Pages

Subscribe:

Monday, March 30, 2015

လီဗာပူးလ်နှင့် စာချုပ်သစ် ချုပ်ဆိုရန် မည်သည့် ပြဿနာမျှ မရှိဟု ဟန်ဒါဆင် ပြောကြား



လီဗာပူးလ်နှင့် စာချုပ်သစ် ချုပ်ဆိုရန် မည်သည့် ပြဿနာမျှ မရှိဟု ဟန်ဒါဆင် ပြောကြား

လီဗာပူးလ် ကွင်းလယ်လူ ယော်ဒန် ဟန်ဒါဆင်က မိမိအနေဖြင့် အသင်းနှင့် စာချုပ်သက်တမ်း တိုးမြှင့်ရန် အလေးအနက် လိုလားကြောင်း အရိပ်အမြွက် ပြောဆိုလိုက်သည်။

အင်္ဂလန် လက်ရွေးစင် ကစားသမား၏ စာချုပ်သည် တစ်နှစ်သာ သက်တမ်း ကျန်ရှိတော့သည်။ အန်းဖီးလ်၏ လက်ရှိ ခြေစွမ်းအပေါ်လွင်ဆုံး ကစားသမားတစ်ဦး ဖြစ်နေပြီး စတီဗင်ဂျရတ် ဒဏ်ရာရနေချိန်တွင် အသင်းခေါင်းဆောင် တာဝန်ကို ရယူထားသည့် ဟန်ဒါဆင်က မိမိသည် စာချုပ်သစ်နှင့် ပတ်သက်၍ စိတ်ပူပန်မှု တစ်စုံတစ်ရာ မရှိဟု ဆိုသည်။ “လီဗာပူးလ်အတွက် ကစားပေးနေရတာကို ကျွန်တော် ချစ်မြတ်နိုးပါတယ်။ ပြီးတော့ အသင်းမှာ နောက်ထပ် နှစ်ပေါင်းများစွာ ကျွန်တော် ဆက်နေချင်သေးတယ်”ဟု ဟန်ဒါဆင်က ပြောကြားခဲ့သည်။

၎င်းက “ကျွန်တော့် စာချုပ်သစ်နဲ့ ပတ်သက်ပြီး ကြီးကြီးမားမား ပုံကြီးချဲ့မှုတွေ ရှိနေမယ်လို့ လူတိုင်းက ထင်နေတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒီကိစ္စကို အသင်းနဲ့ အေးဂျင့်ကိုပဲ လွှဲပေးထားတယ်။ လိုအပ်တာ မှန်သမျှကို အေးဂျင့်ကပဲ ညှိနှိုင်းလိမ့်မယ်။ ကျွန်တော့်အတွက် အဓိက အရေးကြီးတာကတော့ ကလပ်အသင်းနဲ့ လက်ရွေးစင် အသင်းအတွက် အကောင်းဆုံး ကစားပေးနေဖို့ပဲ ဖြစ်ပါတယ်”ဟု မှတ်ချက်ပြုခဲ့သည်။ အသက်(၂၄)နှစ်ရှိ ကစားသမားက လီဗာပူးလ်သည် အနာဂတ်တွင် အောင်မြင်မှုများ ရရှိလာအောင် လမ်းကြောင်းမှန်မှန် တည်ဆောက်နေနိုင်ကြောင်းလည်း ယုံကြည်နေသည်။

“လီဗာပူးလ်မှာက အရည်အသွေးမြင့် ကစားသမားတွေ ပိုင်ဆိုင်ထားတာပါ။ တကယ့်ကို အပျံစား ကစားသမားတွေ၊ အလားအလာ ရှိသူတွေလို့ ဆိုနိုင်ပါတယ်။ ကျွန်တော်တို့ဟာ နုပျိုတဲ့ အသင်းတစ်ခုပါ။ ရှေ့လျှောက် အလားအလာကောင်းတွေ အများကြီး ပိုင်ဆိုင်ထားတယ်။ ကျွန်တော်တို့ ဆုဖလားတွေ အများကြီး ရယူသွားချင်ပါတယ်။ လက်တွေ့လည်း လုပ်နိုင်မယ်လို့ ခံစားမိပါတယ်”ဟုလည်း ဟန်ဒါဆင်က ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment