်ဘာအထိ ၈ လ ကြာ ပွဲစဉ် ၉ ခု ပါဝင်မည့် ပြိုင်ပွဲရှည် ကျင်းပရန်လည်း စီစဉ်ထားသည်။


မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်အနေဖြင့် ပြီးခဲ့သည့် ၂၇ ကြိမ်မြောက် နေပြည်တော် ဆီးဂိမ်းတွင် လေးယောက်အဖွဲ့ ဝင်ရောက်ယှဉ်ပြိုင် ခဲ့သော်လည်း ငွေတံဆိပ်ဆုသာ ဆွတ်ခူးနိုင်ခဲ့သည်။

Mizzima

ဇာဗီ၏ နေရာတွင် အစားထိုးမည့် ကစားသမားစာရင်း၌ ကာဇိုလာပါဝင်လာ



ဇာဗီ၏ နေရာတွင် အစားထိုးမည့် ကစားသမားစာရင်း၌ ကာဇိုလာပါဝင်လာ
Written by  အောင်ငြိမ်းသွေး

(စပိန်)။ ။ ဘာစီလိုနာအသင်းသည် ဇာဗီ၏နေရာတွင် အစားထိုးရန် ကစားသမား ခြောက်ဦးခန့်ကို စောင့်ကြည့်လျက်ရှိနေရာ ထိုစာရင်း၌ အာဆင်နယ် ကွင်းလယ်ကစားသမား ကာဇိုလာ ပါဝင်လာခဲ့သည်။

ဘာစီလိုနာအသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလား သုံးလုံးရရှိခဲ့သည့် ဇာဗီသည် ယခုနှစ်ရာသီအကုန်တွင် ကာတာကလပ် အယ်ဆတ်အသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိခဲ့ပြီဟု သတင်းများထွက်ပေါ်လျက်ရှိသည်။ အယ်ဆတ်အသင်းဘက်မှမူ ဇာဗီကို ခေါ်ယူနိုင်ပြီဟုပင် ဖော်ပြထားသည်။ ဘာစီလိုနာအသင်းနည်းပြ အင်းနရစ်သည် ဇာဗီကို ဆက်လက်ထိန်းသိမ်းထားလိုသော်လည်း ကစားသမားက
အရန်အဖြစ်မနေလိုသည့်အတွက် အသင်းပြောင်းရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ဘာစီလိုနာအသင်းက ဇာဗီ၏နေရာတွင် အစားထိုးရန် လျာထားသည့် ကစားသမားခြောက်ဦးမှာ ပေါ့ဂ်ဘာ(ဂျူဗင်တပ်စ်)၊ ဗာရက်တီ(ပီအက်စ်ဂျီ)၊ ဂန်ဒိုဂန်(ဒေါ့တ်မွန်)၊ ကိုကီ(အက်သလက်)နှင့် ကာဇိုလာ(အာဆင်နယ်)တို့ဖြစ်သည်။ မန်ယူတောင်ပံကစားသမား ဒီမာရီယာသည်လည်း ထိုစာရင်းတွင် ပါဝင်လျက်ရှိသည်။

ကာဇိုလာ၏ ကစားပုံသည် ဘာစီလိုနာအသင်းနှင့် အံ့ဝင်ရန် အသင့်တော်ဆုံးဖြစ်သော်လည်း အသက် ၃၀ အရွယ်ရှိပြီဖြစ်သည့်အတွက် ၎င်းကို ခေါ်ယူရန်မှာ နည်းပြ အင်းနရစ်အတွက် စဉ်းစားဖွယ်ရာ ဖြစ်လျက်ရှိသည်။

ရည်ညွှန်း - မက်ထရို

Mizzima

ဇာဗီကို ခေါ်ယူရန် ဆွေးနွေးမှု ပြုလုပ်နေဆဲဖြစ်ကြောင်း အယ်လ်ဆက် အတည်ပြု



ဇာဗီကို ခေါ်ယူရန် ဆွေးနွေးမှု ပြုလုပ်နေဆဲဖြစ်ကြောင်း အယ်လ်ဆက် အတည်ပြု

အသင်းနည်းပြက ကစားသမားနှင့် သဘောတူညီမှု ရရှိခဲ့ပြီဟု ပြောကြားခဲ့သော်လည်း ဘာစီလိုနာ ဝါရင့် ကွင်းလယ်ကစားသမား ဇာဗီကို ခေါ်ယူရန် ဆွေးနွေးမှု ပြုလုပ်နေဆဲ ဖြစ်ကြောင်း ကာတာဘောလုံးကလပ် အယ်လ်ဆက်က အတည်ပြု ပြောကြားလိုက်သည်။

အသက် ၃၅ နှစ်အရွယ် ဇာဗီ၏ ဓာတ်ပုံသည် အသင်း၏ အားကစားဒါရိုက်တာ မူဟာမက် ဂိုလမ်နှင့်အတူ Instagram စာမျက်နှာပေါ်တွင် ထွက်ပေါ်လာခဲ့သည်။ အဆိုပါ ဓာတ်ပုံနှင့်အတူ အယ်လ်ဆက် အနေဖြင့် ဘာစီလိုနာ အသင်းခေါင်းဆောင် ဇာဗီကို ခေါ်ယူနိုင်ခဲ့ကြောင်း၊ ယခုဓာတ်ပုံမှာ ကစားသမားနှင့် အားကစားဒါရိုက်တာ မူဟာမက် ဂိုလမ်တို့၏ ဓာတ်ပုံဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။

သို့သော်လည်း အယ်လ်ဆက်၏ ဝက်ဘ်ဆိုက်တွင်မူ ဇာဗီနှင့် သဘောတူညီမှုမရရှိသေးကြောင်း၊ ကစားသမားကို ခေါ်ယူရန်အတွက် ဆွေးနွေးမှု ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
“အယ်လ်ဆက်အနေနဲ့ စပိန်ကြယ်ပွင့် ဇာဗီဟာနန်ဒက်ဇ်ကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုပြုလုပ်လိုတယ်လို့ အယ်လ်ဆက်က အတည်ပြုလိုပါတယ်။ လက်ရှိမှာ ကစားသမားက အသင်းကို ပြောင်းရွှေ့တဲ့အခါမှာ သူနေရမယ့် တိုင်းပြည်နဲ့ ပတ်သက်ပြီး သိရှိထားဖို့အတွက် ဒိုဟာမှာ သူ့ရဲ့ မိသားစုနဲ့အတူ ရှိနေပါတယ်။ ကစားသမားကို အပြီးသတ်ခေါ်ယူနိုင်တဲ့အခါမှာ အသင်းက တရားဝင်ကြေညာမှုတွေ ပြုလုပ်သွားမှာပါ” ဟု အဆိုပါ ကာတာဘောလုံးကလပ်၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

Goal ကမူ အယ်လ်ဆက် အနေဖြင့် ကစားသမားဘဝတစ်လျှောက် ဘာစီလိုနာတွင်သာ ကစားခဲ့သည့် ဇာဗီကို ခေါ်ယူနိုင်မည့် သဘောတူညီချက်အား တနင်္ဂနွေနေ့တွင် ကြေညာဖွယ်ရှိကြောင်း ဆိုခဲ့သည်။
စပိန် လက်ရွေးစင် ကစားသမားဟောင်းသည် ယခုနှစ် ဘောလုံးရာသီ မစခင်က ကာတာကလပ် အယ်လ်အာရာဗီနှင့် မေဂျာလိဂ်ကလပ် နယူးယောက်ခ်စီးတီးတို့ဖြင့် ဆွေးနွေးခဲ့သော်လည်း လူးဝစ်အင်းနရစ် လက်အောက်တွင် တစ်ရာသီ ဆက်ကစားရန် ဆုံးဖြတ်ခဲ့သည်။

ဇာဗီသည် ၁၉၉၁ ခုနှစ်က ဘာစီလိုနာသို့ လူငယ်ကစားသမားအနေဖြင့် ရောက်ရှိခဲ့ပြီး ၁၉၉၉ – ၂၀၀၀ ဘောလုံးရာသီတွင် ပထမအသင်း၌ ပုံမှန် ပါဝင်ခွင့်ရရှိခဲ့သည်။ အဆိုပါ ကွင်းလယ် ကစားသမားသည် လာလီဂါ ဆုဖလား ၇ ကြိမ်နှင့် ချန်ပီယံလိဂ် ဆုဖလား ၃ ကြိမ် ရရှိခဲ့သည်။
၎င်းသည် ဘာစီလိုနာ ကစားသမားဟောင်းများဖြစ်သည့် ပပ်ဂွာဒီယိုလာ၊ ဂါဘရီ ဂါစီယာ၊ ဖရန့်ခ်ဒီဘိုးဝါး၊ ရော်နယ်ဒီဘိုးဝါး၊ ခရစ္စတိုဖီ ဒူဂါရီ၊ ရိုမာရီယိုနှင့် ဆန်နီအန်ဒါဆန် တို့ကဲ့သို့ ကစားသမားဘဝ တစ်စိတ်တစ်ဒေသကို ကာတာတွင် ကုန်ဆုံးရန် စီစဉ်နေခြင်း ဖြစ်သည်။

Soccer Myanmar

ကြံ့ခိုင်မှု မပြည့်ဝသောကြောင့် မက်ဆီကို အရန်ခုံတွင် ချန်ထားခဲ့ရခြင်း ဖြစ်ကြောင်း မာတီနီု ပြောကြား



ကြံ့ခိုင်မှု မပြည့်ဝသောကြောင့် မက်ဆီကို အရန်ခုံတွင် ချန်ထားခဲ့ရခြင်း ဖြစ်ကြောင်း မာတီနီု ပြောကြား

အယ်လ်ဆာဗေဒေါကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ခြေစွမ်းပွဲတွင် လီယွန်နယ်မက်ဆီကို အရန်ခုံတွင် ချန်ထားခဲ့ရခြင်းမှာ ပွဲကစားရန် ကြံ့ခိုင်မှု မပြည့်ဝခြင်းကြောင့် ဖြစ်ကြောင်း အာဂျင်တီးနား နည်းပြ ဂါရတ်ဒို မာတီနိုက ပြောကြားလိုက်သည်။

ဘာစီလိုနာ ကြယ်ပွင့် ကစားသမားသည် ယခုရက်သတ္တပတ်က ခြေထောက်ဒဏ်ရာ ရရှိခဲ့ပြီးနောက် ကြာသပတေးနေ့က လေ့ကျင့်ရေးကွင်းတွင် ဘေးထိုင်နေခဲ့ရသော်လည်း အမေရိကန်တွင် ကစားရမည့် ပွဲ၌ ပြန်လည်သက်သာလာမည်ဟု ထင်မြင်ခဲ့ကြသည်။

သို့သော်လည်း အသက် ၂၇ နှစ်အရွယ် ကစားသမားသည် အယ်လ်ဆာဗေဒေါကို အနိုင်ရခဲ့သည့်ပွဲတွင် အရန်ခုံ၌သာ အချိန်ကုန်ဆုံးခဲ့ရသည်။

ထို့နောက် မာတီနိုက “ပထမနေ့မှာ မက်ဆီက ကောင်းကောင်း လေ့ကျင့်နိုင်ခဲ့ပါတယ်။ ဒုတိယနေ့မှာတော့ သူဒဏ်ရာရခဲ့ပြီး တတိယနေ့မှာတော့ လေ့ကျင့်ခန်း မလုပ်နိုင်ခဲ့ပါဘူး။ ပရိသတ်တွေရဲ့ ဆန္ဒကို ကျွန်တော်တို့ နားလည်ပေမယ့် သူက တကယ့်ကို ပွဲကစားဖို့ ကြံ့ခိုင်မှု မပြည့်ဝခဲ့တာပါ။ ဒါကို ကျွန်တော်တို့ ဂရုစိုက်ဖို့ လိုပါတယ်။ လူတွေက သူကစားတာကို ကြည့်ချင်ကြပေမယ့် သူ့ရဲ့ ကြံ့ခိုင်မှုအရ ကစားဖို့ မဖြစ်နိုင်ခဲ့ပါဘူး” ဟု မာတီနိုက ပြောကြားခဲ့သည်။

ဆက်လက်ပြီး အာဂျင်တီးနားနှင့် ပွဲထွက်ကစားပြီး ဂိုးသွင်းယူခဲ့သည့် အင်ဒီပန်းဒန့် ကွင်းလယ်တောင်ပံ ကစားသမား မန်ကူရယ်လိုကို မာတီနိုက ချီးကျူးခဲ့သည်။
“အသင်းရဲ့ ကစားပုံ နည်းစနစ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့က ဖက်ဒရစ်ကိုနဲ့ ဆွေးနွေးခဲ့ပါတယ်။ သူက ထက်မြက်တဲ့ ကစားသမားတစ်ယောက်ပါ။ အခုလို သူဂိုးသွင်းနိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ ဝမ်းမြောက်မိပါတယ်” ဟု မာတီနိုက ပြောကြားခဲ့သည်။

Soccer Myanmar

မန်ချက်စတာယူနိုက်တက်တွင် ဗဲဒက်စ် ပွဲကစားခွင့်ရသည်ကို တွေ့မြင်လိုကြောင်း ဒယ်ဘော့စကေး ဆို



မန်ချက်စတာယူနိုက်တက်တွင် ဗဲဒက်စ် ပွဲကစားခွင့်ရသည်ကို တွေ့မြင်လိုကြောင်း ဒယ်ဘော့စကေး ဆို

မန်ချက်စတာယူနိုက်တက် ဂိုးသမား ဗစ်တာဗဲဒက်စ် အနေဖြင့် အသင်းတွင် ပွဲကစားခွင့် ရရှိသည်ကို တွေ့မြင်လိုကြောင်း ဗင်းဆင့်တေး ဒယ်ဘော့စကေးက ဝန်ခံပြောကြားလိုက်သည်။

စပိန် ဂိုးသမားသည် ဇန်နဝါရီလက လူးဝစ်ဗန်ဂါးလ်၏ အသင်းသို့ ၁၈ လစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သော်လည်း ယူနိုက်တက် စီနီယာအသင်းတွင် ပါဝင်ကစားရခြင်း မရှိသေးပေ။
ထို့နောက် စပိန်အသင်း နည်းပြက အသက် ၃၃ နှစ်အရွယ် ဂိုးသမားအနေဖြင့် ပွဲကစားခွင့် ပိုမိုရရှိသည်ကို တွေ့မြင်လိုကြောင်း ဆိုခဲ့သည်။

“သူက လေ့ကျင့်ခန်းပဲ လုပ်နေတယ်လို့ သိထားပါတယ်။ သူက ယူနိုက်တက်မှာ အရန်ဂိုးသမား အနေနဲ့ပဲ ရှိနေပါတယ်။ စပိန်မှာ စိတ်လှုပ်ရှားစရာတွေ ပြုလုပ်ခဲ့တဲ့ သူ့အနေနဲ့ ပွဲကစားခွင့်ရဖို့ ဆန္ဒပြုပါတယ်။ ဒီအသက်အရွယ်မှာ သူ့အနေနဲ့ အမြဲတမ်း တက်ကြွနေဖို့လိုပါတယ်။ ဒါကြောင့် သူ့အနေနဲ့ အရန်ခုံမှာ ထိုင်နေတာထက် ပွဲကစားခွင့်ရဖို့ လိုပါတယ်” ဟု စပိန်အသင်း နည်းပြ ဒယ်ဘော့စကေးက ပြောကြားခဲ့သည်။

Soccer Myanmar

နယ်သာလန်အသင်းအား မည်ကဲ့သို့ ပြုပြင်ပြောင်းလဲရမည်ကို မသိရှိသေးကြောင်း ဟစ်ဒင့် ဝန်ခံ



နယ်သာလန်အသင်းအား မည်ကဲ့သို့ ပြုပြင်ပြောင်းလဲရမည်ကို မသိရှိသေးကြောင်း ဟစ်ဒင့် ဝန်ခံ

ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် အိမ်ကွင်း၌ တူရကီအသင်းနှင့် တစ်ဂိုးစီ သရေကျခဲ့ပြီးနောက် နယ်သာလန်အသင်း၏ လက်ရှိ ပြဿနာများအား မည်ကဲ့သို့ ဖြေရှင်းရမည်ကို မသိရှိသေးကြောင်း ဂူးဟစ်ဒင့်က ဝန်ခံပြောကြားလိုက်သည်။

နယ်သာလန်သည် တူရကီနှင့် သရေကျခဲ့ပြီးနောက် Group A တွင် အုပ်စုထိပ်မှ ချက်အသင်း၏နောက် ၆ မှတ်အကွာတွင် ရပ်တည်ခဲ့ပြီး မိမိ၏ အသင်းသည် ဥရောပ၏ အကောင်းဆုံးအသင်း တစ်သင်း မဟုတ်ကြောင်း ဟစ်ဒင့်က ဆိုခဲ့သည်။

“ဒီအသင်းကို အကောင်းဆုံး ဖြစ်အောင် ကျွန်တော် လုပ်နိုင်ပါတယ်။ အခုအချိန်မှာတော့ ဘယ်လိုလုပ်ရမလဲဆိုတာကို ကျွန်တော် မသိသေးပါဘူး။ ဒီပွဲက ကျွန်တောတို့အတွက် ပွဲကောင်းတစ်ပွဲ မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ ရလဒ်အပေါ် ကျေနပ်မိပါတယ်။ အဆုံးသတ်မှာ အရေးပါတဲ့ သရေပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကြီးကြီးကျယ်ကျယ်တွေ ပြောမနေသင့်ပါဘူး။ ဘာလို့လဲဆိုတော့ အသင်းက ဥရောပရဲ့ ထိပ်တန်းအသင်းတစ်သင်း မဟုတ်တဲ့အတွက်ပါ။ ဘရာဇီးလ် ကမ္ဘာ့ဖလားမှာ တတိယနေရာ ရခဲ့တာ သိပ်ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ရလဒ်ကို ကြည့်သင့်ပါတယ်။ ဒါက လက်တွေ့ကျတဲ့ အချက်ပါ” ဟု ဟစ်ဒင့်က ပြောကြားခဲ့သည်။

ဟစ်ဒင့်၏ အသင်းသည် အာဂျန်ရော်ဘင်နှင့် ရော်ဘင်ဗန်ပါစီတို့ မပါဝင်ဘဲ ကစားခဲ့ရသော်လည်း အမ်စတာဒမ်ကွင်းတွင် ကစားခဲ့သည့် ခြေစွမ်းအတွက် ဆင်ခြေပေးရန် မရှိကြောင်း ရှနိုက်ဒါက ဆိုခဲ့သည်။

“ပွဲစကတည်းက ကျွန်တော်တို့က အနိုင်ရဖို့ ကစားခဲ့တာပါ။ ဘောလုံးပိုင်ဆိုင်မှုမှာ ကျွန်တော်တို့က စိုးမိုးနိုင်ခဲ့သလို အခွင့်အရေး အချို့ကိုလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်ဖက်အသင်းက သူတို့ ရခဲ့တဲ့ အခွင့်အရေးကောင်းတစ်ခုကနေ ဂိုးသွင်းသွားခဲ့ပါတယ်။ ကျွန်တော်တို့က လုံလောက်တဲ့ အခွင့်အရေး မရခဲ့ပါဘူး။ ဒါပေမဲ့ နာကျင်အချိန်ပိုမှာ ချေပဂိုး သွင်းနိုင်ခဲ့တဲ့အတွက် ကျွန်တော် စိတ်သက်သာရာ ရမိပါတယ်။ ဒုတိယပိုင်းမှာလည်း ကျွန်တော်တို့က ပွဲကို စိုးမိုးနိုင်ခဲ့ပါတယ်။ အသင်းရဲ့ ခြေစွမ်းက မဆိုးခဲ့ပေမယ့် မကောင်းခဲ့ပါဘူး။ ဒီရလဒ်အတွက် နည်းပြအပေါ် အပြစ်တင်လို့ မရပါဘူး။ ရော်ဘင် ဗန်ပါစီနဲ့ အာဂျန်ရော်ဘင် မကစားနိုင်တာကိုလည်း ဆင်ခြေပေးလို့ မရပါဘူး” ဟု ရှနိုက်ဒါက ပြောကြားသွားခဲ့သည်။

Soccer Myanmar

Saturday, March 28, 2015

ပရီးမီးယားလိဂ်ကို ဘာကလေဘဏ် စပွန်ဆာပေးတော့မည် မဟုတ်



ပရီးမီးယားလိဂ်ကို ဘာကလေဘဏ် စပွန်ဆာပေးတော့မည် မဟုတ်
Written by  အောင်ငြိမ်းသွေး

အင်္ဂလန်၊ မတ် ၂၇။       ။ ဘာကလေ ဘဏ်သည် ပရီးမီးယား  လိဂ်ပြိုင်ပွဲကို   ဆက်လက် စပွန်  ဆာပေးတော့မည် မဟုတ်ကြောင်းဒေး လီးမေးလ် သတင်းစာ ကဖော်ပြ ခဲ့သည်။  ဘာကလေဘဏ်သည်  ပရီးမီးယား လိဂ်ပြိုင်ပွဲကို ၂၀၀၁ ခုနှစ်က တည်းက စတင်စပွန်ဆာပေး ခဲ့ခြင်းဖြစ်ပြီး လက်ရှိ စာချုပ်မှာ ၂၀၁၅-၁၆ ရာသီအပြီးတွင် ကုန်ဆုံး မည်ဖြစ်သည်။

နောက်ဆုံး စပွန်ဆာစာချုပ်ကို ၂၀၁၂ ခုနှစ်က ချုပ်ဆိုထားခြင်းဖြစ်ပြီး တစ်နှစ်လျှင်ပေါင်သန်း ၄၀ တန်ဖိုးဖြင့်သုံးနှစ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ထိုစာချုပ် မတိုင်မီ ချုပ်ဆိုခဲ့သည့် ယခင်စာချုပ် တန်ဖိုးမှာပေါင် ၈၂ သန်းသာ ရှိပြီး ၅၀ ရာခိုင်နှုန်းနီးပါး တိုးမြင့် သွားခြင်းဖြစ်သည်။

ပရီးမီးယား လိဂ်ပြိုင်ပွဲသည် ၂၀၁၆ ခုနှစ်မှ စတင်ပြီး sky, BT စသည့် ရုပ်သံလိုင်း များဖြင့် ရုပ်သံ  စာချုပ်သစ် ထပ်မံချုပ် ဆိုမည်ဖြစ်ရာ  ထိုစာချုပ်သစ် တန်ဖိုး မှာပေါင် ၅.၁ ဘီလီယံ တန်ဖိုးရှိသည်။ ထို့ကြောင့် ပြိုင်ပွဲ၏ စပွန်ဆာကြေး မှာလည်း ထပ်မံမြင့် တက်လာဦး မည်ဖြစ်သည်။

ဘာကလေ ဘဏ်သည် ပရီးမီးယား လိဂ်ပြိုင်ပွဲကို စပွန်ဆာပေး လာသည်မှာ ၁၅ နှစ်ရှိ ပြီဖြစ်သော်လည်း  ဆက်လက်ပြီး စပွန်ဆာစာချုပ် မချုပ်ဆို ရန်ဆုံးဖြတ် ထားခြင်းဖြစ်သည်။

လက်ရှိ အချိန်တွင် ပရီးမီးယား  လိဂ်ပြိုင်ပွဲကို ကမ္ဘာ တစ်ဝှမ်းလုံး ရှိနိုင်ငံပေါင်း ၁၇၅နိုင်ငံမှ  ပရိသတ်ပေါင်း  သန်း ၆၅၀ ကကြည့်ရှု လျက်ရှိသည်။ ထိုကဲ့သို့တစ် ကမ္ဘာလုံးကို ဆွဲဆောင်ထားနိုင်သော်လည်း ဘာကလေဘဏ်သည် ကုမ္ပဏီ၏နာမည်ကို ပိုမိုလူသိ များအောင်မြင်စေရန် ၎င်းတို့ကိုယ်တိုင် လုပ်ဆောင် သွားရန် ဆုံးဖြတ် ထားသည်။ အာရှနှင့် အာဖရိကတွင် လုပ်ငန်းစဉ်များကို အသေးစိတ် လုပ်ဆောင် သွားရန် ရည်ရွယ် ထားသည်။

Mizzima

ပရိသတ်တွေကို စန္ဒယားလက်သံနဲ့ဖျော်ဖြေခဲ့တဲ့ အာဆင်နယ် တိုက်စစ်မှူး ဆန်းချက်ဇ်



ပရိသတ်တွေကို စန္ဒယားလက်သံနဲ့ဖျော်ဖြေခဲ့တဲ့ အာဆင်နယ် တိုက်စစ်မှူး ဆန်းချက်ဇ်
Written by  ဝေဘုန်းလူ

အာဆင်နယ် တိုက်စစ်မှူး ဆန်းချက်ဇ်ဟာ ကလပ်အသင်း ပြိုင်ပွဲတွေ  ရပ်နားထားတဲ့ ကာလ အတွင်း ပရိသတ်တွေ ကိုသူ့ရဲ့ စန္ဒယားကျွမ်း ကျင်မှု ကိုပြသ ခဲ့ပါ တယ်။

အဲဒီတိုက်စစ်မှူးဟာ ဂျွန်လဲဂျန့်ရဲ့ 'All of me'  သီချင်းကို စန္ဒယားနဲ့ တီးပြပြီး အင်စတာဂရမ်ကနေ ပရိသတ်တွေ ကိုပြသခဲ့ တာဖြစ်ပါတယ်။ ဂိုးသွင်း ထူးချွန်တဲ့ အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးဟာ  စန္ဒယားတီး  လည်းကျွမ်းကျင်  သူဖြစ်ပြီး ခရစ္စမတ် ပါတီတုန်းက အာဆင်နယ် အသင်းဖော်တွေကို စန္ဒယား လက်သံ နဲ့ဖျော်ဖြေ ခဲ့ဖူးပါသေးတယ်။

အင်တာမှ အငှားသွား  ကစားနေရတဲ့ ပိုဒေါစကီးနဲ့ အတူတွဲဖက် ပြီးဖျော်ဖြေ ခဲ့တာကို ပိုဒေါစကီးက အွန်လိုင်းမှာ ဗီဒီယိုဖိုင် နဲ့ပြန်လည် လွှင့်တင် ထားခဲ့ တာပါ။ ချီလီလက်ရွေးစင် ဆန်းချက်ဟာ ကြာသပတေးနေ့မှာ  အီရန်၊ တနင်္ဂနွေနေ့မှာလန်ဒန်မှာ ဘရာဇီးတို့ နဲ့နိုင်ငံတကာ ပွဲတွေကစား ရမှာဖြစ်ပါတယ်။ သူဟာ ဒီနှစ် မှာဘာစီလိုနာ ကပြောင်းလာ ပြီးနောက် အာဆင်နယ်အသင်း အတွက်ခြေ စွမ်းပြနေပြီး ၁၉ ဂိုးသွင်းပေး ထားပါတယ်။

Ref: Daily Mail

Mizzima

အာစင်ဝင်းဂါးနှင့်ပြဿနာဖြစ်ခြင်း မရှိဟု ၀ဲလ်ကော့တ်ပြော



အာစင်ဝင်းဂါးနှင့်ပြဿနာဖြစ်ခြင်း မရှိဟု ၀ဲလ်ကော့တ်ပြော
Written by  ဝေဘုန်းလူ

လန်ဒန်၊ မတ် ၂၇။      ။  အာဆင်နယ်တောင်ပံ ကစားသမား သီယိုဝဲလ်ကော့တ်က နည်းပြ အာစင်ဝင်းဂါးနှင့်ပြဿနာ တစ်စုံတရာ မရှိကြောင်းနှင့် အသင်းနှင့် စာချုပ်ကိစ္စ ကိုဆွေးနွေးရခြင်း မရှိသေးကြောင်းပြောသည်။

ဝဲလ်ကော့တ် ၏လက်ရှိ စာချုပ်သည် ၂၀၁၆နွေရာသီ တွင်ကုန်ဆုံး မည်ဖြစ်ပြီး စာချုပ်သစ်ကိစ္စဆွေးနွေးမှုမှာ အချိန်ကြာမြင့်နိုင်သည်ဟု အာစင်ဝင်းဂါး ကပြော ကြားထားသည်။ "စာချုပ်သစ် အတွက်လစာ တိုးတောင်းတာတွေ၊ နည်းပြနဲ့အဆင် မပြေဘူးဆိုတော့ အားလုံးက မဟုတ်မ မှန်တဲ့ အကြောင်း အရာတွေပါ။

စာချုပ်သစ် ကိစ္စလည်း မဆွေးနွေး ရသေးပါဘူး။ လက်ရှိအချိန်မှာတော့ အာဆင်နယ်အသင်း အတွက်အကောင်း ဆုံးကစားပေးဖို့ကိုပဲ အာရုံစိုက် ထားပါတယ်" ဟုအသက် ၂၆ နှစ်အရွယ် ၀ဲလ်ကော့တ် ကပြောကြား ခဲ့သည်။

ဝဲလ်ကော့တ်သည် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ရ ရန်ခြောက်လ သာလိုအပ် ချိန်ရောက်မှ ၂၀၁၃ ဇန်န၀ါရီတွင် အသင်းနှင့် စာချုပ်သက် တမ်းတိုး ထားခဲ့သူဖြစ်သည်။ ၎င်းသည် ဆယ်လကြာ အနားယူခဲ့ရပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ကိုလွဲချော်စေ ခဲ့သည့် ဒူးဒဏ်ရာ မှပြန်ကောင်း လာပြီးနောက် လက်ရှိရာသီတွင် အာဆင်နယ် အတွက် ၁၃ ပွဲကစားပေး ထားသည်။

Ref: BBC

Mizzima

ဒီဘရိုင်း ကိုမော်ရင်ဟိုရောင်းချ မှုမှားယွင်းခဲ့ဟု ဟက်ဇက်ပြောကြား



ဒီဘရိုင်း ကိုမော်ရင်ဟိုရောင်းချ မှုမှားယွင်းခဲ့ဟု ဟက်ဇက်ပြောကြား
Written by  ဝေဘုန်းလူ

လန်ဒန်၊ မတ် ၂၇။     ။ ချယ်လ်ဆီး နည်းပြမော်ရင်ဟိုသည် ပြီးခဲ့ သည့်ဘောလုံး  ရာသီတွင်  ဘယ်လ်ဂျီယံ ကွင်းလယ်လူ ဒီဘရိုင်း ကိုရောင်းချ ခဲ့သော်လည်း ယင်းကွင်း လယ်လူမှာ ချယ်လ်ဆီးတွင် ကစားနိုင်သည့် အရည်အသွေး မျိုးပိုင်ဆိုင်ထား သူဖြစ်သည်ဟု ဟက်ဇက်က ယုံကြည်နေသည်။

ဝါဒါဘရီမင် တွင်အငှားဖြင့် သွားရောက် ကစားပြီးခြေ စွမ်းပြနိုင်ခဲ့သောဒီဘရိုင်း သည်မော်ရင်ဟို၏ ဒုတိယမြောက် ချယ်လ်ဆီးနည်းပြ ဘ၀စတင် သည့်နှစ်တွင် ချယ်လ်ဆီး အသင်း သို့ပြန်ရောက်လာ ခဲ့သော်လည်း  အသက် ၂၃နှစ် အရွယ်ကစား သမားမှာပုံမှန် ပွဲထွက်ခွင့်ရရန်ရုန်း ကန်ခဲ့ရပြီး ဇန်န၀ါရီ အပြောင်း အရွှေ့ ကာလတွင် ၀ုဖ်ဘတ် သို့ရောင်းချ ခံခဲ့ရသည်။

လက်ရှိ ရာသီတွင် ၀ုဖ်ဘတ်အသင်း အတွက်ခြေ စွမ်းပြကာ သွင်းဂိုး ကိုးဂိုး၊ ဖန်တီးမှု ၁၆ ကြိမ်လုပ် ထားပြီး မန်စီးတီး အသင်း ၏စိတ်ဝင် စားခြင်း  ခံနေရသည့် ဒီဘရိုင်းသည် ဂျာမနီတွင် ဖိအားနည်း ပါးစွာဖြင့် ကစားနေနိုင် သူဖြစ်သည်ဟု ဟက်ဇက် ကပြောကြား ခဲ့သည်။

"ချယ်လ်ဆီး အနေနဲ့ ဒီဘရိုင်းကို ဆက်ထားခဲ့ရင် အင်အား ပိုတောင့်နေ မှာပါ။ သူကထူးချွန်သူ တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့မော်ရင် ဟိုကသူ့ကို သွားခွင့်ပြု လုက်ပြီးနေရာလည်း မပေးခဲ့ဘူး။ သူ့မှာ ထူးချွန်တဲ့ အရည်အချင်းတွေ ရှိလို့ ချယ်လ်ဆီး မှာကောင်းကောင်း ကစားနိုင်စွမ်းရှိ တယ်လို့ ကျွန်တော် ယူဆပါတယ်။ သူ့ကိုလက် လွှတ်လိုက် ရတာက ရှက်စရာကောင်းပြီး ဒီဘရိုင်း  ဟာအောင်မြင်တဲ့  ကစားသမား  တစ်ယောက်ဖြစ်  လာမှာပါ"ဟု  ဘယ်လ်ဂျီယံ  လက်ရွေးစင် အသင်းဖော်နှင့် ပတ်သက်ပြီး ဟက်ဇက် ကပြောကြား ခဲ့သည်။


Ref: Daily Mail

Mizzima

သားဖြစ်သူမှ အတုခိုးပြီး လိုက်လုပ်နေ၍ အလဲထိုးခံရ သည့်အောင်ပွဲခံ ဟန်ပြုလုပ်တော့ မည်မဟုတ်ဟု ရွန်နီဆုံးဖြတ်



သားဖြစ်သူမှ အတုခိုးပြီး လိုက်လုပ်နေ၍ အလဲထိုးခံရ သည့်အောင်ပွဲခံ ဟန်ပြုလုပ်တော့ မည်မဟုတ်ဟု ရွန်နီဆုံးဖြတ်
Written by  ဝေဘုန်းလူ

မန်ချက်စတာ၊ မတ် ၂၇။    ။ အလဲထိုးခံ ရပြီးလဲကျသွား သည့်ဟန်ပန်ကို  သားဖြစ်သူ ကိုင်  ကကျောင်းတွင် အတုခိုးပြီး လိုက်လုပ်နေ သဖြင့်နောင် တွင်ယင်း သို့အောင်ပွဲ ခံတော့မည် မဟုတ်ဟု မန်ယူတိုက်စစ်မှူးရွန်နီ ကပြောကြား လိုက်သည်။

မတ်လ အစောပိုင်းတွင် ရွန်နီ သည်မန်ယူ အသင်းဖော်ဟောင်း၊ လက်ရှိ စတုတ်နောက်ခံ လူဘတ်စလေနှင့် ၎င်း၏မီးဖိုချောင်အတွင်း လက်ဝှေ့ ထိုးသတ် ပြီးအ လဲထိုးခံလိုက် ရသည့်ဗီဒီယို ဖိုင်ပေါ် ထွက်ခဲ့သည်။

စပါးနှင့် ကစားခဲ့သည့် ပွဲတွင်ရွန်နီ သည်ဂိုးသွင်း ပြီးနောက်လေ ထဲသို့  လက်သီးထိုး  သည့်ဟန်၊ အလဲထိုးခံ ရသဖြင့်လဲကျ သွားသည့် ဟန်ဖြင့်အောင် ပွဲခံခဲ့ပြီး ယင်းအပြုအမူ အတွက်တောင်းပန် မည်မဟုတ်သော် လည်းနောင်တွင် ထပ်မံပြု လုပ်တော့မည် မဟုတ်ကြောင်းပြော ကြားလိုက်သည်။

"ကျွန်တော့်ဇနီး ကကျောင်းကို သွားကြိုချိန်မှာ စာသင်ခန်းထဲမှာ ကိုင် ကအဲဒီလို လုပ်ပြနေ တာတွေ့ခဲ့ ရပါတယ်။ ကျွန်တော့် ရဲ့အဲဒီလိုအောင် ပွဲခံပုံမျိုး ကိုထပ် မတွေ့စေ ရဘူးလို့ အာမခံပါတယ်။ ကျွန်တော်က လက်ဝှေ့အားကစားကို အမြဲသဘော ကျတယ်။ ကံမကောင်းတာက အဲဒါဟာ တစ်ခါတရံမှာ အလွန် အကျွံဆို ရင်မကောင်း ပါဘူး။ ကျွန်တော့် ရဲ့အောင်ပွဲ ခံပုံဟာ ကိစ္စကြီးတစ် လို့မမြင်ပါဘူး။ နည်းပြကို လည်းပြော ပြီးပါပြီ။  သူကလည်း ကိစ္စကြီးတစ်ရပ် လို့မမြင် ပါဘူး။ ဒီကိစ္စကမှားယွင်းခဲ့တယ်လို့ခံစားရရင်တောင် ကျွန်တော်ပြန်တောင်းပန် မှာမဟုတ်ပါဘူး။ ကျွန်တော့်အတွက်ကတော့ အဲဒီကိစ္စက ပြီးသွားပါပြီ"ဟု ရွန်နီကပြော ကြားခဲ့သည်။

Ref: Daily Mail

Mizzima

တင်ပါးဆုံ ဒဏ်ရာမ သက်သာ၍ စတူးရစ်ခ်ျ တစ်လခန့် ထိနားရနိုင်



တင်ပါးဆုံ ဒဏ်ရာမ သက်သာ၍ စတူးရစ်ခ်ျ တစ်လခန့် ထိနားရနိုင်
Written by  ဝေဘုန်းလူ

လန်ဒန်၊ မတ် ၂၇။    ။ တိုက်စစ်မှူး စတူးရစ်ခ်ျ  သည်တင်ပါး  ဆုံဒဏ်ရာ  မသက်သာသောကြောင့်  တစ်လခန့် အထိအနား ယူရဖွယ် ရှိနေသည်ဟု အင်္ဂလန် နည်းပြ ရွိုင်းဟော့ဒ်ဆန် ကပြောသည်။

လီဗာပူးလ် တိုက်စစ်မှူး စတူးရစ်ခ်ျ သည်မန်ယူနှင့် ကစား ခဲ့သောပွဲတွင်  ဒဏ်ရာရရှိ  ခဲ့ခြင်းဖြစ်ပြီး  လစ်သူယေးနီးယား၊ အီတလီတို့နှင့် ကစားရမည့် အင်္ဂလန် လက်ရွေးစင် အသင်း လူစာရင်း မှလည်းနုတ် ထွက်ခဲ့ ရသည်။ အင်္ဂလန် လက်ရွေးစင် အသင်းတွင် အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူး ၏ဒဏ်ရာကို ဓါတ်မှန် ရိုက်စစ်ဆေးရာတွင် တင်ပါးဆုံးကြွက်သား အနည်းငယ်စုတ်ပြဲ သွားကြောင်းတွေ့  ခဲ့ရသည်။  ၎င်းသည်ပေါင်  ဒဏ်ရာကြောင့် ငါးလကြာအနား ယူခဲ့ရ ပြီးပြန်က စားနိုင်သည်မှာ မကြာသေးသောကြောင့် လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာသည် စတူးရစ်ခ်ျ ထပ်မံပြီး ကာလရှည်အနား မယူရစေ ရန်မျှော်လင့်နေသည်။

သို့သော်လည်း  ယင်းတိုက်စစ်မှူးမှာ ဧပြီ ၄ ရက်တွင်  အာဆင်နယ်နှင့် ကစားမည့်အရေး ပါသည့်ပွဲ၌ ပါဝင်ကစားရန် မရေမရာဖြစ် လာခဲ့သည်။ "စတူးရစ်ခ်ျ အ တွက် စိတ်ရှုပ် ရပါတယ်။ ဘာကြောင့်လည်း ဆိုတော့သူ အင်္ဂလန်အသင်း ကိုလာရောက် ပူးပေါင်းစဉ်မှာ ဒဏ်ရာက ဘာပြဿနာ မှမရှိဘူး လို့ထင်ခဲ့လို့ပါ။

ဆေးစစ်ချက် ထွက်လာပြီးနောက်  မှာတော့ပြဿနာ  ကြီးဖြစ်သွားပြီး  အသင်းနဲ့ကစား လိုတဲ့သူ့ အတွက်လည်း ထိခိုက်ခဲ့ရတယ်"ဟု ရွိုင်းဟော့ဒ်ဆန် ကပြော ကြားခဲ့သည်။ လီဗာပူးလ်အသင်းမှာ လာမည့်ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်သောအာဆင်နယ်နှင့်ပွဲတွင် ဂျရတ်နှင့်စကာတယ် တို့ကိုလည်းပွဲပယ်ပြစ်ဒဏ် များကြောင့် ထည့်သွင်း ကစားနိုင်မည် မဟုတ်ပေ။

Ref: Daily Mail
Mizzima

ယနေ့ဘောလုံးပွဲခန့်မှန်းချက်များ



Friday, March 27, 2015

အိမ်ရှင်တရုတ် (တိုင်ပေ)ကို သုံးဂိုးပြတ်ဖြင့် မြန်မာ ယူ၂၃ အသင်း ပွဲဦးထွက် အနိုင်ယူ



အိမ်ရှင်တရုတ် (တိုင်ပေ)ကို သုံးဂိုးပြတ်ဖြင့် မြန်မာ ယူ၂၃ အသင်း ပွဲဦးထွက် အနိုင်ယူ
===================================================
တရုတ်တိုင်ပေ တွင်ကျင်းပလျက် ရှိသည့် အာရှ အသက် ၂၃ နှစ်အောက် ချန်ပီယံရှစ် ခြေစစ်ပွဲ အုပ်စု(F) ပွဲစဉ်တွင် မြန်မာ ယူ၂၃ အသင်းသည် အိမ်ရှင် တိုင်ပေ အသင်းအား (၀-၃)ဂိုးဖြင့် အနိုင်ယူကာ ပွဲဦးထွက် နိုင်ပွဲ ရရှိခဲ့သည်။ မြန်မာအသင်းသည် တိုက်စစ်တွင် ရှိုင်းသူရကို တင်ပြီး ကွင်းလယ်တွင် နေလင်ထွန်း၊ လှိုင်းဘိုဘို၊ ရဲကိုဦး၊ သီဟဇော်၊ နောက်တန်းတွင် ကျော်ဇင်လွင်၊ ဇော်ရဲထွန်း၊ ဖြိုးကိုကိုသိန်း၊ ဟိန်းသီဟဇော်၊ ဂိုးသမား ကျော်ဇင်ဖြိုး တို့ဖြင့် ပွဲထွက်ခဲ့သည်။
ပွဲစသည်နှင့် တိုင်ပေအသင်း ကွင်းလယ်ကို စိုးမိုးရန် အားထုတ်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့် အမျှ မြန်မာအသင်းကသာ ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူနိုင်ခဲ့သည်။ ပွဲချိန် ၂၆ မိနစ်တွင် ရှိုင်းသူရ ပေးပို့မှုကို မြန်မာ ကွင်းလယ်လူ လွှမ်းဘိုဘို တိုင်ပေ နောက်တန်းကို လိမ်ခေါက်ပြီး အနိမ့်ဘော သွင်းယူကာ မြန်မာအသင်းကို ဗွေဆော်ဦးဂိုး ရရှိစေခဲ့သည်။ ပထမပိုင်းတွင် နေလင်းထွန်း ကန်ချက်များ၊ ဇော်ရဲထွန်း၊သီဟဇော် တို့ခေါင်းတိုက်ချက်များ လွဲချော်ခဲ့သဖြင့် (၀-၁)ဂိုးဖြင့်သာ မြန်မာအသင်း ဦးဆောင်နေခဲ့သည်။
ဒုတိယပိုင်း ပြန်လည်စတင် ရာတွင်လည်း မြန်မာအသင်းက ယခင်ပွဲများကထက် ပိုမို အချိတ်အဆက် ကောင်းမွန်စွာဖြင့် တိုင်ပေကို ထိုးဖောက်ကစား နိုင်ခဲ့သည်။ ၄၆ မိနစ်တွင် လှိုင်းဘိုဘို တစ်ကိုယ်တော် စွမ်းရည်ဖြင့် ထိုးဖောက်ကန်သွင်းချက် ဂိုးတိုင်ထိ သွားခဲ့သလို နေလင်းထွန်း ကန်ချက်လည်း ဂိုးဘားပေါ် ကျော်သွားခဲ့သည်။ ပွဲချိန် ၆၉ မိနစ်တွင်လည်း ကွင်းလယ်လူ လှိုင်းဘိုဘိုကပင် မြန်မာအတွင် ဒုတိယ ဂိုးကို တိုင်ပေနောက်ခံလူအား လိမ်ခေါက်၍ သွင်းယူပေးခဲ့သည်။ ဒုတိယပိုင်းတွင် ဒဏ်ရာကြောင့် သီဟဇော် အစား ဇွန်မိုးအောင်၊ ချစ်စုမိုးအစား သန်းထက်အောင်တို့ ၀င်ရောက်ကစားခဲ့သည်။ ပွဲချိန် ၈၀ မိနစ်တွင် ဟိန်းသီဟဇော် ပေးပို့မှုအား သန်းထက်အောင် ပိတ်သွင်းသော်လည်း ဂိုးဘားပေါ် ကျော်ခဲ့သည်။ ပွဲချိန် ၉၂ မိနစ်တွင် တိုင်ပေ ဂိုးသမား ရှေ့အနည်းငယ် ရောက်နေသည်ကို မြန်မာအသင်းခေါင်းဆောင် နေလင်းထွန်း ရိပ်မိခဲ့ပြီး ကွင်းလယ်မှ အမြှောက်ဘော ကန်တင်ကာ မြန်မာအတွက် တတိယဂိုးကို သွင်းယူပေးခဲ့သည်။ ပွဲပြီးကာနီး တစ်မိနစ်တွင် သန်းထက်အောင် လွတ်လွတ်ကျွတ်ကျွတ် ဘောလုံးရသွားပြီး တိုင်ပေ ဂိုးသမားကို ကျော်ရန် ကြိုးစားရာ တိုင်ပေဂိုးသမား ဥပဒေပ ဖျက်ထုတ်လိုက်ရသည်။ ကွင်းလယ်ဒိုင်မှ တိုင်ပေ ဂိုးသမား အား တိုက်ရိုက်အနီဖြင့် ထုတ်ပယ်ပြီး မြန်မာအသင်းကို ပြစ်ဒဏ်ဘော ကန်ခွင့်ပေးခဲ့သည်။ သို့သော် ၁၈ ကိုက်ထိပ် ပြစ်ဒဏ်ဘောအား မြန်မာအသင်း အသုံးမချ နိုင်ခဲ့ဘဲ (၀-၃) ဂိုးဖြင့်သာ ပွဲဦးထွက် အနိုင် ၃ မှတ် ရယူခဲ့သည်။
မြန်မာ အသင်းအနေဖြင့် မတ်လ ၂၉ ရက်နေ့ ညနေတွင် ဟောင်ကောင်အသင်းနှင့် ဒုတိယပွဲ ဆက်လက် ကစားရမည်ဖြစ်သည်။ လက်ရှိအချိန်တွင် သြစတြေးလျနှင့် မြန်မာတို့ ၃ မှတ်စီရရှိထားပြီး တိုင်ပေနှင့် ဟောင်ကောင်တို့ ရမှတ်မရှိသေးပေ။

Myanmar Football Federation

ယနေ့ ဘောလုံးပွဲခန့်မှန်းချက်များ



နပန်းသမားကြီး The Rock က လီဗာပူးလ် ပရိသတ်လား



နပန်းသမားကြီး The Rock က လီဗာပူးလ် ပရိသတ်လား
Written by  အောင်ငြိမ်းသွေး

အင်္ဂလန်၊ မတ် ၂၆။   ။'You'll Never Walk Alone'  ဆိုတဲ့စာတန်းနဲ့အတူ ဓာတ်ပုံရိုက်ပြီး လူမှုဝက်ဘ်ဆိုက်စာမျက်နှာပေါ်ကို တင်ခဲ့လို့ကမ္ဘာကျော် နပန်းသမား ကြီး The Rock က လီဗာပူးလ် ပရိသတ်လားဆို ပြီးမေးခွန်းထုတ်နေ ကြပါပြီ။

နာမည် အရင်းက ဒရိန်းဂျွန်ဆင် လို့ခေါ်တဲ့ The Rock ကြီးဟာ Fast and the Furious 6ရုပ်ရှင်ကားကို ရိုက်ကူးနေလို့ လီဗာပူးလ်မြို့ ကိုရောက်ရှိနေ တာပါ။ ဒီအချိန်မှာ လီဗာပူးလ် အသင်းရဲ့ သီချင်းလည်းဖြစ် ၊ဆောင်ပုဒ် လို့လည်းပြော လို့ရတဲ့ 'You'll Never Walk Alone'  ဆိုတဲ့  စာတန်း နဲ့အတူ ဓာတ်ပုံတွဲ ရိုက်ခဲ့ တာဖြစ်ပါတယ်။

ဒါ့အပြင် The Rock က သူ့ရဲ့ တွစ်တာ စာမျက်နှာပေါ် မှာပါ အဲ့ဒီသီချင်း အကြောင်းနဲ့  ပတ်သက် ပြီးရေးသား ခဲ့ပါသေးတယ်။ ' The Rock က  ဘယ်တော့မှ တစ်ယောက်တည်း မဟုတ်ဘူး။ ကျွန်တော် ဆိုလိုတာက တစ်ယောက်တည်း မလျှောက်လှမ်း ရဘူးလို့ ဆိုလိုတာပါ။

ဒီသီချင်းကထူးခြားတဲ့ သမိုင်းကြောင်းရှိပါတယ်။ ဒီသီချင်းကို ၁၉၄၅ခုနှစ်မှာရော်ဂျာနဲ့ဟမ်းမားစတိန်းတို့ ကရေးစပ်သီဆိုခဲ့ကြတာဖြစ်ပါတယ်။ ၁၉၆၀ မှာတော့ လီဗာပူးလ်အသင်းက သူတို့အသင်းရဲ့သီချင်းအဖြစ်အတည်ပြုခဲ့ပါတယ်။ ယနေ့အချိန်အထိဒီသီချင်းက မယုံကြည်နိုင်စရာကောင်းလောက်အောင်ရှေ့ ဆက်နေ ဆဲပါ။ ထုထည်ကြီးမားတဲ့ ကွင်းကြီးထဲမှာ တစ်ကွင်းလုံးက ဒီသီချင်းကို သီဆိုနေတာ ခင်ဗျား မြင်ရ၊ တွေ့ရပါလိမ့်မယ်' ဟု တွစ်တာ တွင်ရေးသား ခဲ့သည်။

ဒီလိုရေးသားခဲ့ပေမယ့် မန်ယူကလီဗာပူးလ်ကို အန်ဖီးလ်ကွင်းမှာ အနိုင်ရသွားတဲ့ပွဲမှာThe Rock ကဘယ်အသင်းကို အားပေးခဲ့သလဲဆိုတာ ဘယ်သူမှ မသိနိုင် ခဲ့ပါဘူး။ တွစ်တာမှာ တင်ထားခဲ့တဲ့ ဓာတ်ပုံနဲ့ စာတွေအရ ဆိုရင်တော့ အဲ့ဒီပွဲရလဒ်က The Rock ကို စိတ်ဓာတ် ကျသွားစေ မှာသေချာပါတယ်။

Mizzima

ဂါရတ်ဘေးလ်၏ ကားကို တိုက်ခိုက်ခဲ့သည့် ပရိသတ်သုံးဦး ပြစ်ဒဏ်ချမှတ်ခံရ



ဂါရတ်ဘေးလ်၏ ကားကို တိုက်ခိုက်ခဲ့သည့် ပရိသတ်သုံးဦး ပြစ်ဒဏ်ချမှတ်ခံရ
Written by  အောင်ငြိမ်းသွေး

(အင်္ဂလန်)။ ။ ဂါရတ်ဘေးလ်၏ ကားကို တိုက်ခိုက်ခဲ့ကြသည့် ရီးယဲလ်မက်ဒရစ် ပရိသတ်သုံးဦးကို စပိန်အစိုးရ၏ အခွင့်အာဏာ အပြည့်အ၀ အသုံးပြုခွင့်ရှိသည့် တရားရေးအဖွဲ့က ပြစ်ဒဏ်ချမှတ်လိုက်ပြီ ဖြစ်သည်။

ရီးယဲလ်အသင်း၏အဖွဲ့ဝင်တစ်ဦးနှင့် အဖွဲ့ဝင်မဟုတ်သည့် ကျန်နှစ်ဦးသည် ဒဏ်ငွေ ပေါင် ၂၂၀၀ ပေးဆောင်ရမည်ဖြစ်ပြီး အားကစားပြိုင်ပွဲများ ကြည့်ရှုခွင့်ခြောက်လပိတ်ပင်ခံခဲ့ရသည်။

ရီးယဲလ်အသင်းက ဘာစီလိုနာအသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် မက်ဒရစ်မြို့သို့ ပြန်အရောက်တွင် ဂါရတ်ဘေးလ်၏ကား တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။ ရီးယဲလ်သို့ ပေါင် ၈၆ သန်းဖြင့် ရောက်ရှိလာသည့် ဂါရတ်ဘေးလ်သည် ထိုပွဲစဉ်တွင် စွမ်းဆောင်ရည် ညံ့ဖျင်းခဲ့သည့်အတွက် ပရိသတ်များက စိတ်ဆိုး ဒေါသထွက်လျက်ရှိပြီး ယခုကဲ့သို့ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

ရီးယဲလ်အသင်း၏ လေ့ကျင့်ရေးကွင်းမှ ဂါရတ်ဘေးလ်ထွက်ခွာစဉ် ပရိသတ်တစ်ဦးသည် ၎င်း၏ကားကို ရပ်တန့်စေရန် ကြိုးပမ်းခဲ့ပြီး နောက်တစ်ဦးက ဆဲရေးတိုင်းထွာခဲ့သည်။ ထို့နောက် ၎င်းတို့သည် ဘေးလ်၏ကားကို ကန်ကျောက်ခဲ့ကြသည်။ ဘေးလ်မှာ ကားဖြင့်မောင်းထွက်သွားခဲ့ပြီး မည်သည့်အန္တရာယ်မှ ကျရောက်ခြင်း မရှိခဲ့ပေ။

ဂါရတ်ဘေးလ်ကဲ့သို့ပင် နည်းပြ အန်စလော့တီ၊ နောက်ခံလူရာမို့စ်နှင့် တိုက်စစ်ကစားသမားဂျီစီရိုဒရီဂွက်ဇ်တို့လည်း ပရိသတ်များ၏ ရန်ပြုတိုက်ခိုက်ခြင်း ခံခဲ့ရသည်။

ထိုကဲ့သို့ အသင်းနည်းပြနှင့် အသင်းသားများ ရန်ပြု တိုက်ခိုက်ခံရပြီးနောက်တွင် ရီးယဲလ်အသင်းက ထိုကဲ့သို့ ပြုလုပ်သူများကို ဥပဒေကြောင်းအရ အရေးယူမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို့နောက်တွင် ယခုကဲ့သို့ အရေးယူခဲ့ခြင်း ဖြစ်သည်။

ရည်ညွှန်း - ဒေးလီးမေးလ်
Mizzima

အသင်းခေါင်းဆောင် တယ်ရီကို ချယ်လ်ဆီးအသင်း တစ်နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆို



အသင်းခေါင်းဆောင် တယ်ရီကို ချယ်လ်ဆီးအသင်း တစ်နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆို
Written by  အောင်ငြိမ်းသွေး

အင်္ဂလန် (မဇ္ဈိမ)။ ။ ချယ်လ်ဆီးအသင်းသည် ၎င်းတို့အသင်း၏ အားထားရသော အသင်းခေါင်းဆောင်တယ်ရီကို တစ်နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။ စာချုပ်သစ်အရ တယ်ရီသည် တစ်ပတ်လျှင် လစာငွေ ပေါင် ၁၅၀,၀၀၀ ရရှိမည် ဖြစ်ပြီး ချယ်လ်ဆီးအသင်းတွင် နောက်တစ်ရာသီ ဆက်ရှိနေဦးမည် ဖြစ်သည်။

ဝါရင့်နောက်ခံကစားသမား တယ်ရီသည် ယခုရာသီတွင် ပုံစံကောင်းကို ရရှိနေပြီး ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြကစားလျက်ရှိသည်။ ချယ်လ်ဆီးအတွက် ကက်ပီတယ်ဝမ်းဖလားရရှိအောင် ဦးဆောင်နိုင်ခဲ့သလို ပရီးမီးယားလိဂ်တွင် လည်း ထိပ်ဆုံးမှ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားသည်။

ချယ်လ်ဆီးအသင်းသည် ၀ါရင့်ကွင်းလယ်ကစားသမားလမ်းပတ် ပြိုင်ဘက် မန်စီးတီးအသင်းသို့ ရောက်ရှိသွားသည့် အဖြစ်မျိုး ထပ်မံ မဖြစ်ပွားစေရန် တယ်ရီကို တစ်နှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

ချယ်လ်ဆီးအသင်းနှင့် စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့သည့်အတွက် ၀မ်းမြောက်မိကြောင်း တယ်ရီက အသင်းဝက်ဘ်ဆိုက်မှ တစ်ဆင့် ပြောသည်။

'ချယ်လ်ဆီးအသင်းမှာ ရှိနေမယ့် ကာလအတွင်း ဆုဖလားတွေ ထပ်မံရယူနိုင်မယ်လို့ ထင်ပါတယ်။ နည်းပြမော်ရင်ဟိုနဲ့ လက်ရှိကစားသမား အင်အားက အောင်မြင်မှုတွေကို ရယူနိုင်စွမ်းရှိပါတယ်။ ချယ်လ်ဆီးလို ကြီးကျယ်ခမ်းနားတဲ့ အသင်းမှာ ကစားခွင့်ရလို့ ဂုဏ်ယူမိပါတယ်။ ကျွန်တော့်ကို ထောက်ခံအားပေးကြတဲ့ ပရိသတ်တွေ အကုန်လုံးကို ကျေးဇူးတင်ပါတယ်' ဟု လည်း တယ်ရီက ပြောသည်။

တယ်ရီကို စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့သည့်အတွက် ကျေနပ်ပျော်ရွှင်မိကြောင်း ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုက ပြောသည်။

တယ်ရီသည် ချယ်လ်ဆီးအသင်းတွင် ၁၉၉၈ ခုနှစ်က စတင် ပွဲထွက်ကစားခွင့် ရရှိခဲ့ပြီး ၆၆၁ ပွဲ ပါဝင်ကစားပေးထားသည်။ တယ်ရီသည် ချယ်လ်ဆီးနှင့်အတူ အဓိက ဆုဖလားများဖြစ်သည့် ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ ယူရိုပါလိဂ်၊ ကက်ပီတယ်ဝမ်း၊ အက်ဖ်အေ၊ ကွန်မြူနတီဖလားတို့ကို ရယူနိုင်ခဲ့သည်။

ရည်ညွှန်း - ဂိုးလ်ဒေါ့ကွန်း
Mizzima

မက်ဆီထက် အဂူရိုက အဆုံးသတ်ပိုင်း ပိုကောင်းဟု ဂျိုးဟတ်ပြော



မက်ဆီထက် အဂူရိုက အဆုံးသတ်ပိုင်း ပိုကောင်းဟု ဂျိုးဟတ်ပြော
Written by  ဝေဘုန်းလူ

ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီထက် မန်စီးတီး အသင်းဖော် အဂူရိုက အဆုံး သတ်ပိုင်း ပိုမိုကောင်းမွန် သည်ဟု မန်စီးတီးနှင့် အင်္ဂလန် လက်ရွေးစင် ဂိုးသမား
ဂျိုးဟတ် ကပြောကြား လိုက်သည်။ မက်ဆီသည် အကောင်းဆုံး တိုက်စစ်သမား များထဲတွင်တစ်ဦး အပါအ၀င် အဖြစ်သတ်မှတ် ခံထားရသော်လည်း ဂျိုးဟတ် ကမူ ပြိုင်ဘက် ဂိုးပေါက်သို့ အဆုံးသတ်ဂိုး သွင်းယူနိုင်မှု အပိုင်းတွင် အဂူရိုက ပိုကောင်းသည်ဟု ယုံကြည်နေခြင်းဖြစ်သည်။

"ဒီနှစ်မှာသူနဲ့နေ့တိုင်းလေ့ကျင့်ခန်း ဆင်းရလို့ ကျွန်တော်မြင်တွေ့ ပုံအရဆိုရင် အဂူရိုဟာ ဂိုးဘယ်လိုသွင်း ရမလဲဆို တာကောင်းကောင်း သိသူပါ။လေ့ကျင့်ခန်း အစီအစဉ်တွေမှာ အသင်းဖော်တွေကို စိတ်လှုပ်ရှားအောင် သူလုပ်နိုင်သလို ပြိုင်ပွဲမှာလည်း စွမ်းဆောင်နိုင် စွမ်းရှိသူပါ။

သူဟာပြိုင်ဘက် ငါးယောက်လောက် ကိုလည်း လိမ်ခေါက်ပြီး  ဂိုးသွင်းနိုင် စွမ်းရှိတယ်။ တစ်ဦးချင်း အတွေ့မှာ ကန်ချက်တွေ လည်းကောင်း တယ်။ မက်ဆီက လည်း အံ့မခန်းထူးချွန် တဲ့ကစားသ မားတစ်ယောက်ဖြစ် ပါတယ်။ ဒါပေမဲ့ကျွန်တော် ကတော့ အဂူရိုကိုပဲထောက် ခံပါတယ်"ဟု ဂျိုးဟတ် ကပြောကြားခဲ့သည်။

ဟတ်သည်လွန်ခဲ့သည့်နှစ်ရာသီကျော်ခန့်က မက်ဆီနှင့်လေးကြိမ်ရင်ဆိုင်ခဲ့ဖူးရာတွင်တစ်ဂိုးမှမပေးခဲ့ရဘဲ ပြီးခဲ့သည့်နှစ်တွင်မူပင်နယ်တီတစ်လုံး အပါအ၀င်နှစ် ဂိုးပေးခဲ့ရသည်။ ယခုနှစ်ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပထမ အကျော့တွင် မက်ဆီသွင်းယူသည့် ပင်နယ်တီဂိုးကို ကာကွယ်နိုင်ခဲ့သည်။

Ref: Daily Mail

Mizzima

အာဆင်နယ်ကို ဆက်ဇနီ စွန့်ခွာသင့်ဟု ဒူဒက်ခ် အကြံပြု



အာဆင်နယ်ကို ဆက်ဇနီ စွန့်ခွာသင့်ဟု ဒူဒက်ခ် အကြံပြု

ဝိုဆစ်ခ်ျ ဆက်ဇနီ အနေဖြင့် ပုံမှန်ပွဲထွက်နေရာ မရရှိပါက အာဆင်နယ် အသင်းကို စွန့်ခွာသင့်ကြောင်း ယာဇီဒူဒက်ခ်က အကြံပြု ပြောကြားသွားခဲ့သည်။

လီဗာပူးလ်နှင့်အတူ ပရီးမီးယားလိဂ် ကစားသမား ဘဝကို ဖြတ်သန်းခဲ့ဖူးသည့် ပိုလန်လက်ရွေးစင် ဂိုးသမားဟောင်းကြီးက လက်ရွေးစင် အသင်းတွင် ၎င်း၏ နေရာကို ဆက်ခံသည့် ဆက်ဇနီ အနေဖြင့် ပွဲထွက်နေရာ ဆုံးရှုံးလျှင် အမ်းမရိတ်စ်၌ ဆက်မနေသင့်ဟု ယူဆနေသည်။ ဆက်ဇနီသည် ဇန်နဝါရီလ ကတည်းက အသင်းတွင် ပုံမှန်ပွဲထွက်ခွင့် မရတော့ဘဲ ကိုလံဘီယာ ဂိုးသမား ဒေးဗစ်အော့စ်ပီနာ၏ ကျော်တက်ခြင်းကို ခံခဲ့ရသည်။ ဆောက်သမ်တန်ကို အရေးနိမ့်သည့် ပွဲစဉ်အပြီး ဆေးလိပ်သောက်နေသည့် ၎င်း၏ ဓာတ်ပုံများ ထွက်ပေါ်လာသည့်နောက် ဆက်ဇနီသည် အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါး၏ ယုံကြည် အားကိုးမှုကို ဆုံးရှုံးလာခဲ့ခြင်း ဖြစ်သည်။

ဒူဒက်ခ်က ကလပ်အသင်းတွင် ပွဲထွက်နေရာ ဆုံးရှုံးခြင်းသည် ဆက်ဇနီ၏ လက်ရွေးစင် ဘဝကိုပါ ထိခိုက်လာနိုင်သည်ဟု ယုံကြည်နေသည်။ “ဒါက တကယ်အရေးကြီးတဲ့ ကိစ္စပါ။ တကယ်လို့ ကျွန်တော်သာ သူ့နေရာမှာဆိုရင် အာဆင်နယ်မှာ ကိုယ့်အတွက် အခွင့်အရေး ရှိနိုင်သေးသလား ခဏစောင့်ကြည့်ပါမယ်။ လူးကက်စ် ဖေဘီယန်စကီးတုန်းကလို အချိန်အကြာကြီးတော့ စောင့်နေမှာ မဟုတ်ဘူး။ အခုဆို ဝင်းဂါးက အော့စ်ပီနာအပေါ် အခိုင်အမာ ယုံကြည်မှု ပြသနေတာ သိသာတယ်လေ။ ကံကောင်းတာက ပိုလန်မှာ တခြား အဆင့်မြင့် ဂိုးသမား နှစ်ယောက်ကို ပိုင်ဆိုင်ထားတယ် ဆိုတာပါပဲ”ဟု ဒူဒက်ခ်က ပြောကြားသွားသည်။

Soccer Myanmar

Thursday, March 26, 2015

နွေရာသီတွင် ရီးယဲလ်မှ ထွက်ခွာနိုင်ကြောင်း ခီဒီရာ အရိပ်အမြွက်ဝန်ခံ



နွေရာသီတွင် ရီးယဲလ်မှ ထွက်ခွာနိုင်ကြောင်း ခီဒီရာ အရိပ်အမြွက်ဝန်ခံ

မိမိအနေဖြင့် နွေရာသီတွင် ရီးယဲလ်မက်ဒရစ်ကို စွန့်ခွာနိုင်သည့် အခြေအနေရှိကြောင်း ကွင်းလယ်လူ ဆမ်မီခီဒီရာက အရိပ်အမြွက် ပြောကြားသွားခဲ့သည်။

ဂျာမန်လက်ရွေးစင် ကစားသမားသည် ရီးယဲလ်တွင် စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးမှု မအောင်မြင်သည့်နောက် နွေရာသီတွင် သေချာပေါက် အသင်းသစ် ရှာဖွေရဖွယ် ရှိနေသည်။ ၎င်းသည် ရီးယဲလ်နှင့် စာချုပ်သက်တမ်း လပိုင်းသာ ကျန်တော့သည့်အတွက် အသင်းသစ် တစ်ခုခုကို ကြိုတင် သဘောတူညီမှုယူ စာချုပ်ထားခွင့် ရှိနေပြီ ဖြစ်သည်။ ရီးယဲလ်သည် ခီဒီရာကို စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းမှု ပြုလုပ်ခဲ့သော်လည်း ကစားသမားဘက်က အချက်အလက် အချို့ကို မကျေနပ်သဖြင့် ပယ်ချထားသည်။

အသက်(၂၇)နှစ်ရှိ ကစားသမားသည် ယခုအခါ ဘာနေဗျူးတွင် ဆက်နေရန်ထက် ပရီးမီးယားလိဂ်၊ သို့မဟုတ် ဘွန်းဒစ်လီဂါသို့ ပြောင်းရွှေ့ရန် အလားအလာ များနေပြီ ဖြစ်သည်။ ခီဒီရာက “ကျွန်တော် ရီးယဲလ်ကို ချစ်ပါတယ်။ ဒီအသင်းကို စွန့်ခွာဖို့ စဉ်းစားလိုက်တိုင်း တော်တော်လေး ခက်ခဲပါတယ်”ဟု ဝန်ခံခဲ့သည်။ ၎င်းကို ဂျာမန် ကလပ်များဖြစ်သည့် ဘိုင်ယန်မြူးနစ်နှင့် ရှော်လ်ကေးတို့က စောင့်ကြည့်နေသည်။ ခီဒီရာသည် ဒဏ်ရာ ပြဿနာများကြောင့် ရုန်းကန်ခဲ့ရပြီး ယခုရာသီ လာလီဂါတွင် (၁၁)ပွဲသာ ကစားခွင့် ရခဲ့သည်။

၎င်းက “ကျွန်တော့် စာချုပ်သက်တမ်း နောက်ဆုံးနေ့ထိ ဒီအသင်းရဲ့ ဂျာစီအတွက် အစွမ်းကုန် ပေးဆပ် ကစားသွားပါမယ်။ ဒါကိုတော့ ဘယ်သူမှ သံသယ မဖြစ်ပါနဲ့”ဟုလည်း ဖွင့်ဟသွားသည်။ ခီဒီရာသည် ရီးယဲလ်သို့ (၂၀၁၀)ပြည့်နှစ်တွင် စတုဂတ်ထံမှ ပြောင်းရွှေ့လာပြီး ပွဲပေါင်း(၁၀၀)ကျော် ကစားပေးခဲ့သည်။

Soccer Myanmar

အဲလ်ဗက်စ်ကို ဥရောပ ကလပ်အသင်းကြီး ခုနစ်ခု ကမ်းလှမ်းမှု ပြုလုပ်ထား



အဲလ်ဗက်စ်ကို ဥရောပ ကလပ်အသင်းကြီး ခုနစ်ခု ကမ်းလှမ်းမှု ပြုလုပ်ထား

ဘာစီလိုနာ ခံစစ်မှူး ဒန်နီအဲလ်ဗက်စ်ကို မန်ချက်စတာ ယူနိုက်တက်နှင့် လီဗာပူးလ်တို့ အပါအဝင် ဥရောပအသင်းကြီး ခုနစ်ခုထိ ဝိုင်းဝန်း ချိတ်ဆက်နေကြောင်း သိရှိရသည်။

ဘရာဇီးလ် ညာနောက်ခံ ကစားသမား၏ လက်ရှိစာချုပ်သည် လာမည့်ဇွန်လတွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်သည်။ ၎င်းသည် ဘာစီလိုနာနှင့် သက်တမ်းတိုး စာချုပ်ရန် ငြင်းဆိုထားသည့်နောက် နွေရာသီတွင် စိတ်ကြိုက်အသင်း တစ်ခုသို့ လွတ်လွတ်လပ်လပ် ပြောင်းရွှေ့ခွင့် ရရှိထားသည်။ စပိန် သတင်းစာ Sportက အဲလ်ဗက်စ်အတွက် ကလပ်အသင်း ခုနစ်ခုက ကမ်းလှမ်းမှု ပြုလုပ်ထားပြီး PSG၊ ဂျူဗင်းတပ်စ်၊ ဘိုရပ်ရှားဒေါ့တ်မန်၊ အင်တာမီလန်တို့အပြင် လက်ရှိကလပ် ဘာစီလိုနာကပါ စာချုပ်သစ် ထပ်မံ အဆိုပြုထားကြောင်း ဖော်ပြခဲ့သည်။

အသက်(၃၁)နှစ်ရှိ အဲလ်ဗက်စ်သည် လက်ရှိ အချိန်ထိ အနာဂတ်ကို မဆုံးဖြတ်သေးဘဲ ၎င်းအနေဖြင့် နူးကမ့်တွင် ဆက်နေမည်လား၊ အခြားသော နိုင်ငံတစ်ခုသို့ သွားရောက် ကစားမည်လား ဆိုသည်မှာ မသေချာသေးချေ။ အဲလ်ဗက်စ်သည် (၂၀၀၈)ခုနှစ်က ပေါင်စတာလင် (၂၃)သန်းဖြင့် ဆီဗီးလားမှ ဘာစီလိုနာသို့ ရောက်ရှိခဲ့ပြီး စွမ်းဆောင်ရည် ကောင်းမွန်မှုများကြောင့် ၎င်း၏ ပြောင်းရွှေ့ကြေးကို ပေါင်စတာလင် သန်း(၃၀)ထိ ဘာစီလိုနာက မြှင့်တင် ပေးချေခဲ့ရသည်။ ၎င်းသည် ကာတာလန် အခြေစိုက် အသင်းကြီးအတွက် လာလီဂါပွဲပေါင်း (၂၀၈)ပွဲထိ ကစားပေးထားသည်။

Soccer Myanmar

ယနေ့ ဘောလုံးပွဲ ခန့်မှန်းချက်များ



ဝုလ်ဖ်ဘာ့ဂ်တွင် ခြေစွမ်းပြနေသည့် ဒီဘရုမ်းကို ဘိုင်ယန် စိတ်ဝင်စားနေ



ဝုလ်ဖ်ဘာ့ဂ်တွင် ခြေစွမ်းပြနေသည့် ဒီဘရုမ်းကို ဘိုင်ယန် စိတ်ဝင်စားနေ

ဘိုင်ယန်မြူးနစ် အသင်းသည် ဝုလ်ဖ်ဘာ့ဂ် တောင်ပံတိုက်စစ်သမား ကီဗင်ဒီဘရုမ်းကို ကမ်းလှမ်းခေါ်ယူရန် စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

Sport Bild သတင်းစာက ဂျာမန်ချန်ပီယံ အသင်းသည် ဘွန်းဒစ်လီဂါ၏ လက်ရှိ ခြေစွမ်း အထက်ဆုံး ကစားသမား တစ်ဦးအဖြစ် ရပ်တည်နေသည့် ဘယ်လ်ဂျီယံ လက်ရွေးစင်အတွက် ပေါင်စတာလင် (၃၅)သန်းထိ အသုံးပြု ကမ်းလှမ်းသွားရန် အသင့်ရှိနေကြောင်း ဖော်ပြခဲ့သည်။ ဒီဘရုမ်းသည် ချယ်လ်ဆီးတွင် မအောင်မြင်ခဲ့သည့်နောက် ဝုလ်ဖ်ဘာ့ဂ်သို့ ပြောင်းရွှေ့ဖြစ်ခဲ့ပြီး တောက်လျှောက် ခြေစွမ်းပြလျက် ရှိသည်။ ယင်းအခြေအနေက ဘိုင်ယန်၏ အာရုံကို ဆွဲဆောင်လာနိုင်ခဲ့သည်။

ဒီဘရုမ်း၏ စာချုပ်သည် (၂၀၁၉)ထိ သက်တမ်းကျန်ရှိနေဆဲ ဖြစ်သည်။ ၎င်းသည် ဝုလ်ဖ်ဘာ့ဂ်တွင် (၂၆)ပွဲ ကစားကာ (၉)ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု (၁၇)ကြိမ်ထိ ပြုလုပ်ပြထားသည်။ ဘိုင်ယန်နည်းပြ ဂျိုးဆက် ဂွာဒီယိုလာသည် (၂၀၁၇)ခုနှစ်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည့် အာယန်ရော်ဘန်၏ နေရာကို ရေရှည်ဆက်ခံရန် ကစားသမားသစ် တစ်ဦးကို ရှာဖွေနေရာ အသက်(၂၃)နှစ်ရှိ ဒီဘရုမ်းသည် အဓိက ပစ်မှတ်သဖွယ် ဖြစ်လာသည်။ Sport Bild၏ အဆိုအရ ဘိုင်ယန်သည် (၂၀၁၆)ခုနှစ်၊ နွေရာသီထိ ဒီဘရုမ်း၏ အခြေအနေကို စောင့်ကြည့်နေပြီး ထို့နောက်တွင်မှ ကမ်းလှမ်းမှု စတင်ပြုလုပ်သွားဖွယ် ရှိနေကြောင်း သိရှိရသည်။

Soccer Myanmar

အင်္ဂလန် ထိပ်သီးများ စိတ်ဝင်စားနေသည့်တိုင် လာဇီယိုတွင်သာ အန်ဒါဆန် ဆက်ရှိနိုင်ဟု အေးဂျင့်ပြောကြား



အင်္ဂလန် ထိပ်သီးများ စိတ်ဝင်စားနေသည့်တိုင် လာဇီယိုတွင်သာ အန်ဒါဆန် ဆက်ရှိနိုင်ဟု အေးဂျင့်ပြောကြား

အင်္ဂလန် ထိပ်တန်းကလပ်များ စိတ်ဝင်စားနေသည့်တိုင် ဖိလစ်ပီ အန်ဒါဆန် အနေဖြင့် လာဇီယို တွင်ပင် ပျော်ရွှင် နေကြောင်း အေးဂျင့်ဖြစ်သူက ပြောကြားလိုက်သည်။
အသက်(၂၁)နှစ် အရွယ်ရှိ ဘရာဇီးလ် ကွင်းလယ်ဖန်တီးရှင်သည် ရောမမြို့တော် အခြေစိုက် အသင်းတွင် နှစ်ရှည် သက်တမ်းတိုး စာချုပ်တစ်ရပ် ချုပ်ဆိုထားပြီး အမှန်တကယ်လည်း အခြေကျ ပျော်ရွှင်နေကြောင်း အေးဂျင့်ဖြစ်သူ စတီဖာနို ကက်စ်တက်ညာက ပြောကြားခဲ့သည်။ မန်ချက်စတာ ယူနိုက်တက်၊ ချယ်လ်ဆီးနှင့် မန်ချက်စတာ စီးတီးတို့သည် နွေရာသီ ဈေးကွက်တွင် အန်ဒါဆန်ကို အပြိုင်အဆိုင် ချဉ်းကပ်ကြဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ အန်ဒါဆန်သည် ယခုရာသီ (၂၅)ပွဲတွင် (၁၀)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၈)ကြိမ်ထိ ပြုလုပ်ပြထားသည်။

ကက်စ်တက်ညာကမူ လာဇီယိုတွင် (၂၀၂၀)ပြည့်နှစ်ထိ စာချုပ်သက်တမ်း ရှိနေသည့် ကစားသမားသည် စီးရီးအေတွင် ပျော်ရွှင်နေကြောင်း ဆိုသည်။ “ထိပ်တန်း အသင်းတွေက သူ့ကို စိတ်ဝင်စားနေတာဟာ ကောင်းမွန်တဲ့ လက္ခဏာပါ။ သူ့အနေနဲ့ ကောင်းကောင်း ခြေစွမ်းပြနေတဲ့ သဘောပါပဲ။ ဒါပေမဲ့ အန်ဒါဆန်က စာချုပ်သစ်ကို မကြာသေးခင်ကမှ လက်မှတ်ရေးထိုးထားပြီး ရောမမြို့မှာ အရမ်း ပျော်ရွှင်နေပါတယ်။ လာဇီယိုကသာ သူ့ကို ဆက်ထိန်းထားချင်တယ်ဆိုရင် ဘာပြဿနာမှ မရှိပါဘူး။ ချန်ပီယံလိဂ် ဝင်ခွင့်မရခဲ့ရင်တောင် သူက အသင်းမှာ ဆက်ကစားချင်ပါတယ်။ ဒါပေမဲ့ ယူရိုပါလိဂ်လောက်မှာ ကစားရရင်တောင် မဆိုးလှပါဘူး”ဟု အေးဂျင့်ဖြစ်သူက မှတ်ချက်ပြုသွားသည်။

Soccer Myanmar

ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေရသည့် ဗာမေလန် ဘောလုံးပြန်ကစားနိုင်ရန် နီးစပ်နေ



ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေရသည့် ဗာမေလန် ဘောလုံးပြန်ကစားနိုင်ရန် နီးစပ်နေ

တံကောက်ကြော ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေရသည့် ဘာစီလိုနာ နောက်ခံလူ သောမတ်စ် ဗာမေလန်သည် ယခုအခါ ဘောလုံးပြန်ကစားနိုင်ရန် နီးစပ်နေပြီဟု သိရှိရသည်။

ဘယ်လ်ဂျီယံ လက်ရွေးစင် ဗဟိုခံစစ်သမားသည် နွေရာသီ ဈေးကွက်အတွင်းက ပေါင်စတာလင် (၁၅)သန်း ဝန်းကျင်ဖြင့် အာဆင်နယ်မှ ဘာစီလိုနာသို့ ပြောင်းရွှေ့ဖြစ်ခဲ့သည်။ သို့သော်လည်း ၎င်းသည် ဒဏ်ရာ ပြဿနာများဖြင့် တောက်လျှောက် ရုန်းကန်နေရပြီး အသင်းသစ်တွင် ပွဲထွက် ပါဝင်နိုင်ခဲ့ခြင်း မရှိချေ။ ၎င်းသည် ခွဲစိတ်မှု ခံယူခဲ့ရပြီးနောက် ဗုဒ္ဓဟူးနေ့တွင်မူ အသင်းနှင့်အတူ ပထမဆုံးအကြိမ် လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ခဲ့သည်။ ဗာမေလန်သည် အဆိုပါ ဒဏ်ရာကို ဘရာဇီးလ်တွင် ကျင်းပသည့် (၂၀၁၄)ခုနှစ်၊ ကမ္ဘာ့ဖလား ပြိုင်ပွဲ၌ ရရှိလာခြင်း ဖြစ်သည်။

အသက်(၂၉)နှစ်ရှိ ဗာမေလန်၏ ကြံ့ခိုင်မှု အခြေအနေအရ ခေါ်ယူရန် မဖြစ်သင့်သော်လည်း ဘာစီလိုနာက ဝယ်ယူ စာချုပ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး မေးခွန်းများလည်း ထွက်ပေါ်ခဲ့ဖူးသည်။ ဘာစီလိုနာ အသင်းက ယခုအခါ ဗာမေလန်သည် အသင်းတွင် လေ့ကျင့်ခန်း စဆင်းနေပြီဖြစ်ကြောင်း တရားဝင် ဝက်ဘ်ဆိုက်မှတစ်ဆင့် အတည်ပြု ဖော်ပြခဲ့သည်။ ၎င်းသည် နိုင်ငံတကာ ပွဲစဉ်များအပြီး ဆယ်လ်တာဗီဂိုနှင့် ကစားမည့် လာလီဂါ ပွဲစဉ်တွင် ဘာစီလိုနာအတွက် ပါဝင်လာနိုင်ဖွယ် ရှိနေသည်။

ဘာစီလိုနာသည် အဓိကပြိုင်ဘက် ရီးယဲလ်မက်ဒရစ်ကို တနင်္ဂနွေနေ့က (၂-၁)ဖြင့် အနိုင်ရခဲ့ပြီးနောက် လတ်တလောတွင် အမှတ်ပေးဇယားကို (၄)မှတ်ဖြတ် ဦးဆောင်လျက်ရှိသည်။

Soccer Myanmar

Wednesday, March 25, 2015

နည်းပြဘ၀ ပွဲပေါင်း ၆၀၀ ကျော်တွင် ဘင်နီတက်ဇ် ပထမဆုံး အကြိမ် အနီကတ်ပြခံရ



နည်းပြဘ၀ ပွဲပေါင်း ၆၀၀ ကျော်တွင် ဘင်နီတက်ဇ် ပထမဆုံး အကြိမ် အနီကတ်ပြခံရ
Written by  ဝေဘုန်းလူ

နေပယ်၊ မတ် ၂၄။    ။ ပြီးခဲ့သည့် တနင်္ဂနွေနေ့က  အတ္တလန္တာနှင့်  တစ်ဂိုးစီ  သရေကျခဲ့  သည့်ပွဲတွင် နာပိုလီ နည်းပြ ဘင်နီတက်ဇ်သည် နည်းပြဘ၀ ပွဲပေါင်း ၆၀၀ကျော်အတွင်း ပထမဆုံး အကြိမ်အဖြစ် အနီကတ်ပြခံ ခဲ့ရသည်။

အတ္တလန္တာဘက်မှ ပင်နီလာသည် နာပိုလီနောက်ခံလူ ဟင်းနရစ်   ကိုတွန်းပြီး   ဂိုးသွင်း   ယူသွားခြင်း  အပေါ်ဒေါသဖြစ်နေသာ ဘင်နီတက်ဇ် သည်ဒိုင်လူကြီး ကိုစောဒက တက်ခဲ့သောကြောင့် အနီကတ်ပြခံ ရခြင်းဖြစ်သည်။

"ကျွန်တော့်ရဲ့ နည်းပြဘ၀မှာ အ၀ါကတ်တောင် တစ်ခါမှ အပြမခံရ ဖူးပါဘူး။ ပြီးတော့နားလည်မှုလွဲတဲ့အပေါ် သူတို့ဘာကြောင့်အနီကတ်ပြ လိုက်သလဲ ဆိုတာ ကို ကျွန်တော် မရှင်းပြ တတ်ဘူး။

တတယ်လို့ကျွန်တော်ဒေါသဖြစ်နေတယ်ဆိုရင်လည်း နည်းပြဘ၀တစ်လျှောက် ပွဲပေါင်း ၆၀၀ကျော်အတွင်း တစ်ခါမှ အ၀ါကတ်တောင် အပြမခံ ရဖူးလို့ ပါဆိုတဲ့ အကြောင်းပြချက်က သင့်တော်မယ် ထင်ပါတယ်။ မျှတဲ့ဆုံးဖြတ်ချက် မဟုတ်ဘဲပွဲရဲ့ လွှမ်းမိုးမှုတွေ ပါဝင်နေတယ်"ဟု ဘင်နီတက်ဇ် ကပြောကြားခဲ့သည်။

ဆက်လက်၍၎င်းက ဒိုင်လူကြီးအဖွဲ့ ကိုခြောက်ယောက် ထားခြင်းမှာ မလုံလောက်ကြောင်း၊ ရှစ်ယောက် ထားလျှင် ပိုကောင်း မည်ဖြစ်ကြောင်းနှင့် အချို့ဆုံးဖြတ် ချက်များမှာ ရှင်းပြ၍မ ရကြောင်းပြော ကြားခဲ့သည်။

Ref: BBC

Mizzima

ဘောလုံးလောက အမှောင်ဖုံး သည့်နေ့များပြန်ရောက် လာမည်ကို ပလာတီနီစိုးရိမ်



ဘောလုံးလောက အမှောင်ဖုံး သည့်နေ့များပြန်ရောက် လာမည်ကို ပလာတီနီစိုးရိမ်
Written by  ဝေဘုန်းလူ

နီယွန်၊ မတ် ၂၄။     ။ ဘောလုံး ပွဲများတွင် ဥရောပ အာဏာပိုင်များ  ၏အကူအညီ  မရလျှင်သောင်း  ကျန်းရမ်းကား  မှုများကြောင့် အမှောင်ဖုံး သည့်နေ့ ရက် များပြန်ရောက် လာမည်ဟု ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ မိုက်ကယ် ပလာတီနီက သတိပေး လိုက်သည်။

"ကျွန်တော်တို့ ရဲ့ဘောလုံး ကွင်းတွေ  ထဲကို  မျိုးချစ်စိတ်နဲ့  အစွန်းရောက်  ၀ါဒတွေ  ၀င်ရောက်မှုမြင့်  တက်လာတာ ကိုတွေ့နေ ရပါတယ်" ဟုပြင်သစ် လူမျိုး ပလာတီနီ ကပြောသည်။

မကြာသေးခင်ကာလ အတွင်းဘောလုံးလောက တွင်မြင်တွေ့ခဲ့ရသော အဖြစ်အပျက်များကို ထပ်မံမပေါ်ပေါက်စေ ရန်အတွက်လည်း ဥရောပအားကစား ရဲအ ဖွဲ့ ကိုပလာတီနီ ကထပ်မံတောင်း ဆိုလိုက်သည်။

"အတိတ်တစ်ခုမှာ ဥရောပဘော လုံးကွင်းထဲမှာ လူရမ်းကားတွေရှိခဲ့ကြပြီး ဖျက်လိုဖျက်ဆီးလုပ်ခဲ့ကြတယ်"ဟု ပလာတီနီကဖြည့် စွက်ပြောဆို သည်။ဟေဆယ် ကွင်းတွင် ပရိသတ်ဆူပူမှုကြောင့် လူ ၃၉သေဆုံးစေ ခဲ့သည့် ဂျူဗင်တပ်နှင့် လီဗာပူးလ်အသင်း တို့၏ ၁၉၈၅ ခုနှစ် ဥရောပဖလား ဖိုင်နယ်တွင် ပလာတီနီ သည် ဂျူဗင်တပ် ကစားသမား အဖြစ်ကစား ခဲ့သူဖြစ်သည်။

မကြာသေးခင်ကာလဖြစ်သည့် မတ် ၁၁ရက်တွင် ပရိသတ်များ ကွင်းအတွင်း ၀င်ရောက်လာ မှုကြောင့်အေအီးကေအေသင်နှင့် အိုလံ ပီယာကို့စ်တို့၏ ဂရိဖလား ကွာတားပွဲပျက်ခဲ့ရသည်။ ပရိသတ် များသောင်း ကျန်းမှုကြောင့် ဂရိစူပါလိဂ်ကိုလည်း ၂၀၁၅ နှစ်ဦးပိုင်းတွင် အစိုးရက တစ်ပတ်ရပ် နားစေခဲ့ ရသည်။

ဆူပူသောင်းကျန်းမှုများကို ဥရောပဘောလုံး အဖွဲ့ချုပ်တစ်ခု တည်းနှင့်ဖြေရှင်းရန်မလုံလောက်ဘဲ အာဏာပိုင်များပါ ပူးပေါင်းပါဝင်ရန်လိုသည်ဟု ပလာတီနီ က ယူအီးအက်ဖ်အေ ကွန်ဂယက် အဖွင့်မိန့်ခွန်း တွင်ပြော ကြားသည်။

"မကြာသေးခင်ကာလတုန်းက ဆိုရင်အတိတ်က အဖြစ်တွေ နဲ့တူတယ်လို့ ကျွန်တော်စဉ်းစား မိတဲ့အဖြစ် အပျက်တွေကြောင့်ဘော လုံးလောက ရဲ့ပုံရိပ်ထိခိုက် ခဲ့ရပါတယ်။ ဒါမျိုးတွေကို ကျွန်တော်တို့ထဲ ကတစ်ချို့အတိတ် မှာကြုံဖူးကြ မှာဖြစ်ပြီး လက်ရှိလည်းဖြစ် ပျက်နေပါတယ်။

ကျွန်တော်လည်း လွန်ခဲ့တဲ့နှစ် ၃၀တုန်းက ကြုံခဲ့ဖူးတယ်။ ဒီလိုအဖြစ်မျိုးတွေကို ဘယ်သူက ထပ်ဖြစ်စေချင်မှာ မဟုတ်ပါဘူး။ ဥရောပ အဆင့်မှာ ပိုမိုပြင်းထန်တဲ့ ကွင်းပိတ်ပြစ်ဒဏ်တွေချဖို့အပြင် ဥရောပ အားကစားရဲတပ်ဖွဲ့ရဲ့အကူအညီလည်းလိုနေပါတယ်။ ဒါကို ကျွန်တော် ၂၀၀၇ မှာဥက္ကဋ္ဌဖြစ် လာကတည်း ကတောင်း ဆို ခဲ့တာပါ"ဟု ပလာတီနီ ကပြောသည်။

ယူကရိန်း ကလပ်ဒိုင် နမိုကိဗ် အသင်းသည်  ဂူအင်ဂမ့်နှင့်  ပွဲတွင်ပရိသတ်သောင်း ကျန်းမှုကြောင့် အဲဗာတန်နှင့် ကစားသည့် ယူရိုပါလိဂ်ပွဲ ကိုကွင်း အစိတ်ပိုင်း တစ်ချို့ ပိတ်ပြီး ကစားခဲ့ရပြီးပေါင် ငါးသောင်းကျော် ဒဏ်ရိုက်ခံ ခဲ့ရသည်။

အောက်တို ဘာလက လည်းမောင်းသူ မဲ့လေယဉ် တွင်နိုင်ငံရေးနှင့် သက်ဆိုင်သော စာသားချိတ် ဆွဲပြီးဘောလုံးကွင်း အတွင်းပျံသန်းရာ မှအစပြုပြီး ကစားသ မား များ၊ ပရိသတ်များ ပါဝင်သည့် ရန်ပွဲဖြစ်ခဲ့ရာ ပါတီဇန်ကွင်း တွင်ကစားသည့် ဆားဘီယား - အယ်လ်ဘေးနီးယား ပွဲပျက်ခဲ့ရသည်။

၂၀၁၃ ခုနှစ်တွင် စပါးတပ်မော်စကိုအသင်း သည် ဒုတိယတန်း ကလပ်ရှစ်နစ်ခ်နှင့် ကစားသည့် ရုရှားဖလားတွင် ပရိသတ်သောင်း ကျန်ခဲ့၍ ပွဲစဉ်နှစ်ပွဲ ကိုကွင်း ပိတ် ကစားခဲ့ရသည်။ ယင်းပွဲ တွင် ပရိသတ်များ သည်ရဲများနှင့် ပဋိပက္ခဖြစ်ပွားခဲ့ပြီး ထိုင်ခုံများကိုချိုးကာ ကွင်းထဲသို့ ပစ်ပေါက်ခဲ့ ကြသည်။

Ref: BBC

Mizzima

ဘာစီလိုနာ ပရိသတ်များရှေ့ တွင်အောင်ပွဲခံခဲ့သည့် စီရော်နယ်ဒို အရေးယူခံ ရဖွယ်ရှိ



ဘာစီလိုနာ ပရိသတ်များရှေ့ တွင်အောင်ပွဲခံခဲ့သည့် စီရော်နယ်ဒို အရေးယူခံ ရဖွယ်ရှိ
Written by  အောင်ငြိမ်းသွေး

စပိန်၊ မတ် ၂၅။    ။ ရီးယဲလ် တိုက်စစ်မှူး စီရော်နယ်ဒိုသည် အယ်လ်က လက်စီကို ဒါဘီပွဲစဉ် တွင်ချေပ ဂိုးသွင်း ယူပြီးနောက်  ဘာစီလိုနာ  ပရိသတ် များရှေ့ တွင်အောင်ပွဲခံ ခဲ့သည့်အတွက် အရေးယူခံ ရဖွယ်ရှိကြောင်း လာလီဂါဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဂျာဗီယာတီဘက်စ် ကပြောသည်။

ထိုပွဲစဉ်တွင် ဘာစီလိုနာအသင်း ကနောက်ခံလူမက်သရူး၏ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပြီး စီရော်နယ်ဒိုက ပွဲချိန် ၃၁မိနစ် တွင်ချေပဂိုးပြန်လည် သွင်းယူပေး ခဲ့သည်။ ထို့နောက် ဒုတိယပိုင်းတွင် ဆွာရက်ဇ်က ဘာစီလိုနာအတွက် အဖိုးတန်အနိုင် ဂိုးသွင်းယူပေး ခဲ့သည်။

စီရော်နယ်ဒိုသည်  ပွဲချိန် ၃၁ မိနစ်၌ ရီးယဲလ်အသင်း  အတွက်ချေပဂိုးကို  သွင်းယူပေး  ခဲ့ပြီးနောက် ဘာစီလိုနာ ပရိသတ်များရှေ့ တွင် အေးအေးဆေးဆေးနေ ငါရှိတယ် ဆိုသည့် ပုံစံမျိုးဖြင့် အောင် ပွဲခံခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့အောင်ပွဲ ခံခြင်းသည် ပထမဆုံး အကြိမ် မဟုတ်ဘဲ  စီရော်နယ်ဒိုသည် ဘာစီလိုနာနှင့် ယှဉ်ပြိုင်သည့် ယခင်ပွဲစဉ် များတွင်လည်း ထိုပုံစံမျိုးဖြင့် အောင်ပွဲခံခဲ့ဖူးသည်။

ထို့အပြင် စီရော်နယ်ဒိုသည် ပြီးခဲ့သည့် ရာသီက ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ပင်နယ်တီ  မှတစ်ဆင့်  ဂိုးသွင်း  ယူပြီးနောက် ရုပ်ရှင် ရိုက်ရာတွင် အသုံးပြုနိုင်ရန် အတွက် အင်္ကျီချွတ် ကာအောင်ပွဲ ခံခဲ့သည့် အတွက် ဝေဖန် မှုများနှင့် ရင်ဆိုင်ခဲ့ ရဖူးသည်။

'ကစားသမားတွေအနေနဲ့ ဂိုးသွင်းယူပြီးတဲ့ အချိန်မှာဖြစ်စေ၊ အခြားအချိန် မှာပဲဖြစ်စေပရိသတ်တွေ ဆူပူမှုဖြစ်အောင် လှုံဆော်ပေးတဲ့ ပုံစံတွေကို ကျွန်တော်တို့ အနေနဲ့   ဂရုစိုက်စောင့်ကြည့် သွားမှာပါ။ ဒီအပြုအမူတွေကို ပိတ်ပင်သွားမှာ ဖြစ်ပြီး ပွဲပယ်ပြစ်ဒဏ် အထိအရေး ယူသွား မှာဖြစ်ပါတယ်' ဟု  လာလီဂါဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဂျာဗီယာတီဘက်စ် ကပြောသည်။

Ref: Daily Mail

Mizzima

တိုက်စစ်မှူး ဒီယေဂိုကော်စတာ စပိန်အသင်း မှနုတ်ထွက်



တိုက်စစ်မှူး ဒီယေဂိုကော်စတာ စပိန်အသင်း မှနုတ်ထွက်
Written by  ဝေဘုန်းလူ

မက်ဒရစ်၊ မတ် ၂၅။     ။ ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာသည် တံကောက်ကြော ဒဏ်ရာရနေသောကြောင့် စပိန်လက်ရွေးစင် အသင်းမှနုတ်ထွက် ခဲ့ရသဖြင့် ယူကရိန်းနှင့် ကစားမည့်ယူရို ၂၀၁၄ ခြေစစ်ပွဲ၊ နယ်သာလန်နှင့် ကစားမည့်ခြေစမ်းပွဲ တို့ကိုလွဲချော် မည်ဖြစ်သည်။

အသက် ၂၆ နှစ် အရွယ်ရှိယင်း တိုက်စစ်မှူးသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဟားလ်စီးတီးကို ၃-၂ ဂိုးဖြင့်အနိုင် ရသည့်ပွဲတွင် ဒဏ်ရာရ ခဲ့ခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်း အတွက် ဂိုး ၂၀မြောက်ဂိုး ကိုသွင်းယူ ခဲ့သည့်ကော်စတာ သည်ပွဲပြီးရန် ၁၅ မိနစ်အလိုတွင် ရီမီနှင့်လူစားလဲ ခံခဲ့ရသည်။

ဒီယေဂိုကော်စတာ သည်ဆေးကုသ မှုခံယူရန် အတွက် စပိန်လေ့ကျင့်ရေး အစီအစဉ်မှ ချယ်လ်ဆီး အသင်းသို့ပြန် သွားပြီဖြစ်သည်ဟု စပိန်ဘောလုံး အဖွဲ့ချုပ် ကကြေညာ ထားသည်။

စပိန်လက်ရွေးစင် အသင်းနည်းပြ ဒယ်ဘော့စကေးသည် ဒီယေဂိုကော်စတာ ၏နေရာတွင် မာလာဂါအသင်းမှ အသက် ၂၁အရွယ် တိုက်စစ်မှူး ဟွမ်မီကိုအစား ထိုးရွေးချယ် ခဲ့သည်။

Ref: BBC

Mizzima

ပျက်ကျမည့်လေယဉ် တွင်လိုက်ပါ ရန်ငြင်းဆန်ခဲ့၍ ဆွီဒင်ကလပ် အသင်းအသက်ချမ်း သာရာရခဲ့



ပျက်ကျမည့်လေယဉ် တွင်လိုက်ပါ ရန်ငြင်းဆန်ခဲ့၍ ဆွီဒင်ကလပ် အသင်းအသက်ချမ်း သာရာရခဲ့
Written by  ဝေဘုန်းလူ

ဘော်လန်ဂီ၊ မတ် ၂၅။     ။ ပြင်သစ်နိုင်ငံတောင် ပိုင်းတွင် ပျက်ကျခဲ့သည့်  Germanwings လေကြောင်း လိုင်းမှ ခရီးစဉ် အမှတ် 4U9525နှင့် လိုက်ပါရန် စီစဉ် ထားသော်လည်းနောက် ဆုံးမိနစ်တွင်မှစိတ်ပြောင်း ခဲ့သောကြောင့် အသင်းသားများအသက်ဘေးမှ သီသီလေးလွတ်မြောက်ခဲ့သည်ဟု ဆွီဒင်ဘောလုံး ကလပ် အသင်းတစ်သင်း ကပြောကြား လိုက်သည်။

Lufthansa လေကြောင်းလိုင်းကြီး၏လက်အောက်ခံလေယာဉ်များသည် အင်္ဂါနံနက်ပိုင်းတွင် ဘာစီလိုနာမှ တစ်ချိန်တည်းပျံသန်းခဲ့ ကြပြီး ဆွီဒင် Division 1 ကလပ်ဒေါကတ်အသင်းမှ ဘောလုံးသမားများသည် လေယာဉ်သုံးစီးပေါ်တွင် လိုက်ပါခဲ့ကြသည်။

ယင်းအသင်း သည် မူလကခရီးစဉ်အမှတ် 4U9525 တွင်လိုက်ပါပြီး ဒက်ဆယ်ဒေါ့ဖ်သို့သွားရောက်ရန်စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင် အခြားလေယာဉ် သုံးစင်း ဖြင့်သာသွားရန် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

ဒေါကတ်အသင်း မှကစားသမား ၂၉ ဦးနှင့် ၀န်ထမ်းများသည် ၎င်းတို့၏လေယာဉ်ဆင်း သက်ချိန်တွင် ခရီးစဉ်အမှတ် 4U9525ပျက်ကျသည့် သတင်း ကိုကြားခဲ့ ရပြီး  နာရီအနည်းငယ် အကြာတွင်ခရီး သည်အားလုံးသေဆုံး သွားသည့် သတင်းကို ထပ်မံ ကြားသိ ခဲ့ရသည်။

လေယာဉ်ပျက်ကျမှုတွင် ကလေးငယ်နှစ်ဦး၊ ဂျာမန်အထက်တန်းကျောင်းမှ ဆယ်ကျော်သက် ၁၆ ဦးအပါ အ၀င်ခရီးသည် ၁၄၄ ဦးအပြင်လေယာဉ် အမှုထမ်း ၆ ဦး၊ စုစုပေါင်း ၁၅၀ ဦးသေဆုံး ခဲ့ရသည်။ လေယာဉ်အမှတ် A320 သည်ပြင်သစ်တောင် ပိုင်း အဲလပ်စ်တောင်တန်းဒေသ၌ ပျက်ကျသွား ခဲ့ခြင်းဖြစ်သည်။

"ပထမတော့ကျွန်တော်တို့ အဲဒီလေယာဉ်နဲ့လိုက် သွားဦးမလို့ပဲ။ ခရီးသည်တွေ အားလုံးနဲ့အတူ စာရင်းလဲသွင်းပြီးနေပြီ။ တကယ့်ကို မယုံနိုင် စရာပါပဲ။ ဘာစီလို နာလေဆိပ် ကိုရောက်တဲ့ အခါလေယာဉ်လေး စင်းတစ်ပြိုင် တည်းထွက်မယ် လို့သိရတယ်။ ဒါနဲ့ပဲ ကျွန်တော်တို့က ကျန်တဲ့သုံးစီး နဲ့လိုက်ခဲ့ လိုက်တယ်။

ကံကောင်းလို့ အသက်ဘေးကလွတ် ခဲ့တာပါ"ဟုဒေါကတ် အမှုဆောင်ချုပ် အဒီလ်ကစ်ဇေးလ် ကပြော သည်။ ၂၀၀၄ ခုနှစ်တွင် စတင်တည်ထောင် ခဲ့သောဒေါ ကတ်အသင်းမှာ ဆွီဒင်တွင်တတိယ တန်းအဆင့်ရှိ Division 1ပြိုင်ပွဲဝင် ကလပ် အသင်းဖြစ်ပြီး ဘာစီလိုနာတွင် တစ်ပတ်ကြာ သွားရောက်လေ့ကျင့် ပြီးပြန်လာ ခဲ့ခြင်းဖြစ်သည်။


Ref: Daily Mail

Mizzima

Tuesday, March 24, 2015

ဒေါ့တ်မန်ကို ဟမ်မဲလ်စ် စွန့်ခွာဖွယ်ရှိနေခြင်းက ယူနိုက်တက်အတွက် တွန်းအားဖြစ်လာ



ဒေါ့တ်မန်ကို ဟမ်မဲလ်စ် စွန့်ခွာဖွယ်ရှိနေခြင်းက ယူနိုက်တက်အတွက် တွန်းအားဖြစ်လာ

မန်ချက်စတာ ယူနိုက်တက်၏ ကာလရှည်ကြာ ပစ်မှတ်ဖြစ်ခဲ့သူ မတ်စ်ဟမ်မဲလ်စ်သည် လက်ရှိကလပ် ဘိုရပ်ရှားဒေါ့တ်မန်ကို စွန့်ခွာရန် ဆုံးဖြတ်လိုက်ပြီဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

ဂျာမန်လက်ရွေးစင် ဗဟိုနောက်ခံလူအတွက် ကာလရှည်ကြာ စောင့်ဆိုင်းခဲ့ရသည့် အင်္ဂလန် အသင်းအနေဖြင့် ယခုသတင်းများအရ နွေရာသီတွင် ခြေတစ်လှမ်းတိုးရန် တွန်းအားတစ်ရပ် ရရှိလာပြီ ဖြစ်သည်။ ဂျာမန် ကလပ်အနေဖြင့် ၎င်းတို့၏ ကစားသမားကို ဆက်လက်ထိန်းသိမ်းထားရန် မလွယ်တော့ကြောင်း နားလည်လာသည့်နောက် မြင့်မားသည့် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ရောင်းထုတ်ဖွယ် ရှိနေကြောင်းလည်း Daily Mailက ဖော်ပြခဲ့သည်။ ဒေါ့တ်မန်သည် အသက်(၂၆)နှစ်အရွယ် ကစားသမားအတွက် ပေါင်စတာလင် (၃၆)သန်းမျှ တောင်းဆိုဖွယ် ရှိနေသည်။

ယူနိုက်တက်သည် လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိလာပါက အပြောင်းအရွှေ့ ဈေးကွက်တွင် ငွေကြေးအလုံးအရင်း သုံးစွဲပြီး အင်အားဖြည့်တင်းမှုများ လုပ်ဆောင်လာဖွယ် ရှိနေသည်။ ဟမ်မဲလ်စ်သည် ဘွန်းဒစ်လီဂါနှင့် ချန်ပီယံလိဂ်တို့တွင် ယခုရာသီ ဒေါ့တ်မန်အသင်း ကျဆုံးမှုများနှင့် ကြုံတွေ့ခဲ့သည့်နောက် ရာသီကုန်တွင် စိန်ခေါ်မှု အသစ်များအတွက် အသင်းကို စွန့်ခွာမည့် အလားအလာ ရှိနေသည်။ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ် အနေဖြင့် ဒေါ့တ်မန်၏ ခေါ်ဈေးအတိုင်း ဟမ်မဲလ်စ်အတွက် ပြောင်းရွှေ့ကြေး ပေးချေရန် လိုလားဖွယ် မရှိသော်လည်း ကစားသမားအတွက် ဈေးနှုန်းညှိနှိုင်း ဆွေးနွေးရန် အသင်းမှ တာဝန်ရှိသူများကို တောင်းဆိုဖွယ် ရှိနေသည်။

ဒေါ့တ်မန်နှင့် ယူနိုက်တက်တို့သည် ကစားသမား အရောင်းအဝယ်နှင့် ပတ်သက်၍ ယခင်ကတည်းက အချိတ်အဆက် ရှိခဲ့ပြီး ဒေါ့တ်မန် ကွင်းလယ်လူ ရှင်ဂျီကာဂါဝါသည် ယူနိုက်တက်သို့ ပြောင်းရွှေ့ပြီး ထိုမှတစ်ဆင့် အသင်းဟောင်းသို့ ပြန်လည် ကူးပြောင်းခဲ့ဖူးသည်။ ဒေါ့တ်မန် အသင်းခေါင်းဆောင် ဟမ်မဲလ်စ်ကို ယူနိုက်တက် မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန် လက်ထက်ကတည်းက စောင့်ကြည့်နေခဲ့ခြင်းဖြစ်ပြီး နွေရာသီတွင် လက်တွေ့ခေါ်ယူရန် ဗန်ဂါးလ်အနေဖြင့် အရှိန်မြှင့်လာဖွယ် ရှိနေကြောင်း သိရှိရသည်။

Soccer Myanmar