Pages

Subscribe:

Friday, March 20, 2015

နောက်ဆုံး ၂၂ နှစ်အတွင်း ဥရောပပြိုင်ပွဲများတွင် အင်္ဂလိပ်အသင်းများ ကွာတားသို့ မတက်နိုင်သည့် ပထမဆုံးနှစ်အဖြစ် မှတ်တမ်းဝင်



နောက်ဆုံး ၂၂ နှစ်အတွင်း ဥရောပပြိုင်ပွဲများတွင် အင်္ဂလိပ်အသင်းများ ကွာတားသို့ မတက်နိုင်သည့် ပထမဆုံးနှစ်အဖြစ် မှတ်တမ်းဝင်
Written by  အောင်ငြိမ်းသွေး

အဲဗာတန်အသင်း သည်သောကြာနေ့နံနက်က ယှဉ်ပြိုင်ခဲ့သော ဒိုင်နမိုကိဗ်နှင့် ပွဲစဉ်တွင် ၅-၂ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ ရပြီးနောက် ယူရိုပါလိဂ်ပြိုင်ပွဲမှ ထွက်ခွာခဲ့ ရပြီဖြစ် သည်။

အင်္ဂလန် ကလပ် များ၏နောက်ဆုံး လက်ကျန်  အသင်းဖြစ်သော  အဲဗာတန် အသင်း  ယူရိုပါလိဂ်မှ  ထွက်ခွာခဲ့  ရပြီးနောက်  တွင်နောက်ဆုံး  ၂၂နှစ် အတွင်း အင်္ဂလန် အသင်းများ ဥရောပပြိုင်ပွဲ များတွင် ကွာတားဖိုင်နယ်သို့ မတက်ရောက်နိုင် သည့်နှစ်အဖြစ် မှတ်တမ်းဝင် သွားခဲ့သည်။

ပြီးခဲ့သည့်၂၂နှစ်အတွင်း ၌အင်္ဂလန်အသင်းများသည်ချန်ပီယံလိဂ်နှင့်ယူရိုပါလိဂ်ပြိုင်ပွဲများတွင်အနည်းဆုံး တစ်သင်းတော့ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင် ခဲ့ကြသည်။ သို့သော် ယခုနှစ်တွင် အင်္ဂလန်အသင်း များအားလုံး ကျဆုံးခဲ့ ရခြင်းဖြစ်သည်။

ယခုရာသီတွင် ဗြိတိန် ကျွန်းပေါ်မှ အသင်း ၁၀ သင်းအထိ ဥရောပပြိုင်ပွဲများတွင် ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့သော်လည်း အသင်းအားလုံး ကွာတား ဖိုင်နယ်သို့
မတက်ရောက်နိုင်ခဲ့ပေ။   ပထမဆုံး ပြိုင်ပွဲမှ  ထွက်ခွာ ခဲ့ရသည့် အသင်းများမှာ  စကော့တလန်  ကလပ်များဖြစ်  သည့်အဘာဒင်းနှင့်   မားသား  ၀ဲလ်အသင်း၊
ပရီးမီးယားလိဂ်မှ ဟားလ်စီးတီး တို့ဖြစ်ပြီး ယူရိုပါလိဂ်ခြေ စစ်ပွဲမှ ထွက်ခဲ့ ရခြင်းဖြစ်သည်။

ထို့နောက် ဆဲလ်တစ် အသင်း၊ စပါး အသင်းနှင့် လီဗာပူးလ် အသင်းတို့မှာ ယူရိုပါလိဂ် ၃၂ သင်းအဆင့်မှ လည်းကောင်း၊ ချယ်လ်ဆီး၊ အာဆင်နယ်နှင့် မန်စီးတီး အသင်းတို့မှာ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှ လည်းကောင်း အသီးသီး ထွက်ခွာခဲ့ရသည်။

နောက်ဆုံးတွင် တစ်သင်းတည်းသောကျန်ရှိသည့် အဲဗာတန်အသင်းမှာ ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်မှ ထွက်ခွာခဲ့ရသည်။

Ref: Daily Mail

Mizzima

0 comments:

Post a Comment