Pages

Subscribe:

Monday, March 23, 2015

ချယ်လ်ဆီး အတွက် အနိုင်ဂိုးရှင် ရိုင်မီကို မော်ရင်ဟို ချီးကျူး



ချယ်လ်ဆီး အတွက် အနိုင်ဂိုးရှင် ရိုင်မီကို မော်ရင်ဟို ချီးကျူး

ချယ်လ်ဆီး အသင်းကို (၃)မှတ်အပြည့် ရစေခဲ့သည့် သွင်းဂိုးပိုင်ရှင် လွိုက်ရိုင်မီကို အသင်း မန်နေဂျာ ဟိုဆေး မော်ရင်ဟိုက ချီးကျူးစကား ပြောကြားခဲ့သည်။
ဟူးလ်စီးတီး၏ ကေစီ ကွင်းကြီးထဲတွင် ချယ်လ်ဆီးသည် (၂)ဂိုးစီ သရေဖြင့် ရုန်းကန် နေရသော်လည်း ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူးက ဒီယေဂို ကော်စတာအစား လူစား ဝင်လာပြီး (၂)မိနစ်အတွင်း အသင်း အတွက် တတိယဂိုးကို သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ ကော်စတာမှာမူ ယခင်က တံကောက်ကြော ဒဏ်ရာဟောင်း ပြန်ပေါ်လာသည့် အခြေအနေမျိုး ရှိနေရာ ချယ်လ်ဆီး အတွက် စိုးရိမ်စရာ ဖြစ်လာသည်။ မော်ရင်ဟို ကိုယ်တိုင်ကမူ ကော်စတာ မရှိသည့်တိုင် ချယ်လ်ဆီး အနေဖြင့် ရိုင်မီကို အားကိုးနိုင်မည်ဟု ယုံကြည်နေသည်။
၎င်းက “ရိုင်မီ ဝင်ကစားတိုင်း ဂိုးသွင်းလေ့ရှိတယ်။ ဂိုးမသွင်းနိုင်ရင်တောင် သူ့မှာ ရှိသမျှ ပုံအောပေးဆပ်ပြီး ကစားတတ်သူပါ။ တစ်ခါတစ်လေ သူ့ရဲ့ လှုပ်ရှားမှုတွေ၊ ဒါမှမဟုတ် ခံစစ်မှာ ကူညီမှုတွေပေါ့။ တစ်ခါတစ်လေတော့လည်း အသင်းအတွက် ဂိုးတွေ သွင်းပေးတတ်တယ်။ အခုပွဲမှာ သူသွင်းခဲ့တဲ့ဂိုးကြောင့် ကျွန်တော်တို့ နှစ်မှတ် ပိုရလိုက်ပြီ။ ကစားသမားအတွက် ကျွန်တော် အရမ်းကျေနပ်မိတယ်။ သူဟာ သိပ်ကို ထူးချွန်တဲ့ ချာတိတ်တစ်ယောက်ပါ”ဟု မှတ်ချက်ပြု ခဲ့သည်။
မော်ရင်ဟိုက ဟူးလ်အနေဖြင့် နှစ်ဂိုးရှုံးနေရာမှ နှစ်မိနစ်အတွင်း နှစ်ဂိုး လိုက်လံ ချေပခဲ့သည့်နောက် ပထမပိုင်းအပြီးတွင် မိမိ၏ အသင်းသားများကို စိတ်အေးအေးထားရန် နှစ်သိမ့်ခဲ့ကြောင်းလည်း ဆိုသည်။ “အသင်းလိုက် ဆွေးနွေး ပြောဆိုမှုတွေတော့ ရှိခဲ့တာပေါ့။ အဲဒီထဲက တစ်ခုက စိတ်အေးအေး ထားဖို့ပါ။ ခံစစ်ပိုင်းမှာ ကျွန်တော်တို့ အမှားတွေ လုပ်ခဲ့မိပေမယ့် ဒီအပိုင်းနဲ့ ပတ်သက်ပြီး မထင်ဟပ်စေချင်ဘူး။ ကျွန်တော့် အသင်းသားတွေအပေါ် အပြည့်အဝ ယုံကြည်ပါတယ်။ ကျွန်တော်တို့ဟာ ခံစစ်ပိုင်းမှာ ပုံစံကောင်း ပြန်ရလာမယ် ဆိုတာကို သေချာ ပြောရဲတယ်။ ဒုတိယပိုင်းမှာ တူညီတဲ့ ပုံစံမျိုးနဲ့ ပွဲကို ပြန်အစပြုဖို့ လိုပါတယ်။ အခုနိုင်ပွဲဟာ အရမ်းအရမ်းကို အရေးကြီးတယ်။ အထူးသဖြင့် နောက်ဆုံး အိမ်ကွင်းပွဲစဉ်မှာ သရေကျထားတဲ့နောက် ဒီပွဲမှာ သုံးမှတ်ရဖို့က မဖြစ်မနေ လိုအပ်ခဲ့ပါတယ်”ဟု မော်ရင်ဟိုက ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment