Pages

Subscribe:

Thursday, March 19, 2015

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်ရောက်ရန် မိုနာကို ထိုက်တန်ကြောင်း မာတီဆက်ကာ မှတ်ချက်ပြု



ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်ရောက်ရန် မိုနာကို ထိုက်တန်ကြောင်း မာတီဆက်ကာ မှတ်ချက်ပြု

မိုနာကို အနေဖြင့် မိမိတို့ကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်ရောက်သွားခြင်းမှာ ထိုက်တန်ကြောင်း အာဆင်နယ် ခံစစ်မှူး ပါးမာတီဆက်ကာက မှတ်ချက်ပြု ပြောကြားခဲ့သည်။

အာဆင်နယ်သည် ပြင်သစ်မြေတွင် (၂-၀)ဖြင့် အနိုင်ရခဲ့သော်လည်း ပထမအကျော့ အိမ်ကွင်းတွင် (၃-၁)ဖြင့် အရေးနိမ့်ထားသည့်အတွက် အဝေးဂိုး စည်းမျဉ်းအရ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။ မိုနာကိုသည် အိမ်ကွင်းတွင် အာဆင်နယ်ဘက်သို့ ဂိုးပေါက်တည့်အောင်ပင် တစ်ကြိမ်မျှ မကန်နိုင်ခဲ့ဘဲ တစ်ဖက်သတ် ဖိကစား ခံရသော်လည်း လိုအပ်သော ရလဒ်ကို အရယူကာ ကွာတားဖိုင်နယ် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ ဂျာမန် လက်ရွေးစင် မာတီဆက်ကာက အဆိုပါ အခြေအနေကို အာဆင်နယ် အနေဖြင့် စိတ်ရှင်းရှင်း လက်ခံရမည်သာဖြစ်ကြောင်း ဆိုသည်။

မာတီဆက်ကာက “ကျွန်တော်တို့ ဒီထက်ပိုပြီးကောင်းအောင် စွမ်းဆောင်နိုင်ခဲ့သင့်တယ်။ ဒါပေမဲ့ မိုနာကိုက ဒီရလဒ်နဲ့ ထိုက်တန်တယ်လို့တော့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ အသင်းဟာ ပြင်သစ်မြေမှာ ထူးထူးချွန်ချွန် ကစားနိုင်ခဲ့တယ်။ ပြီးခဲ့တဲ့ တစ်လအတွင်း တိုးတက်လာမှုတွေက အထင်ကြီးစရာပါ။ ပွဲမစခင်က ကျွန်တော်တို့ရဲ့ အနေအထားဟာ တောင်အမြင့်ကြီး တစ်ခုကို ကျော်တက်ရမလောက် ခက်ခဲနေခဲ့တာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီနိုင်ပွဲ ရလဒ်က အသင်းကို FAဖလားနဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲတွေမှာ အကောင်းဆုံး ရှေ့ဆက်ဖို့ ယုံကြည်မှု ဖြစ်တည်လာစေမယ် ထင်ပါတယ်”ဟု ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment