Pages

Subscribe:

Tuesday, March 24, 2015

ဒေါ့တ်မန်ကို ဟမ်မဲလ်စ် စွန့်ခွာဖွယ်ရှိနေခြင်းက ယူနိုက်တက်အတွက် တွန်းအားဖြစ်လာ



ဒေါ့တ်မန်ကို ဟမ်မဲလ်စ် စွန့်ခွာဖွယ်ရှိနေခြင်းက ယူနိုက်တက်အတွက် တွန်းအားဖြစ်လာ

မန်ချက်စတာ ယူနိုက်တက်၏ ကာလရှည်ကြာ ပစ်မှတ်ဖြစ်ခဲ့သူ မတ်စ်ဟမ်မဲလ်စ်သည် လက်ရှိကလပ် ဘိုရပ်ရှားဒေါ့တ်မန်ကို စွန့်ခွာရန် ဆုံးဖြတ်လိုက်ပြီဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

ဂျာမန်လက်ရွေးစင် ဗဟိုနောက်ခံလူအတွက် ကာလရှည်ကြာ စောင့်ဆိုင်းခဲ့ရသည့် အင်္ဂလန် အသင်းအနေဖြင့် ယခုသတင်းများအရ နွေရာသီတွင် ခြေတစ်လှမ်းတိုးရန် တွန်းအားတစ်ရပ် ရရှိလာပြီ ဖြစ်သည်။ ဂျာမန် ကလပ်အနေဖြင့် ၎င်းတို့၏ ကစားသမားကို ဆက်လက်ထိန်းသိမ်းထားရန် မလွယ်တော့ကြောင်း နားလည်လာသည့်နောက် မြင့်မားသည့် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ရောင်းထုတ်ဖွယ် ရှိနေကြောင်းလည်း Daily Mailက ဖော်ပြခဲ့သည်။ ဒေါ့တ်မန်သည် အသက်(၂၆)နှစ်အရွယ် ကစားသမားအတွက် ပေါင်စတာလင် (၃၆)သန်းမျှ တောင်းဆိုဖွယ် ရှိနေသည်။

ယူနိုက်တက်သည် လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိလာပါက အပြောင်းအရွှေ့ ဈေးကွက်တွင် ငွေကြေးအလုံးအရင်း သုံးစွဲပြီး အင်အားဖြည့်တင်းမှုများ လုပ်ဆောင်လာဖွယ် ရှိနေသည်။ ဟမ်မဲလ်စ်သည် ဘွန်းဒစ်လီဂါနှင့် ချန်ပီယံလိဂ်တို့တွင် ယခုရာသီ ဒေါ့တ်မန်အသင်း ကျဆုံးမှုများနှင့် ကြုံတွေ့ခဲ့သည့်နောက် ရာသီကုန်တွင် စိန်ခေါ်မှု အသစ်များအတွက် အသင်းကို စွန့်ခွာမည့် အလားအလာ ရှိနေသည်။ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ် အနေဖြင့် ဒေါ့တ်မန်၏ ခေါ်ဈေးအတိုင်း ဟမ်မဲလ်စ်အတွက် ပြောင်းရွှေ့ကြေး ပေးချေရန် လိုလားဖွယ် မရှိသော်လည်း ကစားသမားအတွက် ဈေးနှုန်းညှိနှိုင်း ဆွေးနွေးရန် အသင်းမှ တာဝန်ရှိသူများကို တောင်းဆိုဖွယ် ရှိနေသည်။

ဒေါ့တ်မန်နှင့် ယူနိုက်တက်တို့သည် ကစားသမား အရောင်းအဝယ်နှင့် ပတ်သက်၍ ယခင်ကတည်းက အချိတ်အဆက် ရှိခဲ့ပြီး ဒေါ့တ်မန် ကွင်းလယ်လူ ရှင်ဂျီကာဂါဝါသည် ယူနိုက်တက်သို့ ပြောင်းရွှေ့ပြီး ထိုမှတစ်ဆင့် အသင်းဟောင်းသို့ ပြန်လည် ကူးပြောင်းခဲ့ဖူးသည်။ ဒေါ့တ်မန် အသင်းခေါင်းဆောင် ဟမ်မဲလ်စ်ကို ယူနိုက်တက် မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန် လက်ထက်ကတည်းက စောင့်ကြည့်နေခဲ့ခြင်းဖြစ်ပြီး နွေရာသီတွင် လက်တွေ့ခေါ်ယူရန် ဗန်ဂါးလ်အနေဖြင့် အရှိန်မြှင့်လာဖွယ် ရှိနေကြောင်း သိရှိရသည်။

Soccer Myanmar

0 comments:

Post a Comment