Pages

Subscribe:

Tuesday, March 31, 2015

မိမိကို အင်နီယေစတာနှင့် မနှိုင်းယှဉ်ရန် အစ္စကို ပြောကြား



မိမိကို အင်နီယေစတာနှင့် မနှိုင်းယှဉ်ရန် အစ္စကို ပြောကြား

မိမိကို ဘာစီလိုနာ ကွင်းလယ် ကစားသမား အင်ဒရီ အင်နီယေစတာနှင့် နှိုင်းယှဉ်ပြောကြားမှုများအပေါ် ဂုဏ်ယူမိသော်လည်း ထိုကဲ့သို့သော နှိုင်းယှဉ်မှုမျိုး မပြုလုပ်ရန် ရီးယဲမက်ဒရစ် ကွင်းလယ် ကစားသမား အစ္စကိုက ပြောကြားလိုက်သည်။

၂၀၁၃ ခုနှစ် နွေရာသီက မာလာဂါမှ ရီးယဲမက်ဒရစ်သို့ ပြောင်းရွှေ့ခဲ့သည့် အသက် ၂၂ နှစ်အရွယ် အစ္စကိုသည် ၎င်း၏ ကစားဟန်ကြောင့် စပိန်အသင်းဖော် အင်နီယေစတာနှင့် နှိုင်းယှဉ်ပြောကြားခြင်းကို ခံခဲ့ရသည်။ သို့သော်လည်း မက်ဒရစ် ကွင်းလယ် ကစားသမားက မိမိအနေဖြင့် ထိုကဲ့သို့ နှိုင်းယှဉ်ပြောကြားမှုမျိုးကို မနှစ်သက်ကြောင်း ဆိုခဲ့သည်။

“အောင်မြင်မှုတွေ ရယူထားတဲ့ အင်နီယေစတာလို ကစားသမားနဲ့ ကျွန်တော့်ကို နှိုင်းယှဉ်တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဒါပေမဲ့ ကျွန်တော်အရင်က ပြောခဲ့သလိုပဲ ဒီလိုနှိုင်းယှဉ်မှုမျိုးကို ကျွန်တော် မနှစ်သက်ပါဘူး။ သူကသူ ကျွန်တော်က ကျွန်တော်ပါပဲ။ သူနဲ့ ကျွန်တော်က ကွဲပြားပါတယ်။ ကျွန်တော့်ရဲ့ ကလပ်အသင်းနဲ့ နိုင်ငံအသင်း သမိုင်းမှတ်တမ်းမှာ ကျွန်တော့်နာမည်ကိုပဲ ရေးထိုးချင်တာပါ” ဟု အစ္စကိုက ပြောကြားခဲ့သည်။

ဆက်လက်ပြီး မိမိအနေဖြင့် အင်နီယေစတာနှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိကြောင်း၊ နိုင်ငံအသင်းတွင် ၎င်းနှင့် တွဲဖက် ကစားခြင်းအပေါ် ပျော်ရွှင်မိကြောင်း အစ္စကိုက ဆိုသည်။
“အင်နီယေစတာနဲ့ ကျွန်တော်နဲ့ ဆက်ဆံရေးက သိပ်ကောင်းပါတယ်။ သူနဲ့ တွဲဖက် ကစားရတာကလည်း နိုင်ငံအသင်းက ကစားသမားအားလုံးလိုပဲ အရမ်းကို လွယ်ကူပါတယ်” ဟု မက်ဒရစ် ကွင်းလယ် ကစားသမားက ပြောကြားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment