Pages

Subscribe:

Thursday, March 26, 2015

နွေရာသီတွင် ရီးယဲလ်မှ ထွက်ခွာနိုင်ကြောင်း ခီဒီရာ အရိပ်အမြွက်ဝန်ခံ



နွေရာသီတွင် ရီးယဲလ်မှ ထွက်ခွာနိုင်ကြောင်း ခီဒီရာ အရိပ်အမြွက်ဝန်ခံ

မိမိအနေဖြင့် နွေရာသီတွင် ရီးယဲလ်မက်ဒရစ်ကို စွန့်ခွာနိုင်သည့် အခြေအနေရှိကြောင်း ကွင်းလယ်လူ ဆမ်မီခီဒီရာက အရိပ်အမြွက် ပြောကြားသွားခဲ့သည်။

ဂျာမန်လက်ရွေးစင် ကစားသမားသည် ရီးယဲလ်တွင် စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးမှု မအောင်မြင်သည့်နောက် နွေရာသီတွင် သေချာပေါက် အသင်းသစ် ရှာဖွေရဖွယ် ရှိနေသည်။ ၎င်းသည် ရီးယဲလ်နှင့် စာချုပ်သက်တမ်း လပိုင်းသာ ကျန်တော့သည့်အတွက် အသင်းသစ် တစ်ခုခုကို ကြိုတင် သဘောတူညီမှုယူ စာချုပ်ထားခွင့် ရှိနေပြီ ဖြစ်သည်။ ရီးယဲလ်သည် ခီဒီရာကို စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းမှု ပြုလုပ်ခဲ့သော်လည်း ကစားသမားဘက်က အချက်အလက် အချို့ကို မကျေနပ်သဖြင့် ပယ်ချထားသည်။

အသက်(၂၇)နှစ်ရှိ ကစားသမားသည် ယခုအခါ ဘာနေဗျူးတွင် ဆက်နေရန်ထက် ပရီးမီးယားလိဂ်၊ သို့မဟုတ် ဘွန်းဒစ်လီဂါသို့ ပြောင်းရွှေ့ရန် အလားအလာ များနေပြီ ဖြစ်သည်။ ခီဒီရာက “ကျွန်တော် ရီးယဲလ်ကို ချစ်ပါတယ်။ ဒီအသင်းကို စွန့်ခွာဖို့ စဉ်းစားလိုက်တိုင်း တော်တော်လေး ခက်ခဲပါတယ်”ဟု ဝန်ခံခဲ့သည်။ ၎င်းကို ဂျာမန် ကလပ်များဖြစ်သည့် ဘိုင်ယန်မြူးနစ်နှင့် ရှော်လ်ကေးတို့က စောင့်ကြည့်နေသည်။ ခီဒီရာသည် ဒဏ်ရာ ပြဿနာများကြောင့် ရုန်းကန်ခဲ့ရပြီး ယခုရာသီ လာလီဂါတွင် (၁၁)ပွဲသာ ကစားခွင့် ရခဲ့သည်။

၎င်းက “ကျွန်တော့် စာချုပ်သက်တမ်း နောက်ဆုံးနေ့ထိ ဒီအသင်းရဲ့ ဂျာစီအတွက် အစွမ်းကုန် ပေးဆပ် ကစားသွားပါမယ်။ ဒါကိုတော့ ဘယ်သူမှ သံသယ မဖြစ်ပါနဲ့”ဟုလည်း ဖွင့်ဟသွားသည်။ ခီဒီရာသည် ရီးယဲလ်သို့ (၂၀၁၀)ပြည့်နှစ်တွင် စတုဂတ်ထံမှ ပြောင်းရွှေ့လာပြီး ပွဲပေါင်း(၁၀၀)ကျော် ကစားပေးခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment