Pages

Subscribe:

Tuesday, March 24, 2015

ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရန် အကြံပြုမှုများကို ငြင်းဆိုခဲ့ဟု ကာကာဖွင့်ဟ



ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရန် အကြံပြုမှုများကို ငြင်းဆိုခဲ့ဟု ကာကာဖွင့်ဟ

အသင်းဖော်ဟောင်း နှစ်ဦး၏ အကြံပြုမှုများကို မျက်ကွယ်ပြုပြီး ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရန် ကိစ္စကို မေ့ဖျောက်ခဲ့ကြောင်း အော်လန်ဒိုစီးတီး ကွင်းလယ်လူ ရီကာဒို ကာကာက ဖွင့်ဟခဲ့သည်။

(၂၀၀၇)ခုနှစ်၏ အကောင်းဆုံး ဘောလုံးသမား ဆုရှင်သည် အေစီမီလန်နှင့် ရီးယဲလ်မက်ဒရစ်တို့ကဲ့သို့ အသင်းများတွင် ပါဝင် ကစားခဲ့ဖူးပြီး လတ်တလောတွင်မူ အမေရိကန် မေဂျာလိဂ် ကလပ်အသင်း၌ အထိုင်ကျ ခြေစွမ်းပြလျက် ရှိသည်။ အသက်(၃၂)နှစ်မျှသာ ရှိသေးသော်လည်း ကာကာ၏ ဘောလုံးသမား ဘဝသည် နေဝင်ချိန် ရောက်ရှိနေပြီဟု ခန့်မှန်းမှုများ ထွက်ပေါ်နေသည့်တိုင် ကစားသမားကမူ အော်လန်ဒိုတွင် အကောင်းဆုံး ကစားရင်း တစ်ကျော့ပြန် ဘရာဇီးလ် လက်ရွေးစင် ဖြစ်လာရန်ထိ မျှော်မှန်းထားကြောင်း သိရသည်။

ကာကာသည် လက်ရှိ ချယ်လ်ဆီးကွင်းလယ်လူ အော်စကာနှင့် လက်ရွေးစင် အသင်းတွင်လည်းကောင်း၊ အာဆင်နယ် ကွင်းလယ်လူ မီဆွတ်အိုဇေးလ်နှင့် ရီးယဲလ်တွင်လည်းကောင်း တွဲဖက် ကစားခဲ့ဖူးသည်။ ၎င်းက “သူတို့က ကျွန်တော့်ကို စကြပါတယ်။ ချယ်လ်ဆီး၊ အာဆင်နယ်တို့နဲ့အတူ ပရီးမီးယားလိဂ်မှာ ကစားဖို့ပါ။ ဒါပေမဲ့ ကျွန်တော် ကိုယ်တိုင်ကတော့ အော်လန်ဒိုမှာပဲ ပျော်နေပါတယ်”ဟု ဆိုသည်။ ၎င်းက ဘရာဇီးလ် လက်ရွေးစင် အသင်းတွင် နည်းပြ ဒွန်ဂါ၏ ဖိတ်ခေါ်မှုကို ခံရပါက ပြန်လည် ကိုယ်စားပြုပေးရန် အစဉ် ဆန္ဒရှိနေကြောင်းလည်း ဖွင့်ဟခဲ့သည်။

“(၃)နှစ်ခွဲလောက် ကြာခဲ့ပြီ။ တကယ်လို့ ဒွန်ဂါက ကျွန်တော့်ကို လိုအပ်မယ်ဆိုရင် လက်ရွေးစင် အသင်းအတွက် ပြန်ကစားပေးဖို့ အသင့်ပါပဲ။ ဒီအတွေးဟာ ကျွန်တော့်အတွက်တော့ တကယ့် စိတ်ဓာတ်ရေးရာ မြှင့်တင်မှုလည်း ဖြစ်ပါတယ်”ဟု ကာကာက ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment