Pages

Subscribe:

Tuesday, March 31, 2015

နွေရာသီတွင် ဒိုင်ဘာလာကို ထုတ်ရောင်းမည်ဟု ပါလာမို ဥက္ကဋ္ဌ အတည်ပြု



နွေရာသီတွင် ဒိုင်ဘာလာကို ထုတ်ရောင်းမည်ဟု ပါလာမို ဥက္ကဋ္ဌ အတည်ပြု

အသင်း၏ တိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာသည် နွေရာသီ ဈေးကွက်တွင် ထွက်ခွာဖြစ်မည်ဟု ပါလာမို ဥက္ကဋ္ဌ မော်ရစ်ဇီယို ဇမ်ပါရီနီက အတည်ပြု ပြောကြားလိုက်သည်။

အသက်(၂၁)နှစ်ရှိ အာဂျင်တီးနား လူငယ် တိုက်စစ်မှူးလေးသည် ယခုရာသီ အထူးတလည် ခြေစွမ်းပြနေပြီး (၂၇)ပွဲတွင် (၁၂)ဂိုး သွင်းယူထားသည့်နောက် ဥရောပ ထိပ်တန်း ကလပ်များ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ အထူးသဖြင့် အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်များဖြစ်သည့် မန်ချက်စတာ ယူနိုက်တက်၊ အာဆင်နယ်၊ လီဗာပူးလ်တို့သည် ဒိုင်ဘာလာအပေါ် အလေးအနက် စိတ်ဝင်စားမှု ပြသနေပြီး ပါလာမို၏ စီးရီးအေ ပြိုင်ဘက် ဂျူဗင်းတပ်စ်နှင့် နာပိုလီတို့ကလည်း ကစားသမားကို စောင့်ကြည့်နေကြသည်။

ဇမ်ပါရီနီက မိမိအနေဖြင့် ယခုဘောလုံးရာသီ အကုန်တွင် ကစားသမားကို ထုတ်ရောင်းရန် စဉ်းစားထားပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။ “ရှင်းပါတယ်။ ဒိုင်ဘာလာ အသင်းကနေ ထွက်ခွာမှာပါ။ ဒါအမှန်ပါပဲ။ ပြောရရင် ကျွန်တော်တို့ နောက်ထပ် တိုက်စစ်မှူးသစ် တစ်ယောက်တောင် လိုက်ရှာနေပါပြီ”ဟု ၎င်းက ဆိုသည်။ ဇမ်ပါရီနီက “လောလောဆယ်တော့ အန်ဒရီရာ ဘီလော့တီက သူနဲ့အတူ တွဲကစားလေ့ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နောက်ရာသီအတွက် တိုက်စစ်မှူးသစ် တစ်ယောက် ထပ်ရှာဖို့ လိုနေပါပြီ”ဟုလည်း ဖွင့်ဟသွားသည်။

၎င်းက ဒိုင်ဘာလာ အနေဖြင့် စီးရီးအေ ပြိုင်ဘက်၊ သို့မဟုတ် အီတလီပြင်ပ ကလပ်တစ်ခုခုကို ရွေးချယ်ရာတွင် မည်သို့မည်ပုံ ဦးတည်မည် မသိသေးဟုလည်း ဝန်ခံခဲ့သည်။ “အခြေအနေက ၅၀-၅၀ပါပဲ။ ဒိုင်ဘာလာ့ အေးဂျင့်နဲ့ ကျွန်တော် တွေ့ပါဦးမယ်။ ပြီးတော့ ချာတိတ်ရဲ့ အနာဂတ်အတွက် စကားပြောရဦးမယ်။ ဂျူဗင်းတပ်စ် ဥက္ကဋ္ဌ ဂူဆက်ပီ မာရော့တာနဲ့ ကျွန်တော် အဆက်အသွယ် ရှိပါတယ်။ သူက ဒိုင်ဘာလာကို စိတ်ဝင်စားနေမှန်း ကျွန်တော် သိတယ်။ ဒါပေမဲ့ တခြားအသင်းတွေကလည်း ကစားသမားကို လိုက်နေတာပါ”ဟု ဇမ်ပါရီနီက ပြောကြားသွားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment