Pages

Subscribe:

Sunday, March 29, 2015

နယ်သာလန်အသင်းအား မည်ကဲ့သို့ ပြုပြင်ပြောင်းလဲရမည်ကို မသိရှိသေးကြောင်း ဟစ်ဒင့် ဝန်ခံ



နယ်သာလန်အသင်းအား မည်ကဲ့သို့ ပြုပြင်ပြောင်းလဲရမည်ကို မသိရှိသေးကြောင်း ဟစ်ဒင့် ဝန်ခံ

ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် အိမ်ကွင်း၌ တူရကီအသင်းနှင့် တစ်ဂိုးစီ သရေကျခဲ့ပြီးနောက် နယ်သာလန်အသင်း၏ လက်ရှိ ပြဿနာများအား မည်ကဲ့သို့ ဖြေရှင်းရမည်ကို မသိရှိသေးကြောင်း ဂူးဟစ်ဒင့်က ဝန်ခံပြောကြားလိုက်သည်။

နယ်သာလန်သည် တူရကီနှင့် သရေကျခဲ့ပြီးနောက် Group A တွင် အုပ်စုထိပ်မှ ချက်အသင်း၏နောက် ၆ မှတ်အကွာတွင် ရပ်တည်ခဲ့ပြီး မိမိ၏ အသင်းသည် ဥရောပ၏ အကောင်းဆုံးအသင်း တစ်သင်း မဟုတ်ကြောင်း ဟစ်ဒင့်က ဆိုခဲ့သည်။

“ဒီအသင်းကို အကောင်းဆုံး ဖြစ်အောင် ကျွန်တော် လုပ်နိုင်ပါတယ်။ အခုအချိန်မှာတော့ ဘယ်လိုလုပ်ရမလဲဆိုတာကို ကျွန်တော် မသိသေးပါဘူး။ ဒီပွဲက ကျွန်တောတို့အတွက် ပွဲကောင်းတစ်ပွဲ မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ ရလဒ်အပေါ် ကျေနပ်မိပါတယ်။ အဆုံးသတ်မှာ အရေးပါတဲ့ သရေပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကြီးကြီးကျယ်ကျယ်တွေ ပြောမနေသင့်ပါဘူး။ ဘာလို့လဲဆိုတော့ အသင်းက ဥရောပရဲ့ ထိပ်တန်းအသင်းတစ်သင်း မဟုတ်တဲ့အတွက်ပါ။ ဘရာဇီးလ် ကမ္ဘာ့ဖလားမှာ တတိယနေရာ ရခဲ့တာ သိပ်ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ရလဒ်ကို ကြည့်သင့်ပါတယ်။ ဒါက လက်တွေ့ကျတဲ့ အချက်ပါ” ဟု ဟစ်ဒင့်က ပြောကြားခဲ့သည်။

ဟစ်ဒင့်၏ အသင်းသည် အာဂျန်ရော်ဘင်နှင့် ရော်ဘင်ဗန်ပါစီတို့ မပါဝင်ဘဲ ကစားခဲ့ရသော်လည်း အမ်စတာဒမ်ကွင်းတွင် ကစားခဲ့သည့် ခြေစွမ်းအတွက် ဆင်ခြေပေးရန် မရှိကြောင်း ရှနိုက်ဒါက ဆိုခဲ့သည်။

“ပွဲစကတည်းက ကျွန်တော်တို့က အနိုင်ရဖို့ ကစားခဲ့တာပါ။ ဘောလုံးပိုင်ဆိုင်မှုမှာ ကျွန်တော်တို့က စိုးမိုးနိုင်ခဲ့သလို အခွင့်အရေး အချို့ကိုလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်ဖက်အသင်းက သူတို့ ရခဲ့တဲ့ အခွင့်အရေးကောင်းတစ်ခုကနေ ဂိုးသွင်းသွားခဲ့ပါတယ်။ ကျွန်တော်တို့က လုံလောက်တဲ့ အခွင့်အရေး မရခဲ့ပါဘူး။ ဒါပေမဲ့ နာကျင်အချိန်ပိုမှာ ချေပဂိုး သွင်းနိုင်ခဲ့တဲ့အတွက် ကျွန်တော် စိတ်သက်သာရာ ရမိပါတယ်။ ဒုတိယပိုင်းမှာလည်း ကျွန်တော်တို့က ပွဲကို စိုးမိုးနိုင်ခဲ့ပါတယ်။ အသင်းရဲ့ ခြေစွမ်းက မဆိုးခဲ့ပေမယ့် မကောင်းခဲ့ပါဘူး။ ဒီရလဒ်အတွက် နည်းပြအပေါ် အပြစ်တင်လို့ မရပါဘူး။ ရော်ဘင် ဗန်ပါစီနဲ့ အာဂျန်ရော်ဘင် မကစားနိုင်တာကိုလည်း ဆင်ခြေပေးလို့ မရပါဘူး” ဟု ရှနိုက်ဒါက ပြောကြားသွားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment