Pages

Subscribe:

Saturday, March 21, 2015

ခြေစွမ်းပိုင်း ရုန်းကန်နေရမှုကြောင့် ဖယ်ကာအို တစ် ယောက် ငိုကြွေးခဲ့ကြောင်း သူ၏ အေးဂျင့်ဟောင်း မှ ထုတ်ဖော် ပြောကြား



ခြေစွမ်းပိုင်း ရုန်းကန်နေရမှုကြောင့် ဖယ်ကာအို တစ်
ယောက် ငိုကြွေးခဲ့ကြောင်း သူ၏ အေးဂျင့်ဟောင်း မှ
ထုတ်ဖော် ပြောကြား
-----------------------------------------------------
........ မိုနာကို မှ ယူနိုက်တက် သို့ အငှါးဖြင့် ပြောင်းရွှေ့
ရောက်ရှိလာကတည်းက ပုံမှန်ခြေစွမ်း ပြန်ရရန် ရုန်းကန်
နေရသည့် ကိုလံဘီယာ ဂိုးသွင်းစက် ဖယ်ကာအို တစ်
ယောက် ငိုကြွေးခဲ့ကြောင်း သူ၏ အေးဂျင့်ဟောင်း ဖြစ်
သူ ဆဲလ်ဗာနို ကို ထုတ်ဖော်ပြောကြားလိုက်သည်။
........ ဖယ်ကာအို သည် ယူနိုက်တက် သို့ ရောက်ရှိ
လာကတည်းက ၁၈ ပွဲ တွင် ၄ ဂိုးသာ သွင်းယူနိုင် ခဲ့
သဖြင့် ပြင်းထန်သော ဝေဖန်မှု များဖြင့် ကြုံတွေ့နေရ
သည်။ ခြေစွမ်းပျောက်ဆုံးနေသည့် ဖယ်ကာအို အား
ယူနိုက်တက် နည်းပြကြီး ဗန်ဂါးလ် မှ အသင်း၏ အရံ
အသင်း နဲ့ ပူးပေါင်း လေ့ကျင့်စေခဲ့ ကြောင်းလည်း သိ
ရသည်။
......... ၄င်း၏ ကစားသမားဟောင်း နဲ့ ပတ်သက်ပြီး
အေးဂျင့် ဆဲလ်ဗာနို က
.. " ကျနော် တို့ စကားတွေ အများကြီးပြောဖြစ် ခဲ့ကြ
ပါတယ်။ ယူနိုက်တက် မှာ သူ ပျော်ရွှင်နေတယ် လို့
တော့ ကျနော် မပြောလိုပါဘူး။ ဘာလို့ ဆို သူ တကယ်
ပျော်ရွှင် နေတာ မဟုတ်လို့ပါပဲ ။ ကျနော်တို့ စကားတွေ
အများကြီး ပြောဖြစ်ခဲ့ကြသလို အတူတကွ ငိုကြွေးခဲ့
ကြပါတယ် "
.." ကစားသမား တစ်ယောက်ဟာ ပုံမှန် ကစားချင်
သလို တိုက်စစ်မှူး တစ်ယောက်ဟာလည်း ပုံမှန် ဂိုး
သွင်းချင်ပါတယ် ။ ဒါပေမယ့် ခုအချိန်မှာတော့ သူဟာ
ဂိုးတွေ ပုံမှန် မသွင်းနိုင်ပါဘူး။ ဒါကတော့ ကစားသမား
တစ်ယောက် အတွက် ဖြစ်ရိုးဖြစ်စဉ် ပုံမှန် အခြေအနေ
ပါပဲ ။ တိုက်စစ်မှူး တစ်ယောက် ဂိုးမသွင်းနိုင် ရင် ဝေဖန်
ခံရပြီး ဖိအားဒါဏ် အောက်ကို ရောက်သွားတတ်ပါ
တယ် ။ ဒါပေမယ့် ဒီအခြေ အနေကို ကျော်ဖြတ်ဖို့ လက်
ရှိ ဆိုရွားနေတဲ့ ခြေစွမ်းကို ချေဖျက်ဖို့ သူ့ အနေနဲ့ အချိန်
တစ်ဖြည်းဖြည်း ယူပြီး ကြိုးစားရပါမယ် " ဟု ပြောကြား
သွားခဲ့သည်။ ( goal.com )
‪#‎ဝိုင်း‬

Football Cafe

0 comments:

Post a Comment