Pages

Subscribe:

Wednesday, March 18, 2015

လေဗာကူဆင်ကို နိုင်သည့်ပွဲ ညမျိုးကို ဖြတ်သန်းလိုသဖြင့် အက်သလက်တီကိုထံ တစ်ကျော့ပြန်ခဲ့ခြင်းဟု တောရက်စ်ဆို



လေဗာကူဆင်ကို နိုင်သည့်ပွဲ ညမျိုးကို ဖြတ်သန်းလိုသဖြင့် အက်သလက်တီကိုထံ တစ်ကျော့ပြန်ခဲ့ခြင်းဟု တောရက်စ်ဆို

ဘေယာလေဗာကူဆင် အသင်းအပေါ် အနိုင်ရအောင် အက်သလက်တီကို မက်ဒရစ်ကို အကူအညီ ပေးခဲ့ပြီးနောက် အဆိုပါ ပွဲစဉ်မျိုးကို မျှော်လင့်ပြီး အသင်းဟောင်းထံ တစ်ကျော့ပြန်လာခြင်းဟု ဖာနန်ဒို တောရက်စ်က ကြွေးကြော်ခဲ့သည်။

ချယ်လ်ဆီးနှင့် အေစီမီလန်တို့တွင် ရုန်းကန်ခဲ့ရသည့် စပိန်တိုက်စစ်မှူးသည် ဆောင်းရာသီ ဈေးကွက်ကာလတွင် ၎င်း၏ ပရော်ဖက်ရှင်နယ် ဘဝအစ အသင်းဟောင်း အက်သလက်တီကိုထံ ပြန်ရောက်လာခဲ့သည်။ အက်သလက်တီကိုသည် ဂျာမန်ကလပ် လေဗာကူဆင်ကို ပွဲချိန်အတွင်း (၁-၀)ဖြင့် အနိုင်ရခဲ့သည့်နောက် ပထမအကျော့ (၁-၀) အရှုံးကို ချေဖျက်နိုင်ခဲ့သော်လည်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့် တက်ရောက်ရေးအတွက် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရသည်။ ပင်နယ်တီ အဆုံးအဖြတ်တွင် စပိန်ချန်ပီယံက (၃-၂)ဖြင့် နိုင်ခဲ့ပြီး တောရက်စ်က အနိုင်သေချာမည့် ဘောလုံးကို ကန်သွင်းခဲ့ခြင်း ဖြစ်သည်။

အသက်(၃၀)အရွယ်ရှိ ကစားသမားက “ပရိသတ်တွေက ပျော်ရွှင်မြူးကြွနေတာကို ပွဲချိန် ပထမဆုံးကနေ နောက်ဆုံးမိနစ်ထိ ခံစားမိတယ်။ ဗင်းဆင့် ကယ်လ်ဒါရွန် ကွင်းကြီးထဲမှာ ဒီလိုပွဲစဉ် ညမျိုးတွေထဲ ဖြတ်သန်းချင်လို့ ကျွန်တော် ပြန်လာခဲ့တာ ဖြစ်ပါတယ်”ဟု ဆိုသည်။ ၎င်းက စပိန်မြေတွင် အကောင်းဆုံး ခုခံ ကစားသွားသည့် လေဗာကူဆင် အသင်းကိုလည်း ချီးကျူးခဲ့သည်။ “လူတွေထင်သလို ဒီပွဲက လွယ်ကူခဲ့တာ မဟုတ်ဘူး။ ကျွန်တော်တို့ တော်တော်လေး အခက်ကြုံခဲ့တယ်။ ဒီအခြေအနေတွေကြောင့်ပဲ ပိုပြီး သတိထားခဲ့ရပါတယ်။ သူတို့ရဲ့ တုံ့ပြန်မှုကြောင့် ပွဲကို ထိန်းချုပ်ဖို့ ကျွန်တော်တို့ မနည်းကြိုးစားခဲ့ရတယ်။ ဒါကြောင့်လည်း ပင်နယ်တီ အဆုံးအဖြတ် ခံယူရတဲ့ထိ ကြာသွားတာပါ။ နောက်ဆုံးမှာတော့ လက်တွေ့ အဆုံးအဖြတ်တွေကို ပိုပြီး ဖန်တီးယူနိုင်တဲ့ အသင်းက အနိုင်ရသွားတာပဲ ဖြစ်ပါတယ်”ဟု တောရက်စ်က မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment