Pages

Subscribe:

Sunday, March 29, 2015

မန်ချက်စတာယူနိုက်တက်တွင် ဗဲဒက်စ် ပွဲကစားခွင့်ရသည်ကို တွေ့မြင်လိုကြောင်း ဒယ်ဘော့စကေး ဆို



မန်ချက်စတာယူနိုက်တက်တွင် ဗဲဒက်စ် ပွဲကစားခွင့်ရသည်ကို တွေ့မြင်လိုကြောင်း ဒယ်ဘော့စကေး ဆို

မန်ချက်စတာယူနိုက်တက် ဂိုးသမား ဗစ်တာဗဲဒက်စ် အနေဖြင့် အသင်းတွင် ပွဲကစားခွင့် ရရှိသည်ကို တွေ့မြင်လိုကြောင်း ဗင်းဆင့်တေး ဒယ်ဘော့စကေးက ဝန်ခံပြောကြားလိုက်သည်။

စပိန် ဂိုးသမားသည် ဇန်နဝါရီလက လူးဝစ်ဗန်ဂါးလ်၏ အသင်းသို့ ၁၈ လစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သော်လည်း ယူနိုက်တက် စီနီယာအသင်းတွင် ပါဝင်ကစားရခြင်း မရှိသေးပေ။
ထို့နောက် စပိန်အသင်း နည်းပြက အသက် ၃၃ နှစ်အရွယ် ဂိုးသမားအနေဖြင့် ပွဲကစားခွင့် ပိုမိုရရှိသည်ကို တွေ့မြင်လိုကြောင်း ဆိုခဲ့သည်။

“သူက လေ့ကျင့်ခန်းပဲ လုပ်နေတယ်လို့ သိထားပါတယ်။ သူက ယူနိုက်တက်မှာ အရန်ဂိုးသမား အနေနဲ့ပဲ ရှိနေပါတယ်။ စပိန်မှာ စိတ်လှုပ်ရှားစရာတွေ ပြုလုပ်ခဲ့တဲ့ သူ့အနေနဲ့ ပွဲကစားခွင့်ရဖို့ ဆန္ဒပြုပါတယ်။ ဒီအသက်အရွယ်မှာ သူ့အနေနဲ့ အမြဲတမ်း တက်ကြွနေဖို့လိုပါတယ်။ ဒါကြောင့် သူ့အနေနဲ့ အရန်ခုံမှာ ထိုင်နေတာထက် ပွဲကစားခွင့်ရဖို့ လိုပါတယ်” ဟု စပိန်အသင်း နည်းပြ ဒယ်ဘော့စကေးက ပြောကြားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment