Pages

Subscribe:

Thursday, March 26, 2015

အင်္ဂလန် ထိပ်သီးများ စိတ်ဝင်စားနေသည့်တိုင် လာဇီယိုတွင်သာ အန်ဒါဆန် ဆက်ရှိနိုင်ဟု အေးဂျင့်ပြောကြား



အင်္ဂလန် ထိပ်သီးများ စိတ်ဝင်စားနေသည့်တိုင် လာဇီယိုတွင်သာ အန်ဒါဆန် ဆက်ရှိနိုင်ဟု အေးဂျင့်ပြောကြား

အင်္ဂလန် ထိပ်တန်းကလပ်များ စိတ်ဝင်စားနေသည့်တိုင် ဖိလစ်ပီ အန်ဒါဆန် အနေဖြင့် လာဇီယို တွင်ပင် ပျော်ရွှင် နေကြောင်း အေးဂျင့်ဖြစ်သူက ပြောကြားလိုက်သည်။
အသက်(၂၁)နှစ် အရွယ်ရှိ ဘရာဇီးလ် ကွင်းလယ်ဖန်တီးရှင်သည် ရောမမြို့တော် အခြေစိုက် အသင်းတွင် နှစ်ရှည် သက်တမ်းတိုး စာချုပ်တစ်ရပ် ချုပ်ဆိုထားပြီး အမှန်တကယ်လည်း အခြေကျ ပျော်ရွှင်နေကြောင်း အေးဂျင့်ဖြစ်သူ စတီဖာနို ကက်စ်တက်ညာက ပြောကြားခဲ့သည်။ မန်ချက်စတာ ယူနိုက်တက်၊ ချယ်လ်ဆီးနှင့် မန်ချက်စတာ စီးတီးတို့သည် နွေရာသီ ဈေးကွက်တွင် အန်ဒါဆန်ကို အပြိုင်အဆိုင် ချဉ်းကပ်ကြဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ အန်ဒါဆန်သည် ယခုရာသီ (၂၅)ပွဲတွင် (၁၀)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၈)ကြိမ်ထိ ပြုလုပ်ပြထားသည်။

ကက်စ်တက်ညာကမူ လာဇီယိုတွင် (၂၀၂၀)ပြည့်နှစ်ထိ စာချုပ်သက်တမ်း ရှိနေသည့် ကစားသမားသည် စီးရီးအေတွင် ပျော်ရွှင်နေကြောင်း ဆိုသည်။ “ထိပ်တန်း အသင်းတွေက သူ့ကို စိတ်ဝင်စားနေတာဟာ ကောင်းမွန်တဲ့ လက္ခဏာပါ။ သူ့အနေနဲ့ ကောင်းကောင်း ခြေစွမ်းပြနေတဲ့ သဘောပါပဲ။ ဒါပေမဲ့ အန်ဒါဆန်က စာချုပ်သစ်ကို မကြာသေးခင်ကမှ လက်မှတ်ရေးထိုးထားပြီး ရောမမြို့မှာ အရမ်း ပျော်ရွှင်နေပါတယ်။ လာဇီယိုကသာ သူ့ကို ဆက်ထိန်းထားချင်တယ်ဆိုရင် ဘာပြဿနာမှ မရှိပါဘူး။ ချန်ပီယံလိဂ် ဝင်ခွင့်မရခဲ့ရင်တောင် သူက အသင်းမှာ ဆက်ကစားချင်ပါတယ်။ ဒါပေမဲ့ ယူရိုပါလိဂ်လောက်မှာ ကစားရရင်တောင် မဆိုးလှပါဘူး”ဟု အေးဂျင့်ဖြစ်သူက မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment