Pages

Subscribe:

Saturday, March 21, 2015

ဆန်းချက်စ် ပွဲပန်း မှု ဒဏ် ကို ခံစားနေရ



ဆန်းချက်စ် ပွဲပန်း မှု ဒဏ် ကို ခံစားနေရ

အာဆင်နယ် နည်းပြ အာဆင်ဝင်းဂါး သည် ချီလီကစားသမား ရဲ့ ပွဲပန်းမှုကြောင့် ခြေစွမ်းကျဆင်းနေမှု ကို စိုးရိမ်နေပြီး ပွဲတိုင်းက အရေးကြီးနေသဖြင့် ဒီချီလီကစား သမား ဆန်းချက်စ် ကို ဘယ်အချိန် အနားပေးရမည်ကို မသိကြောင်း၊ သူ့ကို အနားပေးဖို့ ဆုံးဖြတ်ချက်ချဖို့ တုံ့ဆိုင်းနေရကြောင်း အာဆင်ဝင်းဂါး က ဝန်ခံပြောကြားလိုက်ပါတယ်။

ဆန်းချက်စ် သည် ဘာစီလိုနာ အသင်းမှ ပေါင် ၃၂ သန်း ဖြင့် ပြောင်းရွှေ့လာပြီးချိန်မှစ၍ ပရီးမီးယားလိဂ် ၄ ပွဲသာ ပါဝင် မကစားခဲ့ပဲ အာဆင်နယ် အတွက် ကျန်ပွဲအားလုံးကစား ခဲ့ကာ မိနစ်ပေါင်း ၃၁၀၀ ကျော်ပါဝင်ကစားပေးခဲ့ပါတယ်။

ဒီဇင်ဘာလကုန်အထိ အသင်း အတွက် ၁၅ ဂိုး သွင်းယူပေးနိုင်ခဲ့ပေမဲ့ ၂၀၁၅ မှာတော့ ဒီ ၂၆ နှစ်သား ဟာ ၄ ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပါတယ်။ အာဆင်ဝင်းဂါး ကတော့ သူ့ ကစားသမားရဲ့ ခြေစွမ်းကျဆင်းနေမှု ကို စိုးရိမ်နေပါတယ်။

"သူခြေစွမ်း အနည်းငယ်ကျဆင်းနေပြီး ဂိုးသွင်းယူနိုင်မှုလည်း ကျဆင်းခဲ့ပါတယ်၊ သူဟာပွဲတိုင်း ပါဝင်ကစားဖို့ ဆန္ဒရှိနေပြီး တဲ့နောက်မှာ သူဟာ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်ဖို့အတွက် အပြင်းအထန်ကြိုးစားခဲ့ပါတယ်၊ ဂိုးသွင်းယူနိုင်ဖို့ သူ့စိတ်ထဲမှာ အမြဲရှိနေပါတယ်၊ အဲဒါကြောင့် သူအလုပ် အများကြီး လုပ်ပြီး သူဟာ ပွဲတွေကစားနိုင်ဖို့ ဖိအားပေးဖို့ ဆန္ဒရှိနေသူဖြစ်ပါတယ်၊ အချိန်အတော်ကြာကတည်းက သူ့ကို တချို့ပွဲတွေမှာ အနားပေးဖို့ စီစဉ်ခဲ့ပါတယ်၊ သူအဲဒါကို လက်မခံခဲ့ပါဘူး၊ ဒါကို ကျွန်တော်ဆုံးဖြတ်ချက်ချရပါတော့မယ်၊ ခုချိန်မှာတော့ ပွဲတိုင်းက အလွန်အရေးကြီးနေပြီဆို ဒီဟာကိုလုပ်ဖို့ သင့်ရဲ့ဆုံးဖြတ်ချက်တွေ နှောင့်နှေးနေမှာပါ" လို့ အာဆင်ဝင်းဂါးကပြောကြားခဲ့ကြောင်းသိရပါတယ်။

#KS

Football Cafe

0 comments:

Post a Comment