Pages

Subscribe:

Thursday, March 19, 2015

လက်စွမ်းပြခဲ့သည့် မန်စီးတီး ဂိုးသမား ဟတ်ကို ဘာစီလိုနာ နည်းပြ အန်ရီကေး ချီးကျူး



လက်စွမ်းပြခဲ့သည့် မန်စီးတီး ဂိုးသမား ဟတ်ကို ဘာစီလိုနာ နည်းပြ အန်ရီကေး ချီးကျူး

မန်ချက်စတာ စီးတီးအသင်း အတွက် အထူးတလည် လက်စွမ်းပြခဲ့သည့် ဂိုးသမား ဂျိုးဟတ်ကို ဘာစီလိုနာနည်းပြ လူးဝစ် အန်ရီကေးက အလေးအနက် ချီးကျူးစကား ပြောကြားခဲ့သည်။
အင်္ဂလန် လက်ရွေးစင် ဟတ်သည် ဘာစီလိုနာကို နှစ်ကျော့ပေါင်း (၃-၁)ဖြင့် အရေးနိမ့်ခဲ့သည့် နှစ်ပွဲစလုံးတွင် လက်စွမ်းပြခဲ့ပြီး အထူးသဖြင့် နူးကမ့်တွင် (၁-၀)ဖြင့် ရှုံးခဲ့သည့် ဒုတိယအကျော့ အဝေးကွင်း ပွဲစဉ်တွင် ပြောင်မြောက်သော ကာကွယ်မှုများ ပြုလုပ်ပြ ခဲ့သည်။ အိုင်ဗန် ရာကီတစ်၏ သွင်းဂိုးကို ခွင့်ပြုခဲ့ ရသည့်တိုင် အံ့ဩ အထင်ကြီးလောက် စရာ လက်စွမ်းမျိုးဖြင့် မန်စီးတီး ဂိုးပေါက်ကို အကာအကွယ် ပေးသွားသည့် ဟတ်ကို စပိန်သားနည်းပြ အန်ရီကေးက လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြု ချီးကျူးခဲ့သည်။
“ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီးမှ အများကြီး ရခဲ့တယ်။ ဒီလိုပွဲမျိုးမှာ အဲဒီအနေအထားက သာမန် မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အဆုံးသတ်ပိုင်းမှာ နည်းနည်း အားနည်း သွားခဲ့တယ်။ နောက်တစ်ချက်က ဟတ်ကို မချီးကျူးလို့ မရဘူး။ တကယ်ဆို ဒီပွဲကို အခုထက် သက်တောင့်သက်သာ အနိုင် ရသင့်တာ။ ကျွန်တော်တို့ အခွင့်အရေးကောင်းတွေ အများကြီး ရခဲ့တာလေ။ မန်စီးတီးဟာ သူတို့ရဲ့ ပုံမှန် ကစားပုံ အတိုင်း ပွဲထွက် လာမယ်လို့ ကျွန်တော် မျှော်လင့် ခဲ့ပြီးသားပါ။ တကယ်ဆို ပွဲအစပိုင်း ကတည်းက ကျွန်တော်တို့ ရသမျှ အခွင့်အရေးတွေကို အသုံး ချနိုင်ရင် အဖြေက အစောကြီး ပြတ်သားနေမှာပါ” ဟု အန်ရီကေးက ဆိုသည်။
၎င်းက နူးကမ့်တွင် အကောင်းဆုံး ကစားခဲ့သည့် အသင်း၏ စွမ်းဆောင်ရည်အတွက် အားရမိကြောင်းလည်း ပြောကြားခဲ့သည်။ အန်ရီကေးက “ကျွန်တော်တို့ လိုချင်တဲ့ အခြေအနေကို လက်တွေ့ရခဲ့ပြီ။ နောက်တစ်ဆင့်ကို တက်နိုင်ခဲ့ပြီ။ အသင်းရဲ့ ကစားပုံ အတွက် ကျွန်တော် အရမ်း ပျော်ရွှင်ပါတယ်။ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့ခြင်းက ဒီရာသီ လက်ကျန်ပွဲတွေ အတွက် အားတက်စရာ လှုံ့ဆော်မှု တစ်ရပ်ပါပဲ” ဟုလည်း မှတ်ချက်ပြု သွားသည်။

Soccer Myanmar

0 comments:

Post a Comment